ရန်ကုန်၊ အောက်တိုဘာ ၁၇
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်တပ်နှင့်ပျူစောထီးများက ခရီးသွား လင်မယား ၂ ဦးကို ဖမ်းဆီးပြီး ဇနီးဖြစ်သူ ဒေါ်အေးမာဦးကို မုဒိမ်းကျင့်သတ်ဖြတ်လိုက်ကာ ခင်ပွန်းမှာ နှိပ်စက်ညှဉ်းပန်းခံထားရသော ဒဏ်ရာအပြည့်ဖြင့် ထွက်ပြေး လွတ်မြောက်လာကြောင်း ကန့်ဘလူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၃ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီခန့်အချိန် ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းရှိ စံပယ်နံ့သာ ပျူစောထီးအထိုင်စခန်းမှ အကြမ်းဖက် စစ်သားများက ကောလင်းမြို့နယ် ညောင်ကုန်းကျေးရွာမှ တန့်ဆည်နယ်ဘက်သို့ ကထိန်ခင်းရန် သွားသော ဦးကျော်မျိုးနှင့် ဒေါ်အေးမာဦးတို့ လင်မယား ၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ယင်းသို့ ဖမ်းဆီးပြီးနောက် ဒေါ်အေးမာဦးကို မုဒိမ်းကျင့်သတ်ဖြတ်ပြီး ဒေါ်အေးမာဦး ဝတ်ဆင်ထားသော ဆွဲသီးပါ ရွှေဆွဲကြိုး ၂ ခု ၊ ၁ ကျပ်သားရွှေအခဲ ၁ ခု ၊ နားကပ် ၁ ခု၊ လက်ကောက် ၁ ခု စုစုပေါင်း ရွှေ ၃ ကျပ်သားနှင့် ငွေသား ၇ သိန်း ၊ ဖုန်း ၃ လုံး ၊ ဆိုင်ကယ် ၁ စီး တို့ကို လုယက်ခဲ့ကြောင်း သိရှိရသည်။
ထို့နောက် ခင်ပွန်းဖြစ်သူ ဦးကျော်မျိုးကိုလည်း စစ်တပ်က ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း၊ ဒဏ်ရာများရရှိထားသော ဦးကျော်မျိုးမှာ စံပယ်နံ့သာ ပျူစောထီး အထိုင်စခန်းမှ ထွက်ပြေးလွတ်မြောက်လာပြီးနောက် ကန့်ဘလူခရိုင် အမှတ် ၃ PDF တပ်ရင်းထံသို့ ရောက်ရှိလာကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်က ယင်းကဲသို့ ယုတ်မာ ရိုင်းစိုင်းစွာ ပြုမူနေသဖြင့် ပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် အကြမ်းဖက် စစ်တပ် တပ်စခန်းများရှိရာ နေရာများကို သတိပြု ရှောင်ရှားသွားလာကြပါရန် ကန့်ဘလူခရိုင် အမှတ် ၃ PDF တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက သတိပေးပြောဆိုသည်။
ဓာတ်ပုံ – ဒဏ်ရာများဖြင့် ထွက်ပြေး လွတ်မြောက်လာသော ဦးကျော်မျိုး။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar








