- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

44335 POSTS
0 COMMENTS

ဝမ်းတွင်း၊ မလှိုင်၊ မုံရွာနှင့် ထားဝယ် မြို့နယ်တို့တွင် စစ်တပ်က လူငယ်များကို စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးနေပြီး လူငယ် ၅၀ ကျော် ဖမ်းဆီးခံထားရ

ရန်ကုန်၊ ဇူလိုင် ၃၁ မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ် မလှိုင်မြို့နယ် ၊ တနင်္သာရီတိုင်း ထားဝယ်မြို့နယ်နှင့် စစ်ကိုင်းတိုင်း မုံရွာမြို့နယ် တို့တွင် အကြမ်းဖက် စစ်တပ်က လမ်းသွားလမ်းလာ ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးခြင်းကြောင့် လူငယ် ၅၀ ကျော် ဖမ်းဆီးခံရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဝမ်းတွင်းမြို့နယ်တွင်...

ရွှေကူမြို့မှ ဆန်တက်လာသော စစ်သင်္ဘောအုပ်စုကို KIA ပူးပေါင်းတပ်က ၄ ရက်ဆက်တိုက် လိုက်လံ တိုက်ခိုက်မှု သင်္ဘော ၃ စီး မီးလောင်ပျက်စီးပြီး မြေပြင်တွင်လည်း တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ

ရန်ကုန်၊ ဇူလိုင် ၃၁ ကချင်ပြည်နယ်၊ ရွှေကူမြို့မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်သင်္ဘောအုပ်စုကို KIA ပူးပေါင်းတပ်က ၄ ရက်ဆက်တိုက် လိုက်လံ တိုက်ခိုက်ရာ သင်္ဘော ၃ စီး မီးလောင်ပျက်စီးပြီး မြေပြင်တွင်လည်း တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက စစ်ကောင်စီ ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ ဇူလိုင် ၃၁ ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက အကြမ်းဖက်စစ်ကောင်စီ၏ ငလျင်ဘေး အလှူငွေများသုံးကာ ပြည်သူကို တိုက်ခိုက်‌နေသည်ကို ဆန့်ကျင်သည့်အနေနှင့် "ငလျင်ဘေး အလှူငွေနဲ့ ပြည်သူကို ဗုံးကြဲနေတာရပ်"၊ "ငလျင်ကပ်ဘေး အကူအညီ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး"၊ "နိုင်ငံတကာ အကူအညီ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး"...

မင်းအောင်လှိုင်မှ မင်းအောင်လှိုင်ထံသို့ အာဏာလွှဲပြီး ပြန်လည် ဖွဲ့စည်းသော အစိုးရအဖွဲ့အသစ်တွင် ပညာရေးဝန်ကြီးဌာန မပါဝင်တော့ဘဲ ပျောက်ဆုံးနေ

ရန်ကုန်၊ ဇူလိုင် ၃၁ စစ်တပ်ဦးစီးချုပ် မင်းအောင်လှိုင်မှ ယာယီသမ္မတ မင်းအောင်လှိုင်ထံသို့ အာဏာ ပြန်လွှဲပြီးနောက် ဖွဲ့စည်းလိုက်သော အစိုးရအဖွဲ့အသစ်တွင် ပညာရေးဝန်ကြီးဌာန ပါဝင်မလာတော့ဘဲ ပျောက်ဆုံးနေသည်။ မင်းအောင်လှိုင်က အစိုးရအဖွဲ့အသစ်တွင် ညိုစောကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်ပြီး ဝန်ကြီးဌာနပေါင်း ၂၉ ခုပါဝင်ကာ အားကစားနှင့်လူငယ်ရေးဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးဝန်ကြီးဌာနကို ဝန်ကြီးတစ်ဦး ပူးတွဲ...

သရက်ချောင်းမြို့နယ်တွင် စစ်တပ်က ကြာအင်းကျေးရွာမှ ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး မြေမြုပ် အလောင်းဖျောက်

ရန်ကုန်၊ ဇူလိုင် ၃၁ တနင်္ဿာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကြာအင်းကျေးရွာမှ ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး မြေမြုပ် အလောင်းဖျောက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇူလိုင်လ ၂၆ ရက်နေ့မှ စတင်ပြီး သရက်ချောင်းမြို့နယ်၊ ကြာအင်းရွာဘက်ကို အကြမ်းဖက် စစ်တပ်က...

Khit Thit သတင်းဌာန၏ ဇူလိုင် ၃၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇူလိုင် ၃၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ အကြမ်းဖက်စစ်ကောင်စီက ဒီကနေ့ ဇူလိုင်လ ၃၁ ရက်နေ့မှာ စစ်ကောင်စီနှုတ်ဆက်ပွဲဆိုတာကို ကျင်းပပြုလုပ်ပြီး ဒုတိယစာမျက်နှာ စတင်လိုက်ပြီလို့ အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုလာပြန်ပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက် စစ်ကောင်စီကလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို အမေရိကန်က...

စစ်ဦးစီးချုပ် မင်းအောင်လှိုင်က နိုင်ငံတော်အာဏာကို ယာယီသမ္မတ(တာဝန်) မင်းအောင်လှိုင်ထံသို့ ပြန်လည်အပ်နှံလိုက်ပြီး စစ်ကောင်စီကို ဖျက်သိမ်း၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကို ဖွဲ့စည်းပြီး အစိုးရ ဝန်ကြီးချုပ်အဖြစ် ညိုစောကို ခန့်အပ်

ရန်ကုန်၊ ဇူလိုင် ၃၁ စစ်ဦးစီးချုပ် မင်းအောင်လှိုင်က နိုင်ငံတော်အာဏာကို ယာယီသမ္မတ(တာဝန်) မင်းအောင်လှိုင်ထံသို့ ပြန်လည်အပ်နှံလိုက်ပြီး စစ်ကောင်စီကို ဖျက်သိမ်းကာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကို ဖွဲ့စည်းလိုက်ကြောင်း စစ်ကောင်စီက တရားဝင်သတင်းထုတ်ပြန်သည်။ အကြမ်းဖက် မင်းအောင်လှိုင်က စစ်တပ်ဦးစီးချုပ်ဘ၀ဖြင့် နိုင်ငံတော်အာဏာကို ရယူထားမှုအား အဆုံးသတ်လိုက်ပြီး ယာယီသမ္မတ(တာဝန်) ဘ၀ဖြင့် နိုင်ငံတော်အာဏာကို ပြန်လည်ရယူလိုက်ကြောင်း...

ပေါက်မြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများကို စစ်လေယာဉ်များဖြင့် ၂ ရက်ဆက် ဗုံးအလုံးရေ ၆၀ ကျော် ကျဲချ တိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၃၁ မကွေးတိုင်း၊ ပေါက်မြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်လေယာဉ်များဖြင့် ၂ ရက်ဆက် ဗုံးသီး အလုံးရေ ၆၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့ နံနက်...

သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့တွင် စစ်စခန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၃၁ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ ကြောင်း မွန်ပြည်တော် လှန်ရေးတပ် (MSRF) ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဇူလိုင်လ ၂၉ ရက် နံနက် ၇ နာရီ ၁၀...

သထုံမြို့နယ် ပုတိန်ရိုးကျေးရွာမှ လူငယ်နှင့်လူကြီးများ အပါအဝင် အမျိုးသား ၄၀ ဦးကို စစ်တပ်က အကြမ်းဖက် ဝင်ရောက် ဖမ်းဆီးခေါ်ဆောင်သွားပြီး အသက် အန္တရာယ်စိုးရိမ်နေရ

ရန်ကုန်၊ ဇူလိုင် ၃၁ မွန်ပြည်နယ်၊ သထုံမြို့နယ် ပုတိန်ရိုးကျေးရွာမှ လူငယ်နှင့်လူကြီးများ အပါ အဝင် အမျိုးသား ၄၀ ဦးကို စစ်တပ်က အကြမ်း ဖက် ဝင်ရောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဖမ်းဆီးခံရသူများ၏ မိတ်ဆွေများနှင့်ဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဇူလိုင်လ ၃၀ ရက်နေ့ ညပိုင်း...

Latest news

- Advertisement -spot_img