Editorial Archives - Khit Thit Media

ထိုင်းနိုင်ငံ ပိုင်နက် အတွင်း မြန်မာစစ်တပ် အချိန်မရွေး ဝင်ရောက်ခွင့် ရရှိနေမှုကို စုံစမ်းစစ်ဆေးရန် ထိုင်း အတိုက်အခံ လွှတ်တော်အမတ်က ထိုင်းအစိုးရကို တောင်းဆို
ထိုင်းနိုင်ငံ ပိုင်နက် အတွင်း မြန်မာစစ်တပ် အချိန်မရွေး ဝင်ရောက်ခွင့် ရရှိနေမှုကို စုံစမ်းစစ်ဆေးရန် ထိုင်း အတိုက်အခံ လွှတ်တော်အမတ်က ထိုင်းအစိုးရကို တောင်းဆို

ရန်ကုန် ၊ စက်တင်ဘာ ၁၃

ထိုင်းနိုင်ငံ-မြန်မာနိုင်ငံ နယ်စပ်၊ ထိုင်းပိုင်နက် တက်ခ့်ခရိုင်ထဲသို့ မြန်မာစစ်သား အများအပြား ဝင်ရောက်လာတယ်ဆိုတဲ့ သတင်းတွေ အပေါ် သေသေချာချာ စုံစမ်းစစ်ဆေးပေးဖို့ Fair Party မှ ထိုင်းအတိုက်အခံ လွှတ်တော်အမတ် ကန်နာဝီ ဆစ်ဘ်ဆန်က ထိုင်းအစိုးရကို တောင်းဆိုလိုက် တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာက မနေ့က သတင်းဖော်ပြခဲ့ပါတယ်။

ကန်နာဝီ ဆစ်ဘ်ဆန်က “စက်တင်ဘာလ ၃ ရက်နေ့မှာ ထိုင်းနိုင်ငံနယ်စပ်က ကျေးရွာနှစ်ရွာဖြစ်တဲ့ ဘန်လီတွန်ခူး နဲ့ ဘန်မိုတလူအာ တွေကတဆင့် မြန်မာစစ်တပ်ရဲ့ တပ်သား ၈၀ ကနေ ၁၀၀ ကြား ထိုင်းနိုင်ငံထဲကို ဖြတ်ကျော် ဝင်ရောက်လာတယ် ဆိုတဲ့ ဒေသန္တရ သတင်းတွေသာ မှန်ကန် နေတယ်ဆိုရင် ပြည်သူတွေကို အစိုးရအနေနဲ့ တရားဝင် ကြေညာပေးဖို့ လိုတယ်” လို့ ဆိုပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ မြန်မာ့ အာဏာသိမ်း စစ်အုပ်စု တို့ အကြား တိုက်ပွဲတွေ ပြင်းထန်နေချိန် ဖြစ်တာကြောင့် ထိုင်းနိုင်ငံတွင်း ဝင်ရောက်လာသူတွေဟာ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) အဖွဲ့ဝင်တွေလို့ ဒေသခံတွေက ယူဆသွား နိုင်တာကြောင့် ရှင်းလင်းပေးဖို့ လိုအပ်တယ်လို့ ကန်နာဝီက ဆိုပါတယ်။

“ထိုင်းနယ်စပ်ထဲကို မြန်မာစစ်သား ၁၀၀ နီးပါး ဝင်ရောက်ခွင့်ပြုထားတာဟာ နှစ်နိုင်ငံ နယ်စပ် ရေးရာ ကိစ္စထက် အများကြီးပိုတဲ့ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ အရေးဖြစ်သွား ပါပြီ” လို့ သူက ထောက်ပြပါတယ်။

ထိုင်း ကာကွယ်ရေးဝန်ကြီးဌာန ၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့အနေနဲ့လည်း အဆိုပါ ကိစ္စရပ်မျိုးကို အလေးအနက် စုံစမ်းစစ်ဆေးသင့်ပြီး နိုင်ငံတကာ ဆက်ဆံရေးနဲ့ ဆက်နွယ်တဲ့ အ‌ရေးကိစ္စ တစ်ခုအနေနဲ့ ကိုင်တွယ်သင့်လို့ အကြံပြုထားပါတယ်။

မြန်မာဘက်က လာတဲ့ သတင်းတွေအရ ထိုင်းနယ်စပ်ထဲကို ဝင်‌ရောက်လာတဲ့ စစ်သား ၁၀၀ နီးပါးဟာ ထိုင်းဒေသခံတွေနဲ့ ကီလိုမီတာ အနည်းငယ်သာ ဝေးကွာတဲ့ လယ်ကွင်းတွေထဲမှာ စခန်းချခဲ့ပြီး ရွာသားတွေက သက်ဆိုင်ရာကို အကြောင်းကြားတဲ့အခါမှာတော့ ထိုင်းစစ်သားတွေက တစ်စုံတရာ လုပ်ကိုင်ပေးဖို့ ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာပြည်ဘက်အခြမ်းမှာ KNLA တပ်ဖွဲ့ဝင်တွေ ရောက်ရှိနေပြီး လမ်းတွေပိတ်ထားတာကြောင့် ထိုင်း စစ်တပ်ရဲ့ နရဲစွမ် (Naresuan) Task Force က အဆိုပါ လမ်းတွေ ပြန်ဖွင့်ပေးရေး မြန်မာ စစ်သား တွေနဲ့ KNLA အကြား ညှိနှိုင်းကြဖို့ အဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။

နောက်ရက်တွေမှာလည်း မြန်မာစစ်သား ၁၀ ဦးကနေ ၂၀ ဦးက ဘန်လီတွန်ခူးရွာကို လာ‌ရောက်ကာ စားစရာတွေ ဝယ်ခဲ့တယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးရုံးကို ထိုင်းဒေသခံတွေ သတင်းပေးခဲ့တယ်လို့ သိရပါတယ်။

ဒေသဆိုင်ရာ ရက်ကွက် လူကြီး Choku Rotsirichai က ထိုင်းစစ်တပ်ဟာ မြန်မာစစ်သားတွေ ချောချောချူချူ အိမ်ပြန်နိုင်ရေး KNLA ကို တပ်သားတွေ စေလွှတ်ကာ ညှိနှိုင်းစေခဲ့တယ်လို့ အစီရင်ခံထားပါတယ်။

ကန်နာဝီ ဆစ်ဘ်ဆန်(Kannavee Suebsaeng) ဟာ ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီနဲ့ ညွန့်ပေါင်းအဖြစ်ဖွဲ့စည်းထားတဲ့ ပါတီ ၈ ခု ထဲက တစ်ပါတီ ဖြစ်တဲ့ Fair Party ရဲ့ အထွေထွေ အတွင်းရေးမှူး တစ်ဦးဖြစ်သလို အောက်လွှတ်တော် အမတ်လည်းဖြစ်ပါတယ်။

အတိုက်အခံအမတ်လည်းဖြစ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဖောင်ဒေးရှင်း တွေတည် ထောင် ထားသူလည်းဖြစ်တဲ့ ကန်နာဝီ ဟာ မြန်မာစစ်အုပ်စုရဲ့ အကြမ်းဖက် မှုတွေ၊ စစ်ရာဇဝတ် ကျူးလွန်မှုတွေကြောင့် ထိုင်း – မြန်မာ နယ်စပ်တလျှောက် လာရောက်ခိုလှုံနေတဲ့ မြန်မာ စစ်ဘေးဒုက္ခ‌သည်တွေအတွက် ထိုင်း‌- မြန်မာ နယ်စပ်မှာလူသားချင်းစာနာထောက်ထားမှု စင်္ကြံ ဖွင့် လှစ်နိုင်ရေးထိုင်းအောက်လွှတ်တော် အစည်းအဝေးမှာ အဆိုတင်သွင်းခဲ့ သူလည်းဖြစ်ပါတယ်။

The post ထိုင်းနိုင်ငံ ပိုင်နက် အတွင်း မြန်မာစစ်တပ် အချိန်မရွေး ဝင်ရောက်ခွင့် ရရှိနေမှုကို စုံစမ်းစစ်ဆေးရန် ထိုင်း အတိုက်အခံ လွှတ်တော်အမတ်က ထိုင်းအစိုးရကို တောင်းဆို appeared first on Khit Thit Media.

ပဇီကြီးရွာကို စစ်တပ်က ယနေ့ မွန်းလွဲပိုင်းတွင် တိုက်လေယာဥ်ဖြင့် ၃ ကြိမ် ထပ်မံ ဗုံးကျဲ တိုက်ခိုက်
ပဇီကြီးရွာကို စစ်တပ်က ယနေ့ မွန်းလွဲပိုင်းတွင် တိုက်လေယာဥ်ဖြင့် ၃ ကြိမ် ထပ်မံ ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၂၀

ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ယနေ့ မွန်းလွဲပိုင်းတွင် ၃ ကြိမ် ထပ်မံ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၆ မိနစ်တွင် အကြမ်းဖက် စစ်တပ်က ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို ဂျက်ဖိုက်တာဖြင့် ၃ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး လက်ရှိချိန်ထိ ကျေးရွာအတွင်း ထိခိုက်ပျက်စီးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

” ပဇီကြီးကျေးရွာကို စကစ အကြမ်းဖက် အဖွဲ့က မွန်းလွ​ြ ၂ နာရီ ၂၆ မိနစ်မှာ ဂျက်ဖိုက်တာနဲ့ ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့တယ်လို့သိရတယ်။ ပျက်စီးဆုံးရှုံးမှု အခြေအနေတော့ မသိရသေးဘူး” ဟု ပြည်သူ တစ်ဦးက​ပြောဆိုသည်။

The post ပဇီကြီးရွာကို စစ်တပ်က ယနေ့ မွန်းလွဲပိုင်းတွင် တိုက်လေယာဥ်ဖြင့် ၃ ကြိမ် ထပ်မံ ဗုံးကျဲ တိုက်ခိုက် appeared first on Khit Thit Media.

အယ်ဒီတာ့အာဘော်
မင်းအောင်လှိုင်နှင့်စစ်ခေါင်းဆောင်များကို ပြစ်ဒဏ် စီရင်ရန်၊ အကြမ်းဖက် စစ်တပ်ကို ဖျက်သိမ်းရန်မှ တပါး အခြားမရှိ (သို့မဟုတ်) သွေးကြွေးတွင် ဆွေးနွေးစရာ မရှိ

By ရန်ကုန်ခေတ်သစ်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာနိုင်ငံကို အကြမ်းဖက် မင်းအောင်လှိုင်ခေါင်းဆောင်သော ဖက်ဆစ်စစ် တပ်က မတရားအာဏာ လုယူလိုက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ပြည်သူ လူထု ထောင်ပေါင်းများစွာကို လမ်းမများပေါ်တွင် ဦးခေါင်းကို ချိန်၍ ရက်ရက်စက်စက် ပစ်ခတ် သတ် ဖြတ်ခဲ့ကြသည်။

ပြည်သူလူထုကို သတ်ဖြတ်ရာတွင် မင်းအောင်လှိုင်က “မလုပ်ရဲတာ ဘာတခုမှ မရှိဘူး၊ အကုန်လုပ်ရဲ တယ်” ဆိုသော စကားအတိုင်း ရက်ရက်စက်စက် ပစ်ခတ် သတ်ဖြတ်ရန် အမိန့်ပေးခဲ့သကဲ့သို့ အောက် လက်ငယ်သားများကလည်း “သေရဲတဲ့ ကောင် ထွက်ခဲ့” ဆိုသော လူမိုက်စကားဖြင့် လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ပြည်သူများကို စာနာစိတ် ကင်းမဲ့စွာဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ကြသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ လက်ရှိ ၂၀၂၂ ခုနှစ် နိုဝင်ဘာလအထိ မင်းအောင်လှိုင်နှင့် စစ်ခေါင်း ဆောင် များ၏ ဖက်ဆစ် ဆန်သော အမိန့်များဖြင့် ပြည်သူလူထုအပေါ် အလွန် ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ် အနိုင်ကျင့် ညှဉ်းပန်းနှိပ်စက်ခြင်း၊ ကျေးရွာများကို ရွာလုံးကျွတ် မီးရှို့ခြင်း၊ မူကြိုကျောင်း နှင့်ကလေးငယ်များကို ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခြင်း၊ ပြည်သူများနှင့်INGO ဝန်ထမ်းများကို ကားပေါ်တွင် စုပုံ ပစ်ခတ်သတ်ဖြတ်မီးရှို့ခြင်း၊ နိုင်ငံရေးအကျဉ်းသားများကို ကြိုး ပေးသတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သော တေးဂီတဖျော်ဖြေပွဲကို တိုက် လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ စစ်ရေးပစ်မှတ် မဟုတ် သော မိုင်းတွင်းကို ဗုံးကျဲခြင်း၊ ပြည်သူများကို မုဒိမ်းကျင့်ခြင်း အစရှိသည့် လူမဆန်သော စစ်ရာဇဝတ် မှုများ၊ လူမျိုးတုန်းသတ်ဖြတ်မှုများကို ကျူးလွန်ခဲ့ကြသည်။

စစ်တပ်က ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများအတွက် ဓာတ်ပုံ၊ ဗီဒီယို သက်သေအထောက် အထားများစွာ ရှိနေပြီဖြစ်ပြီး ဗမာတိုင်းရင်းသားများကိုယ်တိုင် ဗမာစစ်တပ် ၏ ယုတ်မာမှုများကို အပြောမဟုတ်ဘဲ ကိုယ်တိုင် မျက်ဝါး ထင်ထင် မြင်တွေ့၊ ကြုံတွေ့ခံစားကြရသည်။

မင်းအောင်လှိုင်နှင့်စစ်ခေါင်းဆောင်များက ပြည်သူများကို ရက်စက်စွာ သတ်ဖြတ်နေ သည့်တိုင် အောင် ပြည်သူလူထုက ကြောက်ရွံ့သွားခြင်းမရှိဘဲ စစ်အာဏာရှင်စနစ်၊ ဖက်ဆစ် စစ်တပ်ကို အမြတ်ဖြတ်လိုစိတ်များ တစ် နေ့ တစ်ခြား ပိုမိုကြီးထွားလာနေသည်။

ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ်နှင့်အတူယှဉ်တွဲနေထိုင်ရေးကို လုံး၀(လုံး၀) မလိုလားကြ တော့ဘဲ စစ်တပ်ဖျက်သိမ်းရေး၊ ပြည်သူလူထုကို ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့ကြသည့် စစ်ရာဇဝတ် ကောင် မင်းအောင်လှိုင်၊ စစ်ခေါင်းဆောင်များကို အပြစ်ပေး အရေးယူ စီရင်ရန်သာ ဆန္ဒရှိကြတော့သည်။

စစ်အာဏာရှင်စနစ်နှင့် ဖက်ဆစ်စရိုက်ရှိနေသည့် စစ်တပ်ကို မြန်မာ့မြေပေါ်မှ လုံး၀ ကွယ်ပျောက်ရေး သည် ပြည်သူ လူထု၏ နိုင်ငံရေး ရည်မှန်းချက်ဖြစ်လာသည်။

မင်းအောင်လှိုင်နှင့်စစ်ခေါင်းဆောင်များသည် ၂ နှစ်နီးပါးကြာမြင့်လာချိန်တွင် ၎င်းတို့ ၏ အာဏာသိမ်းမှု သည် လုံး၀ မအောင်မြင်တော့ဘဲ ပြည်သူလူထုတစ်ရပ်လုံး၏ စစ်အာဏာရှင်နှင့် စစ်တပ် ဆန့်ကျင်ရေး အရှိန်အဟုန် ကြီးထွားလာနေမှုကို စိုးရိမ်ထိတ်လန့် နေကြသည်။ လက်ရှိတွင်လည်း အခြေအနေကို မထိန်းနိုင်သကဲ့သို့ အနာဂတ်တွင်လည်း ထိန်းသိမ်းရန် မလွယ်ကူတော့သည်ကို စစ်ခေါင်းဆောင်များ သိရှိ စိုးရိမ်နေကြပြီဖြစ်သည်။

၎င်းတို့အတွက် နောက်ဆုံးထွက်ပေါက်ဖြစ်သည့် ၂၀၂၃ ခုနှစ် အမည်ခံ ရွေးကောက်ပွဲကိုလည်း ပြည်သူလူတစ်ရပ်လုံးနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၊ ပြည်တွင်းပြည်ပ မည်သူကမှ လက်မခံကြသည်ကို အကြမ်းဖက်စစ်တပ်က ကောင်း ကောင်း နားလည်သည်။

လက်နက် နှင့် အာဏာ မာန်တက်ပြီး သဘောထားတင်းမာစွာဖြင့် “မည်သူနှင့်မျှ မဆွေးနွေး”၊ “နိုင်ငံတကာကို အဖက် လုပ်စရာမလို”၊ “မိတ်ဆွေနိုင်ငံ အနည်းငယ်နှင့်သာ ရှေ့ဆက် သွားမည်” ဟု ကြွေးကြော်ခဲ့သော အကြမ်း ဖက် စစ်တပ်သည် ချောင်ပိတ်မိနေပြီဖြစ်သည်။

ချောင်ပိတ်မိနေသော စစ်ခေါင်းဆောင်နှင့်စစ်တပ်က နိုဝင်ဘာလ ၁၇ ရက်နေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး ဩစတြေးလျ နိုင်ငံသား ပါမောက္ခ ရှောင်တာနယ်၊ ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်း၊ ဂျပန်နိုင်ငံသား ဒါရိုက်တာ၊ မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသား ထင်ရှားကျော်ကြားသော နိုင်ငံရေးအကျဉ်းသားများဖြစ်ကြသည့် ရွှေညဝါဆရာတော်၊ ဦးမြအေး၊ ဒေါက်တာမျိုးညွန့်၊ စာရေးဆရာမောင်သာချို အပါအဝင် နိုင်ငံရေးသမား တချို့ကို ပြန်လွှတ်ပေးခြင်းဖြင့် ထွက်ပေါက်ရှာရန် ကြိုးစားမှုတချို့ မြင်တွေ့လာရသည်။

အာဆီယံ အထူးသံတမန် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးကလည်း အကျဉ်းသားများ လွှတ်ပေး၍ မကြာမီ မြန်မာနိုင်ငံလာရောက်မည်ဟု ကြေညာခဲ့ပြီး ယင်းခရီးစဉ်တွင်လည်း ဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပြုရန်ရှိသည်ဆိုသော သတင်းတချို့ကိုလည်း စစ်တပ်အသိုင်းအ၀ိုင်းဘက်က ရည်ရွယ်ချက်ရှိရှိ ထုတ်လွှင့်လာနေသည်။

အာဏာစတင်သိမ်းချိန်က ခါးခါးသီးသီးဖြင့် တွေ့ဆုံဆွေးနွေးရေး သဘောထားတင်းမာခဲ့သော စစ်တပ်က ယခုအခါ တွေ့ဆုံဆွေးနွေးရန်လည်း အသင့်ရှိသည်ဆိုသော သန္ဓေမမှန်သော စရိုက်လက္ခဏာများဖြင့် နိုင်ငံတကာကို လိမ် လည် လှည့်ဖြားမည့် အခြေ အနေများကို ဖန်တီး လာသည်။

သို့ရာတွင် မင်းအောင်လှိုင်၊ စစ်ခေါင်းဆောင်များနှင့်စစ်တပ် နားမလည်သည်က လက်ရှိတွင် စစ်တပ်အနေဖြင့် အမှန်တကယ် တွေ့ဆုံဆွေးနွေး လိုလျှင်တောင်မှ အချိန်အခါအားဖြင့် များစွာ နောက်ကျခဲ့ပြီးဖြစ်သည်။ ပြည်သူလူထုသည် စစ်တပ်ကို လက်မခံ၊ မမြင်၊ မတွေ့ ၊ မကြားလိုတော့သည်အထိ မုန်းတီးနာကျည်းနေခဲ့ကြပြီဖြစ်သည်။

မင်းအောင်လှိုင်၊ စစ်ခေါင်းဆောင်များနှင့် ဖက်ဆစ်စစ်တပ်သည် လူမိုက်၊ လူသတ်ဂိုဏ်းမျှသာဖြစ်ပြီး ဆွေးနွေးပွဲ စားပွဲ၀ိုင်းပေါ် ထိုင် ၍ မြန်မာပြည်သူများနှင့် နိုင်ငံတော်၏ အနာဂတ်ကို နိုင်ငံရေးအရ ဆုံးဖြတ် ဆွေးနွေးခွင့် ရှိသူများမဟုတ်ပေ။

မတရား အာဏာ လုယူထားသော အကြမ်းဖက်စစ်တပ်အနေဖြင့် နောင်တရ၍ နိုင်ငံနှင့် ပြည်သူကို ကောင်းစေလိုသည့် ဆန္ဒရှိပါလျှင် လုပ်ရန် နည်းလမ်းတစ်ခုသာ ရှိပါသည်။ သိမ်းယူထားသော အာဏာကို လူထုအစိုးရထံ ချက်ချင်းလွှဲပြောင်း၊ စစ်တပ်ကို ဖျက်သိမ်း၍ ၎င်းတို့ ကျူးလွန်ခဲ့သော ပြစ်မှုများအတွက် ပြည်သူ့ခုံရုံးရှေ့တွင် ဝန်ခံ ပြစ်ဒဏ်စီရင်ခံရန်သာဖြစ်သည်။

အကြမ်းဖက်စစ်တပ်က ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများ၊ လူမျိုးတုန်းသတ်ဖြတ်မှုများသည် များပြားလွန်းလှပြီး အသက်ဆုံးရှုံးခဲ့ရသော ပြည်သူများအတွက် တရားမျှတမှု အတွက် မင်းအောင်လှိုင်နှင့်စစ်ခေါင်းဆောင်များကိုယ်တိုင် အသိစိတ်ရှိရှိဖြင့် မိမိကျူးလွန်ခဲ့သော ပြစ်မှုများကို ဝန်ခံ၍ ပြစ်ဒဏ်ခံယူကြရန်သာဖြစ်သည်။

အကြမ်းဖက်စစ်တပ်သည် နိုင်ငံရေးဆွေးနွေးဘက်မဟုတ်ဘဲ မပိုင်ဆိုင်သော အာဏာကို လုယူခဲ့သည့် ရာဇဝတ် အပြစ်သား စစ်တပ်သာဖြစ်သည်။ စစ်တပ်သည် ပြည်သူထောင်ပေါင်းများစွာကို နှိပ်စက်ဖမ်းဆီး သတ်ဖြတ်ခဲ့သည့် လူသတ်စစ်တပ်သာလျှင်ဖြစ်သည်။ လူမျိုးတုန်းသတ်ဖြတ်မှုများကျူးလွန်သော သွေးစွန်းနေသည့် စစ်တပ်သာဖြစ်သည်။

အကြမ်းဖက်စစ်တပ် မချုပ်ငြိမ်းသမျှ ကာလပတ်လုံး မြန်မာနိုင်ငံတွင် စစ်အာဏာရှင် စနစ် အဆုံးသတ်ရန် မဖြစ်နိုင်ပေ။ နိုင်ငံတကာနှင့်ကုလသမဂ္ဂအနေဖြင့် နားလည်ရမည်မှာ တွေ့ဆုံဆွေးနွေးရေး စကား၀ိုင်းများသည် မင်းအောင်လှိုင်စစ်တပ်နှင့် စစ်အာဏာရှင် သက်ဆိုးရှည်ရေး မြေဩဇာထည့်ပေးသကဲ့သို့ ဖြစ်ပေလိမ့်မည်။

ဖက်ဆစ် သန္ဓေ အပြည့်ပါသော စစ်တပ်သည် ဘယ်သောအခါမှ စကား၀ိုင်း ဆွေးနွေးပွဲဖြင့် ပြောင်းလဲနိုင်မည့် စစ်တပ် မဟုတ်ပေ။

“ခွေးမြီးကောက် ကျည်တောက်စွပ်” ဆိုသည့်အတိုင်း ယုတ်မာရိုင်းစိုင်းသော စစ်တပ်သည် ၎င်းအကျပ်အတည်း ကြုံနေချိန် နိုင်ငံ တကာထောက်ခံမှု ရရှိရေး စကား၀ိုင်း၊ ဆွေးနွေးပွဲများကို ဟန်ပြ ၊ လုပ်ပြခြင်းဖြင့် လိမ်လည်လှည့်ဖြားခဲ့ပြီး ဖြစ်သည်။ ထပ်မံလည်း လိမ်လည်လှည့်ဖြားရန် ပြင်ဆင်နေခြင်းဖြစ်သည်။ စစ်တပ်သည် အချိန်တန်လျှင် ပြန်လည် ယုတ်မာရိုင်းစိုင်းရန် ဝန်လေးမည်မဟုတ်ဘဲ မည်သူ့ကိုမှလည်း ဂရုစိုက် နေမည်မဟုတ်ပေ။

အခြားတစ်ဖက်တွင်လည်း မြန်မာပြည်သူများအနေဖြင့် စစ်တပ်၏ ရက်စက်ယုတ်မာ လူမဆန်သော ကျူးလွန်မှုများကြောင့် ဆုံးရှုံးနစ်နာခဲ့ရသော အသက်များ၊ ဘ၀များ အတွက် သွေးကြွေးဆပ်ရန် လိုလားနေကြသည်။ “သွေးကြွေးမှာ ဆွေးနွေးစရာ မရှိ” ဆိုသော စကားရပ်မှာ ပြည်သူလူထု၏ ရင်တွင်းမှ ပေါက်ဖွားလာသော ဆန္ဒစကားလုံးများ ဖြစ်သည်။

မြန်မာပြည်သူများအတွက် တစ်ခုတည်းသော နိုင်ငံရေးထွက်ပေါက်နှင့် အဖြေမှာ မင်းအောင်လှိုင်နှင့် စစ်ခေါင်း ဆောင်များကို ပြစ်ဒဏ် စီရင်ရေး၊ အကြမ်းဖက်စစ်တပ် ဖျက်သိမ်းရေး မှတပါး အခြားမရှိဘဲ သွေးကြွေးတွင် ဆွေး နွေးစရာ လုံး၀(လုံး၀) မရှိကြောင်း မီးမောင်းထိုးပြလိုက်သည်။

The post အယ်ဒီတာ့အာဘော် appeared first on Khit Thit Media.

သမ္မတလုပ်ပြီး နောက်ထက် ၁၀ နှစ် အာဏာ မတရားရာယူဖို့ မင်းအောင်လှိုင်ရည်ရွယ် နေတာလား
By ရန်ကုန်ခေတ်သစ်

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မဲစာရင်းမှားယွင်းမှုကြောင့် အာဏာထိန်းတယ်ဆိုတဲ့ စကားကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက တွင်တွင်ကျယ်ကျယ် ပြောခဲ့ပေမယ့်လည်း ၁၈ လကျော်ကြာတဲ့အခါမှာ တော့ သူ့ အပြုအမူနဲ့ လုပ်ရပ်တွေက နောက်ထပ် ၁၀ နှစ် ရေရှည် အာဏာသိမ်း အုပ်ချုပ်ဖို့ စီမံကြိုးစားလာမှုတွေ တွေ့လာရပါတယ်။

ဩဂုတ်လ ၁၉ ရက်နေ့ညပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီက “ပြည်ထောင်စုအစိုးရ” ပြင်ဆင်ဖွဲ့စည်းခြင်းဆိုတဲ့ အမိန့် ကို ထုတ်ပြန်လာပြီး ၂၀၂၁ ခုနှစ် ဩဂုတ်လမှာ ဖွဲ့စည်းခဲ့တဲ့ “အိမ်စောင့်အစိုးရ” ဆိုတဲ့ စကားရပ်ကို ပေါ်တင်ပဲ ဖြုတ် ချပစ်လိုက်ပါတယ်။ ဒီအမိန့်စာကိုကြည့်ရင် သူတို့ဟာ အိမ်စောင့် အစိုးရ မဟုတ်တော့ဘဲ တရားဝင် ပြည် ထောင်စု အစိုးရ ဆိုတာမျိုးဖြစ်တယ်လို့ ပေါ်ပေါ်တင်တင် ကြေညာတာလည်းဖြစ်ပါတယ်။

၂၀၀၈ အခြေခံဥပဒေ ပါ ပုဒ်မတွေအရ အကြမ်းဖက်စစ်ကောင်စီက အိမ်စောင့် အစိုးရ အဖြစ် ဆောင်ရွက်ပြီး ရွေး ကောက်ပွဲကျင်းပကာ နိုင်တဲ့သူကို အာဏာလွှဲပေးမယ်လို့ အဓိပ္ပာယ်မဲ့စကားတွေ မင်းအောင်လှိုင် ပြောနေပေမယ့်လည်းအခြားတစ်ဘက်မှာ သူ့အနေနဲ့ အခြေခံဥပဒေအရ သမ္မသက်တမ်း ၂ ကြိမ် စုစု ပေါင်း ၁၀ နှစ် လုပ်လို့ရတယ်ဆိုတဲ့ ထုတ်ပြန်ချက်မျိုးတွေကိုလည်း ဩဂုတ် ၁၉ ရက်နေ့မှာပဲ ထုတ်ပြန်လာပါတယ်။

အကြမ်းဖက် ဖက်ဆစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဥပဒေကြောင်းအရ မြန်မာ နိုင်ငံသမ္မတအဖြစ် ၂ ကြိမ်ဆက်တိုက် ၁၀ နှစ်ကာလ အဖြစ် တာဝန်ယူ ဆောင် ရွက်နိုင်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စား လှယ်ကို ပြောဆိုကြောင်း အကြမ်းဖက်စစ်တပ်က ဩဂုတ်လ ၁၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အကြမ်းဖက် မင်းအောင်လှိုင်က လက်ရှိတွင် သူ့အနေနဲ့ နိုင်ငံကို မည်ကဲ့သို့ တိုးတက်ကောင်းမွန်အောင် ဆောင် ရွက်မယ် ဆိုသည့်စိတ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ သူ တာဝန်ယူဆောင်ရွက်တဲ့ ကာလ အကန့်အသတ်ရှိကြောင်း၊ (ရေရှည်ဖွံ့ဖြိုးတိုးတက်ပြီး ချမ်းသာကြွယ်၀သည့်နိုင်ငံဖြစ်လာရန်) လာမယ့် ကာလတွင် အထွေ ထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်၍ တာဝန်ထမ်းဆောင်မယ့် အစိုးရ အဖွဲ့ က သာ ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဥပဒေကြောင်းအရ မြန်မာနိုင်ငံတော်သမ္မတအဖြစ် ၂ ကြိမ်ဆက်တိုက် ၁၀ နှစ်တာကာလ အဖြစ် တာဝန်ယူ ဆောင်ရွက်နိုင်ကြောင်း၊ အဆိုပါကိစ္စများသည် ၁၀ နှစ်တာကာလအတွင်း အထွေထွေရွေးကောက်ပွဲ အနိုင်ရရှိမယ့် သမ္မတကသာ အကောင် အထည် ဖော်ဆောင်ရွက်ရမယ်လို့ ထုတ်ပြန်လာပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ မင်းအောင်လှိုင်က သမ္မတလုပ်မယ့် သဘော ပုံစံ( သို့မဟုတ်) ရွေးကောက်ခံ သမ္မတ၏ ဥပဒေအရ သက်တမ်းကာလကို ရှင်းပြသည့် ပုံစံ ဆိုတာကို ရှင်းရှင်းလင်းလင်းမဖော်ပြဘဲ လုံး ထွေးရေးသားတဲ့အပြင် ၂၀၀၈ အခြေခံ ဥပဒေအရ သမ္မတရာထူးဟာ အရွေးချယ်ခံ၊ အနိုင်ရမှသာလျှင် ၅ နှစ် ၂ ကြိမ် စုစုပေါင်း ၁၀ နှစ် တာဝန်ထမ်းဆောင်နိုင်တယ် ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မဖော်ပြပါဘူး။

အကြမ်းဖက် စစ်တပ်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မတိုင်မီ သတင်း စာရှင်းလင်းပွဲ လုပ်ပြီး စစ်တပ်အနေနဲ့ “အာဏာ မသိမ်းဘူးလို့ မှတ်ယူလို့ မရဘူး” ဆိုတဲ့ အဓိပ္ပာယ်မျိုးစုံထွက်တဲ့ စကားတွေ ပြောပြီး အာဏာကို သိမ်းယူဖို့ ကြိုးစားခဲ့တာလည်းဖြစ်ပါတယ်။

အခုတစ်ခါလည်း အဓိပ္ပာယ်မျိုးစုံထွက်တဲ့ ရေရှည် အာဏာယူဖို့ သဘောသက် ရောက်တဲ့ ထုတ်ပြန်ချက်တွေ ထုတ်ပြန်လာတာဖြစ်ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့လည်း ရေရှည် ဖမ်းဆီးချုပ်နှောင်ထားမယ့် သဘောတွေကို မင်းအောင်လှိုင်က ပြောလာပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေး နွေးရေး တောင်းဆိုမှုအပေါ် မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည် အပေါ် အခုထက်ပိုမို အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နိုင်ပေမယ့်လည်း သက်ညှာသော အား ဖြင့် မပြုလုပ်ခဲ့တာ ဖြစ်ကြောင်း၊ တရားစီရင်မှုများ ပြီးဆုံးပြီးနောက် ၎င်းတို့ ၏ လုပ်ဆောင်ချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ တုံ့ပြန်လာမှုများကို မူ တည် ၍ ဒေါ်အောင်ဆန်းစုကြည်အပေါ် စဉ်းစားဆောင်ရွက်သွားမယ်လို့ ပြောဆိုသွားပါတယ်။ ဒ

မင်းအောင်လှိုင်အနေနဲ့ ခဏတာ တာဝန်ယူတာဆိုရင် ဒီစကားကို ပြောစရာ အကြောင်းမရှိပါဘူး။ စစ်တပ်က ကျင်းပမယ် ဆိုတဲ့ ရွေးကောက်ပွဲအရ ဖြစ်ပေါ်လာမယ့် သမ္မတနဲ့ အစိုးရကသာ ဒေါ်အောင်ဆန်းစုကြည် နဲ့ပတ်သက်လို့ ဆုံးဖြတ်ရမှာဖြစ်ပြီး ခဏ တာဝန်ယူတယ်ဆိုတဲ့ မင်းအောင်လှိုင်အနေနဲ့ ရေရှည်အခြေ အနေ အတွက် အဖြေပေးစရာလည်း မလိုလှပါဘူး။

မင်းအောင်လှိုင်အနေနဲ့ ရေရှည် အနည်းဆုံး ၁၀ နှစ်အုပ်ချုပ်ဖို့ ကြံစည်ကြိုးပမ်းနေတာကြောင့်သာ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ ဒီလို ရေရှည် စီမံချက် စကားထုတ်ပြောလာတာဖြစ်ပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူအာဏာရရှိရေးအတွက် လူထု ရွေးကောက်ခံ အစိုးရဆီက အာဏာသိမ်းယူပြီး ပြည်သူထောင်ချီ သတ်ဖြတ် ၊ သောင်းချီ ထောင်သွင်းအကျဉ်းချကာ တစ်နိုင်ငံလုံးကို ညှဉ်းပန်းနှိပ်စက်မှုတွေ လုပ်ဆောင်နေတယ်ဆိုတာ သူ့လုပ်ရပ်နဲ့ အပြုအမူတွေက အချိန်ကြာလာတာနဲ့အမျှ ထင်ရှားပေါ်လွင် လာနေတာလည်းဖြစ်ပါတယ်။

“သူ မလုပ်ရဲတာ မရှိဘူး” လို့ ပြောဆိုခဲ့တဲ့ မင်းအောင်လှိုင်က သူ့အာဏာ အတွက် အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံ တကာကို လည်း ဂရုမစိုက်တဲ့အပြင် နောက်ထပ် မတရား ဖမ်းဆီး သတ်ဖြတ်ညှဉ်းပန်းနှိပ်စက်မှုတွေ ဆက်လက် လုပ် ဆောင်မယ့် သဘောထားတွေကိုလည်း ဆက်လက် ပြသနေတာဖြစ်ပါတယ် ။

The post သမ္မတလုပ်ပြီး နောက်ထက် ၁၀ နှစ် အာဏာ မတရားရာယူဖို့ မင်းအောင်လှိုင်ရည်ရွယ် နေတာလား appeared first on Khit Thit Media.

မြန်မာစစ်တပ်က စတင်ဖန်တီးခဲ့သည့် ၎င်း၏မအောင်မြင်နိုင်သော ပြည်တွင်းစစ်
By Ishaan Tharoor

တိုင်းပြည်၏ ပွင့်သစ်စ ဒီမိုကရေစီအလင်းပျပျလေးသည် အကြမ်းဖက်စစ်တပ်ကြောင့် ပျောက်ကွယ်လွင့်ပါးခဲ့ရသည်မှာ ယခုဆိုလျှင် ၁၈ လနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အကြမ်းဖက် စစ်ခေါင်းဆောင်၏ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ အာဏာသိမ်းယူခဲ့မှုအပြီး ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ရာနှင့်ချီသော ရွေးကောက်ခံ နိုင်ငံရေးသမားအများအပြား ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်မှာ အကျဉ်းကျခံနေရဆဲ ဖြစ်ကာ၊ စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် ဒီမိုကရေစီလိုလားသော အကြမ်းမဖက် ဆန္ဒပြလှုပ်ရှားမှုကို လုံခြုံရေးတပ်ဖွဲ့များက ချေမှုန်းနှိမ်နှင်းခဲ့ကြသည်။

ထိုအချိန်မှစ၍ ဆက်လက်ဖြစ်ပျက်မှုသမျှသည် ပို၍ပင်အန္တရာယ် ကြီးမားလာသည်။ တစ်ဖက်တွင် စစ်တပ်နှင့် ကာလတာရှည် တိုက်ခိုက်နေကြသော တိုင်းရင်းသားလက်နက်ကိုင်များနှင့် အခြားတစ်ဖက်တွင် မြေအောက်အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရနှင့် မဟာမိတ်ပြုထားသော အင်အား ၆သောင်းခန့်ရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များအကြား စစ်ကောင်စီတပ်ဖွဲ့များသည် ညှပ်ပူးညှပ်ပိတ်အနေအထားသို့ ကျရောက်သွားသည်။

တပ်သားသစ်များ ရှားပါးပြတ်လပ်လာခြင်း၊ ယမန်နှစ်က တိုင်းပြည်၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ၎င်းတို့၏ ရုတ်ချည်းရပ်ဆိုင်းလိုက်မှုကြောင့် ဖြစ်ပေါ်စေခဲ့သည့် ပုန်ကန်မှုများကို မနှိမ်နှင်းနိုင်ခြင်း စသည့်အချက်များကြောင့် အာဏာသိမ်းစစ်ကောင်စီသည် ကျဉ်းထဲကြပ်ထဲ ဆိုက်ရောက်နေသည်ဟု လေ့လာသူများက ယုံကြည်ကြသည်။

စစ်မျက်နှာပြင် အများအပြားတွင် တိုက်ပွဲများက အရှိန်မြင့်လာလိုက်၊ ပြန်ငြိမ်သွားလိုက်နှင့် တစ်လှည့်စီ ဖြစ်ပွားနေသည်။ အဆိုပါစစ်မျက်နှာပြင်များ၌ တိုင်းရင်းသားလက်နက်ကိုင်များလက်ထဲတွင် အစိတ်စိတ် အမွှာမွှာပြန့်ကျဲနေသော နယ်စပ်ဒေသများမှသည် နိုင်ငံ၏လူများစု ဗမာလူမျိုးတို့ နေထိုင်ရာ ကျေးလက်ဒေသများအထိ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နေသည်။

အပြန်အလှန်တိုက်ခိုက်မှုများတွင် စစ်ကောင်စီ၏တပ်ဖွဲ့များနှင့် လက်နက်ကောင်းစွာ တပ်ဆင်ထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှသည် ဖရိုဖရဲစုဖွဲ့ထားသော တော်လှန်ရေး ပြောက်ကျားများနှင့် စစ်တပ်လိုလားသော အစွန်းရောက် ဗုဒ္ဓဘာသာပြည်သူ့စစ်များအထိ ပါဝင်တိုက်ခိုက်နေကြသည့် ပဋိပက္ခနယ်ပယ်များမှာ အနည်းဆုံး ၇ခု ရှိနေသည်ဟု လေ့လာသူများက ဆိုသည်။

နိုင်ငံအတွင်း သီးခြားလွတ်လပ်သော သတင်းအချက်အလက်များ ရယူနိုင်ခြင်းမရှိသဖြင့် ထိခိုက်ကျဆုံးမှု အရေအတွက်မှာ ရှင်းလင်းသေချာမှု မရှိပေ။ မြန်မာစစ်တပ်သည်အရပ်သား ၂,၀၀၀ကျော်ကိုသတ်ဖြတ်ကာ လူ၁၄,၀၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်ဟု ကုလသမဂ္ဂအရာရှိများက ယူဆသည်။ စစ်ကောင်စီကို ဆန့်ကျင်နေသည့် အဖွဲ့များကလည်း စစ်တပ်ကို အားပေးကူညီသူများအဖြစ် ၎င်းတို့ယူဆသည့် အရပ်သားများကို တိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲမှုများလည်း ရှိသည်။

အာဏာမသိမ်းမီက နေရပ်စွန့်ခွာရသူ ၃သိန်းခွဲခန့် ရှိနေသည့်အပြင် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုအပြီး နောက်ထပ်လူပေါင်း ၇သိန်းကျော် ထပ်မံ၍ နေရပ်စွန့်ခွာခဲ့ရကြောင်း ကုလသမဂ္ဂက လွန်ခဲ့သည့်လက ခန့်မှန်းထားသည်။

သောင်းကျန်းမှုများကို တိုက်ခိုက်နှိမ်နှင်းရာတွင် မြန်မာစစ်တပ်သည် ဆယ်စုနှစ်များစွာ အတွေ့အကြုံရှိထားသည်။ သို့သော် စစ်တပ်သည် ပြောက်ကျားနည်းဗျူဟာများ ကျင့်သုံးလာသည့် နေရာရွှေ့ပြောင်းနေသော ရန်သူကို စစ်ဆင်တိုက်ခိုက်ရာတွင် အခက်ကြုံနေရသည်။ တိုင်းပြည်၏ အချို့နယ်မြေများတွင် စစ်တပ်သည် အဆိုပါဒေသ၏ အဓိက အချက်အခြာမြို့များမှအပ ကျန်ဒေသများကို ထိန်းချုပ်နိုင်ခြင်းမရှိပေ။ ထို့အပြင်တပ်ပြေးမှုများ၊ လူသစ် မစုဆောင်းနိုင်ခြင်းများကြောင့် စစ်တပ်၏အင်အားမှာ ပိုမိုယုတ်လျော့လာလျက်ရှိသည်။

တော်လှန်ရေးကို ချေမှုန်းရန် “ကျေးရွာများကို ဗုံးကြဲခြင်း၊ အရပ်သားအများအပြားကို သတ်ဖြတ်ခြင်း၊ နိုင်ငံတစ်ဝှမ်း မြို့ရွာများကိုမီးရှို့ခြင်း စသည့် နည်းဗျူဟာဟောင်းများ” အပါအဝင် မြန်မာစစ်တပ်သည် ရက်စက်ပြီး ယခင် ၄င်းတို့ကျင့်သုံးဖူးသည့် နည်းလမ်းဟောင်းများကိုသာ ဆက်လက်ကျင့်သုံးနေသည်ဟု နိုင်ငံခြားဆက်ဆံရေးကောင်စီမှ ဂျိုရှုအား ခါလန်ဇစ်က ဆိုသည်။

သို့သော် “အဆိုပါ ‘တူဖြစ်တုန်း နှံ’ သည့် နည်းလမ်းက သူပုန်အဖွဲ့များကို ရပ်တန့်သွားစေအောင်ကား မစွမ်းဆောင်နိုင်ခဲ့ပေ။ PDF အဖွဲ့များနှင့် ရင်ဆိုင်တိုက်ခိုက်ရာတွင်လည်း စစ်တပ်က စီးနင်းသိမ်းပိုက် နိုင်ခြင်းမရှိသည့်အခါ အဆိုပါအဖွဲ့များအတွက် နောက်ထပ်မျှော်လင့်ချက်များကိုသာ ဖြစ်ပေါ်အောင် ဖန်တီးလျက်ရှိသည်” ဟု ၎င်းကဆက်လက်ရေးသားသည်။

ထိုင်းနိုင်ငံနယ်စပ်အနီး စစ်ကောင်စီတပ်များကို တိုက်ခိုက်နေသည့် တိုင်းရင်းသားကရင်နီအဖွဲ့များရှိရာ စစ်ဒဏ်သင့် ကယားပြည်နယ်အတွင်းမှ အနည်းဆုံးကျေးရွာ ၂၀တွင် စစ်တပ်က မြေမြှုပ်မိုင်းများ ထောင်ထားသည်ဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ယခုအပတ်အတွင်းသတင်း ထုတ်ပြန်သည်။

လူ့အခွင့်အရေးအဖွဲ့များ၏ ထုတ်ပြန်ချက်တွင် အဆိုပါမိုင်းထောင်မှုမှာ “ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်” ဖြစ်ပြီး၊ မြန်မာစစ်တပ်ထံသို့ လက်နက်ထောက်ပံ့နေမှုများကို ဖြတ်တောက်ရပ်ဆိုင်းရန် ကမ္ဘာ့နိုင်ငံများအား ၎င်းတို့က တောင်းဆိုခဲ့ကြသည်။ သို့သော်ထိုတောင်းဆိုမှုများမှာ ထိရောက်မည့်ပုံ မရှိပေ။

စစ်ဗိုလ်ချုပ်ကြီးများသည် “ဤပြဿနာအား ၎င်းတို့၏ ဖြေရှင်းနိုင်စွမ်းကို သေချာပေါက်တွက်ဆမှု မှားယွင်းခဲ့ကြောင်း၊ ၎င်းတို့သည် အာဏာကိုခိုင်မာအောင် တည်ဆောက်နိုင်ခြင်း မရှိရုံသာမက၊ နိုင်ငံ၏ စီးပွားရေးနှင့် အခြေခံလုပ်ငန်းတာဝန်များကို စီမံခန့်ခွဲနိုင်စွမ်း မရှိသည်ကိုလည်း သက်သေထူနေကြောင်း” မြန်မာနိုင်ငံမှ ထွက်ခွာတော့မည့် ဗြိတိန်သံအမတ်ကြီး ပိ(တ်) ဗောင်ဝဲစ်က အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် ပြည်တွင်းမီဒီယာတစ်ခုကို လွန်ခဲ့သည့်အပတ်က ပြောကြားခဲ့သည်။

“သူတို့ကို အရင်ကထက်တောင် ပိုပြီးလူကြိုက်နည်းလာပုံ ရပါတယ်” ဟု စစ်ကောင်စီကို ရည်ညွှန်းလျက် ၎င်းကဆက်လက်ပြောဆိုသည်။

စစ်အုပ်စု ဆန့်ကျင့်ရေးအင်အားစုများမှာလည်း တိတိပပ အသာစီးရနေသည့် အနေအထားမျိုးကား မဟုတ်ပေ။ ကျေးလက်ဒေသမှ အမြဲတမ်းမဟုတ်သော PDF အဖွဲ့များနှင့် စစ်တပ်ဆန့်ကျင်ရေးအုပ်စုမျိုးစုံ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အဖုံဖုံတို့အကြား သောင်းပြောင်းထွေလာ မဟာမိတ်ပြုမှုများတွင် ဗျူဟာမြောက် ဟန်ချက်ညီ ပူးပေါင်းမှုများ အလွန်နည်းပါးပြီး အချို့အဖွဲ့များမှာ စစ်ကောင်စီဖြုတ်ချရေး အစီအစဉ်၌ အခြားအဖွဲ့များထက် မြှပ်နှံပါဝင်မှု အားနည်းလျက်ရှိသည်။

“စိတ်အားထက်သန်ပြီး လူသစ်များ ပြတ်လပ်မှု မရှိသော်ငြား ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့(PDF) များသည် ကျေးလက်ပြောက်ကျား နည်းဗျူဟာမှနေ၍ ရှေ့တစ်ဆင့်တက်လှမ်းနိုင်ခြင်း မရှိကြပေ” ဟု ဝီလဆင်ဗဟိုဌာန (Wilson Center) မှ ရဲမျိုးဟိန်းနှင့် လူးကပ်စ်မိုင်ယာတို့က ရေးသည်။ “ပစ္စည်းကိရိယာ ပိုကောင်းသလို လက်နက်လက်လှမ်းမီမှုလည်း ပိုကောင်းသည့် တိုင်းရင်းသားတပ်ဖွဲ့များမှာမူ စစ်တပ်၏ထိုးစစ်ကို အထိုက်အလျောက် ပိုမိုထိရောက်စွာ တုံ့ပြန်နိုင်ကြသည်” ဟု ၎င်းတို့က ရေးသားသည်။

ယခုအပတ်အတွင်းက အင်တာဗျူးတစ်ခုတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတ ဒူးဝါးလရှီးလားက စစ်ကောင်စီ၏တပ်ဖွဲ့များကို ရုရှမှ ကူညီပံ့ပိုးနေမှု ရှိနေသည့်အပြင် ယူကရိန်းအရေးနှင့် မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးတို့အပေါ် နိုင်ငံတကာ၏ တညီတညွတ်တည်း အားပေးထောက်ခံမှု ကွာခြားပုံကို ထောက်ပြခဲ့သည်။

“အကြမ်းဖက်မှုတွေကနေ ပြည်သူတွေ မိမိကိုယ်ကိုကာကွယ်ဖို့နဲ့ စစ်ကောင်စီကို အထီးကျန်စေဖို့ ကမ္ဘာကြီးက အကူအညီတွေ ပိုပေးအပ်နိုင်တာ အထင်အရှားဖြစ်ပါတယ်။ ယူကရိန်းကိုပေးနေတဲ့ အကူအညီရဲ့ပမာဏ အနည်းငယ်လောက်ပဲ ရမယ်ဆိုရင်ကို ကျွန်တော်တို့အတွက် ကြီးမားတဲ့ အရင်းအနှီးဖြစ်မှာပါ”

“ဒီလိုအကူအညီရမယ်ဆိုရင် အကြမ်းဖက်မှုတွေကို မြန်မြန်ဆန်ဆန် အဆုံးသတ်ဖို့၊ လူထောင်ပေါင်းများစွာရဲ့ အသက်ကိုကယ်တင်ဖို့နဲ့ ဒီမိုကရက်တစ် မြန်မာနိုင်ငံကို ပြန်လည်ပုံဖော်ပေးဖို့ ကျွန်တော်တို့ကို အကူအညီပေးရာလည်း ရောက်မှာပါ” ဟု ၎င်းကဆက်လက်ပြောကြားသည်။

စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုများမှ ကိုယ်စားလှယ်အချို့၏ အကဲဖြတ်ချက်အရ စစ်ပွဲအလျင်ကို ပြောင်းပြန်လှန်ရန် လိုအပ်ချက်ကြီးမားခြင်း မရှိပေ။

“စတင်ဂါဒုံးကျည်ကဲ့သို့ လက်နက် ၅၀-၁၀၀ လောက်နှင့် စစ်တပ်သုံး အမ်၄ အော်တိုမောင်းပြန်ရိုင်ဖယ် သေနတ်အလက်ထောင်ဂဏန်း အနည်းငယ်မျှလောက်ဆိုလျှင် စစ်အစိုးရကို ဖြုတ်ချရန် လုံလောက်နိုင်ဖွယ် ရှိသည်” ဟု အပြည်ပြည်ဆိုင်ရာ မဟာဗျူဟာလေ့လာမှု ဗဟိုဌာနမှ တွဲဖက်အဖွဲ့ဝင် မိုက်ကယ်မာတင်က ရေးသားသည်။

“လက်နက်ထောက်ပံ့မည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် PDFs များအပေါ်မူတည်၍ စုစုပေါင်း ကုန်ကျစရိတ်မှာ ဒေါ်လာ ၁ ဘီလီယံအောက်များစွာ လျော့နည်းနိုင်ပြီး ၎င်းပမာဏသည် ယူကရိန်းကို ဘိုင်ဒင်အစိုးရက ထောက်ပံ့နေသည့် စစ်ရေးအကူအညီနှင့်စာလျှင် သေးငယ်သည့် အစွန်းထွက်ပမာဏတစ်ခုသာ ဖြစ်ပါသည်” ဟု ၎င်းကဆိုသည်။

သို့ရာတွင် လက်ရှိအချိန်၌ပင် ချာချာလည်အောင် ရှုပ်ထွေးလွန်းနေပြီးဖြစ်သော စစ်ပွဲထဲသို့နောက်ထပ် လက်နက်များ ထပ်မံပေးသွင်းရန် နိုင်ငံတကာတွင် ဆန္ဒမရှိသလောက် ဖြစ်နေသည်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဝမ်ယီနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်တို့အပါအဝင် အရှေ့တောင်အာရှဒေသသို့ မကြာသေးမီက သွားရောက်ခဲ့ကြသော နိုင်ငံခြားရေးအရာရှိကြီးများအားလုံးက အကြမ်းဖက်မှုများ ရပ်ဆိုင်းပြီး နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာရန် တိုက်တွန်းလျက်ရှိကြသည်။

“ကောင်းမွန်တဲ့အရွေ့ကို မတွေ့ရဘဲ ဆန့်ကျင်ဘက်အားဖြင့် မြန်မာပြည်သူများအပေါ် ဆက်တိုက်ဖိနှိပ်မှုတွေကိုပဲ တွေ့မြင်နေရတယ်ဆိုတာ ဝမ်းနည်းစွာနဲ့ပဲ ကျွန်တော်တို့ တပ်အပ်ပြောဆိုနိုင်ပါတယ်”

“အမေရိကန်နဲ့ အခြားနိုင်ငံများအနေဖြင့် ကျွန်တော်တို့ ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ဆက်လက်ရှာဖွေပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်စေ‌ရေးအတွက် ၎င်းတို့ကို ထိထိရောက်ရောက် ဖိအားပေးသွားမှာ ဖြစ်ပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ပြီးခဲ့တဲ့အပတ်အတွင်း ဘန်ကောက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

(The Washington Post တွင် ဖော်ပြထားသော Ishaan Tharoor ၏ “Myanmar’s junta can’t win the civil war it started” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်)

The post မြန်မာစစ်တပ်က စတင်ဖန်တီးခဲ့သည့် ၎င်း၏မအောင်မြင်နိုင်သော ပြည်တွင်းစစ် appeared first on Khit Thit Media.

မင်းအောင်လှိုင် သို့မဟုတ် ဗြမ္မာ့ဦးခေါင်း
By မောင်း

“လက်ညှိုးညွှန်ရာရေ” ၊ “လက်နဲ့ထိတိုင်းရွှေ”

ဤသည်မှာ မြန်မာ့လူ့အသိုက်အဝန်းတွင် မသိသူရှားသည့် ဆိုရိုးစကားများ ဖြစ်သည်။ ကြံစည်လုပ်ဆောင်သမျှ အောင်မြင်နေသူတဦးဦးအပေါ် ဂုဏ်ပြုတင်စားသည့် စကားအဖြစ် သုံးတတ်ကြ၏။ စစ်အာဏာရူး မင်းအောင်လှိုင် ဖြစ်ချင်သည်က ဤနှယ်ပုဂ္ဂိုလ်မျိုးဖြစ်သည်။

ရာဇဝင်တွေ ပုံပြင်တွေထဲကလို လက်ညှိုးညွှန်ရာရေ၊ လက်နဲ့ထိတိုင်းရွှေ ဖြစ်စေသော ဂုဏ် အရှိန်အဝါ တောက်ပြောင်ကြီးမားသူတစ်ဦး ဘ၀ ရလို ရောက်လိုသော မင်းအောင်လှိုင်ဖြစ်သည်။ သို့သော် လက်ရှိ သူပိုင်ဆိုင်နေရသည်က “ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာ” ဆိုသည့် စကားပုံလို ဘဝမျိုးသာ ဖြစ်နေလေသည်။

ကံကောင်းထောက်မစွာ တပ်ချုပ်ကြီးဘွဲ့ရခဲ့သော်လည်း သူ့အလှည့်တွင်မှ ရှေးရှေးက တပ်ချုပ်ကြီးများလို နိုင်ငံ့အကြီးအကဲဘ၀ တစ်ပါတည်းခံယူခွင့်မရ။ တပ်ချုပ်အဖြစ် ၁၀စုနှစ်တခုကြာ ရှိခဲ့သော်လည်း အစိုးရနှစ်ဆက် သမ္မတများကို အလေး ပြုနေရသည့် တပ်ချုပ်ဖြစ်သည်။

သည်ကြားထဲ ညွှန်ကြားရေးမှူးချုပ် အဆင့်သာရှိသည်ဟု အနှိမ်ခံခဲ့ရသေးသည်။ ထို့ကြောင့် စိတ်ထဲတွင် တေးထားသည်။ တပ်ချုပ်အဖြစ်မှ အနားယူသည့်အခါ သမ္မတအဖြစ် နိုင်ငံကို အုပ်ချုပ်မင်းလုပ်မည်ဟူ၍..။

သို့သော် ပြည်သူတွေက သူ့ကိုရော၊ သူကျောထောက်နောက်ခံပေးထားသော၊ သူအနိုင်ရစေလိုသောပါတီကို ရွေးကောက်ပွဲတွင် ဖုတ်လေသည့် ငါးပိ ရှိသည်ဟုပင် မထင်မှတ်ကြ။ ထို့ကြောင့် သမ္မတဖြစ်ဖို့ဝေးစွ၊ လက်ရှိ တပ်ချုပ်ရာထူးမှာပင် မရေရာ မသေချာသည့် အခြေအနေတွေဖြစ်လာသည်။

ထို့ကြောင့် သမ္မတဖြစ်ချင်ဇောနဲ့ အာဏာသိမ်းလိုက်သည်။ သည်တခါတော့ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နိုင်သည့် အကြီးအကဲ ဖြစ်ခွင့်ရပြီဟု သူထင်မှတ်မိသည်။ သည်တကြိမ်တွင်လည်း မင်းအောင်လှိုင်တယောက် အထင်နှင့်အမြင် တက်တက်စင်လွဲပြန်ပါသည်။ လူထုတရပ်လုံးက တော်လှန်ပုန်ကန်ကြလေ၏။

ထို့ကြောင့် မင်းအောင်လှိုင်ဒေါပွသည်။ ပုန်ကန်သူတွေကို ရက်စက်နည်းပေါင်းစုံဖြင့် ဖြိုခွဲဖိနှိပ်ရန် အမိန့်တွေ ပေးတော့သည်။ ဤသို့ဖြင့် မင်းအောင်လှိုင်တစ်ယောက် ပြည့်ရှင်မင်းလုပ်ရန် ကြိုးပမ်းနေစဉ်မှာပင် တိုင်းပြည်က ဖွတ်ဖွတ်ကျေတော့သည်။

ရပ်နီး၊ ရပ်ဝေးက မိတ်ဆွေတွေကလည်း ၃၈ဖြာမင်္ဂလာ တရားတော်တွေကို သိနေသည့်အလား သူ့ကို ဝေးဝေးရှောင်ကုန်ကြသည်။ ကိစ္စ မရှိ၊ သူ့တွင် “သူတော်ချင်း သတင်းလွေ့လွေ့”ဟု ဆိုရမည့် အပေါင်းအသင်းတွေ ရှိနေသေးသည်။

ထိုသူတွေထံ အပူကပ်သည်။ သူတို့ အကူအညီဖြင့် အများအသိအမှတ်ပြုသော ပြည့်ရှင်မင်းဖြစ်ရေး အိပ်မက်ကို ဆက်မက်ပြန်သည်။ ဤသို့ဖြင့် ကမ္ဘောဒီးယား အာဏာရှင် ဟွန်ဆန်တယောက် မင်းအောင်လှိုင်ထံ ရောက်လာ၏။

မြန်မာ့အရေး ဖြေရှင်းရေးဆိုသော တဖက်လှည့်ခေါင်းစဉ်ဖြင့် မင်းအောင်လှိုင်ကို အကူအညီပေးရန် ကြိုးစားသည်။ များမကြာမီ ဟွန်ဆန်တယောက် အမေရိကန် အလည်သွားရင်း သူ့နိုင်ငံသားက ဖိနပ်ဖြင့် ပေါက်ခြင်းခံရလေသည်။

ထိုဖြစ်ရပ်အပြီး ကာလအတန်ကြာသောအခါ မင်းအောင်လှိုင်ကို ပြည့်ရှင်မင်းအဖြစ် အသိအမှတ်ပြုမည့်သူတဦး မြန်မာသို့ရောက်လာသည်။ သီရိလင်္ကာနိုင်ငံ သံအမတ်ဖြစ်သည်။ သံအမတ်ခန့်အပ်လွှာ ပေးအပ်ခြင်းဆိုသည်မှာ မင်းအောင်လှိုင်ကို နိုင်ငံ့အကြီးအကဲအဖြစ် တရားဝင် အသိအမှတ်ပြုသည့် သဘောဖြစ်သည်။

မူလကတည်းက ပြည့်ရှင်မင်းတျားကြီး ဖြစ်လိုသော မင်းအောင်လှိုင်အဖို့ သီရိလင်္ကာသံအမတ် ခန့်အပ်လွှာ လာပေးသည့်အပေါ် သည်းခြေကြိုက် ကိစ္စဖြစ်သည်။ ထို့ကြောင့် တခမ်းတနား ပြုံးပြုံးပျော်ပျော် လက်ခံတွေ့ဆုံပြသည်။ ရှားရှားပါးပါး ပြည့်ရှင်မင်းအဖြစ် အသိအမှတ်ပြုလာသူမဟုတ်လား..။

ဤနှယ် တွေ့ဆုံကြအပြီး တစ်လကျော်သာ ကြာလိုက်သည်။ သီရိလင်္ကာနိုင်ငံက ဒေဝါလီခံရသည်။ မင်းအောင်လှိုင်ထံ သံအမတ်စေလွှတ်သော သီရိလင်္ကာ သမ္မတလည်း နိုင်ငံက ခွေးပြေးဝက်ပြေး ပြေးရပြန်သည်။ မှန်ကန်မျှတမှုမရှိသော အုပ်ချုပ်စီမံမှုကြောင့် ဒုက္ခနွံထဲသက်ဆင်းနေရမှုကို ပြည်သူတွေ သည်းမခံနိုင်တော့ခြင်းကြောင့် ဖြစ်သည်။

သီရိလင်္ကာသမ္မတ နိုင်ငံကထွက်ပြေးရခြင်းနှင့်အတူ မင်းအောင်လှိုင်ကို နိုင်ငံ့ခေါင်းဆောင်အဖြစ် ရှားရှားပါးပါး တရားဝင် အသိအမှတ်ပြုလာသည့် နိုင်ငံတခု ပြန်လည်လျော့ပါးသွားလေသည်။

လက်နှင့်ထိတိုင်းရွှေ ဖြစ်လိုသော စစ်ခေါင်းဆောင်၏ ကံဆိုးမှုတွေက သည်လောက်နှင့်မရပ်သေးပါ။ ဟိုရပ်ဝေး ရုရှားတိုင်းပြည်ထဲက တာတာစတန် သမ္မတဆိုသူကလည်း မင်းအောင်လှိုင်နှင့် လာရောက်တွေ့ဆုံ သည်။

သမ္မတ ချင်းတွေ့ဆုံမှုအဖြစ် သူက မှတ်ယူပုံရသည်။ စစ်တပ်၏ သတင်းထုတ်ပြန်ရေး ယန္တရားတွေက မင်းအောင်လှိုင်ကို အမွှန်းတင်လိုတော့ တာတာစတန်သမ္မတနိုင်ငံ၏ သမ္မတနှင့်တွေ့ဆုံကြောင်း သတင်းတွေ ခမ်းခမ်းနားနား ထုတ်ပြန်ခဲ့ကြသည်။

သိပ်မကြာခင်မှာပင် တာတာစတန်ဆိုသည်မှာ နိုင်ငံမဟုတ်ဘဲ ရုရှားနိုင်ငံအတွင်းရှိ ကိုယ်ပိုင်အုပ်ချု ပ်ခွင့်ရဒေသ တခုသာဖြစ်ကြောင်း တုံ့ပြန် ရှင်းလင်းချက်တွေ ပေါ်လာတော့ အရှက်တော် ဗြန်းဗြန်းကွဲရပြန်သည်။ ယခုတော့ တာတာစတန် သမ္မတဆိုသူကြီးခမျာလည်း သမ္မတဟု ဆက်လက်သုံးစွဲခွင့်ရမည် မဟုတ်တော့ပေ။

ရုရှားနိုင်ငံထဲက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေ အကြီးအကဲတွေကို သမ္မတဟု သုံးစွဲနေမှုကို ပူတင်က ဥပဒေထုတ်၍ ပိတ်ပင်လိုက်ခြင်းကြောင့်ဖြစ်သည်။ ပူတင်တယောက် ဤသို့ ဥပဒေထုတ်ပြန်မှုကို စိတ်အဆိုးဆုံး လူသားမှာ မင်းအောင်လှိုင်ပင် ဖြစ်ဖွယ်ရှိသည်။

ပြည့်ရှင်မင်းဘ၀ ခံယူလိုလှပြီဆိုကာမှ ထိုတာတာစတန် သမ္မတဆိုသူကိုသာ ဖယ်လိုက်ပါက ယခုအချိန်အထိ မင်းအောင်လှိုင်တယောက် တူတူတန်တန် တွေ့ဆုံရသော ပြည်ပနိုင်ငံ့ခေါင်းဆောင်တစ်ဦးမျှမရှိသေး။

နိုင်ငံအကြီးအကဲမဟုတ်သည့်တိုင် ကမ္ဘာ့အဆင့် ထိပ်တန်းခေါင်းဆောင် စာရင်းထဲတော့ ထည့်ရမည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကိုယ်တိုင် မြန်မာသို့လာတော့လည်း မင်းအောင်လှိုင်ကိုတော့ တွေ့မသွား။

ခေတ်အဆက်ဆက် စစ်လက်နက်နှင့် နည်းပညာတွေ ပင်တိုင် ဝယ်ယူအားပေးနေသည့် ခေါင်းဆောင်ကြီး ပူတင်၏ ရုရှားမြေသို့ သွားပြန်တော့လည်း ခေါင်း ဆောင်ကြီးနှင့် တွေ့ခွင့်မရသည့်အပြင် တူတူတန်တန်ပင် ဆက်ဆံမခံရ။

ဒါလည်း ကိစ္စမရှိ။ ပူတင်နှင့်မတွေ့ရလည်း ဟိုဌာန၊ ဒီဌာနတွေက ပုဂ္ဂိုလ်တွေနှင့်တွေ့ဆုံလိုက်လျှင် စစ်တပ်ဝါဒဖြန့်ချီရေး မီဒီယာတွေထဲ စကားလုံးကြီးကြီးရေးစရာတွေ ရပြီဖြစ်သည်။ ရုရှား အာကာသနှင့် နျူးကလီးယား အေဂျင်စီအကြီးအကဲနှင့် မင်းအောင်လှိုင်တွေ့သည်ဟု သတင်းတွေဖတ်ရသည်။

သိပ်မကြာလိုက်ပါ။ ရုရှား နိုင်ငံ၏ ဘတ်ဂျတ်သုံးစွဲမှုနှင့် အကောင်အထည် ဖော်မှုများအရ အောင်မြင်မှုမရှိဆုံးနှင့် လေလွင့်မှုအများဆုံးဌာနမှာ အာကာသအေဂျင်စီ ဖြစ်သည်ဟု ဝေဖန်ခံရကာ မင်းအောင်လှိုင်နှင့် တွေ့သည်ဆိုသည့် အာကာသအေဂျင်စီ အကြီးအကဲလည်း ရာထူးမှ ဖြုတ်ခံရပြန်သည်။

အာဏာရူးသော မင်းအောင်လှိုင်တယောက် ဖြစ်ချင်သည်က “လက်ညှိုးညွှန်ရာ ရေ” ဖြစ်သည့် ပုဂ္ဂိုလ်။ သို့ရာတွင် မင်းအောင်လှိုင် လက်တွေ့ဖြစ်နေသည်က တော့ ထိတွေ့ ဆက်ဆံသူ မှန်သမျှကို ဒုက္ခတွေ့စေသော “ဗြမ္မာ့ဦးခေါင်း”ဟု ဆိုရတော့မည်သာ…။

The post မင်းအောင်လှိုင် သို့မဟုတ် ဗြမ္မာ့ဦးခေါင်း appeared first on Khit Thit Media.

ဆန့်ကျင်ဖက် လက်နက်ကိုင်များကို အရေးနိမ့်လာသည့် မြန်မာစစ်တပ်- အပိုင်း (၁)
By Joshua Kurlantzick

ယမန်နှစ် အာဏာသိမ်းပြီးကတည်းက နိုင်ငံကိုထိန်းချုပ်ထားပြီး စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေး စသည့် ကဏ္ဍအသီးသီး၌ ထိခိုက်ပျက်စီးမှုများစွာဖြင့် ခြွတ်ခြုံကျနိုင်ငံ တစ်ခုဖြစ်လာစေခဲ့သော မြန်မာစစ်တပ်သည် အာဏာသိမ်းပြီးစကာလက ၎င်းကိုဆန့်ကျင်နေသည့် အင်အားစု အများအပြားအပေါ် ကြီးမားသည့် အင်အားအသာစီးဖြင့် စတင်ရင်ဆိုင်နိုင်ခဲ့သည်။

တိုက်ပွဲများမှ ဘေးထွက်ထိုင်နေခဲ့သော ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်မှအပ ကျန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် စစ်တပ်နှင့် ထိပ်တိုက်ရင်ဆိုင်နိုင်သည့် လူအင်အား၊ လက်နက်အင်အားမျိုး မရှိကြပေ။

ထိုအချိန်အခိုက်အတန့်၌ လနှင့်ချီသော အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများအပြီး သွေးထွက်သံယိုမှုများဖြင့် ရက်စက်စွာ နှိမ်နှင်းခံရခြင်း၊ ဖမ်းဆီးခံရခြင်းများမှအပ မည်သို့မျှ ထူးခြားမလာသည့်အဆုံး မြန်မာတက်ကြွလှုပ်ရှားသူ အများအပြားသည် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များရှိရာ ဒေသများသို့ သွားရောက်၍ တော်လှန်ရေးတပ်ဖွဲ့များအဖြစ် စစ်သင်တန်းများ တက်ရောက်ခဲ့ကြသည်ကို တွေ့ရသည်။ သို့သော် ၎င်းတို့တွင် ခေတ်မီလက်နက်များ မရှိသလို၊ စစ်ရေးဗျူဟာအရလည်း လေ့ကျင့်ရည် မပြည့်ဝသေးသည့် နုနယ်သော အင်အားစုများသာ ဖြစ်နေခဲ့သည်။

သို့သော် မကြာသေးမီလများအတွင်း၌မူ အခြေအနေများသည် ပြောင်းပြန်အချိုးအကွေ့ အနေအထားသို့ သိသိသာသာ စတင်ပြောင်းလဲလာသည်။ ယခုအခါ မြန်မာစစ်တပ်သည် လျော့ရဲရဲ ပေါင်းစည်းထားသော တိုင်းရင်းသားလက်နက်ကိုင်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များကို စစ်ရေးအရ အရေးနိမ့်ခြင်း ဆိုသည်မှာ အမှန်တကယ် ဖြစ်နိုင်ချေရှိသော အနေအထားတစ်ခု ဖြစ်လာသည်။

နိုင်ငံအနှံ့ ပြန့်ကြဲနေသော အဆိုပါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်တပ်၏ အားနည်းချက်ကို ရိပ်စားမိလာသည်နှင့်အမျှ တပ်သားသစ် အမြောက်အများကို ပိုမိုစုဆောင်းလာနေကြသည်။

ဆောင်းပါးရှင်၏အမြင်အရမူ PDFများ စစ်သင်တန်းတက်၍ ခေတ်မီလက်နက်များ ပိုမိုရရှိလာကာ တိုက်ခိုက်ရေး အင်အားစုများအဖြစ် ပြန်ရောက်မလာသေးမီ အချိန်ကဆိုလျှင် မြန်မာစစ်တပ်အနေဖြင့် လက်နက်ကိုင်အဖွဲ့များနှင့် PDF များကို ၂၀၂၁ ခုနှစ်အတွင်း ၄င်းတို့က ချေမှုန်းတိုက်ခိုက်နိုင်လိမ့်မည်ဟု ယုံကြည်ထားခဲ့ဖွယ် ရှိသည်။

သို့သော် မြန်မာစစ်တပ်ကထင်သလို ချေမှုန်းနိုင်ခြင်း မရှိခဲ့ပေ။ ကျေးရွာများကို ဗုံးကြဲခြင်း၊ အရပ်သား အများအပြားကို သတ်ဖြတ်ခြင်း၊ နိုင်ငံအနှံ့ မြို့ရွာများကို မီးရှို့ဖျက်ဆီးခြင်း စသည့် ရှေးယခင် နည်းလမ်းဟောင်းများကို အသုံးပြုနေလင့်ကစား မြန်မာစစ်တပ်က အောင်ပွဲမဆင်နိုင်ခဲ့ခြင်း ဖြစ်သည်။

လက်နက်ကိုင်အဖွဲ့များ ရှိမည်ဟု ၎င်းတို့ယူဆသော မြို့ရွာနေရာများကို စစ်တပ်က အမြောက်များဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခြင်းဖြင့် ပြင်းပြင်းထန်ထန် ဆက်လက်တိုက်ခိုက်နေသည်။ သို့သော် အဆိုပါ ကြမ်းတမ်းသည့် “တူဖြစ်တုန်း နှံ”ကဲ့သို့နည်းလမ်းက လက်နက်ကိုင်အဖွဲ့များကို ရပ်တန့်သွားစေအောင်ကား မစွမ်းဆောင်နိုင်ခဲ့ပေ။

PDF အဖွဲ့များနှင့် ရင်ဆိုင်တိုက်ခိုက်ရာတွင်လည်း စစ်တပ်က စီးနင်းသိမ်းပိုက်နိုင်ခြင်း မရှိသည့်အခါ အဆိုပါအဖွဲ့များအတွက် နောက်ထပ်မျှော်လင့်ချက်များကိုသာ ဖြစ်ပေါ်အောင် ဖန်တီးလျက်ရှိသည်။

ထို့အပြင် စစ်တပ်က ကျင့်သုံးနေသည့် “တူဖြစ်တုန်း နှံ” ကဲ့သို့သော ရက်စက်ကြမ်းတမ်းသည့် ဗျူဟာသည် ဒေါသပေါက်ကွဲထွက်လာသော လူအများအပြားအား PDFအဖွဲ့ထဲသို့ ဝင်ရောက်သွားစေခဲ့သည့်အပြင် အချို့စစ်သားများကိုလည်း မလုပ်ချင်မကိုင်ချင် ရှောင်ဖယ်ဖယ် ဖြစ်လာစေခဲ့သည်။

အခြားတဖက်တွင်လည်း စစ်သားများမှာ တပ်မှနုတ်ထွက်ရန် မြန်မာတက်ကြွလှုပ်ရှားသူများ၏ အွန်လိုင်း လူမှုမီဒီယာ ကမ်ပိန်းများ၊ အခြားနည်းလမ်းများဖြင့် တစ်စထက်တစ်စ ပိုမိုတိုးမြှင့် ဖိအားပေးမှုများကိုလည်း ခံနေရသည်။

မြန်မာစစ်တပ်သည် လူသစ်စုဆောင်းရာ၌ အခက်အခဲတွေ့နေသလို စစ်တက္ကသိုလ် စာသင်ခန်းများ၌လည်း လူမပြည့်ဘဲ စစ်မြေပြင်တွင် တပ်ပြေးအရေအတွက် များပြားလာသည့် ပြဿနာနှင့်လည်း ရင်ဆိုင်နေရသဖြင့် အဆိုပါကမ်ပိန်းများမှာ အလုပ်ဖြစ်နေပုံရသည်။

ထိုအချက်အားလုံးက စစ်တပ်ကို အားအင်ချိနဲ့စေကာ ပိုမိုထိခိုက်နိုင်ချေရှိသည့် အနေအထားသို့ ရောက်ရှိစေလျက် ရှိသည်။ ထို့အပြင် ပါကစ္စတန်နှင့် ရုရှားတို့ထံမှ လက်နက်အသစ်များ ရကောင်းရနိုင်ဖွယ် ရှိသော်လည်း မြန်မာစစ်တပ်လက်ဝယ်ရှိ ရုရှားလက်နက်များမှာ ယခုအခါ သိသိသာသာ ကုန်ခမ်းနေပြီဖြစ်ကာ ကျန်လက်နက်အများအပြားမှာလည်း ဟောင်းနွမ်းယိုယွင်းလျက် ရှိနေသည်။

ဤအချက်သည် မြန်မာစစ်ကောင်စီအတွက် နောက်ထပ်ပြဿနာတစ်ခုပင် ဖြစ်သည်။ လူအင်အားမရှိတော့သည့် မြန်မာစစ်တပ်သည် ရဲတပ်ဖွဲ့ဝင်များကို အချို့စစ်တပ်ရာထူးများတွင် အတင်းအကြပ် ခန့်ထားနေသော်လည်း အောင်မြင်ခြင်း မရှိဟု CSISမှ မိုက်ကယ်မာတင်က မှတ်ချက်ပြု ရေးသားထားသည်။

တစ်ချိန်တည်းမှာပင် စစ်တပ်သည်၎င်း၏ ဗြောင်ကျပြီး မထိရောက်သည့် နည်းလမ်းများကို ဆက်လက်ကျင့်သုံးရင်း စစ်သားများကို ဆက်လက်ဆုံးရှုံးရင်း ဖြစ်နေစဉ်မှာပင် လက်နက်ကိုင် အဖွဲ့များမှာမူ လေ့ကျင့်မှုပိုမိုရရှိကာ စစ်လက်နက်ပစ္စည်းများ ပိုမိုကောင်းမွန်လာပြီး အဆင့်ဆင့် အမိန့်ပေးကွပ်ကဲမှု ကွန်ရက်များဖြင့် တစ်စထက်တစ်စ တိုးတက်လာလျက် ရှိသည်။

သူပုန်အဖွဲ့များသည် စစ်တပ်နှင့် ရေရှည် စစ်ပွဲများဆင်နွှဲနိုင်စွမ်းရှိသလို တိုက်ပွဲအချို့၌ ၎င်းတို့က အောင်ပွဲရယူနိုင်ကြောင်း သက်သေထူလာနေကြသည်။ Asia Times သတင်းစာက ဖော်ပြခဲ့သည့်အတိုင်း စစ်တပ်သည် လက်နက်ကိုင်အဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထံ ၎င်းတို့၏ စစ်စခန်း ၂ ခုကို လက်လွှတ်ဆုံးရှုံးခဲ့ရပြီး ဖြစ်သည်။

ထို့အပြင် အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်များသည် ဒေသခံများ၏ ကူညီထောက်ပံ့မှုကို ရရှိနေသဖြင့် စစ်တပ် မမြင်အောင်ပုန်းရှောင်ရန်၊ ရွာသားများထံမှ ရိက္ခာအကူအညီ ရယူရန် ပိုမိုလွယ်ကူနေပြီး ယေဘုယျအားဖြင့် စိတ်ဓာတ်ပိုင်းအရ အားပေးမှု ပိုမိုရရှိနေကြသည်။

PDF များသည် အမှန်တကယ်ပင် နိုင်ငံတစ်ဝှမ်း ဒေသအများအပြား၌ စစ်တပ်အပေါ် အရေးသာမှုများ ရှိနေသည်။ ယခုအခါ စစ်တပ်က အရေးနိမ့်နိုင်သလား ဆိုသည့်အမေးမှာ မေးစရာမလိုသော မဖြစ်နိုင်သည့် မေးခွန်းတစ်ခု မဟုတ်တော့ပေ။

တစ်ချိန်ချိန်၌ အတွင်းထဲမှ စတင်ပြိုလဲလာနိုင်သည့် အနေအထားမျိုးပင်ရှိကာ၊ အကြီးတန်းအရာရှိ အရေအတွက် ပိုများလာသော တပ်ပြေးများ ယခုထက်ပို၍ ပိုများလာပြီး PDFနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ပိုမိုကြီးမားသည့် အောင်ပွဲများ ယခုထက် ပိုမိုရရှိလာမည်ဆိုပါက အဆိုပါအနေအထားမျိုးကို စတင်တွေ့မြင်လာရနိုင်သည်။

အတိုက်အခံတပ်ဖွဲ့များသည် နိုင်ငံ၏ ကြီးမားသောအစိတ်အပိုင်းကို ထိန်းချုပ်ထားကြပြီး ဖြစ်သည်။ ပုံမှန်အားဖြင့် အတိုက်အခံတို့အပေါ် အသာစီးရယူရန် စစ်တပ်၏ အကောင်းဆုံး အခွင့်အရေးဖြစ်သော ခြောက်သွေ့ရာသီမှာ တဖြည်းဖြည်း ကုန်ဆုံး၍ လာမည့်လများ၌ မိုးရာသီသို့ ကူးပြောင်းဝင်ရောက်မည်ဖြစ်ရာ ၎င်းမှာ တော်လှန်ရေးတပ်ဖွဲ့များဘက် အလေးသာစေမည့် နောက်ထပ်အားသာချက်တစ်ခု ဖြစ်သည်။

အဆိုပါ တော်လှန်ရေးတပ်ဖွဲ့များ အနိုင်ရရှိသွားခဲ့မည်ဆိုပါက ဆယ်စုနှစ်များစွာ ပြစ်ဒဏ်ကင်းလွတ်မှု အစဉ်အလာကို ခံစားရယူနေသော မြန်မာစစ်တပ်အား ၎င်းတို့ကျူးလွန်ခဲ့သမျှ မတရားမှုများ အားလုံးအတွက် နောက်ဆုံးတွင် တာဝန်ယူမှု၊ တာဝန်ခံမှုကို ဆောင်ကြဉ်းကောင်း ဆောင်ကြဉ်းပေးနိုင်လိမ့်မည် ဖြစ်သည်။

(The Council on Foreign Relations တွင် ဖော်ပြထားသည့် Joshua Kurlantzick ၏ “Myanmar’s Military Losing Ground to Rebels and Ethnic Armies: Part-1” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်)။

The post ဆန့်ကျင်ဖက် လက်နက်ကိုင်များကို အရေးနိမ့်လာသည့် မြန်မာစစ်တပ်- အပိုင်း (၁) appeared first on Khit Thit Media.

တရုတ်ဩဇာ ကြီးထွားရေးနှင့် စစ်ကောင်စီ တရားဝင်မှု ရရှိရေး တို့အတွက် အသုံးချခံ ဖြစ်လာသည့် လန်ချန်း-မဲခေါင် အစည်းအဝေး
By လမ်းသစ်

အကြမ်းဖက် စစ်ကောင်စီကို ထောက်ခံသဘောတူကြောင်း ဖော်ပြရာ ရောက်သည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး(LMC) ကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံ ပုဂံမြို့တွင် ကျင်းပခဲ့သည့် အဆိုပါ အစည်းအဝေးသည် တရုတ်အပါအဝင် မဲခေါင်မြစ်ကြောင်း တစ်လျှောက်ရှိ အာဆီယံနိုင်ငံများက အကြမ်းဖက် စစ်ကောင်စီကို အစိုးရတစ်ရပ်အဖြစ် အသိအမှတ်ပြုသည့် သဘောဖြစ်လာသည်။

လန်ချန်း-မဲခေါင် စင်္ကြန်စီမံကိန်းသည် မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံများဖြစ်သည့် တရုတ်၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် ဗီယက်နမ်တို့ ပါဝင်ထားသော အစုအဖွဲ့တခု ဖြစ်သည်။

တရုတ်နိုင်ငံကမူ စစ်ကောင်စီကို အသိအမှတ်ပြုခြင်းထက် မဲခေါင်မြစ်‌ဝှမ်း ‌ဒေသတွင်းနိုင်ငံများ အကျိုးစီးပွား ပူးပေါင်းလုပ်ဆောင်နိုင်ရန်အတွက် ရည်ရွယ်တက်ရောက်ခြင်း ဖြစ်သည်ဟု တရုတ်၏ နိုင်ငံရပ်ခြား အာဘော်ဖြစ်သည့် Global Time သတင်းဌာန၏ ရေးသားချက်တွင် ‌ဖော်ပြထားသည်။

လက်တွေ့တွင်မူ အဆိုပါအစည်းအဝေးသည် ထိုသို့ဒေသတွင်းနိုင်ငံများ အကျိုးစီးပွား ဆိုသည်ထက် ၄င်း၏အကျိုးစီးပွားအတွက် ထွက်ပေါက်မဲ့နေသော စစ်ကောင်စီကို ထွက်ပေါက်ရှာပေးရန် ကြိုးပမ်းသည့် တရုတ်၏ နိုင်ငံရေး အကွက်ရွှေ့မှု သက်သက်သာ ဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိကလည်း အကြမ်းဖက်စစ်ကောင်စီ တည်ရှိနေမှုကို အသိအမှတ်ပြုသည့်အနေဖြင့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မည့် စီမံကိန်းများ၊ သဘောတူညီချက်များကိုပါ ဆွေးနွေးသွားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်းရှိ ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းများ ချောမွေ့စွာ လည်ပတ်နိုင်ရေး အာမခံချက်ပေးရန်နှင့် တရုတ်-မြန်မာ့စီးပွား‌ရေးစင်္ကြန် တည်ဆောက်မှုကို တွန်းအားပေးရန် တို့ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုခဲ့သည်ဟု အချို့သော သတင်းဌာနများတွင် ဖော်ပြခဲ့ကြသည်။

မဲခေါင်မြစ်ဝှမ်းတလျောက် တည်ဆောက်ထားပြီး၊ မြစ်ရေစီးကို လိုသလို ထိန်းချုပ်ထားသော ရေအားလျှပ်စစ်စီမံကိန်းများကြောင့် ဂေဟစနစ်များ ပျက်ဆီးလာမှုနှင့်အတူ ဒေသတွင်းနိုင်ငံများအကြား ဖြစ်ပေါ်လာသော စိုးရိမ်မှုများနှင့် တင်းမာမှုများကို ဖြေရှင်းရန် တရုတ်နိုင်ငံက ဦးဆောင်ကာ လန်ချန်း-မဲခေါင် နိုင်ငံများစုဖွဲ့မှုကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

စင်စစ် တရုတ်နိုင်ငံကသာ မဲခေါင်မြစ်ကြောင်းတလျောက် ကြီးမားသည့် ရေအားလျှပ်စစ် စီမံကိန်း ၁၀ အထိ တည်ဆောက်ထားပြီး၊ မဲခေါင်မြစ်ရေ စီးဆင်းမှုကို လိုသလို ထိန်းချုပ်ထားသည်ကို တွေ့ရသည်။

ထို့အပြင် တည်ဆောက်ထားသော ဆည်များမှတဆင့် မဲခေါင်မြစ်ရေ စီးဆင်းမှုအပေါ် ပိတ်ဆို့နိုင်ခြင်း၊ ဖောက်ချနိုင်ခြင်း တို့သည် မဲခေါင်မြစ် အောက်ပိုင်းရှိ နိုင်ငံများအပေါ် လူမှုရေး စီးပွားရေးသာမက လုံခြုံရေးကိုပါ အကြီးအကျယ် ခြိမ်းခြောက်ရာ ရောက်နေသည်ကို တွေ့ရသည်။

ကီလိုမိတာ ၄,၈၈၀ ရှည်လျားသော မဲခေါင်မြစ်မြစ်ကြောင်းတလျှောက် ဒေသများ ဖွံဖြိုးတိုးတက်ရေးနှင့် ရေအရင်းအမြစ်ကို အသုံးချနိုင်ရေး ခေါင်းစဥ်ဖြင့် တရုတ်က ကမကထပြု တည်ထောင်ခဲ့သော အဆိုပါအုပ်စုသည် လက်တွေ့တွင်မှု အာဆီယံအဖွဲ့အတွင်း အုပ်စုကွဲစေသည့် အခင်းအကျင်းမျိုး ရောက်ရှိစေရန် သို့တည်းမဟုတ် တရုတ်၏ နိုင်ငံရေး အာဂျင်ဒါများကို အဆိုပါ လန်ချန်း-မဲခေါင် စုဖွဲ့မှုမှတဆင့် အာဆီယံအဖွဲ့အတွင်း သွတ်သွင်း အကောင်အထည်ဖော်ရန် လုပ်ဆောင်မည့် တရုတ်၏ နိုင်ငံရေးခြေလှမ်းများ ဖြစ်သည် ဆိုသည်မှာ တဖြေးဖြေး သိသာထင်ရှားလာနေသည်။

အခြားတဖက်တွင်လည်း အိန္ဒိယသမုဒ္ဒရာတွင် ပထဝီနိုင်ငံရေးအရ လွမ်းမိုးမှု၊ တောင်ပိုင်းဒေသများအတွက် ပင်လယ်ထွက်ပေါက်တခုနှင့် စီးပွားရေးအရ အကျိုးအမြတ်ရရှိမှု တို့အတွက် အရေးပါသည့် မြန်မာနိုင်ငံတွင် မည်သို့ပင် ဖြစ်နေသည် ဖြစ်စေ၊ မည်သည့်အစိုးရက အုပ်ချုပ်သည်ဖြစ်စေ အာဏာလက်ဝယ်ရှိသူနှင့်သာ ထိတွေ့ဆက်ဆံမည့် တရုတ်နိုင်ငံ၏ မူဝါဒကလည်း ဒေသတွင်း တည်ငြိမ်ရေးနှင့် လုံခြုံရေးအပေါ် ထိခိုက်လာစေသည်။

အထူးသဖြင့် အာဆီယံသည် ၄င်း၏ အစည်းအဝေးများအတွင်း စစ်ကောင်စီ၏ အဆင့်မြင့်ခေါင်းဆောင်များကို အသိအမှတ်ပြု ဖိတ်ကြားခြင်း မရှိတော့သော်လည်း၊ တရုတ်၏ ဖိအားဖြင့် လန်ချန်-မဲခေါင် ဆွေးနွေးပွဲတွင် အာဆီယံအဖွဲ့ဝင်များ ဖြစ်သော ထိုင်း၊ ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ဆွေးနွေးခြင်းက အာဆီယံ၏ လက်ရှိ သဘောထား ရပ်တည်မှုကို ဆန့်ကျင်‌ရာ ရောက်နေသည်။

တရုတ်သည် အာဆီယံကို ပေါင်းစည်းမှုထက် ကွဲပြားကာ နိုင်ငံတခုချင်းနှင့်သာ ဆက်ဆံရေး ထူထောင်လိုနေကြောင်း The Diplomat သတင်းဌာနက ရေးသားဖော်ပြခဲ့ဖူးသည်။

မြန်မာတွင် ကျင်းပခဲ့သည့် လန်ချန်း-မဲခေါင် အစည်းအဝေးပွဲအပြီး ထုတ်ပြန်ချက်တွင်လည်း ပြည်သူများ လိုလားတောင့်တသော ကိစ္စရပ်များ မပါဝင်ခဲ့ချေ။ ရွေးကောက်ပွဲအသစ် ပြန်လည်ကျင်းပရေးကို ဦးတည်သော “ပြည်သူ့အာဏာ ပြည်သူထံ ပြန်လည်အပ်နှင်းရေး” ဆိုသည့် ဟန်ဆောင်စကားလုံးများ ပါဝင်သော အဆိုပါထုတ်ပြန်ချက်သည် စစ်အာဏာရှင် သက်ဆိုးရှည်ရေးအတွက် နိုင်ငံရေးထွက်ပေါက် ရှာပေးခြင်းသာ ဖြစ်သည် ဆိုသည်ကိုလည်း မြန်မာပြည်သူများအနေနှင့် သိရှိပြီး ဖြစ်သည်။

စင်စစ်တွင်လည်း လန်ချန်း-မဲခေါင် အစည်းအဝေးသည် တရုတ်အကူအညီနှင့် အကြမ်းဖက် စစ်ကောင်စီကို နိုင်ငံတကာ စာမျက်နှာစာတွင် နေရာဝင်ဆန့်မှု ရရှိလာရန် ကြိုးစားမှု တရပ်မျှသာ ဖြစ်သည်။ ထိုသို့ တရုတ်၏ စစ်ကောင်စီကို ထောက်ခံမှုသည် အာဆီယံ ဘုံစည်းလုံးမှုကို ထိခိုက်စေရုံသာမက ဒေသတွင်း မတည်မငြိမ်ကိုပါ ဖြစ်ပေါ်လာစေမည် ဖြစ်သည်။

စစ်ကောင်စီကို တရုတ်၏ ထောက်ခံမှုသည် တရုတ်အပေါ် မြန်မာပြည်သူတို့၏ အမုန်းတရားများ ပို၍တိုးလာစေမည်သာဖြစ်ပြီး၊ ISP အပါအဝင် စစ်တမ်းများအရလည်း တရုတ်အပေါ် မကျေနပ်မှု၊ မလိုလားမှုများ ပိုကြီးထွားလာနေသည်ကို တွေ့ရသည်။

ကိုယ်ကျိုးစီးပွား အဓိကထားသော တရုတ်၏ အာဏာလက်ဝယ် ရှိသူချင်း ဆက်ဆံရေးသည် မြန်မာပြည်သူများနှင့် ဆက်ဆံရေးကို ပို၍ ဝေးကွာ‌သွားစေပြီး၊ ရေရှည်တွင် မြန်မာနိုင်ငံတွင်း တရုတ်အကျိုးစီးပွားနှင့် ရင်းနှီးမြုပ်နှံမှုများအပေါ် ကြီးမားသည့် သက်ရောက်မှုများ ရှိလာစေမည် ဖြစ်သည်။

အချုပ်အားဖြင့် လန်ချန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးသည် အာဆီယံဘုံစည်းလုံးမှုကို ပြိုကွဲသွားစေနိုင်သည့်၊ ဒေသတွင်း တရုတ်ကြီးစိုးမှုကို ပိုအားကောင်းလာစေရန် ကြိုးပမ်းသော ခြေလှမ်းတစ်ရပ်သာ ဖြစ်သည်။

ထို့အပြင် ကိုယ်ကျိုးစီးပွားအတွက် လန်ချန်း-မဲခေါင် အစည်းအဝေးကို အသုံးချကာ နိုင်ငံတကာတွင် လူတောမတိုးနိုင်ဖြစ်နေသော စစ်ကောင်စီကို လူရာသွင်းပေးသည့် တရုတ်၏ လုပ်ရပ်ကလည်း မြန်မာပြည်သူများအား ဒေါသမီးလောင်မြိုက်စေပြီး တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုများ ပိုမိုမြင့်တက်လာစေအောင် တွန်းပို့စေမည်သာ ဖြစ်ပေသည်။

The post တရုတ်ဩဇာ ကြီးထွားရေးနှင့် စစ်ကောင်စီ တရားဝင်မှု ရရှိရေး တို့အတွက် အသုံးချခံ ဖြစ်လာသည့် လန်ချန်း-မဲခေါင် အစည်းအဝေး appeared first on Khit Thit Media.

မဖိတ်ခေါ်ဘဲ လာသည့် လာခြင်း မကောင်းသော ဧည့်ဆိုးများနှင့် သကာရည် ဖုံးထားသော အဆိပ်သင့်စကားများ
By မောင်း

“တိုင်းပြည်အာဏာကို ပြည်သူများထံ ပြန်လည်အပ်နှင်းရေး ….”။

ဤသည်မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကတည်းက မြန်မာလူထု လိုလားတောင်းဆိုနေသော ကိစ္စဖြစ်သည်။ ပြန်လည်အပ်နှင်းရေး ဆိုကတည်းက လုယူခံထားသည်မှာလည်း ပေါ်လွင်ပါသည်။

စစ်အာဏာသိမ်းပြီးနောက် တစ်နှစ်ခွဲအကြာတွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာ သို့လာသော တရုတ်ထိပ် တန်းခေါင်းဆောင်က ဤအကြောင်းဆွေးနွေးခဲ့သည်တဲ့..။ သည်အထိ ရုတ်တရက်ကြည့်လျှင် စစ်ကောင်စီ ပေးသည့် ဒုက္ခတပွေ့တပိုက်နှင့် မြန်မာလူထုအဖို့ မျှော်လင့်ချက် ရောင်ခြည်လေလား ထင်မှတ်မှားစရာ…။

သို့သော် တရုတ်အစိုးရ ဆိုသည်မှာ မြန်မာပြည်သူတွေအဖို့ ဘယ်တုန်းကမှ ဆွေမျိုးပေါက်ဖော် မဟုတ်ခဲ့။ ထို့ကြောင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဆိုလိုသော ပြည်သူ့အာဏာ ပြည်သူထံ ပြန်အပ်ရေး ဆိုသည်မှာ နွေဦးပြည်သူတို့ တောင့်တနေသော ကိစ္စရပ်မျိုး ဖြစ်လာမည်ကား မဟုတ်ပေ။

ဝန်ကြီး ဝမ်ယိက လန်ချန်း-မဲခေါင် အစည်းအဝေး ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံသို့ လာခြင်းဖြစ်သည်။ အမှန်တော့ ဤအစည်းအဝေးကပင် နိုင်ငံတကာတွင် လူတောမတိုးနိုင်ဖြစ်နေသော စစ်ကောင်စီကို လူရာသွင်းပေးသည့် အစီအမံအဖြစ် သတ်မှတ်၍ရသည်။

လန်ချန်း-မဲခေါင် တွင်ပါဝင်သည့် နိုင်ငံများက နွေဦးပြည်သူများနှင့် ဆန့်ကျင်ဘက်တွင် ရပ်တည်သော နိုင်ငံများဖြစ်သည်။ တနည်းအားဖြင့် အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံရပ်တည်ပေးနေသော နိုင်ငံများ ဖြစ်သည်။

ထို့ကြောင့် အာဆီယံ အစည်းအဝေးများမှာပင် ဖယ်ကျဉ်ခံထားရသော စစ်ကောင်စီအတွက် လန်ချန်း-မဲခေါင် မှတဆင့် နိုင်ငံတကာ ဘာဘာညာညာတွေ လေလုံးထွားလို့ရမည် ဖြစ်သည်။ ယခုအစည်းအဝေးကိုတော့ တရုတ်နှင့်မြန်မာ ပူးတွဲဥက္ကဌအဖြစ် ကျင်းပခြင်းဖြစ်သည်ဟု ဆိုသည်။

ဤအစည်းအဝေးသို့လာသော ဝန်ကြီးဝမ်ယိက ကမ္ဘောဒီးယား ဒုတိယဝန်ကြီး ချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးလည်းဖြစ်သူ Prak Sokhonnနှင့် လက်ရှိ မြန်မာ့အရေး ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

Prak Sokhonn က အာဆီယံ ဥက္ကဌ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်လည်း ဖြစ်သောကြောင့် ထိုသို့ ဆွေးနွေးကြခြင်းဖြစ်သည်။ အမှန်တော့ မြန်မာ့အရေးဆိုခြင်းထက် ထွက်ပေါက်မဲ့နေသော စစ်ကောင်စီကို ထွက်ပေါက်ရှာပေးရန် ဆွေးနွေးခြင်းသာဖြစ်သည်။

လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဌ ကမ္ဘောဒီယားဝန်ကြီးချုပ် ဟွန်ဆန်ကိုယ် တိုင်က မြန်မာပြည်သူတွေ လိုလားသော စကားလုံး တလုံးတလေမျှ ပြောထားသူမဟုတ်။

တရုတ်ဘက်က ပြောဆိုလာသော ပြည်သူ့အာဏာ ပြည်သူထံ ပြန်လည်အပ်နှင်းရေး ဆိုသည့် ဟန်ဆောင်စကားလုံး ပါဝင်သော အထက်ပါ နိုင်ငံခြား ရေးဝန်ကြီးနှစ်ဦး၏ ဆွေးနွေးမှု ထုတ်ပြန်ချက်တွင်လည်း နွေဦးပြည်သူများ လိုလားတောင့်တသော ကိစ္စရပ်များ ပါဝင်ခြင်းမရှိပေ။

နွေဦးပြည်သူတွေ လိုလားသည်က စစ်အာဏာရှင်စနစ်ချုပ် ငြိမ်းသွားဖို့ဖြစ်သည်။ လွန်ခဲ့သည့် တနှစ်ခွဲ မတိုင်မီက ၂၀၀၈ အခြေခံဥပဒေအောက်မှ အခြေအနေသို့ ပြန်သွားမည်ဟု ကမ်းလှမ်းလျှင်ပင် အချိန်လွန်ခဲ့ပြီဟု ဆိုကြမည်သာ… ။

တရုတ်၊ ကမ္ဘောဒီးယား နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးမှုကို တရုတ်ဘက်က ထုတ်ပြန်ရာတွင် အဓိက အချက်သုံးချက် ပါဝင်သည်။ ပထမအချက်က ဤသို့ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေမူဘောင်များအောက်၌ မြန်မာ့နိုင်ငံရေး ပြန်လည်သင့်မြတ်ရေး စဉ်ဆက်မပြတ် တွန်းအားပေး ဖော်ဆောင်ရန်အတွက် တရုတ်နှင့် အာဆီယံ ပူးတွဲလုပ်ဆောင်မည်ဟူ၍.. ။

လူထုတင်မြှောက်ထားသော အစိုးရကို မဟုတ်မမှန် စွပ်စွဲချက်များဖြင့် ခြိမ်း ခြောက်ကာ အာဏာလုခဲ့သည့်အပြင် ရွာပေါင်းများစွာ မီးရှို့၊ သန်းနဲ့ချီသော ပြည်သူများကို အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့ပြီး၊ လူထောင်ချီ သတ်ဖြတ်၊ မုဒိန်းကျင့်ခဲ့သည့် စစ်တပ်နှင့် ပြန်လည်သင့်မြတ်ရေး ဖော်ဆောင်ရန် ဆိုသည်မှာ နွေဦးပြည်သူများအတွက် အချိန်လွန်ခဲ့ပြီဟုဆိုရမည်သာ… ။

ထို့အပြင် အကြမ်းဖက်စစ်တပ်သည် နွေဦးပြည်သူများ၏ တောင်းဆိုချက်လောက်ပင် ပြင်းထန်မှု မရှိသော၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် ကတိပြုခဲ့သော အာဆီယံ သဘောတူညီချက်များကိုပင် လိုက်နာ ခြင်းမရှိသော စစ်တပ်ဖြစ်သည်။

နိုင်ငံခြားရေး ဝန်ကြီးနှစ်ဦးတွေ့ဆုံရာတွင် ဝမ်ယိဆွေးနွေးခဲ့သည်ဆိုသော တရုတ် နိုင်ငံ၏ မျှော်လင့်ချက် သုံးခုအနက် ဒုတိယအချက်က ပိုမိုသတိပြုရမည့်အချက် ဖြစ်သည်။ ဤကဏ္ဍတွင် အပိုင်းနှစ်ပိုင်း ပါဝင်သည်။

တစ်ပိုင်းက မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် ပြန်လည်စတင်ပြီး တိုင်းပြည်အာဏာကို ပြည်သူများထံ ပြန်လည်အပ်နှင်းရေးကို အကောင်အထည်ဖော်ရန် တရုတ်နှင့် အာဆီယံအတူ တွန်းအားပေး ရေးဟု ဆိုထားသည်။

ထိုသို့ “တိုင်းပြည်အာဏာကို ပြည်သူများထံ ပြန်လည်အပ်နှင်းရေး” ဟု တရုတ်ဖက်က ဆိုရာတွင် ၊ “ ၂၀၂၃ ရွေးကောက်ပွဲမှတဆင့်” ဆိုသည့် စာကားလုံးတစ်ချို့ ကိုတော့ ချန်လှပ်ခဲ့ဟန် တူနေသည်။ မည်သို့ပင်ဖြစ်စေ ဤဆိုလိုရင်း၏ အနှစ်ချုပ်မှာ ရွေးကောက်ပွဲ ပြန်လည်ကျင်းပရေး တွန်းအားပေးရန်သာ ဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီက သူ့သဘောသူဆောင်၍ ပြင်ဆင်နေသော အမည်ခံ ရွေးကောက်ပွဲ ကျင်းပရေးကြိုးပမ်းမှုကို ထောက်ခံစေလိုသည့် သဘောထားမျှသာ ဖြစ်၏။

တစ်နည်းအားဖြင့် ထိုအမည်ခံ ရွေးကောက်ပွဲမှတဆင့် တရုတ်နှင့် မင်းအောင်လှိုင် အကြိုက် စစ်အာဏာရှင် သက်ဆိုးရှည်ရေး လမ်းကြောင်းကို ထောက်ခံရန်ပင် ဖြစ်သည်။

ဒုတိယပိုင်းကပိုဆိုး၏။ မြန်မာနိုင်ငံ အခြေအနေနှင့် ကိုက်ညီသော၊ မြန်မာ့ဝိသေသ လက္ခဏာဆောင်သော နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကို ရှာဖွေနိုင်ရန် မျှော်လင့်သည်ဟု ပါရှိသည်။ အလားတူ စကားလုံးများကို မြန်မာပြည်သူတွေ ကြိမ်ဖန်များစွာ ကြားဖူးခဲ့ကြပြီးသား ဖြစ်သည်။

ဤသို့သော စကားလုံးများကို စစ်ခေါင်းဆောင်များက အကြိမ်ရေများစွာ ပြောခဲ့ကြပြီးသား..။ မြန်မာနိုင်ငံနှင့်ကိုက်ညီသော ဒီမိုကရေစီစနစ်ဟူ၍… ။ …စသဖြင့်.. အနက်ဖွင့်သော် စစ်ခေါင်းဆောင်တို့ အလိုကျ ဒီမိုကရေစီ၊ စစ်ခေါင်းဆောင်တို့ အလိုကျ နိုင်ငံရေးစနစ်ဟု အဓိပ္ပါယ်ရမည်သာ ဖြစ်သည်။

ဝမ်ယိက အာဆီယံကိုယ်စားလှယ်ကို ပြောသည့် နောက်ဆုံးအချက်ကတော့ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှု မရှိရေး ဆိုသည့်အချက်ကို ထောက်ပြ၍ အာဆီယံကို သတိပေးခြင်း ဖြစ်သည်။

ဆိုရသော် တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာသို့ တကူးတကလာ၍ မြန်မာ နိုင်ငံဆိုင်ရာ အာဆီယံကိုယ်စားလှယ်ကို ပြောသည့်စကားများက စစ်ကောင်စီနှင့် စစ်ခေါင်းဆောင်များ၏ နှုတ်ထွက်သဘောထားများကဲ့သို့သာ ဖြစ်သည်။

အာဏာသိမ်းပြီးနောက် မြန်မာ့အကျပ်အတည်းကို မူတည်၍ အာဆီယံအဖွဲ့အတွင်း၌ အနောက်လိုလားသော နိုင်ငံများအုပ်စုနှင့် တရုတ်လိုလားသည့်အုပ်စု သဘောထားကွဲလွဲမှုများ ရှိနေချိန်တွင် လန်ချန်း-မဲခေါင် ခေါင်းစဉ်ဖြင့် တရုတ်က ၎င်းဖက်ယိမ်းသည့်အုပ်စုနှင့် တွေ့ဆုံပြခြင်းသာ ဖြစ်သည်။

ထို့အတူ မြန်မာ့အရေးတွင်လည်း အာဏာသိမ်းစစ်ကောင်စီ၏ သဘောဆန္ဒအတိုင်း ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း အာဆီယံကို သတိပေး တိုက်တွန်းခဲ့ခြင်းသာဖြစ်၏။ မြန်မာပြည်သူများအတွက် သကာရည်ဖုံးသော အဆိပ်သင့် စကားလုံးများပင်ဖြစ်သည်။

နွေဦးပြည်သူများအတွက် ထူးခြားမှုမရှိသော တရုတ်နိုင်ငံ ခြားရေးဝန်ကြီး၏ ခရီးစဉ်တွင် တခုတည်းသော မှတ်သားဖွယ်ရာအချက်မှာ ဝမ်ယိသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံမှု မရှိခြင်း ဖြစ်သည်။

နိုင်ငံအနှံ့ စစ်မီးများတောက်လောင်နေချိန် “အိမ်မသာသော်လည်း” ယခုသီတင်းပတ်အတွင်း မြန်မာသို့ နိုင်ငံတကာ ဧည့်ဆိုးများ တဖွဲဖွဲ ရောက်လာခဲ့ကြသည်။

သို့သော် မြန်မာနိုင်ငံမှ နွေဦး ပြည်သူများအတွက် လာခြင်းကောင်းသူ တဦးတလေမျှ မပါခဲ့ …..။

The post မဖိတ်ခေါ်ဘဲ လာသည့် လာခြင်း မကောင်းသော ဧည့်ဆိုးများနှင့် သကာရည် ဖုံးထားသော အဆိပ်သင့်စကားများ appeared first on Khit Thit Media.

TOTAL က ပေးဖို့ရှိနေတဲ့ ကန်ဒေါ်လာသန်း ၂၅၀ အကြမ်းဖက် စစ်အုပ်စုထံ မရောက်ရေး NUG အစိုးရ ဦးဆောင်ပေးဖို့ လိုနေ
By မောင်း

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းခဲ့အပြီး ၁၆ လအကြာမှာတော့ တိုင်းပြည်ရဲ့ အခြေအနေ အရပ်ရပ်ဟာ အမှောင်ချောက်ကမ်းပါးထဲ ဇောက်ထိုးမိုးမျှော် သက်ဆင်း သွားခဲ့ပါတယ်။

ဉာဏ်အမှော်အမြင် နည်းပါးပြီး အာဃာတနဲ့ အမုန်းတရား ကြီးမားလှတဲ့ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ဟာ နိုင်ငံနဲ့ပြည်သူကို ချနင်းပြီး အကြမ်းဖက်တဲ့ အာဏာသိမ်းမှုကို မိုက်မဲစွာ ကျူးလွန်ခဲ့ပြန်ပါတယ်။

ဒါပေမဲ့ စစ်တပ်ရဲ့ ဒီတစ်ခါ အာဏာသိမ်းမှုဟာ အရင်အခေါက်တွေလို အောင်မြင်မယ်လို့ ထင်မြင်ခဲ့ရင်တော့ အကြီးအကျယ် လွဲမှားနေပါပြီ။

စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေဟာ ၈၈ အာဏာသိမ်းအပြီး ၁၉၉၀ မှာရွေးကောက်ပွဲ ကျင်းပပေးခဲ့ပေမဲ့ အနိုင်ရရှိခဲ့တဲ့ NLD ပါတီကိုတော့ အာဏာလွှဲမပေးခဲ့ပါဘူး။

ဒါကြောင့် နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူခြင်း ခံခဲ့ရတဲ့ စစ်အုပ်စုဟာ အကျပ်အတည်း တွေ့ခဲ့ရပြီး အဖက်ဖက်မှ ယိုင်နဲ့နဲ့ ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့် မြန်မာပြည်သူတွေအတွက် ကံဆိုးစရာ နဲ့ကြုံလာရပါတယ်။ ဒါကတော့ TOTAL ဦးဆောင်တဲ့ ရေနံကုမ္ပဏီကြီးတွေက မြန်မာပြည်မှာ လာရောက်ပြီး သဘာဝဓတ်ငွေ့ တူးဖော်ရောင်းချခဲ့လို့ စစ်အာဏာရှင်တွေ အသက်ရူပေါက် ရရှိခဲ့ပြီး ဆက်လက်အာဏာတည်မြဲ သွားခဲ့တာလည်း ဖြစ်ပါတယ်။

ဒီသဘာဝဓတ်ငွေ့ရောင်းချခြင်းက ရရှိလာတဲ့ သန်းပေါင်းထောင်ချီတဲ့ အမေရိကန်ဒေါ်လာတွေဟာ စစ်အုပ်စုကို အသက်ဆက်ဖို့ရာအပြင် လက်ဖျားမှာ ငွေသီးပြီး နေပြည်တော်လို မြို့တော်ကြီးတစ်ခုကို အဂတိပေါင်းများစွာနဲ့ တည်ဆောက်ခဲ့ကြပါတယ်။

အခုလည်း သမိုင်းတစ်ပတ် ပြန်လည်လာပြီလို့ ဆိုရမလိုပါပဲ။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလမှာ တိုင်းပြည်ရဲ့ အာဏာကို အတင်းအဓမ္မ သိမ်းယူခဲ့ပြန်ပါတယ်။

ဒီတခေါက် အာဏာသိမ်းမှုဟာ သူတို့ထင်ထားသလို ဖြစ်မလာပဲ အဖိနှိပ်ခံ ပြည်သူတွေက အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင် ပြန်တော်လှန်တဲ့ လူထုတော်လှန်ရေး အသွင်သို့ ပြေင်းလဲရောက်ရှိသွားပါတယ်။

အာဏာသိမ်းမှုကြောင့် ပြည်တွင်းနဲ့ နိုင်ငံတကာနဲ့ ချိတ်ဆက်လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းအများစု ရပ်တန့်သွားပြီး၊ တိုင်းပြည်ရဲ့ စီးပွားရေး ၃၀ ရာခိုင်နှုန်း ကျုံ့ဝင်သွားခဲ့ပါတယ်။

ပြင်းထန်လာတဲ့ နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့်လည်း နိုင်ငံခြားငွေ အခက်အခဲတွေ့လာတဲ့ မင်းအောင်လှိုင်ဟာ အရင်စစ်အာဏာရှင်တွေရဲ့ ပုံစံအတိုင်း သဘာဝဓာတ်ငွေ့က ဝင်ငွေနဲ့ ဒီအခက်အခဲတွေကို ကျော်လွှားဖို့ ပြင်ဆင်နေပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံခြားဝင်ငွေ (၇၀) ရာခိုင်နှုန်းကျော်ကို မြန်မာ့ ရေနံနှင့်သဘာဝ ဓါတ်ငွေ့လုပ်ငန်း (MOGE) က ရှာဖွေပေးနေပြီး ဒါတွေကို တရားမဝင် စစ်ကောင်စီက အပြည့်အဝ ထိန်းချုပ်ထားတာပါ။

ဒါကိုသိတဲ့ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေဟာ သဘာဝဓတ်ငွေ့က ဝင်ငွေတွေ စစ်အုပ်စုလက်ဝယ် မရောက်ရှိစေရေး ကြိုးပမ်းလာကြပါတယ်။

သဘာဝဓတ်ငွေ့ ရောင်းချခြင်းမှာ တာဝန်ခံလည်းဖြစ်၊ ရောင်းချငွေတွေကို လက်ခံသူလည်းဖြစ်တဲ့ မြန်မာ့ရေနံနဲ့သဘာဝဓတ်ငွေ့လုပ်ငန်း (MOGE) ကို နိုင်ငံတကာက အရေးယူပိတ်ဆို့ဖို့ နဲ့ သဘာဝဓာတ်ငွေ့က ဝင်ငွေတွေ စစ်အုပ်စုလက်ဝယ် မရောက်စေဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတွေ ပြည်တွင်း ပြည်ပမှာ အရှိန်အဟုန်နဲ့ ပေါ်ပေါက်လာပါတယ်။

အထူးသဖြင့် တိုတယ်အပါအဝင် ရေနံကုမ္ပဏီကြီးတွေကနေ အမေရိကန် ဒေါ်လာ သန်းပေါင်းများစွာ အကြမ်းဖက် စစ်အုပ်စုထံ စီးဆင်းနေမှုကို ရပ်တန့်နိုင်ရေး အရေးယူဆောင်ရွက်ပေးဖို့ သိန်းနဲ့ချီတဲ့ ပြည်သူတွေက အွန်လိုင်းမှတဆင့် လက်မှတ်ရေးထိုးကာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ပြင်သစ်သမ္မတ မာကွန် တို့ထံ ပေးပို့တောင်းဆိုမှုတွေက တကယ့်ကို အထင်ကရ ဖြစ်စေခဲ့တာပါ။

ဒီလိုကြိုးပမ်းမှုတွေကြောင့်ပဲ တိုတယ်လ် (TOTAL) နဲ့ ချက်ဗရွန် (CHEVRON) ရေနံကုမ္ပဏီကြီးတွေဟာ မြန်မာပြည်က ထွတ်ခွာတော့မယ်လို့ ကြေငြာခဲ့ပါတယ်။

အလားတူ ဥရောပသမဂ္ဂ (EU) ကလည်း MOGE ကို အရေးယူ ပိတ်ဆို့မှုတွေ ပြုလုပ်တော့မယ်လို့ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ရက်နေ့မှာ ကြေငြာခဲ့ပါတယ်။

TOTAL ရေနံကုမ္ပဏီဟာ ၂ဝ၂၂ခုနှစ်၊ ဇူလိုင်အတွင်း မြန်မာနိုင်ငံက ထွက်ခွာတော့မယ်လို့ ကြေငြာခဲ့ပေမဲ့၊ အခြားတဖက်မှာတော့ TOTAL အနေနဲ့ ဒေါ်လာသန်းပေါင်းများစွာရှိတဲ့ ငွေကြေးတွေကို စစ်အုပ်စုထံ ပေးချေရဖို့ ရှိနေပါသေးတယ်။

အဓိက အကြောင်းကတော့ ဥရောပသမဂ္ဂ (EU) က MOGE အပေါ် ချမှတ်ခဲ့တဲ့ အရေးယူပိတ်ဆို့မှုမှာ ကင်းလွတ်ခွင့် (Exemptions) ဆိုတဲ့ အချက် ပါရှိနေတာကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကင်းလွတ်ခွင့်ကို အသုံးပြုနိုင်ဖို့ဆိုရင် TOTAL ကုမ္ပဏီအနေနဲ့ ၄င်းရဲ့ မိခင်နိုင်ငံဖြစ်တဲ့ ပြင်သစ်အစိုးရရဲ့ ခွင့်ပြုချက် လိုအပ်တာပါ။

ပြင်သစ်အစိုးရအနေနဲ့ အဆိုပါကင်းလွတ်ခွင့်ကို အသုံးပြုနိုင်ဖို့ Total ကုမ္ပဏီကို ခွင့်ပြုပေးလိုက်မယ်ဆိုရင် ကျန်ရှိနေတဲ့ သဘာဝဓတ်ငွေ့ရောင်းချမှု အမြတ်ငွေ ၆လစာ အမေရိကန်ဒေါ်လာ သန်း ၂၅၀ ကို TOTAL မှတဆင့် MOGE ကရရှိသွားမှာဖြစ်ပါတယ်.

ဒါ့အပြင် လုပ်ငန်းပိတ်သိမ်း ရန်ပုံငွေ တနည်းအားဖြင့် သဘာဝဓတ်ငွေ့ တူးဖော်ထုတ်ယူမှုကြောင့် ဖြစ်ပေါ်တဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ကုစားဖို့ ရန်ပုံငွေ နဲ့ အစုရှယ်ယာတွေကိုလည်း စစ်အုပ်စု ထိန်းချုပ်ထားတဲ့ MOGE က ရရှိသွားမှာပါ။

ဒီငွေကြေးတွေဟာ အကြမ်းဖက် စစ်အုပ်စုလက်ဝယ်သို့ မဆိုင်းမတွ ရောက်ရှိသွားမှာ ဖြစ်တဲ့အတွက် ပြင်သစ်အစိုးရအနေနဲ့ TOTAL ကုမ္ပဏီကို ဘယ်အကြောင်းပြချက်နဲ့မှ ကင်းလွတ်ခွင့် အသုံးပြုခွင့် မပေးဖို့ အရေးကြီးလှပါတယ်။

ဒါကြောင့် အဲဒီကင်းလွတ်ခွင့်ကို အသုံးပြုဖို့ TOTAL ကုမ္ပဏီက လျောက်ထားလာမှုအပေါ် ခွင့်မပြုဖို့အတွက် မြန်မာပြည်သူတွေအနေနဲ့ ပြင်သစ်အစိုးရကို တောင်းဆိုဖို့ လိုအပ်လာတာပါ။

ဒါနဲ့ပတ်သတ်ပြီး မြန်မာအပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်က အရပ်ဘက်အဖွဲ့အစည်းပေါင်း ၄၅၀ ကျော်ကလည်း အဆိုပါ အမေရိကန်ဒေါ်လာ သန်း ၂၅၀ အကြမ်းဖက်စစ်အုပ်စုထံ မရောက်ရှိသွားစေရေး တာဆီးပေးဖို့ ပြင်သစ်သမ္မတထံ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက စာရေးသားပေးပို့ တောင်းဆိုခဲ့ပါတယ်။

ဒီနေရာမှာတော့ ပြည်သူတွေရဲ့ တခဲနက်ထောက်ခံမှုနဲ့ တရားဝင်မှု ရရှိထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အခန်းကဏ္ဍဟာလည်း အရေးကြီးလို့ လာပြီ ဖြစ်ပါတယ်။

အာဏာရှင်ကို သက်ဆိုးရှည်စေမဲ့ TOTAL ရဲ့ ဝင်ငွေ သန်း ၂၅၀ ကို ပိတ်ပင်တားဆီးနိုင်ဖို့ NUG အစိုးရအနေနဲ့ ပြင်သစ်အစိုးရအဖွဲ့နှင့် အမြန်ဆုံး တွေ့ ဆုံဆွေးနွေး စည်းရုံးနိုင်ဖို့ လိုအပ်လာပါတယ်။

MOGE မှတဆင့် ပြည်သူပိုင်ငွေကြေး ဒေါ်လာသန်းပေါင်းများစွာ စစ်အုပ်စုထံ မရောက်ရှိစေဖို့ တကယ်ကို အရေးကြီးတဲ့ ကာလကိုရောက်ရှိနေတာပါ။

အဲ့ဒီ့ ငွေကြေးတွေနဲ့ နွေဦးတော်လှန်ရေးမှာ ပေးဆပ်တိုက်ပွဲဝင်နေကြတဲ့ ပြည်သူတွေကို သတ်ဖြတ်တဲ့ အဖြစ်မျိုး ထပ်မံ မဖြစ်လာစေဖို့ အတွက် NUG အစိုးရအနေနဲ့ ပြင်သစ်အစိုးရနှင့် အမြန်ဆုံး တွေ့ဆုံဆွေးနွေး စည်းရုံးပေးဖို့ သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု အင်အားစု (Blood Money Campaign) က ဦးဆောင်ပြီး အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ထံ အိတ်ဖွင့်ပေးစာ ပေးပို့ကာ တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

Blood Money Campaign အဖွဲ့ဟာ MOGE ကို အမေရိကန်ပြည်ထောင်စုက အမြန်ဆုံး ပိတ်ဆို့အရေးယူရေး အပါအဝင်၊ တရားမဝင် အာဏာသိမ်း စစ်အုပ်စုထံ TOTAL ရဲ့ ဒေါ်လာ သန်း ၂၅၀ မရောက်ရှိစေရေး ကြိုးပမ်းမှုတွေမှာ ဦးဆောင်အခန်းကဏ္ဍက ပါဝင်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို တစိုက်မတ်မတ် တိုက်တွန်း တောင်းဆိုနေတာလည်း ဖြစ်ပါတယ်။

အထူးသဖြင့် တရားမဝင် စစ်ကောင်စီကို သဘာဝဓတ်ငွေ့ ရောင်းချငွေတွေ ပေးအပ်ဖို့ ပြင်ဆင်နေတဲ့ TOTAL ကုမ္ပဏီရဲ့ ကင်းလွတ်ခွင့် လျောက်ထားမှုကို ခွင့်မပြုသင့်ဘူး ဆိုတဲ့အကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရ တစ်ရပ်အနေနဲ့ ပြင်သစ်အစိုးရကို ဆွေးနွေးစည်းရုံးနိုင်ဖို့ အလွန်ပဲ အရေးကြီးပါတယ်။

သဘာဝဓတ်ငွေ့ရောင်းချခြင်းက ရရှိတဲ့ ဝင်ငွေတွေဟာ သဘာဝ သယံဇာတရဲ့ မူလပိုင်ရှင်ဖြစ်တဲ့ မြန်မာပြည်သူများသာ ပိုင်ဆိုင်ရမှာဖြစ်ပါတယ်။

အဲ့ဒီ့ ငွေကြေးတွေကို အကြမ်းဖက် စစ်အုပ်စုက စစ်လက်နက်ဝယ်ယူမှုတွေမှာ ယူငင် သုံးစွဲလို့ မရတဲ့ တတိယအကောင့် (Escrow Account) မှာသာ လတ်တလော သိမ်းဆည်းထားရမှာ ဖြစ်တယ်လို့လည်း Blood Money Campaign အပါအဝင် တက်ကြွလှုပ်ရှားသူများက မကြာခဏ ထောက်ပြပြောဆိုနေကြတာပါ။

အချုပ်အားဖြင့် သမိုင်းတပတ်လည်ပြီး သဘာဝဓာတ်ငွေ့က ဝင်ငွေတွေနဲ့ စစ်အာဏာရှင် သက်ဆိုးရှည်ခဲ့တဲ့ အဖြစ်မျိုး ထပ်မံ မဖြစ်စေဖို့အတွက် TOTAL ကုမ္ပဏီရဲ့ အမေရိကန်ဒေါ်လာ သန်း ၂၅၀ စစ်အုပ်စုလက်ဝယ် မရောက်ရှိစေရေး NUG အစိုးရအနေနဲ့ ပြင်သစ်အစိုးရနဲ့ အမြန်ဆုံး တွေ့ဆုံဆွေးနွေး ညှို့နှိုင်း စည်းရုံးပေးဖို့ အလွန်အရေးကြီးတဲ့ အချိန်ကာလတစ်ခုကို ရောက်ရှိနေပြီ ဖြစ်ပါကြောင်း တင်ဆက်လိုက်ရပါတယ်။

The post TOTAL က ပေးဖို့ရှိနေတဲ့ ကန်ဒေါ်လာသန်း ၂၅၀ အကြမ်းဖက် စစ်အုပ်စုထံ မရောက်ရေး NUG အစိုးရ ဦးဆောင်ပေးဖို့ လိုနေ appeared first on Khit Thit Media.