29 C
Yangon

ဂျပန်ဝန်ကြီးချုပ်ဟောင်း အာဘေး၏ နိုင်ငံတော်ဈာပနသို့ အကြမ်းဖက်စစ်တပ် သံတမန် တက်ခွင့်ပြုမှု လုံး၀ လက်မခံနိုင်ကြောင်း ဆန္ဒပြ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၇

ဂျပန်ဝန်ကြီးချုပ်ဟောင်း Mr.Shinzo Abe ​၏ နိုင်ငံတော်ဈာပနသို့ မြန်မာ နိုင်ငံကိုယ်စား​ပြုအဖြစ် အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ သံရုံးမှ စိုးဟန်ကို တက်ရောက်ခွင့်ပြုထားသည့် အတွက် ဂျပန်ရောက်မြန်မာနိုင်ငံသားများမှ လုံးဝလက်မခံနိုင်ကြောင်း ဂျပန်အစိုးရနှင့်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ကန့်ကွက်ဆန္ဒဖော်ထုတ်ကြသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အိတ်ဖွင့်ပေးစာပေးပို့ကာ ဂျပန်ရောက်မြန်မာနိုင်ငံသားများ​၏ ဆန္ဒကိုထင်ဟပ်စေနိုင်သည့် ကြွေးကြော်သံများ၊ထင်မြင်ယူဆချက်များကို ထုတ်ဖော်ဟစ်ကြွေးခဲ့ကြပါသည် ။

ဆန္ဒဖော်ထုတ်ပွဲသို့ မြန်မာနိုင်ငံသားများအပြင် မြန်မာ့ဒီမိုကရေစီအရေးအား ပေးထောက်ခံသော ဂျပန်လူမျိုးများမှလည်း ပူးပေါင်းပါဝင်အားဖြည့်ကာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အကြမ်းဖက်ဝါဒကျင့်သုံးနေသည့် မြန်မာစစ်အုပ်စုကို ဖိတ်ကြားသည့်လုပ်ရပ်ကို ပြင်းထန်စွာအတူတကွကန့်ကွက်
ကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article