25 C
Yangon
spot_img

CATEGORY

Editor Choice

Breaking News- ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိ ရွှေလုပ်ကွက်များ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုကျပြီး အလုပ်သမားအများအပြား ပျောက်ဆုံးနေ၊ သပြေပင်ကျေးရွာ အပါအဝင် ရွာအများအပြား မြေကြီးအောက်ရောက်သွားကာ သေဆုံးသူအရေအတွက် ရာချီရှိနိုင်

ရန်ကုန်၊ စက်တင်ဘာ ၁၃ မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိရွှေလုပ်ကွက်များတွင် မိုးသည်းထန်စွာ ရွာသွားမှုကြောင့် မြေပြိုကျမှုများ ဖြစ်ပေါ်ပြီး အလုပ်သမားအများပြား ပျောက်ဆုံးနေကြာင်း အဆိုပါ ရွှေလုပ်ကွက်မှ အလုပ်သမားတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စက်တင်ဘာလ ၁၁ ရက်နေ့နှင့် စက်တင်ဘာလ ၁၂ ရက်နေ့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရမည်းသင်းမြို့နယ်၊...

ရန်ကုန်-မန္တလေး အမြန်လမ်း ရေကျော်လာသဖြင့် ကားအသွားအလာ ယာယီရပ်တန့်သွားပြီး ကားများ ပိတ်မိနေ

ရန်ကုန်၊ စက်တင်ဘာ ၁၃ ရန်ကုန်-မန္တလေးအမြန်လမ်း၊ တံတားဦးမြို့နယ်အပိုင် မိုင်တိုင်အမှတ် ၃၅၆ မှ စတင်၍ ရေများ ဝင်ရောက်လာသဖြင့် ကားအသွားအလာများ ယာယီ ရပ်တန့်သွားကြောင်း အဆိုပါ အမြန်လမ်းပေါ်တွင် ရောက်ရှိနေသည့် ကားသမားများ လူမှုကွန်ရက်မှတစ်ဆင့် မျှဝေထားသည်။ "မနက် ၁၁ နာရီလောက်တုန်းက အဲဒီလောက် ရေမများသေးဘူး။ အခု...

ရှမ်း-ကရင်နီအစပ်ရှိ စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းကုန်းများကို ထိုးစစ်ဆင်တိုက်ခိုက်မှု စစ်သား ၃၀ ဦးသေဆုံးပြီး ၃ ဦးအရှင်ဖမ်းမိဟု KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင် ပြော

ရန်ကုန်၊ စက်တင်ဘာ ၁၃ ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ် အစပ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက် ခိုက်ခဲ့ရာ စစ်သား ၃၀ ဦးသေဆုံးပြီး ၃ ဦးအရှင်ဖမ်းမိခဲ့ကြောင်း Loikaw Local PDF၏ ထုတ်ပြန်ချက် နှင့် KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားချက်အရ...

စစ်မှုထမ်း အပတ်စဉ် ၅ တွင် အသက်မပြည့်သေးသော ဆယ်ကျော်သက် လူငယ်များကို စစ်တပ်က အသက်လိမ် မှတ်ပုံတင် လုပ်ပေးပြီး စစ်သင်တန်းတက်ခိုင်း

ရန်ကုန်၊ စက်တင်ဘာ ၁၃ အကြမ်းဖက်စစ်ကောင်စီက ယခု စက်တင်ဘာလတွင် စတင်ဖွင့်လှစ်လျက်ရှိသော စစ်မှုထမ်း အပတ်စဉ် ၅ တွင် အသက်မပြည့်သေးသော ဆယ်ကျော်သက်လူငယ်များကို စစ်တပ်က အသက်လိမ် မှတ်ပုံလုပ်ပေးပြီး စစ်သင်တန်းတက်ခိုင်းမှုများရှိနေကြောင်း ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စုမှ အသက်မပြည့်သေးသော ဆယ်ကျော်သက် လူငယ်တချို့သည်...

နေပြည်တော် ပေါင်းလောင်းဆည်အတွင်း ရေများ ပြည့်လျှံလာမှု ထိန်းမနိုင်တော့ဘဲ ၆ ပေကျော် ရေကျော်ကျကာ တဟုန်ထိုးရေများ စီးထွက်နေ၊ သိုက်ချောင်းတံတား ရေစီးကြောင့် ကျိုးကျ

ရန်ကုန်၊ စက်တင်ဘာ ၁၂ နေပြည်တော် ပေါင်းလောင်းဆည်အတွင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှု​ကြောင့် ရေများ ပြည့်လျှံလာမှု ထိန်းမနိုင်တော့ဘဲ ၆ ပေကျော်ခန့် ရေကျော်ကျကာ တဟုန်ထိုး ရေများစီးထွက်နေကြောင်း စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ပြောဆိုသည်။ စက်တင်ဘာလ ၁၀ ရက်နေ့နှင့် စက်တင်ဘာလ ၁၁ ရက်နေ့တွင် မိုးများ သည်း ထန်စွာ...

နေပြည်တော် ပျဉ်းမနားမြို့နယ်၊ ဇေယျာသီရိမြို့နယ် ၊ တပ်ကုန်းမြို့နယ်အတွင်း ကျေးရွာများ အပါအဝင် နေရာအများအပြားတွင် ရေအမြင့် အနည်းဆုံး ၆ ပေမှ ၉ ပေအထိ မြင့်တက်နေပြီး ပြည်သူများ ပိတ်မိနေကာ ရေစီးသန်သဖြင့် ကယ် ဆယ်ရေး ခက်ခဲနေ

ရန်ကုန်၊ စက်တင်ဘာ ၁၂ နေပြည်တော် ပျဉ်းမနားမြို့နယ်၊ ဇေယျာသီရိမြို့နယ် ၊ တပ်ကုန်းမြို့နယ်အတွင်း ရှိ ကျေးရွာများ အပါ အဝင် နေရာအများအပြားတွင် ရေအမြင့် အနည်းဆုံး ၆ ပေမှ ၉ ပေအထိ မြင့်တက်နေပြီး ပြည်သူများ ပိတ်မိနေကာ ရေစီးသန်သဖြင့် ကယ်ဆယ်ရေး ရောက်ရှိရန်...

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီး အောင်သီဟဆွေ၊ ဒုဗိုလ်မှူးကြီး ဝင်းမိုးနိုင်၊ ဗိုလ်မှူး သက်ပိုင်ကျော်ဦး၊ ဗိုလ်မှူးကျော်နိုင်၊ ဗိုလ်မှူးနိုင်လင်း အပါအဝင် ဒုဗိုလ်မှူးကြီးနှင့် ဗိုလ်မှူး အရာရှိ ၅၃ ဦးကို MNDAA က ကောင်းမွန်စွာ ဖမ်းဆီး ထိန်းသိမ်းထား

ရန်ကုန်၊ စက်တင်ဘာ ၁၁ ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA က သိမ်းပိုက်စဉ် စစ်ကောင်စီတပ်ဘက်မှ အရာရှိအများအပြားကို စစ်သုံ့ပန်းများအဖြစ် ဖမ်းဆီးရရှိထားသည်။ ဇူလိုင်လ ၂၅ ရက်နေ့တွင် လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA အပါအဝင် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က စတင်တိုက်ခိုက်ခဲ့ပြီး ဩဂုတ်လ ၃...

အပတ်စဉ် ၁ မှ ၃ အထိ စစ်သင်တန်းဆင်း တပ်သားသစ်များအားလုံးနီးပါးကို ရှေ့တန်းစစ်မြေပြင်သို့ စေလွှတ်ပြီးနောက် စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ် ၅ စတင်ဖွင့်လှစ်၊ နိုင်ငံတစ်ဝန်းမှ ပေါ်တာဆွဲခံရသော လူငယ်အများအပြား ပါဝင်သွား

ရန်ကုန်၊ စက်တင်ဘာ ၁၀ အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ် ၁ မှ အပတ်စဉ် ၃ အထိ စစ်သင်တန်းဆင်း တပ်သားသစ်များအားလုံးနီးပါးကို ရှေ့တန်းစစ်မြေပြင်သို့ စစ်ကောင်စီက စေလွှတ်ပြီးနောက် စစ်မှု ထမ်း အပတ်စဉ် ၅ ကို ယမန်နေ့ စက်တင်ဘာ လ ၉ ရက်နေ့တွင်...

မန္တလေးမြို့ကို မပျက်မစီးဘဲ အကောင်းဆုံးရယူ ထိန်းသိမ်းနိုင်ရေး ကြိုတင် ပြင်ဆင် နေပြီး ပြင်ဦးလွင်အတွက်ပါ ပြင်ဆင်နေဟု NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောဆို

မန္တလေးမြို့ကို မပျက်မစီးဘဲ အကောင်းဆုံးရယူ ထိန်းသိမ်းနိုင်ရေး ကြိုတင် ပြင်ဆင် နေပြီး ပြင်ဦးလွင်အတွက်ပါ ပြင်ဆင်နေဟု NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောဆို ရန်ကုန်၊ စက်တင်ဘာ ၈ မန္တလေးမြို့ကို မပျက်မစီးဘဲ အကောင်းဆုံးရယူ ထိန်းသိမ်းနိုင်ရေး ကြိုတင်ပြင်ဆင်နေပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG ကျန်းမာရေးနှင်ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောဆိုလိုက်သည်။ ရန်ကုန်ခေတ်သစ်သတင်းဌာနက ထုတ်လွှင့် တင်ဆင်လျက်ရှိသော...

လူထု၏ အသက်နှင့်ခန္ဓာကို စတေးနေသည့် စစ်အာဏာရှင်စနစ်ကို သုတ်သင်ရှင်းလင်းရေး နောက်တစ်ကြိမ် အားစိုက်ရုန်းရန် NUG ယာယီသမ္မတ တိုက် တွန်း

လူထု၏ အသက်နှင့်ခန္ဓာကို စတေးနေသည့် စစ်အာဏာရှင်စနစ်ကို သုတ်သင်ရှင်းလင်းရေး နောက်တစ်ကြိမ် အားစိုက်ရုန်းရန် NUG ယာယီသမ္မတ တိုက် တွန်း ရန်ကုန်၊ စက်တင်ဘာ ၇ မြန်မာနိုင်ငံတစ်ဝန်း စစ်ရေးအရ ရှုံးနိမ့်နေသော အရှုံးကို ဖာထေးရန် နှင့် အာ ဏာ တည်မြဲရေးအတွက် လူထု၏ အသက်နှင့် ခန္ဓာကို...

Latest news

- Advertisement -spot_img