- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

42259 POSTS
0 COMMENTS

တောင်သာမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က နေ့စဉ် စက်တပ် လေထီးများဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဇွန် ၉ မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က နေ့စဉ် စက်တပ် လေထီးများဖြင့် ဗုံးကျဲ တိုက်ခိုက်နေကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၃ ရက်နေ့ နံနက် အစောပိုင်း ၂ နာရီ...

မြိုင်၊ သရက်ကန် ပျူစောထီးရွာတွင် အထိုင်ချထားသော စစ်တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦးနှင့် ပျူစောထီး ၃ ဦး ပြင်းထန်ဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၉ မကွေးတိုင်း၊ မြိုင်မြို့နယ်၊သရက်ကန်ပျူစောထီးရွာတွင် အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း TYK ပြောက်ကြားတပ်ဖွဲ့ မှ ရဲဘော် စောကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဇွန်လ ၁ ရက်နေ့တွင် မြိုင်မြို့နယ် တောင်ပိုင်း၊ သရက်ကန်ပျူစောထီးရွာတွင် အင်အား ၁၀၀ ကျော်ခန့်ဖြင့်...

ပြည်သူ့အားမာန် သပိတ်စစ်ကြောင်းက စစ်တပ် ကျရှုံးရေးဆန္ဒပြ

ရန်ကုန်၊ ဇွန် ၉ ယင်းမာပင်မြို့နယ်တွင် "ပြည်သူ့အားမာန် သပိတ်စစ်ကြောင်း" က အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဆန္ဒပြသပိတ်ကို ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

ဆားလင်းကြီးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ချီတက်

ရန်ကုန်​၊ဇွန် ၉ ဆားလင်းကြီးတွင် လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုက “Airbus: End investment in AVIC” ခေါင်းစဥ်နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ချီတက်ခဲ့ကြောင်း သိရှိရသည်။

ရွှေဘိုမြို့အထွက်မှ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများ ကင်းလှည့်ရန် ထွက်လာစဉ် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

ရန်ကုန်၊ ဇွန် ၉ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ တောင်ဘက်အထွက် မုဒ်ဦးတွင် အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ကင်းလှည့်ရန် ထွက်လာစဉ် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း Fight For Freedom အဖွဲ့က ပြောဆိုသည်။ ဇွန်လ ၆ ရက်နေ့တွင် ရွှေဘိုမြို့ တောင်ဘက်အထွက်...

နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်းက စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇွန် ၉ ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၉ ရက်နေ့တွင် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ကော့ကရိတ်နှင့်ကျုံဒိုးတွင် စစ်တပ်က အပြင်းအထန် ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်နေပြီး စစ်တပ်ဘက်မှ အထိနာ၊ စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများရှိ

ရန်ကုန်၊ ဇွန် ၉ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်နှင့် ကျုံဒိုးမြို့တို့တွင် စစ်တပ်က စစ်ကြောင်းများခွဲကာ ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားကာ စစ်ကောင်စီတပ်ဘက်မှ သေဆုံးထိခိုက်မှုများပြားကြောင်း တော်လှန်ရေး စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၆ ရက်နေ့မှစတင်ပြီး စစ်တပ်က စစ်ကြောင်းများခွဲ၍ ကော့ကရိတ်မြို့နယ်နှင့် ကျုံဒိုးမြို့နယ်တို့ဘက်သို့ စစ်ကြောင်းထိုးလာကြောင်း၊ ဇွန်လ...

Khit Thit သတင်းဌာန၏ ဇွန် ၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇွန် ၉ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ နိုင်ငံတကာစာမျက်နှာမှာ စစ်ကောင်စီဘက်ကနေ ရပ်တည်ထောက်ခံပေးမှုအတွက် တရုတ်နိုင်ငံကို ကျေးဇူးတင်တယ်ဆိုပြီး အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် ထုတ်ဖော်ပြောဆိုလာ ပြန်တဲ့အပြင် တရုတ်သမ္မတရှီကျင့်ဖျင်ကို အနာဂတ်ကမ္ဘာရဲ့ ငြိမ်းချမ်းရေး မြှင့်တင်နိုင်သူဆိုပြီးတော့ပါ မင်းအောင်လှိုင် က အလွန်အကျူး...

ကျိုက်မ​ရောနှင့် ကော့ကရိတ်မြို့နယ် အစပ်ရှိ ပန်ရပ် ​ကျေးရွာ နေအိမ်စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေးငယ် ၁ ဦးအပါအဝင် ၄ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရ

ရန်ကုန်​၊ဇွန် ၉ မွန်ပြည်နယ် ကျိုက်မ​ရောမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်အစပ် ပန်ရပ် ​ကျေးရွာရှိ ကလေးများကို စာသင်ကြားပေးနေသည့် နေအိမ်စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကလေးငယ် ၁ ဦးအပါအဝင် ၄ ဦးသေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ယနေ့ ဇွန်လ ၉ ရက်နေ့...

ဖားကန့်မြို့နယ်၊ မှော်ဆီဇာ ဘုရားကုန်းတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများ လက်ဖက်ရည်ဆိုင်ထိုင်စဉ် ပစ်ခတ်ခံရပြီး စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၉ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ဆီဇာ ဘုရားကုန်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားတချို့ အပြင်ထွက်၍ လက်ဖက်ရည်ဆိုင် ထိုင်စဉ် ပစ်ခတ်ခံရပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇွန်လ ၉ ရက်နေ့...

Latest news

- Advertisement -spot_img