27.2 C
Yangon
spot_img

CATEGORY

Editor Choice

မင်းအောင်လှိုင်၏လူယုံ ထွန်းမင်းလတ် ထိုင်းနိုင်ငံတွင် ဖမ်းဆီးတရားစွဲဆိုခံရမှုမှ လွတ်မြောက်လာပြီးနောက် စစ်တပ်အတွက် Let410 လေယာဉ်များ ဝယ်ယူတင်သွင်းခွင့်ရရှိ

ရန်ကုန်၊ မတ်လ ၂၉ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ မိသားစုနှင့် အလွန်နီးစပ်သူဖြစ်သည့် ခရိုနီစီးပွားရေးသမား ထွန်းမင်းလတ်သည် စစ်တပ်အတွက် Let410 လေယာဉ်များ ဝယ်ယူတင်သွင်းခွင့် ရရှိထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်များထံမှ သိရသည်။ ထွန်းမင်းလတ်သည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်းက ထိုင်းနိုင်ငံတွင် မူးယစ်ဆေးဝါးမှု၊ ငွေကြေးခဝါချမှု သံသယများဖြင့် ဖမ်းဆီးခံခဲ့ရသော်လည်း သက်သေအထောက်...

အမေရိကန်သမ္မတထရမ့်အစိုးရအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ပြန်လည်သုံးသပ်ပြီး မြန်မာစစ်ကောင်စီကို ထိရောက်သော အရေးယူမှုများ လုပ်ဆောင်ရန် အမေရိကန် လွှတ်တော်အမတ် ၄ ဦးက စာပေးပို့

ရန်ကုန်၊ မတ် ၂၈ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒများကို ပြန်လည်သုံးသပ်ပြီး မြန်မာစစ်တပ်ကို ထိရောက်သော အရေးယူမှုများလုပ်ဆောင်ရန်အမေရိကန် လွှတ်တော်အမတ် ၄ ဦးက နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခဲ့ကြသည်။ မတ်လ ၂၆ ရက်နေ့ အဆိုပါပေးစာကို ပေးပို့ခဲ့ကြခြင်းဖြစ်ပြီး...

မင်းအောင်လှိုင် စစ်ဦးစီးချုပ်ရာထူးမှ အနားမယူမီ နောက်ဆုံးအမှာစကားတွင် NLD အစိုးရ မဲမသမာမှုကြောင့် စစ်အာဏာသိမ်းရဟု ထပ်မံပြောဆိုပြီး စစ်မှု ထမ်းဥပဒေကို ဆက်ကျင့်သုံးမည်ဟု ပြော

ရန်ကုန်၊ မတ် ၂၈ အကြမ်းဖက် မင်းအောင်လှိုင် စစ်ဦးစီးချုပ်ရာထူးမှ အနားမယူမီ နောက်ဆုံး အမှာစကားတွင် NLD အစိုးရ မဲမသမာမှုကြောင့် စစ်အာဏာသိမ်းရကြောင်း ထပ်မံပြောဆိုသည်။ ယမန်နေ့ ၈၁ နှစ်မြောက် စစ်တပ်နှစ်ပတ်လည်နေ့ အခမ်းအနား ချီတက်ပွဲတွင် အကြမ်းဖက် မင်းအောင်လှိုင်က ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်ပြီး စစ်အာဏာသိမ်းကာလ ၅...

စစ်တပ်ခေါင်းဆောင် အပြောင်းအလဲဖြစ်မည်ဟု အကြမ်းဖက် စိုးဝင်းထုတ်ပြော၊ မင်းအောင်လှိုင် သမ္မတလုပ်ရန် ရာနှုန်း ပြည့် သေချာလာ

ရန်ကုန်၊ မတ် ၂၇ ယနေ့ ကျရောက်သည့် ၈၁ နှစ်မြောက်စစ်တပ်နေ့ အခမ်းအနားပြီးဆုံးသည့်နောက်ပိုင်းတွင် စစ်တပ်ခေါင်းဆောင်ပိုင်း အပြောင်းအလဲဖြစ်မည်ဟု အကြမ်းဖက် စိုးဝင်းထုတ်ပြောလိုက်သည်။ ယမန်နေ့ နေပြည်တော်တွင် အငြိမ်းစား စစ်ခေါင်းဆောင်များကို စစ်ခေါင်းဆောင်များက ကန်တော့ပွဲလုပ်စဉ် အကြမ်းဖက် စိုးဝင်းက အထက်ပါအတိုင်း ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။ ၈၁ နှစ်မြောက် စစ်တပ် နှစ်တပ်လည် နေ့...

ရန်ကုန်တွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များကို စစ်မှုထမ်းဆောင်ရန် ကိုယ်ရေး ရာဇဝင် ဖြည့်ခိုင်းပြီး သတင်းပို့ခိုင်း၊ စစ်မှုထမ်းမတိမ်းရှောင်စေရေး မိဘများကို ခံဝန်လက်မှတ်ထိုးခိုင်း

ရန်ကုန်၊ မတ် ၂၆ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်အပါအဝင် မြို့နယ်များတွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များကို စစ်မှုထမ်းဆောင်ရန် ကိုယ်ရေးရာဇဝင် ဖြည့်ခိုင်းပြီး သတင်းပို့ရန် သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက လိုက်လံခိုင်းစေနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယခု ၂၀၂၆ ခုနှစ်အတွက်စစ်မှုထမ်းဆောင်ရမည့်...

မင်းအောင်လှိုင်မိသားစု၏ ဒေါ်လာသန်းချီတန် “အလွန်ခမ်းနားသော” ဘန်ကောက်အိမ်ခြံမြေဝယ်ယူမှုကို JFM ဖော်ထုတ်၊ ပိတ်ဆို့မှုရှောင်ရန် ချွေးမအမည်ဖြင့် အမည်ခံကုမ္ပဏီသုံး၍ ဝယ်ယူခဲ့

ကြူကြူလှ နှင့် ချွေးမ မျိုးရတနာထိုက် တို့ကို နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့ရန် တောင်းဆို ရန်ကုန်၊ မတ် ၂၅ တရားမဝင် မြန်မာစစ်အုပ်စုက ပြည်သူများအပေါ် အကြမ်းဖက်စစ်ဆင်ရေးများ အရှိန်မြှင့်လုပ်ဆောင်နေသည့် ၂၀၂၂ ခုနှစ်အတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သားနှင့် ချွေးမဖြစ်သူတို့သည် ဘန် ကောက်မြို့ရှိ တန်ဖိုးကြီး...

ကျန်းမာရေးဝန်ကြီး သက်ခိုင်ဝင်းနှင့် ကိုယ်ရေးအရာရှိ ဒေါက်တာထက်လင်းတို့က ဆေးဝါးနှင့်ဆေးပစ္စည်းတင်သွင်းခွင့်လိုင်စင် ထောက်ခံချက်တစ်ခုအတွက် ငွေကျပ်သိန်း ၅၀၀ လာဘ်ငွေ တောင်းယူ

ရန်ကုန်၊ မတ် ၂၅ စစ်တပ်လက်အောက်ခံ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် ကိုယ်ရေးအရာရှိ (PSO) ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာထက်လင်းတို့က ဆေးဝါးနှင့် ဆေးပစ္စည်းတင်သွင်းခွင့်လိုင်စင်များ ချထားပေးရာတွင် ကျပ်သိန်းရာချီ လာဘ်ငွေတောင်းခံကာ အကြီးအကျယ် အဂတိ လိုက်စားနေကြောင်း ကျန်းမာရေး ဝန်ကြီးဌာနတွင်းသတင်းရင်းမြစ်များထံမှ သိရှိရသည်။ လက်ရှိ စစ်တပ်က အမေရိကန်ဒေါ်လာလိုအပ်ချက်ရှိနေသည်ဟု အကြောင်းပြကာ...

မင်းအောင်လှိုင်ဆေးရုံတက် ဆေးကုသခံယူမှု အမှန်တကယ် ကျန်းမာရေးကိစ္စလား၊ နောက်ကွယ်မှာ နိုင်ငံရေးအပြောင်းအလဲတွေ ရှိနေသလား

By ညို​အေး စစ်တပ်ရဲ့ အငြိမ်းစားယူရမယ့် အသက် သတ်မှတ်ချက် ကျော်လွန်နေပြီဖြစ်တဲ့ မျက်စိတစ်ဖက်စောင်း အသက် ၆၉ နှစ်အရွယ် မင်းအောင်လှိုင် မတ်လ ၂၀ ရက်နေ့ ခါးကျီးပေါင်းရောဂါကြောင့် အာရုံကြောညှပ်လို့ အိန္ဒိယပါရဂူတွေနဲ့ တပ်ဆေးရုံမှာ ၂ နာရီကြာ အရေးပေါ် ခွဲစိတ်ရတယ်လို့ စစ်တပ်က မနေ့က...

အကြမ်းဖက် မင်းအောင်လှိုင် ခါးရိုးဆစ်ပေါင်းရောဂါကြောင့် အာရုံကြောညှပ်သဖြင့် အိန္ဒိယဆရာဝန်များဖြင့် ၂ နာရီကြာ ခွဲစိတ်ဆေးကုသဟုဆို

ရန်ကုန်၊ မတ် ၂၃ အကြမ်းဖက် မင်းအောင်လှိုင် ခါးရိုးဆစ်ပေါင်းရောဂါကြောင့် အာရုံကြောညှပ်မှု အိန္ဒိယဆရာဝန်များဖြင့် ၂ နာရီကြာ ခွဲစိတ်ခဲ့ပြီး ခွဲစိတ်ကုသမှု အောင်မြင်ကြောင်း စစ်တပ်က ယနေ့ ညနေပိုင်း သတင်းထုတ်ပြန်သည်။ မင်းအောင်လှိုင်သည် ခါးရိုးဆစ်ပေါင်းရောဂါကြောင့် အာရုံကြောညှပ်ခြင်း (Lumbar Spondylosis with Spinal Stenosis) ဝေဒနာခံစားခဲ့ရသဖြင့်...

MAI နှင့် MNA ခရီးသည်တင် လေကြောင်းလိုင်းများအတွက် လေယာဉ်ဆီများကို စစ်တပ်က အတင်းအဓမ္မ သိမ်းယူလိုက်သောကြောင့် လေယာဉ်ဆီ မလုံလောက်မှု ပြဿနာဖြစ်ပေါ်လာပြီး ခရီးစဉ်အများစု ဖျက်သိမ်းရပ်နားရ

ရန်ကုန်၊ မတ် ၂၂ မြန်မာနိုင်ငံသို့ လေယာဉ်ဆီများ အဓိက တင်သွင်းဖြန့်ဖြူးနေသော NEPAS (National Energy Puma Aviation Services) က ၎င်းထံတွင် ရောက်ရှိပြီးသား လေယာဉ်ဆီများနှင့် လာရန်ရှိနေသော လေယာဉ်ဆီများကို စစ်တပ်က အတင်းအဓမ္မ သိမ်းယူသွားသဖြင့် လေယာဉ်ဆီ မလုံလောက်ပြဿနာများဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်၊...

Latest news

- Advertisement -spot_img