27 C
Yangon

တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု လေတပ် စစ်အရာရှိ ၂ ဦးသေဆုံးပြီး ၆ ဦးအပြင်းအထန်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဩဂုတ် ၂၃

ပဲခူးတိုင်း၊ တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေတပ် စစ်အရာရှိ ၂ ဦးသေဆုံးပြီး ၆ ဦးအပြင်းအထန်ဒဏ်ရာရရှိကြောင်း Mountain Knights- Civilian Defense Force – MKCDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သင်းဌာနထံသို့ ပြောကြားသည်။

ဩဂုတ်လ ၂၀ ရက်နေ့ ည ၁၁ နာရီ ၅၆ မိနစ်အချိန် တောင်ငူမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ ၏ တောင်ငူလေတပ် စခန်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံး ကို ပစ်ခတ်တိုက် ခိုက်ခဲ့ရာ ၄ လုံး အောင်မြင်စွာ ပစ်ခတ် နိုင်ခဲ့ကြောင်း၊ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုကြောင့် လေတပ်မှ စစ်အရာရှိ ၂ ဦး သေဆုံးပြီး အခြားအဆင့် ၆ ဦး ဒဏ်ရာ အပြင်းအထန်ရရှိကြောင်း သိရှိရသည်။

“ပစ်လိုက်တဲ့ ရှော့ဒုံးလေတပ်စစ်သည် တွေနေတဲ့ ဘားတိုက်ကိုကျပြီး ပေါက်ကွဲသွားတယ်။ အရာရှိနဲ့အခြားအဆင့်စစ်သည်အမြောက်အများ သေဆုံး ဒဏ်ရာရတာတွေရှိတယ်။ အဲဒီအထဲကမှ စစ်အရာရှိ ၂ ဦးသေဆုံးပြီး အခြားအဆင့်စစ်သည် ၆ ဦး ဒဏ်ရာအပြင်းအထန်ရတယ်လို့ ကနဦးစုံစမ်းသိရှိရပါတယ်။ နောက်ထပ် သိရှိချက်အရ ထိမှန်သည့်နေရာအနက်မှ အခြားအဆောင်တွေလည်း ထိမှန်တယ်။ ထိမှန်တဲ့ အထဲမှာ ဘားတိုက်ပါဝင်၍ လေတပ်မှ တပ်သားအချို့ ထိခိုက်ဒဏ်ရာရရှိတယ်” ဟု Mountain Knights- Civilian Defense Force – MKCDF မှ တာဝန်ရှိသူက ဆက်လက်ရှင်းပြသည်။

အဆိုပါ တိုက်ခိုက်မှုကို Mountain Knights Civilian Defense Force (MKCDF) အဖွဲ့သည် Brave Warriors for Myanmar (BWM) အဖွဲ့၏ စီမံမှု ဖြင့် ၊ Mercury Revolution Force (MRF) အဖွဲ့ ၊ သံတောင်မြောက်ပိုင်းအထူးဒေသအဖွဲ့၊ စစ်ဒေသ ၃၁ ပါတီရဲဘော်များ အဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တောင်ငူလေတပ်သည် ကရင်နီ ဒေသ၊ ကရင်ပြည်နယ်နှင့်ရှမ်းပြည် တောင်ပိုင်းရှိ ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများကိုလေကြောင်း ဖြင့် တိုက်ခိုက်ရာတွင် အဓိက အသုံးပြုသည့် လေ တပ်စခန်းဖြစ်ကြောင်း သိရသည်။

ယခုအချိန် တော်လှန်ရေးတွင်ပါဝင်သည့် အဖွဲ့အားလုံးသည် စစ်ရှုံးကောင်စီကို ကျရာနေရာမှ တွန်း လှန်ပါဝင်ကြရမည့် အချိန်ဖြစ်သည့်အတွက် MKCDF အဖွဲ့အနေဖြင့် နိုင်ငံတဝန်းလုံးရှိ တော်လှန်ရေး ညီအစ်ကို မောင်နှမ များနှင့် အတူ တော်လှန်ရေးတွင် ပါဝင်အားဖြည့်သော အားဖြင့် တောင်ငူလေ တပ် စခန်း ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း MKCDF က အသိပေးထားသည်။

တောင်ငူလေတပ်စခန်းကို အောင်မြင်စွာ ဖော်ဆောင်ရန် စနစ်တကျ စီမံပေးသော BWM အဖွဲ့နှင့် အခန်းကဏ္ဍအသီးသီးမှ ကူညီကြသော မြေပြင်တော် လှန်ရေး မိတ်ဖက်အဖွဲ့အားလုံးကို MKCDF အဖွဲ့ မှ အထူးကျေးဇူးတင်ရှိပါကြောင်း၊ ထို့အပြင် မစ်ရှင်အတွက် လိုအပ်သောအသေးစိတ်သတင်း အချက် လက် တို့ကို ပေးပို့သော တောင်ငူလေတပ်မှ တာဝန်သိ စစ်ကောင်စီတပ်သားများကိုလည်း ကျေးဇူး တင်ပါကြောင်၊ မြို့ပြချီတက် MKCDF အဖြစ် ရှေ့ ဆက် မစ်ရှင်များဖော်ဆောင်နိုင်ရန် ပြည်သူများက ဝန်းရံပေးကြပါ ရန် ဆက်လက် တိုက်တွန်းထားသည်။

ဓာတ်ပုံ – မင်္ဂလာဒုံလေတပ်ကို ယမန်နှစ်အတွင်း ပစ်ခတ်ခဲ့သည့် ရှော့တိုက်ဒူံးများ။ (ပုံအဟောင်းဖြစ်ပါသည်)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မင်္ဂလာဒုံလေတပ်ကို ယမန်နှစ်အတွင်း ပစ်ခတ်ခဲ့သည့် ရှော့တိုက်ဒူံးများ။ (ပုံအဟောင်းဖြစ်ပါသည်)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article