By ရန်ကုန်ခေတ်သစ်
ယခုရက်ပိုင်းအတွင်း လူမှုကွန် ရက်များတွင် အမျိုးသမီး တစ်ဦးကို ခေါင်းဖြတ် သည့် ဗီဒီယိုဖိုင် ပြန့်နှံ့နေပြီးစစ်တပ်ထောက်ခံသူများက အမျိုး သမီး တစ်ဦးကို PDF များ၏ ခေါင်းဖြတ် သတ်သည့် လုပ်ရပ်ဟု ဝါဒဖြန့်လျက်ရှိနေသည်။
အမှန်တကယ် လက်တွေ့တွင် အဆိုပါဗီဒီယိုထဲတွင် ခေါင်းဖြတ်ခံရသူ အမျိုး သမီး မှာ မြိုင်မြို့နယ်၊ ကြံစိမ့်ကြီးကျေးရွာမှ လမ်းခင်းကျောက် လုပ်ငန်း လုပ် ကိုင်သူ မနန္ဒာ (ရန်ကုန်မှ ခဏပြန်လာသူ) ဖြစ်ပြီး ၎င်းသည် သရက်မြို့မ ရဲ စခန်းမှ CDM ရဲတပ်သား ဇော်လင်း အောင် ထွက်ပြေး လွတ်မြောက်စေရန် ကူညီ ဖေးမ ခဲ့သူ ဖြစ်သည်။
စစ်တပ်၊ ရဲနှင့် ပျူစောထီးများက CDM ရဲတပ်သား ဇော်လင်းအောင်ကို ကူညီ ပေးမှုဖြင့် မနန္ဒာကို ခေါင်းဖြတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန် ခေတ်သစ် က စုံစမ်း သိရှိရသည်။
ယင်းအခြေအနေများနှင့်ပတ်သက်ပြီး မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ ခေါင်းဖြတ်သတ်တဲ့ဖြစ်စဉ် မြိုင်မှာဖြစ်တာလား။ အသတ်ခံ ရတဲ့ အမျိုးသမီးက ဘယ်သူလဲ။ ဘာကြောင့် အသတ်ခံရတာလဲ။
ဖြေ။ ။ ဒီကိစ္စ မြိုင်မှာ ဖြစ်တဲ့ကိစ္စ မှန်ပါတယ်။ မြိုင်မြို့နယ်၊ ကြံစိမ့်ကြီး ကျေးရွာအုပ်စု၊ ကြံစိမ့်ကြီး ကျေးရွာမှာဖြစ်ပွားခဲ့တဲ့ကိစ္စပါ။ ရှင်မတောင် တောင် ခြေအနီးမှာ ကြံစိမ့်ကြီးကျေးရွာအုပ်စု ကြံစိမ်းကြီး ကြံစိမ့်လေး၊ တောင်ကြား ဆိုတဲ့ ရွာ ၃ ရွာရှိတယ်။
ပခုက္ကူ တပ်မ ၁၀၁ နဲ့ မြိုင်ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေက ကြံစိမ့်ကြီးကျေးရွာကို ရောက်ရှိလာပြီးတော့ CDM လုပ်တဲ့ ရဲတပ်သား ဇော်လင်းအောင်ကို လိုက်လံ ရှာ ဖွေရာမှာ CDM ရဲ ဇော်လင်းအောင် ထွက်ပြေးတာကို လက်ခံ ကူညီပေးတဲ့ အတွက် ကျေးရွာသူ လမ်းခင်းကျောက်ထုတ်လုပ်ငန်းလုပ်သူ မနန္ဒာ (ရန်ကုန်မှ ခဏ ပြန်လာသူ)ကို မေးမြန်းပြီး ခေါင်းဖြတ်သတ်ဖြတ်တယ်။
CDM လုပ်တဲ့ ရဲတပ်သားဇော်လင်းအောင်က သရက်မြို့မရဲစခန်းက ရဲ။ ဇာတိ က မြိုင်က ။ အဲဒါ CDM လုပ်ပြီးမြိုင်ကို ပြန်လာတာ။ အဲဒါကို ရန်ကုန်ကနေ ပြန်ရောက်လာတဲ့ မနန္ဒာက ရဲတပ်သား လွတ်သွားအောင် ကူညီပေးလိုက် တယ်။
အဲဒီအမှုနဲ့ စစ်ဆေးမေးမြန်းမှုမရှိဘဲနဲ့ တပ်နဲ့ပါလာတဲ့ ပျူစောထီးတွေက မကျေ နပ် ချက်နဲ့ စွပ်စွဲပြီးတော့ မနန္ဒာကိုခေါင်းဖြတ် သတ်တာ။ နောက်လူ တွေ မလုပ်ရဲအောင် အကြောက်တရားနဲ့ လုပ်ပြသွားတာ။ ခေါင်းဖြတ် သတ်တဲ့သူတွေက တပ်မ ၁၀၁၊ မြိုင်ရဲစခန်း ပူးပေါင်းထားတဲ့ ရှင်မတောင်ဆရာတော် (မဘသ) ခေါင်း ဆောင်တဲ့ ပျူစောထီး(ခေါ်) ပြည်သူ့စစ်တွေက အဲဒီလို သတ် သွား တာပါ။ ၂၀၂၂ ခုနှစ် ၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့ မှာ ဖြစ်တာပါ။
မေး။ ။ မနန္ဒာကို ခေါင်းဖြတ်သတ်တာကို စစ်တပ်ဘက်က ဝါဒဖြန့် တာက PDF က ခေါင်းဖြတ်သတ်သလိုဝါဒဖြန့် နေတယ်။ အဲဒါ မဟုတ်ဘူးဆိုတာ ဘယ်လို ခိုင်ခိုင်မာမာရှင်းနိုင်မလဲ။
ဖြေ။ ။ အဲဒီဒေသက မြိုင်နဲ့ ရေစကြို နယ်ကြား ဒေသဖြစ်ပါတယ်။ အဲဒီ ဒေသ ဟာ မြိုင်အစွန်အဖျားဖြစ်တဲ့အပြင် ရှင်မတောင် သဘာ၀ ထိန်း သိမ်းရေး နယ်မြေအတွင်းမှာ ကျရောက်နေတဲ့ ဒေသလည်းဖြစ်တယ်။
ပြီးခဲ့တဲ့ NLD အစိုး ရ လက်ထက်မှာ လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုး တက် စေရေးနဲ့ ရေပြတ် လပ်မှု မရှိစေရေးအထူး အလေး ထား ဆောင်ရွက်ပေးခဲ့တဲ့ ဒေသ ဖြစ်ပါတယ်။ အဲဒီဒေသမှာနေတဲ့ ပြည်သူတွေရဲ့ မသိနားမလည်မှုကို အသုံးချပြီး စစ်တပ်က လူမျိုးတုန်းသတ်ဖြတ်မှု ပုံစံလိုမျိုး ဆောင်ရွက်ခဲ့ခြင်း ဖြစ် တယ်။
အဓိက CDM ဝန်ထမ်းတွေ၊ တပ်CDM တွေ ၊ ရဲ CDM တွေ လက်မခံရဲအောင် စံပြအနေနဲ့ လုပ်တယ်ဆိုပြီး ကြုံးဝါးပြီး သေချာ ရိုက်ကူးသွားခဲ့တာဖြစ်ပါတယ်။ အဲဒီဖြစ်စဉ် ကို ဒေသခံတွေ အားလုံး သိကြတယ်။ မြိုင်မှာ ဒီဖြစ်စဉ်ကနာမည် ကြီး ဖြစ် စဉ်ပါ။ စစ်တပ်၊ ပျူစောထီးနဲ့ ရဲတွေ ဘယ်လောက်ရက်စက်လဲဆိုတာ ပြည်သူ တွေ သိသွားတဲ့လုပ်ရပ်ပါ။
မေး။ ။ လုပ်ငန်းရှင် မနန္ဒာကို ခေါင်းဖြတ်သတ်တဲ့အထဲမှာ ပါတဲ့ တပ်နာ မည်၊ ရဲစခန်းနဲ့ ပျူစောထီးတွေကိုသေသေချာချာ ပြန်ပြောပေးပါ။
ဖြေ။ ။ တပ်က ပခုက္ကူ တပ်မ ၁၀၁၊ မြိုင်ရဲစခန်းနဲ့ ကန်နီရွာ ၊ သရက်ကွ၊ ဝက်ပုတ် ကျေးရွာမှာနေတဲ့ ပြည်သူ့စစ်(ခေါ်) ပျူစောထီးက လုပ်ခဲ့တာ ဖြစ် ပါတယ်။
ဒီလို ဗီဒီယို ရိုက်ကူးပြီးတော့ PDF တွေအားကောင်းတဲ့ ဒေသ ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အားကောင်းတဲ့ ဒေသ၊ပြည်သူ့အာဏာ ပြည်သူပိုင်တဲ့ နေရာ တွေမှာ သပ်လျှိုသွေးခွဲဖို့ တမင်ရည်ရွယ်ချက်ရှိရှိ ရိုက်ကူးပြီး PDF တွေကိုအထင် လွဲအောင် လုပ်ဖို့ ၊ PDF အားပေးတဲ့သူတွေ ကြောက်အောင် ခြိမ်း ခြောက် ဖို့ ရိုက်ကူးသွားခဲ့တာပါ။
မြိုင်မြို့နယ်တစ်မြို့နယ်လုံးမှာ စစ်တပ်က ပြည်သူ့စစ်(ခေါ်)ပျူစောထီး ၆ ဖွဲ့ အင်အား (၂၀၀)ဦး၊ လက်နက်(၁၂၀) တပ်ဆင်ထားရှိပါတယ်။
ဓာတ်ပုံ- စစ်တပ်၊ ရဲနှင့် ပျူစောထီးများက ဖမ်းဆီးထားခဲ့သော မနန္ဒာ။
ရန်ကုန်၊ ဇွန် ၂၆
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထုံးဘိုလေးကျေးရွာကို စစ်ကောင်စီတပ်များက ယမန် နေ့ ၂၅ ရက်နေ့ ညပိုင်းတွင် ဝင်ရောက် စီးနင်းပြီး ကလေးငယ်၊ အမျိုး သမီး ငယ်တစ်ဦး၊ မသန်စွမ်း တစ်ဦး အပါအဝင် ကရင်တိုင်းရင်းသား ပြည်သူ ၁၀ ဦး...
By ရန်ကုန်ခေတ်သစ်
ဒေသကာကွယ်ရေး PDF များအသုံးပြုနေသည့် ထိုင်းနှင့်တရုတ်လုပ် ဝေါ်ကီ တော်ကီ များကို စစ်တပ်ဘက်က အသံလှိုင်းဖမ်းယူနိုင်သဖြင့် သတင်း ပေါက် ကြားနိုင်၊ စကားဝှက်များ တီထွင် အသုံးပြုကြရန် NUG ဆက်သွယ်ရေးဝန်ကြီး ဦးထင်လင်းအောင်က တိုက်တွန်းပြောဆိုလိုက်သည်။
NUG ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန ဝန်ကြီး...
ရန်ကုန်၊ ဇွန် ၂၄
အကြမ်းဖက်စစ်ကောင်စီ၏ မတရားအကွက်ချစီစဉ်မှုများဖြင့် နေပြည်တော် အချုပ်ထောင်သို့ ပို့ဆောင်ခံရသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် သည် အကျဉ်းသူအဖြစ် ထောင်တွင်း သီးခြားခွဲ၍ နေထိုင်ရသော်လည်း အကျဉ်း ထောင်စည်းကမ်းများနှင့်အညီ နေရကြောင်း သိရှိရသည်။
"အကျဉ်းသူလို ထားဖို့ ညွှန်ကြားထားလို့ သိရတယ်။ အဲဒါက အကျဉ်းသူ...
ရန်ကုန်၊ ဇွန် ၂၃
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ယခင်ကာလများကဲ့သို့ နေအိမ် အကျယ်ချုပ်ထားခြင်းမပြုဘဲ အကျဉ်းထောင်တွင် ထားရှိ အကျဉ်းချရန်နှင့် ၎င်း ၏ နိုင်ငံရေး ဘ၀ အဆုံးသတ်ရေး နည်းလမ်း မျိုးစုံဖြင့် လုပ်ဆောင်ရန် အကြမ်း ဖက် ခေါင်းဆောင် မင်းအောင်လှိုင်က ညွှန်ကြားထားကြောင်း...
ရန်ကုန်၊ ဇွန် ၂၂
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ကံသစ်ရွာ အနောက်ဘက် မူးချောင်း တံတား အနီး တွင် ခင်ဦးမြို့မှ ထွက်လာသော ရေဦးရဲစခန်းမှ ဒုရဲမှူး စိုးထွဋ်ခိုင် အပါအဝင် ရဲ ၁၁ ဦးလိုက်ပါလာသော ဖောကား ယနေ့ နံနက်ပိုင်း ၉ နာရီ...
ရန်ကုန်၊ ဇွန် ၂၂
ယနေ့ နံနက်ပိုင်း ပြည်သူ့ဘက်တော်သား PDF ၂၀ ကျော်လိုက်ပါသော ဖောကားကို RPG ဖြင့် ပစ်ခတ်ခြင်း၊ လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သော စစ်ကောင်စီတပ်ကို ဦးဆောင်သူ ဝါစိုက်ပျိုးရေး တပ်မှ ဗိုလ်မှူး မင်းပိုင်စိုး ဦးစီးသော...
By ရန်ကုန်ခေတ်သစ်
အကြမ်းဖက် လူသတ် ဖက်ဆစ် စစ်ကောင်စီအတွင်းရေးမှူး အောင်လင်းဒွေး၏ သားသမီး ၃ ဦး တင်ဒါ အခွင့်ထူးခံမှု အပါအဝင် စီးပွားရေး အခွင့် အလမ်း များ စွာ ဖြင့် ခရိုနီလက်သစ်များဖြစ်လာကြောင်း တပ်သတင်းရင်းမြစ်နှင့် ရန်ကုန် စီးပွားရေးသတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။ အသက်...
ရန်ကုန်၊ ဇွန် ၂၀
ရန်ကုန်တိုင်းနှင့်ဧရာ၀တီတိုင်း အကြား ပန်တိုင်စစ်ဆေးရေးဂိတ် တွင် မှော်ဘီ လေ ကြောင်း ရန် ကာကွယ်ရေး တပ်မှ ဗိုလ်မှူး ဉာဏ်လင်းစိုးအဖွဲ့နှင့် ပန်တိုင် ဂိတ် စောင့် လုံခြုံရေးရဲများအကြား ဇွန်လ ၁၇ ရက်နေ့ ညနေ ၂...
ရန်ကုန်၊ ဇွန် ၂၀
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ချန်ရစ်ထားခဲ့သော ၄၀ -မမ ဗုံးသီး ပေါက်ကွဲမှုကြောင်း အသက် ၇ နှစ်အရွယ် မောင်ပြည့်စုံမောင် နှင့် မောင်မင်းထွဋ်ဇော်တို့ သေဆုံးသွားကြောင်း ဒေသခံများနှင့် PDF-ဂန့်ဂေါ ထံမှ သိရှိရသည်။ ဇွန်လ(၁၉)ရက်နေ့၊ညနေ(၅)နာရီခန့်တွင် ကန်ရွာအနောက်ဘက် ကျောက်ဂူ...