25.1 C
Yangon
spot_img

CATEGORY

Editor Choice

အမျိုးသားညီညွတ်ရေးအစိုးရကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး ဒေါက် တာဆာဆာ၊ ဦးထင်လင်းအောင်၊ ဒေါ်ခင်မမမျိုး၊ မအိသဉ္ဓာမောင်၊ ဒေါ်နော်စူဇန်နာလှလှစိုး ၊ ဦးမိုးဇော်ဦး အပါအဝင် ဝန်ကြီးနှင့် ဒုဝန်ကြီးတချို့ ပြန်မပါတော့

ရန်ကုန်၊ ဒီဇင်ဘာ ၈ အမျိုးသားညီညွတ်ရေးအစိုးရကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး ဝန်ကြီးတချို့နှင့်ဒုဝန်ကြီးတချို့ ပြန်လည်ပါဝင်ခြင်းမရှိတော့သည်ကို တွေ့ရှိရသည်။ ယနေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ-CRPH က ၂၀၂၀ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုက ဒီမိုကရေစီနည်းကျအပ်နှင်းလိုက်သည့် အာဏာ ကို ကျင့်သုံးလျက် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရ “အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့” ကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း...

အမရပူရမြို့နယ်တွင် ဒေါက်တာတေဇာဆန်း၊ ကိုနန်းလင်းနှင့် ကိုခန့်ဝေဖြိုးတို့၏ ဆန္ဒပြဓာတ်ပုံများကို လိုက်လံပြသပြီး သတင်းပေးလျှင်ငွေကျပ် သိန်း ၂၀၀ ချီးမြှင့်မည်ဟု ပြည်သူများကို စစ်တပ်က လိုက်လံ စည်းရုံးနေ

ရန်ကုန်၊ ဒီဇင်ဘာ ၇ မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် ဒေါက်တာတေဇာဆန်း၊ ကိုနန်းလင်းနှင့် ကိုခန့်ဝေဖြိုးတို့၏ ဆန္ဒပြဓာတ်ပုံများကို လိုက်လံပြသပြီး သတင်း ပေးလျှင်ငွေကျပ် သိန်း ၂၀၀ ချီးမြှင့်မည်ဟု ပြည်သူများကို စစ်တပ်က လိုက်လံ စည်းရုံးနေကြောင်း အမရပူရမြို့နယ်မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၃ ရက်နေ့...

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မရှိသည့်အချိန်မှ စစ်တပ်က လွှတ်တော်တွင် ပါဝင်နေမှုကို အဆင့်ဆင့်လျှော့ချသွားနိုင်မည်ဟု မင်းအောင်လှိုင် ပြောပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၇ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မရှိသည့်အချိန်မှ စစ်တပ်က လွှတ်တော်တွင် ပါဝင်နေမှုကို အဆင့်ဆင့်လျှော့ချသွားနိုင်မည်ဖြစ်ကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုပြန်သည်။ ယမန်နေ့ ပြင်ဦးလွင်တပ်နယ်တွင် စစ်တပ်အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဗိုလ်လောင်းများကို အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယင်းကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။ မင်းအောင်လှိုင်က စစ်တပ်အနေဖြင့် နိုင်ငံ၏...

ဒီပဲယင်းတွင် မြန်မာနှင့်ဖိလစ်ပိုင် အမျိုးသမီးဘောလုံးအသင်းတို့၏ ဆီးဂိမ်းယှဉ်ပြိုင်ပွဲ ပြန်လည်ပြသမှု ကြည့်ရှုနေသော လက်ဖက်ရည်ဆိုင်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချမှု ပြည်သူ ၁၈ ဦးထက်မနည်း သေဆုံးပြီး ၃၀ ဦးထက်မနည်း ဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၆ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းတွင် မြန်မာနှင့်ဖိလစ်ပိုင် အမျိုးသမီးဘောလုံးအသင်းတို့၏ ဆီးဂိမ်းယှဉ်ပြိုင်ပွဲ ပြန်လည် ပြသမှုကို ကြည့်ရှုနေသော လက်ဖက်ရည်ဆိုင်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချမှု ပြည်သူ ၁၈ ဦးထက်မနည်း သေဆုံးပြီး ၃၀ ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့...

ဖာပွန်ခရိုင်သို့ စစ်ကူလာချသည့် ရဟတ်ယာဉ်ကို KNLA ပူးပေါင်းတပ်များက တိုက်ခိုက်မှု ခေတ္တဗျူဟာမှူး ဒုဗိုလ်မှူးကြီး အောင်မြတ်မိုး အပါအဝင် အရာရှိနှင့်စစ်သည် ၁၅ ဦးသေဆုံး၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိ၊စစ်သည် ၁၀၀ နီးပါး အစစ်ခံနေရ

ရန်ကုန်၊ ဒီဇင်ဘာ ၆ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဘော်စဲခို စခန်းသို့ စစ်ကူလာချသည့် ရဟတ် ယာဉ်ကို KNLA ပူး ပေါင်း တပ်များက တိုက်ခိုက်ခဲ့ရာ ခေတ္တဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး အောင်မြတ်မိုး အပါအဝင် ၁၅ ဦးသေဆုံးသွားကြောင်း နေပြည် တော်စစ်ဘက်သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီးဇင်ယော်က...

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး ၊ စစ်မှုထမ်းဥပဒေ အဆုံးသတ်ရေးနှင့် ရွေး ကောက်ပွဲ ဆန့်ကျင်ရေး တောင်းဆိုမည့် ဒီဇင်ဘာ ၁၀ ရက်နေ့ ပြည်လုံးကျွတ် အပြင်မထွက် အသံတိတ်သပိတ်တွင် ပါဝင်ကြရန် နှိုးဆော်

ရန်ကုန်၊ ဒီဇင်ဘာ ၆ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး ၊ အဓမ္မ စစ်မှုထမ်းဥပဒေ အဆုံးသတ်ရေးနှင့် ရွေး ကောက်ပွဲ ဆန့်ကျင်ရေး တောင်းဆိုမည့် ဒီဇင်ဘာ ၁၀ ရက်နေ့ ပြည်လုံးကျွတ် အပြင်မထွက် အသံတိတ်သပိတ်တွင် ပါဝင်ကြရန် သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက...

ပွင့်ဖြူမြို့နယ်တွင် လူမှုရေးဖောက်ပြန်သော စရဖ ဗိုလ်ကြီး ကျော်မျိုးဦးနှင့် ထွေ/အုပ်စာရေးမ ခင်နီလာထွေးကိုတို့ကို တပ်ကြပ်ကြီး ၁ ဦးက ပစ်သတ်ပြီး ကိုယ်တိုင်လည်း အဖမ်းခံ

ရန်ကုန်၊ ဒီဇင်ဘာ ၄ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် လူမှုရေးဖောက်ပြန်သော စရဖ ဗိုလ်ကြီး ကျော်မျိုးဦးနှင့် ထွေ/အုပ်စာရေးမ ခင်နီလာထွေးကိုတို့ကို တပ် ကြပ်ကြီး ၁ ဦးက ပစ်သတ်ပြီး ကိုယ်တိုင်လည်း အဖမ်းခံလိုက်ကြောင်း ပွင့်ဖြူမြို့နယ်မှ တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းမြို့ တွင် တပ်ကြပ်ကြီး...

စစ်တပ်နှင့် မပူးပေါင်း၊ မဆောင်ရွက်နိုင်လျှင် အစိုးရသစ်တက်လာပြီး နောက်နေ့ ပြုတ်ကျမည်ဟု ကြံ့ဖွတ်ပါတီ ဥက္ကဋ္ဌ ခင်ရီ ပြော

ရန်ကုန်၊ အကြမ်းဖက် စစ်တပ်နှင့် မပူးပေါင်း၊ မဆောင်ရွက်နိုင်လျှင် အစိုးရသစ်တက်လာပြီး နောက်နေ့ ပြုတ်ကျမည်ဖြစ်ကြောင်း ကြံ့ဖွတ်ပါတီ ဥက္ကဋ္ဌ ခင်ရီက ပြောဆိုလိုက်သည်။ နိုဝင်ဘာလ ၂၇ ရက်နေ့ ပုသိမ်မြို့တွင် ပြုလုပ်သော ကြံ့ဖွတ်ပါတီ၏ မဲဆွယ်စည်းရုံးပွဲတွင် ကြံ့ဖွတ်ခင်ရီက ထိုသို့ ပြောဆိုလာခြင်းဖြစ်သည်။ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရာတွင် စစ်တပ်နှင့်အဆင်ပြေသော ပါတီကိုသာလျှင် မဲပေးရမည်ဖြစ်ကြောင်း၊...

စစ်အာဏာသိမ်းထားသော မြန်မာနိုင်ငံသို့ ကမ္ဘာ့ဘဏ်က ထောက်ပံ့ငွေနှင့်ချေးငွေများ မပေးရေး No New Burma Funds Act ကို အမေရိကန် အောက်လွှတ်တော်က အတည်ပြု

ရန်ကုန်၊ ဒီဇင်ဘာ ၂ စစ်အာဏာသိမ်းထားသော မြန်မာနိုင်ငံသို့ ကမ္ဘာ့ဘဏ်က ထောက်ပံ့ငွေနှင့်ချေးငွေများ မပေးရေး No New Burma Funds Act ကို အမေရိကန် အောက်လွှတ်တော်က အတည်ပြုလိုက်သည်။ ဒီဇင်ဘာလ ၁ ရက်နေ့ အမေရိကန် အောက်လွှတ်တော်က မြန်မာနိုင်ငံသို့ ရန်ပုံငွေအသစ်မပေးရေး ဥပဒေ (H.R....

မိုးကုတ်-မိုးမိတ်ကို စစ်တပ်ထံ ပြန်ပေးလိုက်ရမှုကြောင့် နစ်နာသူများကို တောင်းပန်သော်လည်း ဆဲလိုသူများကို နားနားပြီးဆဲကြရန် နှင့် မိုးကုတ်ကို ပြန်လည်သိမ်းယူမှု မြင်တွေ့လိုဟု TNLA မှ ဗိုလ်ချုပ်တာဘုန်းကျော်ပြော

ရန်ကုန်၊ ဒီဇင်ဘာ ၂ ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ထားသော မိုးကုတ်-မိုးမိတ်ကို စစ်တပ်ထံ ပြန်ပေးလိုက်ရမှုကြောင့် နစ်နာသူများကို တောင်းပန်သော်လည်း ဆဲလိုသူများကို နားနားပြီးဆဲကြရန် နှင့် မိုးကုတ်ကို ပြန်လည်သိမ်းယူမှု မြင်တွေ့လိုကြောင်း တအာင်း TNLA မှ ဗိုလ်ချုပ်တာဘုန်းကျော်က လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ဖော်ပြောဆိုသည်။ အောက်တိုဘာလ ၂၉ ရက်နေ့...

Latest news

- Advertisement -spot_img