- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

43058 POSTS
0 COMMENTS

ဂျပန်ဝန်ကြီးချုပ်ဟောင်း အာဘေး၏ နိုင်ငံတော်ဈာပနသို့ အကြမ်းဖက်စစ်တပ် သံတမန် တက်ခွင့်ပြုမှု လုံး၀ လက်မခံနိုင်ကြောင်း ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၂၇ ဂျပန်ဝန်ကြီးချုပ်ဟောင်း Mr.Shinzo Abe ​၏ နိုင်ငံတော်ဈာပနသို့ မြန်မာ နိုင်ငံကိုယ်စား​ပြုအဖြစ် အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ သံရုံးမှ စိုးဟန်ကို တက်ရောက်ခွင့်ပြုထားသည့် အတွက် ဂျပန်ရောက်မြန်မာနိုင်ငံသားများမှ လုံးဝလက်မခံနိုင်ကြောင်း ဂျပန်အစိုးရနှင့်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ကန့်ကွက်ဆန္ဒဖော်ထုတ်ကြသည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အိတ်ဖွင့်ပေးစာပေးပို့ကာ ဂျပန်ရောက်မြန်မာနိုင်ငံသားများ​၏ ဆန္ဒကိုထင်ဟပ်စေနိုင်သည့် ကြွေးကြော်သံများ၊ထင်မြင်ယူဆချက်များကို ထုတ်ဖော်ဟစ်ကြွေးခဲ့ကြပါသည်...

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၂ ဦးသေဆုံး

ရန်ကုန်၊စက်တင်ဘာ ၂၇ မြန်မာနိုင်ငံတစ်ဝန်း စက်တင်ဘာလ ၂၆ ရက်နေ့ ရရှိထားသော အချက် အလက်များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၂ ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့်...

မြန်မာနိုင်ငံတစ်ဝန်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၆ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းတို့တွင် စစ်ကောင်စီတပ်များကို ပြည်သူ့ကာကွယ်ရေးတပ်များက ဆက်လက်တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂ ဦး သေဆုံးကြောင်း သိရှိရသည်။ ရေစကြိုရှိ စစ်ကောင်စီစခန်းတိုက်ခိုက်ခံရပြီး ပျူစောထီး ၂ ဦးသေဆုံး မကွေးတိုင်း၊ ရေစကြိုမြို့နယ် ဂွေးချိုကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်...

ယင်းမာပင် အနောက်ခြမ်းသပိတ်စစ်ကြောင်းတွင် အခြားသပိတ်စစ်ကြောင်းများမှ ကော်မတီဝင်များနှင့်ခေါင်းဆောင်များ ပူးပေါင်း ချီတက်

ရန်ကုန်၊ စက်တင်ဘာ ၂၆ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်အနောက်ခြမ်းဒေသသပိတ်စစ်ကြောင်းသို့ သွေးမအေးတဲ့ရွှေနွယ်သွေးသပိတ်ကော်မတီ၊ မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီ၊ ပုလဲသပိတ်ဦးဆောင်သူများနှင့် ဒေသခံလူထုတို့ ပူးပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ယနေ့ ချီတက်ကြသည်။ "လေယာဥ်ပျံမြင်ရင်လက်ပြတတ်တဲ့အရွယ်တွေကို လေယာဥ်ပျံမြင်တိုင်း လက်ခလယ်ထောင်ပြတတ်အောင် မင်းတို့လုပ်လိုက်တာဘဲ….." စားသားပါဘန်နာကို ကိုင်စွဲကာ လူထုအင်အားကောင်းကောင်းဖြင့် စစ်အာဏာရှင်ပြုတ်ကျရေးချီတက်သပိတ်မှောက်ကြသည်။ "စာသင်ကြားနေချိန် လက်နက်ကြီးပေါင်းမြောက်များစွာနဲ့ ပစ်သတ်ခံရတဲ့ ကလေးသူငယ်များအတွက်၊ ကိုယ့်ကလေးရဲ့ အလောင်းပါပြန်မရတဲ့...

ယင်းမာပင်မြို့နယ် မြောက်ပိုင်း ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၂၆ ယင်းမာပင်မြို့နယ် မြောက်ပိုင်း ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက ဘန်ကောက်လေဆိပ်အထိ လိုက်လံ ဖမ်းဆီးရန် ကြိုးစားခဲ့သော မော်ဒယ် အလှမယ် ဟန်လေး ကနေဒါနိုင်ငံတွင် ခိုလှုံခွင့်ရရှိ

ရန်ကုန်၊ စက်တင်ဘာ ၂၆ အကြမ်းဖက်စစ်ကောင်စီက ထိုင်းနိုင်ငံ၊ ဘန်ကောက်လေဆိပ်အထိ လိုက်လံ ဖမ်းဆီးရန် ကြိုးစားခဲ့သော မော်ဒယ် အလှမယ် ဟန်လေး ကနေဒါနိုင်ငံတွင် ခိုလှုံခွင့်ရရှိသွားပြီ ဖြစ်ပြီး စက်တင်ဘာလ ၂၇ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန် ကောက်မြို့မှ ထွက်ခွာမည်ဖြစ်ကြောင်း ဘန်ကောက်ပို့စ်က သတင်းရေးသားဖော်ပြထားသည်။ စစ်ကောင်စီက မော်ဒယ်အလှမယ်...

ရန်ကုန် တပ်ထောက်ခံပွဲ ဦးဆောင်သူ လူမိုက် ၀ဏ္ဏထွန်း၊ ရေးမြို့နယ်မှ သတင်း ပေး ကျော်နိုင်ဦး အပါအဝင် နိုင်ငံတစ်ဝန်းမှ စစ်တပ်ထောက်ခံသူနှင့်ပျူစောထီး ၈ ဦး ပစ်ခတ်ခံရပြီး ၆ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၆ ရန်ကုန်တိုင်း၊ ဒလမြို့နယ်မှ မဘသ၊ ကြံ့ဖွတ်ပါတီဝင်နှင့်စစ်ထောက်ခံသူ၊ ရန်ကုန်မြို့တော်ခန်းမ စစ်တပ်ထောက်ခံပွဲ ဦးဆောင်သူ လူမိုက်၀ဏ္ဏထွန်း၊ ရေးမြို့နယ်မှ စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူ ကျော်နိုင်ဦး အပါအဝင် နိုင်ငံတစ်ဝန်းမှ စစ်တပ်ထောက်ခံသူနှင့်ပျူစောထီး ၈ ဦး ပစ်ခတ်ခံရပြီး ၆ ဦး သေဆုံးသွားကြောင်း သိရှိရသည်။ ဒလမြို့နယ်မှ...

တမူးတွင် ဖက်စစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၂၆ စစ်ကိုင်းတိုင်း တမူးမြို့နယ်တွင် အကြမ်းဖက်စစ်အာဏာရှင် ဆန့်ကျင်ရေး၊NUGနှင့်သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံပွဲကို CDM ဆရာ/မများနှင့်ကျောင်းသား/သူ များဆန္ဒထုတ်ဖော်ခဲ့ကြသည်။

လှိုင်မြို့နယ် ရဲစခန်းအနီးတွင် ပစ်ခတ်သံများထွက်ပေါ်ခဲ့ပြီး ၁ နာရီနီးပါး လမ်း ပိတ်ဆို့စစ်ဆေး၊ ရွှေပြည်သာ ၂၀ ရပ်ကွက်ရုံးဗုံးပေါက်ကွဲ၊ မင်္ဂလာတောင်ညွှန့် ၉၁ လမ်း ရပ်ကွက်ရုံးတွင် ယမန်နေ့ညပိုင်း ဗုံးပေါက်ကွဲ

ရန်ကုန်၊ စက်တင်ဘာ ၂၆ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ရန်ကုန်-အင်းစိန်လမ်း၊ လှိုင်မြို့နယ်ရဲစခန်းအနီးတွင် ယနေ့ည ၇နာရီ ဝန်းကျင် အချိန် သေနတ်ပစ်ခတ်သံများထွက်ပေါ်ခဲ့ပြီး ရန်ကုန်-အင်းစိန်လမ်းကို စစ်တပ်က ပိတ်ဆို့ စစ်ဆေးခဲ့ကြောင်း ဒေသခံများ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ "ရန်ကုန်-အင်းစိန်လမ်း လှိုင်မြို့နယ် ရဲစခန်းနဲ့ စစ်တပ် တပ်စွဲထားတဲ့ ဘော်...

Latest news

- Advertisement -spot_img