28.8 C
Yangon
spot_img

CATEGORY

Editor Choice

NUG က တစ်နိုင်ငံလုံး အထွေထွေထိုးစစ် ပြင်ဆင်နေချိန် စစ်တပ်က နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှ မြို့များ၊ စခန်းများနှင့် မဟာဗျူဟာလမ်းပိုင်းများကို ပြန်လည်ထိန်းချုပ် တန်ပြန်ထိုးစစ်ဆင်လာဟု ဝန်ခံ

ရန်ကုန်၊ စက်တင်ဘာ ၈ အမျိုးသားညီညွတ်ရေးအစိုးရ-NUG က တစ်နိုင်ငံလုံးအထွေထွေထိုးစစ်အတွက် ပြင်ဆင်နေချိန် စစ်တပ်က နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှ မြို့များ၊ စခန်းများနှင့် မဟာဗျူဟာလမ်းပိုင်းများကို ပြန်လည်ထိန်းချုပ် တန်ပြန် ထိုးစစ်ဆင်လာကြောင်း NUG -ကာကွယ်ရေးဝန်ကြီးဌာနက အစီရင်ခံစာ ထုတ်ပြန် ဝန်ခံလိုက်သည်။ ယမန်နေ့ထုတ်ပြန်သော ပြည်သူ့ခုခံတွန်းလှန်စစ် ၄ နှစ်ပြည့် အစီရင်ခံစာတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊...

မြို့နယ်နှင့် နယ်မြေရဲစခန်းတိုင်းတွင် Person Scrutinization and Monitoring System (PSMS) ဆော့ဝဲများ တပ်ဆင်၊ ပုဂံဘုရားဖူးလာသည့် CDM ဝန်ထမ်းတချို့ PSMS ဆော့ဝဲဖြင့် ဧည့်စာရင်းစစ်ချိန် အဖမ်းခံရ

ရန်ကုန်၊ စက်တင်ဘာ ၈ အကြမ်းဖက်စစ်တပ်က မြို့နယ်နှင့်နယ်မြေရဲစခန်းတိုင်းတွင် ပြည်သူများကို ပြစ်မှု မှတ်တမ်းနှင့် နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှု ရှိ၊ မရှိ အဓိက စိစစ်သည့် Person Scrutinization and Monitoring System (PSMS) ဆော့ဝဲများ တပ်ဆင်ထားကြောင်း သိရှိရသည်။ ယခုနှစ် မေလနှောင်းပိုင်းမှစတင်ပြီး စစ်တပ်က...

ဒေါ်အောင်ဆန်းစုကြည် နှလုံးရောဂါ ဆိုးရွားစွာခံစားနေရပြီး နှလုံးရောဂါ အထူးကုဆရာဝန်ဖြင့် ပြသရန် တောင်းဆိုသော်လည်း စစ်တပ်က ငြင်းဆန်

ရန်ကုန်၊ စက်တင်ဘာ ၅ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နှလုံးရောဂါ ဆိုးရွားစွာခံစားနေရပြီး နှလုံးရောဂါ အထူးကုဆရာဝန်ဖြင့် ပြသရန် တောင်း ဆိုသော်လည်း စစ်တပ်က ငြင်းဆန်ထားကြောင်း ဗြိတိန်အခြေ စိုက် The Independent သတင်းဌာနက သတင်းဖော်ပြသည်။ အသက် ၈၀ နှစ်ရှိနေပြီဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာ...

စစ်တပ်ခန့် ပဲခူးတိုင်းဝန်ကြီးချုပ် မျိုးဆွေဝင်းက ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးခေါင်းဆောင်များကို တစ်ဦးလျှင် မြေကွက် ၁ ကွက်စီ ချပေး

ရန်ကုန်၊ စက်တင်ဘာ ၄ အကြမ်းဖက် စစ်တပ်ခန့် ပဲခူးတိုင်းဝန်ကြီးချုပ် မျိုးဆွေဝင်းက ပဲခူးမြို့ရှိ ကျေး ရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပျူစောထီးခေါင်းဆောင်များကို ၁ ဦးလျှင် မြေကွက် ၁ စီးချပေး လိုက် ကြောင်း ပဲခူးမြို့ အထွေထွေအုပ်ချုပ်ရေးအုပ်ချုပ်ရေးဦးစီးဌာန၊ သတင်း ရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စက်တင်ဘာလ ၂ ရက်နေ့တွင်...

မုံရွာ အခြေစိုက် အနောက်မြောက်တိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးနှင့်စကားများရန်ဖြစ်သည့် တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်စွာဝင်းကို အဂတိလိုက်စားမှု အမည် တပ်၍ စစ်တပ်က ပြန်ဖမ်း

ရန်ကုန်၊ စက်တင်ဘာ ၄ စစ်ကိုင်းတိုင်း၊မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်စွာဝင်းကို အဂတိလိုက်စားမှု အမည်တပ်၍ စစ် တပ်က ပြန်လည်ဖမ်းဆီးလိုက်ကြောင်း စစ်ဘက်သတင်းရင်းမြစ်တစ်ခုနှင့် CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဩဂုတ်လ ၃၀ ရက်နေ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်...

ရန်ကုန်မြို့တွင် ၁၀ ရက်အတွင်း အသက်မပြည့်သေးသော ကျောင်းသားများ အပါအဝင် လူ ငယ် ၃၀ ကျော် ပျောက်ဆုံးနေပြီး လူငယ်တချို့ စစ်မှုထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးခံထားရ

ရန်ကုန်၊ စက်တင်ဘာ ၃ ရန်ကုန်မြို့တွင် ဩဂုတ်လ ၂၅ ရက်နေ့မှ စက်တင်ဘာလ ၃ ရက်နေ့အထိ အသက်မပြည့်သေးသော ကျောင်းသားများ အပါအဝင် လူငယ် ၃၀ ကျော်ပျောက်ဆုံးနေပြီး လူငယ်တချို့မှာ စစ်မှုထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးခံထားရကြောင်း ပျောက်ဆုံးနေသော လူငယ်များ၏ မိဘဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ရန်ကုန်မြို့၊...

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်ထားသော မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ပြန်လည်ရရှိရေး ကူညီဆောင်ရွက်ပေးရန် စစ်တပ်က တရုတ်အစိုးရထံသို့ တရားဝင် အကူအညီတောင်း

ရန်ကုန်၊ စက်တင်ဘာ ၂ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA ၊ TNLA နှင့် AA အပါအဝင် မြောက်ပိုင်းညီ နောင် မဟာ မိတ် ၃ ဖွဲ့ က သိမ်းပိုက်ထိန်းချုပ်ထားသော မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဂိတ်ကို ပြန်လည်ရရှိရေးအတွက် တရုတ်အစိုးရထံသို့ စစ်တပ်က...

စစ်အုပ်စု၏ ရွေးကောက်ပွဲ ဂျပန်အစိုးရ လက်မခံ၊ ပြင်းထန်သော ဆန့်ကျင်မှုများ ဖြစ်ပေါ်စေမည့်အပြင် ငြိမ်းချမ်းစွာ ဖြေရှင်းရေး ပိုမို ခက်ခဲစေမည်ဟု သတိပေး

ဒေါ်အောင်ဆန်းစုကြည်နှင့် ဖမ်းဆီးထားသူများကို လွှတ်ရန် ဂျပန်အစိုးရ တောင်းဆို ရန်ကုန်၊ စက်တင်ဘာ ၁ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လူအများအပြားကို ဖမ်းဆီးပြီး စစ်တပ်က ရွေးကောက်ပွဲ ပြုလုပ်ရန် စီစဉ်မှုမှာ မြန်မာပြည်သူများ၏ ပြင်းထန်သော ဆန့် ကျင် တုံ့ ပြန်မှုများ ဖြစ်ပေါ်စေမည့်အပြင် မြန်မာ့အရေး ငြိမ်းချမ်းစွာ...

မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် တရုတ်က အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်နေဟု မင်းအောင်လှိုင်ထုတ်ပြော

နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး အတူ ထိန်းသိမ်းရန်နှင့် မြန်မာ့မြေ ပေါ်မှ တရုတ်အကျိုးစီးပွားများ ဘေးကင်းလုံခြုံရေး အာမခံပေးရန် ရှီကျင့်ပင်တောင်းဆို ရန်ကုန်၊ ဩဂုတ် ၃၁ မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် တရုတ်က အပြု သဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်နေကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုသည်။ ယမန်နေ့ တရုတ်နိုင်ငံတွင် တရုတ်သမ္မတ...

ချောက်မြို့နယ်တွင် စစ်မှုထမ်း အပတ်စဉ် ၁၇ အတွက် တပ်သား လုံလောက်စွာ မရရှိဟုဆိုကာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး တင်ထွန်းဦးက နေအိမ်များအပေါ်အထိပါ လူငယ် မှန်သမျှကို တက်ဖမ်းခိုင်းနေ

ရန်ကုန်၊ ဩဂုတ် ၃၀ မကွေးတိုင်း၊ ချောက်မြို့နယ်တွင် လာမည့် စက်တင်ဘာလ စတင်မည့် စစ်မှုထမ်း အပတ်စဉ် ၁၇ အတွက် စစ်မှုထမ်းအင်အား လုံလောက်စွာ မရရှိဟုဆိုကာ ချောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဗိုလ်မှူး တင်ထွန်းဦးက စစ်တပ်နှင့်ပျူစောထီးများကို နေအိမ်များအပေါ်အထိပါ လူငယ်မှန်သမျှကို တက်ဖမ်းခိုင်းနေကြောင်း ဒေသပြည်သူများက...

Latest news

- Advertisement -spot_img