26.6 C
Yangon
spot_img

CATEGORY

News

ကရင်ပြည်နယ်တွင် စစ်ကောင်စီက နှစ်ပေါင်း ၃၀ နီးပါး တပ်စွဲထားသည့် မော်ဖူး(ရိုးစလင်း) စခန်းကို စွန့်ခွာထွက်ပြေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေအတွင်းတွင် နှစ်ပေါင်း ၃၀ နီးပါး တပ်စွဲထားသည့် မော်ဖူး (ရိုးစလင်းစ ခန်း) ကို ဒရုန်းဖြင့် ဗုံးကျဲ၊ စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး ဖိအားပေးခဲ့ရာ စစ်ကောင်စီ တပ်သားများ မနေရဲ တော့ဘဲ...

ဘားအံ-မြဝတီလမ်း (အာရှလမ်းပိုင်း) နှင့် ကော့ကရိတ်မြိုတွင်း စစ်ဆင်ရေးတွင် စစ်တပ်စခန်းများ သိမ်းပိုက်ရရှိပြီး စစ်သား ၃၀ ဦးသေဆုံးကာ အညံ့ခံသူ စစ်သား ၁၄ ဦးရှိ

■ ဘားအံ - မြဝတီ (အာရှလမ်းပိုင်း) နှင့် မြိုပေါ် ဧရိယာ ၆၀ ရာခိုင်နှုန်း ကို စိုးမိုးထိန်းချုပ် ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ကရင်ပြည်နယ်၊ ဘားအံ-မြဝတီလမ်း (အာရှလမ်းပိုင်း) နှင့် ကော့ကရိတ်မြိုတွင်း စစ်ဆင်ရေးတွင် စစ်တပ်စခန်းများ သိမ်းပိုက်ရရှိပြီး စစ်သား ၃၀ ဦးသေဆုံးကြောင်း၊...

မုံရွာမြိုနယ်၊ ညောင်ဖြူပင်ရဲစခန်း၊ တောပုရွာ ပျူစောထီးစခန်းနှင့် မြင်းခြံမြိုနယ်၊ပျူ စောထီးခေါင်း ဆောင်နေအိမ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ စစ်ကိုင်းတိုင်း၊ မုံရွာမြိုနယ်၊ ညောင်ဖြူပင်ရဲစခန်းနှင့် တောပုရွာပျူစောထီးစခန်းတိုကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ ရာ Jammer စက်တစ်လုံးမီးလောင်ပျက်စီးခဲ့ကြောင်း စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း - MSPDF မှ သတင်းနှင့်ပြန်ကြားရေးဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောကြားသည်။ ဖေဖော်ဝါရီလ ၂၄ ရက် ညနေ...

အရာတော်မြို့နယ်၊ ကနီလေးစစ်ရှောင်စခန်းရှိ ကလေးငယ်များပညာရေးအတွက် ကျောင်းသုံးပစ္စည်း၊တူညီဝတ်စုံများထောက်ပံ့

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ စစ်ကိုင်းတိုင်း‌၊ အရာတော်မြို့နယ်၊ ကနီလေးစစ်ရှောင်စခန်းရှိ စစ်ရှောင်ပြည်သူများ၏ ကလေးငယ်များပညာရေးအတွက် နွေဦးတမာန်တော်လှန်ရေးထောက်ပို့အဖွဲ့(စစ်ကိုင်းအခြေစိုက်)က ကျောင်းသုံးပစ္စည်း၊တူညီဝတ်စုံများကို ထိုင်းနိုင်ငံ၊မဲဆောက်ရှိ ပင်မ တော်လှန်ရေးထောက်ပို့အဖွဲ့၏ ပေးပို့မှုကို ထောက်ပံ့ခဲ့ကြောင်း သိရှိရသည် ။ #မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar...

ဘုတလင်ဈေးတွင် ဈေးလာဝယ်သည့် ရဲတပ်သား ကျော်ကိုကိုခန့် ပစ်သတ်ခံရသဖြင့် စစ်ကောင်စီတပ်က မြို့မဈေးကို မီးတင်ရှို့၊ စစ်တပ်က ပြည်သူများကို ဦးတည်ပစ်ခတ်သဖြင့် သံဃာ ၁ ပါးနှင့် ပြည်သူ ၅ ဦးဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ စစ်ကိုင်းတိုင်း၊ဘုတလင်မြို့ပေါ် ဘုတလင်စျေးအတွင်း ယနေ့ နံနက်ပိုင်း စျေးလာ၀ယသည့် ရဲတပ်သား ကျော်ကိုကိုခန့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည့်အတွက် စစ်ကောင်စီတပ်များက စျေးအတွင်းသို့ ရောက်ရှိလာကာ စျေးကို မီးတင်ရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၈...

ရန်ကုန်တွင် ခရီးသည်တင်ကား ၃ စီးပေါ်မှ ဖမ်းဆီးသွားသော ရခိုင်ပြည်သူများသတင်း လာရောက် စုံစမ်းသူများကို ဖမ်းဆီးမည်ဟု စစ်တပ်က ခြိမ်းခြောက်

■ သတင်းဌာနများတွင် ဖမ်းဆီးမှု သတင်းများတက်နေလျှင် အဖမ်းခံထားရသူများ အခက်ဖြစ်လိမ့်မည်ဟု စစ်တပ်က ပြော ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရခိုင်သို့သွားမည့် ခရီးသည်တင်ကား ၃ စီးပေါ်မှ ဖမ်းဆီးသွားသော ရခိုင်ပြည်သူများသတင်း လာရောက် စုံစမ်းသူများကို ဖမ်းဆီးမည်ဟု စစ်တပ်က ခြိမ်းခြောက်ကြောင်း ရွှေပြည်သာတပ်တွင် သွားရောက်စုံစမ်းခဲ့သူ မိသားစုဝင်တစ်ဦးက ပြောဆိုသည်။ ဖေဖော်ဝါရီ...

နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်း အာဏာရှင်စစ်ဘီလူးကို သံပုန်းတီးမောင်းထုတ်ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ယင်းမာပင်မြောက်ခြမ်း နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းက စစ်ကောင်စီကထုတ်ပြန်လိုက်သည့် စစ်မှုထမ်းဥပဒေကို လက်မခံဘဲ အာဏာရှင်စစ်ဘီလူးကို သံပုန်းတီးမောင်းထုတ်ဆန္ဒပြခဲ့ကြသည်။ #မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou ...

လူငယ်အားမာန် သပိတ်စစ်ကြောင်းက စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ယင်းမာပင်မြို့နယ်တွင် လူငယ့်အားမာန် သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့၌ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ #မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar ...

ဟိုပုံးမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၃ ဦး အပါအဝင် စစ်သား ၁၆ ဦး သေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်တွင် ယမန်နေ့ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၃ ဦး အပါအဝင် စစ်သား ၁၆ ဦး သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း PNLA က တရားဝင် သတင်းထုတ်ပြန်သည်။ ဖေဖော်ဝါရီလ...

ကလေးမြိုနယ် မြောက်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်က တိုက်လေယာဉ်များဖြင့် ဗုံးကျဲ၊ လက်နက်ကြီးများ ဆက်တိုက်ပစ်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ စစ်ကိုင်းတိုင်း၊ ကလေးမြိုနယ် မြောက်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်က တိုက်လေယာဉ်များဖြင့် ဗုံးကျဲကာ လက်နက်ကြီးများ ဆက်တိုက်ပစ်နေကြောင်း ကလေးမြိုမှ ပြည်သူများနှင့် တော်လှန်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၃ နာရီမှစတင်၍ ကလေးမြိုနယ်မြောက်ပိုင်းတွင်...

Latest news

- Advertisement -spot_img