- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

44335 POSTS
0 COMMENTS

ရေနံချောင်းမြို့တွင် စစ်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး ၁ ဦးလျှင် ငွေကျပ် သိန်း ၅၀၀ ဖြင့် ပြန်ရွေးခိုင်း၊ ငွေကြေး မပေးနိုင်သူများကို စစ်တပ်သင်တန်းကျောင်းပို့ဆောင်

ရန်ကုန်၊ ဩဂုတ် ၁၁ မကွေးတိုင်း၊ ရေနံချောင်းမြို့တွင် အကြမ်းဖက် စစ်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး ၁ ဦးလျှင် ငွေကျပ် သိန်း ၅၀၀ ဖြင့် ပြန်ရွေးခိုင်းကာ ငွေကြေး မပေးနိုင်သူများကို စစ်တပ်သင်တန်းကျောင်းပို့ဆောင်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဩဂုတ်လ...

စစ်ကိုင်းမြို့နယ်၊ တောင်းရင်းရွာအနီး ယာဉ်ရပ်နားသည့် စားသောက်ဆိုင်ကို စစ်တပ်က ဂျက်ဖိုက်တာ ၄ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၆ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြား

ရန်ကုန်၊ ဩဂုတ် ၁၁ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တောင်းရင်းရွာအနီး ယာဉ်ရပ်နားသည့် စားသောက်ဆိုင်ကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၄ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၆ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း Wetlet Informational Network မှ...

ပြည်သူ့အားမာန် သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဩဂုတ် ၁၁ ပြည်သူ့အားမာန် သပိတ် စစ်ကြောင်းက ယနေ့ ဩဂုတ်လ ၁၁ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

စစ်တောင်းမြစ်အရှေ့ကမ်းရှိ ကဲလင်းဆိတ်ကျေးရွာ တောင်ခြေကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေထီးဖြင့် ၅ ကြိမ် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဩဂုတ် ၁၁ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ကမ်းရှိ ကဲလင်းဆိတ်ကျေးရွာ တောင်ခြေကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေထီးဖြင့် ၅ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Yedashe Township Information မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဩဂုတ်လ ၁၁ ရက်နေ့ မွန်းလွဲ...

ပုလောမြို့နယ်၊ နန်းတောင်ရွာရှိ စစ်တပ်ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

ရန်ကုန်၊ ဩဂုတ် ၁၁ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ နန်းတောင်ရွာရှိ စစ်တပ်ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း KNLA တပ်မဟာ-၄ အထူးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ဩဂုတ်လ ၁၀ ရက်နေ့ နံနက် ၆ နာရီ ၂၀ မိနစ်ခန့်တွင် နန်းတောင်ရွာတွင်...

မြန်မာနိုင်ငံမှ ထွက်ခွာလိုသော လူငယ်အရေအတွက် တိုးပွားများပြားနေကြောင်း ကုလသမဂ္ဂ UNDP က သတိပေး

ရန်ကုန်၊ ဩဂုတ် ၁၁ မြန်မာနိုင်ငံမှ ထွက်ခွာလိုသော လူငယ်အရေအတွက် တိုးပွားများပြားနေကြောင်း ကုလသမဂ္ဂ UNDP က ယနေ့ အစီရင်ခံစာစစ်တမ်းတစ်ရပ်ထုတ်ပြန်၍ သတိပေး သည်။ ဩဂုတ်လ ၁၂ ရက်နေ့ ကျရောက်သော အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အဖြစ် ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဥ် (UNDP) က အစီရင်ခံစာသစ်တစ်စောင် (A Generation...

Khit Thit သတင်းဌာန၏ ဩဂုတ် ၁၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ် ၁၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ ရခိုင်ပြည်နယ်ရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထားပြီး အာရက္ခ လမ်းစဉ်နဲ့ စစ်ရေးရည်မှန်းချက်အတိုင်း ဆက်လက် ချီတက်နေသလို ၊ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အာရက္ခတပ်တော်...

စစ်အုပ်စုကို KIO က ငြိမ်းချမ်းရေး ဆွေးနွေးဖို့ စတင် ကမ်းလှမ်းခဲ့တာ မရှိဘူးလို့ ဒုဗိုလ်ချုပ်ကြီး ဂွန်မော် ပြော

ရန်ကုန်၊ ဩဂုတ် ၁၁ စစ်အုပ်စုကို KIO က ငြိမ်းချမ်းရေး ဆွေးနွေးဖို့ စတင် ကမ်းလှမ်းခဲ့တာ မရှိဘူးလို့ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က သတင်းထုတ်ပြန် ပြောဆိုလိုက်ပါတယ်။ စစ်အုပ်စုကို ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA)တွေ့ဆုံဆွေးနွေးဖို့ စတင်ကမ်းလှမ်းတာမရှိဘဲ စစ်တပ်က KIO/KIA ကို အွန်လိုင်းက တွေ့ဆုံလိုကြောင်း ကမ်းလှမ်းလာခဲ့တာကြောင့် ဆွေးနွေးလိုလျှင်...

ကောလင်းမြို့နယ်၊ ကျောက်တန်းရွာကို ဓားပြဝင်တိုက်ပြီး မိသားစုဝင် ၅ ဦးကို ကြိုးတုတ်ရိုက်နှက်သွားသူ ၄ ဦးကို တော်လှန်ရေး တပ်ဖွဲ့များက ဖမ်းဆီး

ရန်ကုန်၊ ဩဂုတ် ၁၁ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကျောက်တန်းရွာကို ဓားပြဝင်တိုက်ပြီး မိသားစုဝင် ၅ ဦးကို ကြိုးတုတ်ရိုက်နှက်သွားသူ ၄ ဦးကို တော်လှန်ရေး တပ်ဖွဲ့များက ဖမ်းဆီးရရှိခဲ့ကြောင်း Kawlin Info မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇူလိုင်လ ၂၂ ရက်နေ့တွင်...

သာယာဝတီထောင်တွင် လွတ်ရက်စေ့လာသော NLD ဗဟိုလူငယ်တာဝန်ခံ မမိုးဆန်းစုကြည်ကို အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် စစ်တပ်က ပြန်ဖမ်းဆီးပြီးနောက် ထောင်ဝင်စာနှင့်ဧည့်တွေ့ခွင့် ပိတ်ပင်ထား

ရန်ကုန်၊ ဩဂုတ် ၁၁ ပဲခူးတိုင်း၊ သာယာဝတီထောင်တွင် လွတ်ရက်စေ့၍ လွတ်မြောက်တော့မည့် NLD ဗဟိုလူငယ်တာဝန်ခံ မမိုးဆန်းစုကြည်ကို အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၂(က) ဖြင့် ထောင်ဗူးဝတွင် ပြန်လည်ဖမ်းဆီးနောက် ထောင်ဝင်စာနှင့်ဧည့်တွေ့ခွင့်မပေးဘဲ ပိတ်ပင်ထားကြောင်း NLD အသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဩဂုတ်လ ၇ ရက်နေ့ သာယာဝတီအကျဉ်းထောင်မှ...

Latest news

- Advertisement -spot_img