- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

44335 POSTS
0 COMMENTS

ကျောက်ကြီးမြို့နယ်၊ လပတ်ရွာ တိုက်ပွဲတွင် စစ်တပ်က ပြည်သူ ၁၃ ဦးကို သတ်ဖြတ်ခဲ့ပြီး KNLAနှင့် PDF ပူးပေါင်း တပ်က သတ်ဖြတ်သည်ဟု လိမ်လည် ထုတ်ပြန်

ရန်ကုန်၊ ဩဂုတ် ၁ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ လပတ်ရွာ တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၁၃ ဦးကို သတ်ဖြတ်ခဲ့ပြီး KNLA နှင့် PDF ပူးပေါင်း တပ်က သတ်ဖြတ်ခဲ့သည်ဟု လိမ်လည် ဝါဒဖြန့်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)...

ပေါက်မြို့နယ်အတွင်း ၂ လကြာ စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကျေးရွာများကို လေကြောင်းဖြင့် နေ့စဉ် ဗုံးကျဲ တိုက်ခိုက်နေ၍ ကျေးရွာ ၁၇ ရွာမှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ

ရန်ကုန်၊ ဩဂုတ် ၁ မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း ၂ လကြာ စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လေကြောင်းဖြင့် နေ့စဉ် ဗုံးကျဲ တိုက်ခိုက်နေ၍ ကျေးရွာ ၁၇ ရွာမှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ပေါက်မြို့နယ် လူသားစာနာဌာန တာဝန်ရှိသူ...

မင်းအောင်လှိုင်က ဖားယား မြှောက်ပင့်စွာ စာရေးသားပေးပို့ခဲ့သော်လည်း အမေရိကန်သမ္မတ ထရမ့်က မြန်မာထုတ်ကုန်များအပေါ် သွင်းကုန်အခွန် ၄၀ ရာခိုင်နှုန်းဖြင့် ကမ္ဘာ့ဒုတိယအမြင့်ဆုံးအခွန်ကောက်ခံမှု အတည်ပြု

ရန်ကုန်၊ ဩဂုတ် ၁ အကြမ်းဖက် မင်းအောင်လှိုင်က ဖားယား ခယမြှောက်ပင့်စွာ စာရေးသားပေးပို့ခဲ့သော်လည်း အမေရိကန်သမ္မတ ထရမ့်က မြန်မာထုတ်ကုန်များအပေါ် သွင်းကုန်အခွန် ၄၀ ရာခိုင်နှုန်း ကောက်ခံမှုကို အတည်ပြုလိုက်ပြီး မြန်မာနိုင်ငံမှာ အမေရိကန်၏ ကမ္ဘာ့ဒုတိယအမြင့်ဆုံးအခွန်ကောက်ခံရသော နိုင်ငံဖြစ်လာသည်။ ယမန်နေ့ အမေရိကန်သမ္မတ ထရမ့်က နောက်ဆုံးအတည်ပြု ပြင်ဆင်ထုတ်ပြန်လိုက်သော ကမ္ဘာလုံးဆိုင်ရာအကောက်ခွန်အစီအစဉ်တွင်...

Khit Thit သတင်းဌာန၏ ဩဂုတ် ၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ် ၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ မြန်မာနိုင်ငံမှာ အကြမ်းဖက် စစ်ကောင်စီကို ဖယ်ရှားရေးနဲ့ နိုင်ငံတော်သစ် ပေါ်ထွန်းရေးအတွက် NUG အစိုးရကိုပြုပြင်ပြောင်းလဲမှာဖြစ်ပြီး စစ်ကိုင်းနဲ့ မကွေးအထိ NUG ဝန်ကြီးတွေ ခရီးဆန့်နိုင်ကြပြီလို့ NUG ယာယီသမ္မတ နဲ့ ဝန်ကြီးချုပ်က...

ကျောက်ဖြူကို စစ်ကောင်စီ ဆက်တိုက်ဗုံးကျဲတိုက်ခိုက်သဖြင့် သံဃာများ အပါအဝင် ပြည်သူများ ထိခိုက်ဒဏ်ရာရ

ရန်ကုန်| ဩဂုတ် ၁ ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ပြည်သူလူထုများနေထိုင်ရာ ကျေး ရွာများကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု၊ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။ ကျောက်ဖြူမြို့နယ် ကြတ္တိန်၊ စည်မော်၊ ပြိုင်းစေ့ကေ၊ လိပ်ခမော်၊ အမှတ် ၃၂ ရဲတပ်ရင်းအနီး၊ ဓညဝတီရေတပ်ဌာနချုပ်အနီး စသည့် နေရာများတွင် စစ်ကောင်စီတပ်နှင့်...

ကမ္မမြို့ပေါ်တွင် စစ်တပ်က ယာယီ အထိုင်ချ တပ်စွဲခဲ့စဉ် ပိတ်ဆို့ခဲ့သော လမ်းများကို တော်လှန်ရေး ရဲဘော်များက ဖယ်ရှား ရှင်းလင်းရေးလုပ်

ရန်ကုန်၊ သြဂုတ် ၁ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်က ယာယီအထိုင်ချ တပ်စွဲခဲ့စဉ် ပိတ်ဆို့ခဲ့သော လမ်းပိုင်းများကို တော်လှန်ရေး ရဲဘော်များက ရှင်းလင်းရေး ပြုလုပ်ခဲ့ကြောင်း RED GIANT အဖွဲ့မှ ဒေါင်းနီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဩဂုတ်လ ၁ ရက်နေ့...

မန္တလေးတွင် စစ်တက္ကသိုလ် အပတ်စဉ် ၄၆ ကျောင်းဆင်း အငြိမ်းစား ဗိုလ်မှူး ပြည်သိမ်းကို သိန်း ၃၀၀၀ ကျော် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရရှိ

ရန်ကုန်၊ ဩဂုတ် ၁ မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်တွင် စစ်တက္ကသိုလ် အပတ်စဉ် ၄၆ ကျောင်းဆင်း အငြိမ်းစား ဗိုလ်မှူး ပြည်သိမ်းကို သိန်း ၃၀၀၀ ကျော် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရရှိကြောင်း မူးယစ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ဇူလိုင်လ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀...

နောင်ချို၊ တောင်သာနှင့်ပုသိမ်ကြီးမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၁ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဒိုးပင်ကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်သဖြင့် ပြည်သူ ၁ ဦးသေဆုံးကြောင်း TNLA က သတင်းထုတ်ပြန်သည်။ ယမန်နေ့ ဇူလိုင်လ ၃၁ရက်နေ့ နောင်ချိုမြို့နယ်၊ ဒိုးပင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက် ၃၂ နှစ်အရွယ်...

နေပြည်တော်၊ ပုဗ္ဗသီရိညစျေး နှစ်ထပ်ပွဲရုံဆိုင်တန်းတွင် ဧည့်စာရင်းဖြင့် နေထိုင်သော လူငယ်အလုပ်သမားတချို့ကို စစ်တပ်က စစ်မှုထမ်းခိုင်းရန် ဝင်ရောက်ပေါ်တာဆွဲ ဖမ်းဆီး

ရန်ကုန်၊ ဩဂုတ် ၁ နေပြည်တော်၊ ပုဗ္ဗသီရိညစျေး နှစ်ထပ်ပွဲရုံဆိုင်တန်းတွင် ဧည့်စာရင်းဖြင့် နေထိုင်သော လူငယ်အလုပ်သမားများကို စစ်တပ်က စစ်မှုထမ်းခိုင်းရန် ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဆိုင်ပိုင်ရှင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၄ နာရီအချိန် စစ်တပ်နှင့်ဒေသအုပ်ချုပ်ရေးအဖွဲ့များက ပုဗ္ဗသီရိညစျေး နှစ်ထပ်ပွဲရုံဆိုင်တန်းတစ်ခုလုံးကို...

စေတုတ္တရာနှင့် နွားထိုးကြီး တို့တွင် စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲတွင် ပါဝင်သူများကို စစ်ရေးအရ ထိရောက်စွာ အရေးယူသွားမည်ဟု သတိပေး

ရန်ကုန်၊ ဩဂုတ် ၁ မန္တလေးတိုင်း၊ စေတုတ္တရာ မြို့နယ် နှင့် နွားထိုးကြီး မြို့နယ်တို့တွင် အကြမ်းဖက် စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲ ဖြစ်မြောက်ရေး ပါဝင်သူများကို ထိရောက်စွာ စစ်ရေးအရ အရေးယူသွားမည်ကြောင်း သက်ဆိုင်ရာ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စေတုတ္တရာမြို့နှင့် နွားထိုးကြီးမြို့နယ်တို့တွင် အကြမ်းဖက်...

Latest news

- Advertisement -spot_img