31 C
Yangon
spot_img

CATEGORY

Editor Choice

မင်းအောင်လှိုင်က ကချင်ပြည်နယ်မှ ဗိုလ်မှူးချုပ်ဇော်ဝင်းကို အင်ဒိုနီးရှားသံအမတ်အဖြစ် ခန့်အပ်၊ ဗိုလ်ချုပ်နှင့် ဗိုလ်မှူးချုပ်များကို သံအမတ်ကြီးရာထူးများ ဆက်တိုက်ပေးနေ

ရန်ကုန်၊ အောက်တိုဘာ ၂၁ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကချင်ပြည်နယ်မှ ဗိုလ်မှူးချုပ်ဇော်ဝင်းကို အင်ဒိုနီးရှားသံအမတ်အဖြစ် ခန့်အပ်လိုက်ကြောင်း တပ်သတင်းရင်းမြစ်များကို ကိုးကား၍ CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။ ယခုအောက်တိုဘာလဆန်းပိုင်းတွင် ကချင်ပြည်နယ်၊ မိုးကောင်းမြို့အခြေစိုက် အမှတ် ၃ခြေလျင်တပ်မဟာ (စကခ -၃)မှ တပ် မဟာမှူးအဖြစ် တာဝန်ထမ်းဆောင်နေသော ဗိုလ်မှူးချုပ်...

အကြမ်းဖက်စစ်တပ်က KK Park ကို ဝင်စီးပြီး ကျားဖြန့် နှိမ်နင်းရေး အမည်တပ်မှု ဖာခေါင်းက လုပ်သည့် ပြည့်တန်ဆာနှိမ်နင်းရေးဇာတ်လမ်းဟု KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးပြော

KK Park မှာ KNU ဦးစီးလုပ်ကိုင်နေဟု အကြမ်းဖက် ဇော်မင်းထွန်း ဆိုသော်လည်း အမှန်တကယ်ထိန်း ချုပ် လုပ်ကိုင်သူမှာ BGF ခေါင်းဆောင် စောချစ်သူဟု JFM နှင့် USIP တို့က အစီရင်ခံ ထုတ်ပြန်ထား ရန်ကုန်၊ အောက်တိုဘာ ၂၁ အကြမ်းဖက်စစ်တပ်က KK...

ကြံ့ဖွတ်ပါတီမှ ရွေးကောက်ပွဲ ဝင်ပြိုင်ကြမည့် စစ်ဗိုလ်ချုပ်ဟောင်းများ ကိုယ်ပိုင် လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းထား

မြထွန်းဦးက ပြင်ဦးလွင်မြို့နယ် ၊ ညိုစောက ကိုကိုးကျွန်း၊ အောင်လင်းဒွေးက နေပြည်တော်မဲဆန္ဒနယ် အပါအဝင် ဗိုလ်ချုပ်ကြီးတချို့ ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များ ထွက်ပေါ်လာ ရန်ကုန်၊ အောက်တိုဘာ ၂၀ ကြံ့ဖွတ်ပါတီမှ တစ်ဆင့် ရွေးကောက်ပွဲ ဝင်ပြိုင်ကြမည့် စစ်ဗိုလ်ချုပ်ဟောင်းများက ကိုယ်ပိုင်လုံခြုံရေးအဖွဲ့များကို ဖွဲ့စည်းထားကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

စစ်တပ်ပြိုကွဲရေး နှင့် ဂုဏ်သိက္ခာ ထိခိုက်စေရန်၊ ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်စေရန် ဟောပြော မဲဆွယ်စည်းရုံးမှုများကို အရေးယူမည်ဟု စစ်တပ်ခန့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ သန်းစိုးက ခြိမ်းခြောက်

ရန်ကုန်၊ အောက်တိုဘာ ၁၉ စစ်တပ်ပြိုကွဲရေး ဖြစ်ပေါ်စေရန် သို့မဟုတ် စစ်တပ် ဂုဏ်သိက္ခာ ထိခိုက်စေရန် လုပ်ဆောင်ခြင်း၊ ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်စေခြင်း အပါအဝင် သတ်မှတ်ပြဋ္ဌာန်းထားသော ရွေးကောက်ပွဲ ဥပဒေနှင့်မညီသော မဲဆွယ်စည်းရုံးမှုများကို အရေးယူမည်ဟု စစ်တပ်ခန့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ သန်းစိုးက ခေါ်ယူသတိပေးလိုက်သည်။ ယမန်နေ့ အောက်တိုဘာလ ၁၈ ရက်နေ့...

စစ်တပ်က ကျောက်မဲနှင့် နမ့်ဆန်မြို့နယ်တို့ကို လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ကလေးငယ် ၁ ဦး၊ သံဃာ ၁ ပါး အပါအဝင် ပြည်သူ ၇ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၉ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်နှင့် နမ့်ဆန်မြို့နယ်တို့ကို စစ်တပ်က လေယာဉ်ဖြင့် ယမန်နေ့ ညပိုင်း ဗုံးကျဲမှုကြောင့် ကလေးငယ် ၁ ဦး၊ သံဃာ ၁ ပါး အပါအဝင် ပြည်သူ ၇ ဦးသေဆုံးကြောင်း ဒေသပြည်သူများနှင့် TNLA ထံမှ စုံစမ်းသိရှိရသည်။ ယမန်နေ့...

မြဝတီမြို့ ၊ ၅ ရပ်ကွက်အုပ်ချုပ်ရေးမှူး မဘသ အစွန်းရောက် စိုင်းမျိုးညွန့်က အသက်မပြည့်သေးသော မိန်းကလေးငယ် ၁၀ ဦးထက်မနည်းကို မုဒိမ်းကျင့် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့မှု တရားမျှတမှု မရှာနိုင်သေး

ရန်ကုန်၊ အောက်တိုဘာလ ၁၈ ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးလည်းဖြစ်၊ မဘသအစွန်းရောက် တစ်ဦးလည်းဖြစ်သူ စိုင်းမျိုးညွန့်ဦးက ရဲရင့်ယဉ်ကျေးနာမည်ဖြင့် ဓမ္မစကူးအခမဲ့ စာသင်ကျောင်းဖွင့်ကာ အသက်မပြည့်သေးသော မိန်း ကလေးငယ်များ အပါအဝင် ကျောင်းသူ ၁၀ ဦးထက်မနည်းကို မုဒိမ်းကျင့်ခြင်းနှင့် လိင်ပိုင်ဆိုင် အမြတ်ထုတ်မှုများ...

ကန့်ဘလူတွင် စစ်တပ်နှင့်ပျူစောထီးများက ခရီးသွား လင်မယား ၂ ဦးကို ဖမ်းဆီးပြီး ဇနီးဖြစ်သူ ဒေါ်အေးမာဦးကို မုဒိမ်းကျင့်သတ်ဖြတ်လိုက်ကာ ခင်ပွန်းမှာ အပြင်းအထန်ဒဏ်ရာများဖြင့် ထွက်ပြေး လွတ်မြောက်လာ၊ ရွှေ၊ငွေ၊ ဖုန်းနှင့်ဆိုင်ကယ်ကိုလည်း စစ်သားများက လုယက်

ရန်ကုန်၊ အောက်တိုဘာ ၁၇ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်တပ်နှင့်ပျူစောထီးများက ခရီးသွား လင်မယား ၂ ဦးကို ဖမ်းဆီးပြီး ဇနီးဖြစ်သူ ဒေါ်အေးမာဦးကို မုဒိမ်းကျင့်သတ်ဖြတ်လိုက်ကာ ခင်ပွန်းမှာ နှိပ်စက်ညှဉ်းပန်းခံထားရသော ဒဏ်ရာအပြည့်ဖြင့် ထွက်ပြေး လွတ်မြောက်လာကြောင်း ကန့်ဘလူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၃ တပ်ရင်းမှ တာဝန်ရှိသူ...

မင်းအောင်လှိုင်က ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ လုပ်ငန်းတာဝန်ဖြစ်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို စိစစ်နေမှုများကို သူကိုယ်တိုင် လုပ်နေဟု ထုတ်ပြော၊ မဲဆွယ်စည်းရုံးကာလအတွင် စစ်တပ်ကို ဝေဖန်တိုက်ခိုက်လျှင် အမတ်လောင်းအဖြစ်မှ ပယ်ဖျက်နိုင်ဟု ခြိမ်းခြောက်

ရန်ကုန်၊ အောက်တိုဘာ ၁၇ အကြမ်းဖက် မင်းအောင်လှိုင်က ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ လုပ်ငန်းတာဝန်ဖြစ်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို စိစစ်နေမှုများကို သူကိုယ်တိုင် လုပ်ဆောင်နေကြောင်း ထုတ်ဖော်ပြောဆိုသည်။ အောက်တိုဘာလ ၁၅ ရက်နေ့ ပြုလုပ်သည့် NCA ၁၀ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားတွင် မင်းအောင်လှိုင်က ထိုသို့ ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။ စစ်တပ်က ဒီဇင်ဘာလ ၂၈ ရက်နေ့...

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်တပ်၏ ပွိုင့် ၆၆၆ စခန်းကုန်းကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး နတ်ရေကန်ဗျူဟာကုန်းကိုလည်း အပြီးသတ် သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေ ၊ စစ်တွေမြို့အနီးတွင်လည်း တိုက်ပွဲများ ပြင်းထန်

ရန်ကုန်၊ အောက်တိုဘာ ၁၆ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်တပ်၏ ပွိုင့် ၆၆၆ စခန်းကုန်းကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး နတ်ရေကန်ဗျူဟာကုန်းကိုလည်း အပြီးသတ် သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေကြောင်း AA က ယမန်နေ့ ညပိုင်း သတင်းထုတ်ပြန်သည်။ အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၉...

“တိုင်းရင်းသားလက်နက်ကိုင်တွေ ဖြစ်နိုင်တာသာ ပြောဖို့လိုပြီး မဖြစ်နိုင်တာတွေ မပြောကြပါနဲ့” လို့ မင်းအောင်လှိုင်ပြော၊

"ပညာရေးအတွက် သားသမီးချင်း၊ ကျောင်းသားချင်းစာနာတတ်ကြဖို့လိုပြီး ကျနော်တို့နိုင်ငံကို ဒုက္ခရောက်အောင်မလုပ်ကြပါနဲ့"လို့ မင်းအောင်လှိုင် ဆိုပြန် ရန်ကုန်၊ အောက်တိုဘာ ၁၅ အကြမ်းဖက် မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်များအနေနဲ့ ငြိမ်းချမ်းရေးရရှိရေး ဖြစ်နိုင်တာတွေသာ ပြောဖို့လိုပြီး မဖြစ်နိုင်တာတွေ မပြောကြပါနဲ့ လို့ ပြောဆိုလိုက်ပါတယ်။ ဒီနေ့ နေပြည်တော်မှာ NCA တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးခြင်း...

Latest news

- Advertisement -spot_img