21 C
Yangon
- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

31825 POSTS
0 COMMENTS

မုံရွာမြို့နယ်တွင် PDF နှင့် ပျူစောထီးများ ထိတွေ့ တိုက်ပွဲဖြစ်ပြီး ပျူစောထီးများ ထိခိုက်သေဆုံးနိုင်၊ ချောင်းဦးတွင် စစ်ကောင်စီ ထောက်ပို့ယာဉ်တန်း မိုင်းခွဲပစ်ခတ်ခံရ

ရန်ကုန်၊ အောက်တိုဘာ ၉ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် Monywa Sepcial ဒိတ်ဒိတ်ကြဲ PDF နှင့် ပျူစောထီးအဖွဲ့များသည် အောက်တိုဘာလ ၈ ရက် ယမန်ညတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ပျူစောထီးများဘက်မှ ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း သတင်းရရှိသည်။ ယမန်ညတွင် မုံရွာ-ချောင်းဦး လမ်းပိုင်းတစ်နေရာ၍ မိုင်းဆင်နေသော PDF များနှင့်...

ယင်းမာပင် မြောက်ပိုင်း ကျေးရွာ ၃ ရွာ သပိတ် စစ်ကြောင်း စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ အောက်တိုဘာ ၉ ယင်းမာပင် မြောက်ပိုင်း ကျေးရွာ ၃ ရွာ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၉ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ရွှေတိဂုံစေတီရင်ပြင်တွင် သီတင်းကျွတ်လပြည့်နေ့ စစ်အာဏာရှင် တော် လှန်ရေး “အရေးတော်ပုံ အောင်ရမည်” ပိုစတာ ကိုင်ဆောင် ဆန္ဒပြ

ရန်ကုန်၊ အောက်တိုဘာ ၉ ရန်ကုန်တွင် သီတင်းကျွတ်လပြည့်နေ့ ရွှေတိဂုံစေတီရင်ပြင်တွင် စစ်အာဏာရှင် တော်လှန်ရေး “အရေးတော်ပုံ အောင်ရမည်” ပိုစတာ ကိုင်ဆောင် ဆန္ဒပြကြသည်။ ယနေ့ အများပြည်သူအားလုံး၏ မင်္ဂလာရက်မြတ်သီတင်းကျွတ်လပြည့်နေ့၌ ရန်ကုန်မြို့၏ ပြယုဂ်ဖြစ်သော ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်တွင် ဓမ္မဝါဒီအတွက် “ အရေးတော်ပုံ အောင်ရမည် “ ဟူသော...

ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ အောက်တိုဘာ ၉ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၉ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ အောက်တိုဘာ ၉ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၉ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံ ချောင်းဂျူမြို့တွင် စစ်အာဏာသိမ်းမှုအလိုမရှိဆန့်ကျင်ကြောင်းဆန္ဒပြပွဲနှင့် ထောက်ပို့ရန်ပုံငွေ ဘောလုံးပြိုင်ပွဲကျင်းပ

ရန်ကုန်၊ အောက်တိုဘာ ၉ တောင်ကိုရီးယားနိုင်ငံ၊ချောင်းဂျူမြို့တွင် မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုအလိုမရှိဆန့်ကျင်ကြောင်းဆန္ဒပြပွဲနှင့် MFDMC မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ကကြီးမှူးကျင်းပသော MFDMC CUP နွေဦးတော်လှန်ရေးထောက်ပို့ရန်ပုံငွေဖလားဘောလုံးပြိုင်ပွဲကျင်းပခဲ့သည်။ အခမ်းအနားတွင် ဒယ်ဂူးဘုန်းဘုန်းမှ NUG အစိုးရအနေနှင့် မြေပြင်ကို စနစ်တကျစီမံဆောင်ရွက်ပေးနိုင်ရန်၊PDF တွေအနေနှင့် တစ်ဖွဲ့နှင့် တစ်ဖွဲ့ပေါင်းစည်းကာ အာဏာသိမ်းစစ်ကောင်စီကိုမောင်းထုတ်ရန်၊ ပြည်တွင်းပြည်ပရှိမြန်မာနိုင်ငံသူနိုင်ငံသားများ ထောက်ပို့ရေးအရှိန်အဟုန်မြင့်တင်ပြီး တော်လှန်ရေး၏ အသက်သည် ထောက်ပို့၊ထောက်ပို့၏ အသက်သည်...

ဝမ်းတွင်းတွင် “သီတင်းပဲကျွတ်တာ ကျဆုံးသူတွေ မကျွတ်ဘူး” ဆိုသော စစ်အာဏာရှင်တော်လှန်ရေး ပိုစတာ ချိတ်ဆွဲ

ရန်ကုန်၊ အောက်တိုဘာ ၉ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် "သီတင်းပဲကျွတ်တာ ကျဆုံးသူတွေ မကျွတ်ဘူး" ဆိုသော စစ်အာဏာရှင် တော်လှန်ရေးပိုစတာကို အောက်တိုဘာလ ၉ ရက်နေ့ နံနက်ပိုင်းတွင် ချိတ်ဆွဲပြီး စစ်ကောင်စီက ကျင်းပပြုလုပ်နေသည့် အတုအယောင် ပွဲလမ်းသဘင်များတွင် မပါဝင်ကြရန် ပြည်သူများကို နှိုးဆော်ထားသည်။

အမေရိကန်၊ နယူးယောက်တွင် နွေဦးတော်လှန်ရေး ရန်ပုံငွေဈေးရောင်းပွဲ ဒေါ်လာ ၃၀၀၀၀ ကျော်ရရှိ၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းရောက် တက်ရောက်အားပေး

ရန်ကုန်၊ အောက်တိုဘာ ၈ အ​​မေရိကန်၊ နယူး​ယောက်ဈေးရောင်းပွဲတွင် ယနေ့ မြန်မာအစားအသောက်မျိုးစုံ မြန်မာအဝတ်အထည်မျိုးစုံ မြန်မာ့လက်မှုအနုပညာအမျိုးမျိုးတို့ရောင်းချကာ ရန်ပုံငွေရှာဖွေခဲ့ကြပြီး ထို့အပြင် NYCBC Yard Sale အရောင်းပွဲကိုလည်း ပူးတွဲကျင်းပကြသည်။ အဆိုပါဈေးရောင်းပွဲသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအပါအဝင် နယူးယောက်တဝိုက်ရှိ မြန်မာပြည်ဖွားတိုင်းရင်းသားလူမျိုးပေါင်းစုံ လာရောက်ကာဆင်နွှဲခဲ့ကြသည်။ အဆိုပါရန်ပုံငွေရှာဖွေရေးဈေးရောင်းပွဲကို နယူးယောက်မြို့ Queen County...

စစ်အာဏာရှင် ချေမှုန်းရေး သွေးမအေးသည့် ရွှေနွယ်သွေးသပိတ် ချီတက်ဆန္ဒပြ

ရန်ကုန်၊ အောက်တိုဘာ ၉ အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်းအတွင်း၌ သွေးမအေးသည့် ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် အောက်တိုဘာလ ၉ ရက် ယနေ့နံနက်၌ လှည့်လည်ဆန္ဒပြကြသည်။ 'Accept NUG and our ambassador, Reject Dictator' စာသားကိုင်ဆောင်ကာ ကြွေးကြော်ဆန္ဒပြကြသည်။

နိုင်ငံတစ်ဝန်း ကုန်တင်ကားများကို စစ်တပ်နှင့်ရဲက ဆက်ကြေးကောက်မှု ပိုမိုများပြားလာပြီး ငွေကျပ်သိန်းဂဏန်းချီ ပေးရ၊ ငွေ မပေးလျှင် ပစ်သတ်မည်ဟုပင် စစ်တပ်က သေနတ်ပြ ခြိမ်းခြောက်

ရန်ကုန်၊ အောက်တိုဘာ ၉ မြန်မာနိုင်ငံ တစ်ဝန်း အဝေးပြေး ကုန်တင်ကား မောင်းနှင်သူများကို အကြမ်းဖက် စစ်တပ် ဦးစီးပြီး လမ်းတစ်လျှောက် ဆက်ကြေးကောက်ခံ မှုများ ပိုမိုများပြားလာကြောင်း ကုန်တင်ကား မောင်းနှင်သူများထံမှ သိရသည်။ ကုန်တင်ကား မောင်းနှင်သူများကို သက်ဆိုင်ရာ လမ်းပိုင်း တစ်လျှောက်ရှိ အကြမ်းဖက် စစ်တပ်မှ ဦးစီးဖွင့်...

Latest news

- Advertisement -spot_img