26 C
Yangon
spot_img

CATEGORY

News

စက်သုံးဆီသုံးစွဲမှု ၁ ရက်လျှင် ဂါလန် ၁ သန်းကျော်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆ သန်း လျော့ကျသက်သာလာပြီး တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၂၀၀၀ ခန့် သက်သာမည်ဟု စစ်တပ်က ထုတ်ပြန်

ရန်ကုန်၊ ဧပြီ ၇ မြန်မာနိုင်ငံတွင် စက်သုံးဆီသုံးစွဲမှုနှုန်းသည် တစ်ရက်လျှင် ဂါလန် ၁ သန်းကျော် သိသာစွာ လျော့ကျလာခဲ့ပြီး၊ ယင်းကြောင့် တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ၆ သန်းခန့်နှင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၂၀၀၀ ခန့်အထိ နိုင်ငံခြားငွေသုံးစွဲမှု သက်သာစေမည်ဟု အကြမ်းဖက်စစ်တပ်က ထုတ်ပြန်လိုက်သည်။ စစ်တပ်က...

ရန်ကုန်သင်္ကြန် မဖြစ်မနေ စည်ကားစေရန် ပွဲတော်စရိတ်အဖြစ် စစ်တပ်နှင့်ထွေ/အုပ်က လုပ်ငန်းရှင်များထံမှ ငွေကျပ်သိန်းပေါင်းများစွာ အဓမ္မအလှူငွေကောက်ခံနေ

ရန်ကုန်၊ ဧပြီ ၆၊ ၂၀၂၆ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်နှင့် ခရိုင်အားလုံးတွင် ယခုနှစ် မဟာသင်္ကြန်ပွဲတော်ကို မဖြစ်မနေ စည် ကားအောင် ကျင်းပရန် ရန်ကုန်တိုင်းအစိုးရက ညွှန်ကြားထားပြီးနောက်၊ နယ်မြေခံ စစ်တပ်နှင့်ဒေသအာဏာပိုင်များက လုပ်ငန်းရှင်များကို ခေါ်ယူကာ သင်္ကြန်မဏ္ဍပ် အသုံးစရိတ်နှင့် စတုဒီသာအလှူအတွက် ငွေကြေးများ အဓမ္မထည့်ဝင်ခိုင်းနေကြောင်း လုပ်ငန်းရှင်များထံမှ...

မိန်းမဖြစ်သူ သင်းသင်းအောင်၏ မလျှော်ဩဇာသုံး၍ ဝန်ကြီးဌာန တင်ဒါရယူမှု၊ စစ်တပ်ပိုင်မြေကွက်များနှင့် အခြားမြေကွက်များကို ရောင်းစားမှုတို့ကြောင့် အကြမ်းဖက် ဇော်မင်းထွန်းကို ဗိုလ်ချုပ်ရာထူးနှင့် ပြန်ကြားရေးဒုဝန်ကြီးတာဝန်များမှ ထုတ်ပယ်အနားပေး

ရန်ကုန်၊ ဧပြီ ၇ စစ်အာဏာသိမ်းမှုနှင့် မင်းအောင်လှိုင်ကို ကာကွယ်ပြောဆိုလေ့ရှိသော အကြမ်းဖက် ဗိုလ်ချုပ်ဇော်မင်းထွန်းကို စစ်ဘက်နှင့်အရပ်ဘက်ရာထူးတာဝန်များမှ ထုတ်ပယ် အနားပေးလိုက်ခြင်းမှာ ဇော်မင်းထွန်း၏ မိန်းမ သင်းသင်းအောင်က မလျှော်ဩဇာသုံး၍ ဝန်ကြီးဌာန လုပ်ငန်းတင်ဒါ ရယူမှု၊ စစ်တပ်ပိုင်မြေကွက်များကို ရောင်းစားမှုတို့ကြောင့် ဖြစ်ကြောင်း စီးပွားရေးအသိုင်းအ၀ိုင်းထံမှ စုံစမ်းသိရှိရသည်။ အကြမ်းဖက် ဇော်မင်းထွန်း၏ မိန်းမ...

ရေးမြို့နယ်တွင် ကင်းလှည့်ရန် ထွက်လာသော စစ်သားများကို တိုက်ခိုက်မှု ဗိုလ် ၁ ဦး အပါအဝင် ၃ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၆ မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ကင်းလှည့်ရန် ထွက်လာသော စစ်သားများကို တိုက်ခိုက်ရာ ဗိုလ် ၁ ဦး အပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း Mon State Revolutionary Force - MSRF မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့...

ဖားကန့်၊ လုံးခင်းရွာတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ကျေးရွာအတွင်း နေရာယူထား၍ ပြည်သူများ ပိတ်မိနေ

ရန်ကုန်၊ ဧပြီ ၆ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းရွာတွင် တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်း နေရာယူထား၍ ပြည်သူများ ပိတ်မိနေကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဧပြီလ ၆ ရက်နေ့ ညနေပိုင်းမှ စတင်၍ ဖားကန့်မြို့နယ်၊ လုံးခင်းရွာတွင် KIA...

ရွှေဘိုနှင့် ပေါက်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများ နေထိုင်ရာ နေရာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု သံဃာတော် ၁ ပါးပျံလွန်တော်မူ

ရန်ကုန်၊ ဧပြီ ၆ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူများနေထိုင်သော ဆင်အင်းကျေးရွာဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းဆောင်များ ပျက်စီးခဲ့ကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များ အဖွဲ့မှ တာဝန်ခံ ကိုကြီးဖြိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ယနေ့ ဧပြီလ ၆...

နတ်မောက်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၆ ဦး သေဆုံး

ရန်ကုန်၊ ဧပြီ ၆ မကွေးတိုင်း၊ နတ်မောက်မြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးရန် ထွက်လာသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း နတ်မောက်ဂဠုန် PDF အဖွဲ့မှ ဗိုလ်အောင်ဒင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ယနေ့ ဧပြီလ ၆ ရက်နေ့တွင် နံနက် ၇ နာရီခန့်တွင်...

မြန်မာစစ်အုပ်စု လက်အောက်ခံ ဗဟိုဘဏ်နှင့်ဘဏ်များကို စီးပွားရေးဒဏ်ခတ် ပိတ်ဆို့အရေးယူရန် ဩစတြေးလျအထက်လွှတ်တော်က ဩစတြေးလျအစိုးရသို့ တောင်းဆို အကြံပြု

ရန်ကုန်၊ ဧပြီ ၆ မြန်မာစစ်အုပ်စု၏ ရွေးကောက်ပွဲကို အသိအမှတ်မပြုဘဲ ငြင်းပယ်ရုံသာမက စစ်တပ် လက်အောက်ခံ ဗဟိုဘဏ်နှင့်ဘဏ်များကို စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့အရေးယူရန် ဩစတြေးလျအထက်လွှတ်တော်က ဩစတြေးလျအစိုးရသို့ တောင်းဆို အကြံပြုလိုက်သည်။ မြန်မာနိုင်ငံတွင် စစ်တပ်၏ ရွေးကောက်ပွဲများကို အသိအမှတ်မပြုဘဲ ငြင်းပယ်ရန်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် အပါအဝင် စစ်ကောင်စီထိန်းချုပ်ထားသော ဘဏ်များကို ဒဏ်ခတ်ပိတ်ဆို့မှုများ...

တောင်သာရှိ ကျေးရွာများကို စစ်တပ်က စက်တပ်လေထီး၊ ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး အပါအဝင် ၅ ဦးသေဆုံးပြီး မြေပြင် စစ်ကြောင်းကလည်း ပြည်သူများကို လိုက်လံ ဖမ်းဆီးနေ

ရန်ကုန်၊ ဧပြီ ၆ မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီး၊ ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး အပါအဝင် ၅ ဦးသေဆုံးပြီး မြေပြင် စစ်ကြောင်းကလည်း ပြည်သူများကို လိုက်လံ ဖမ်းဆီးနေကြောင်း ဒေသပြည်သူများက...

လောင်းလုံးတွင် စစ်တပ်လှည့်ကင်းကို ဘုန်းကြီးမောင်းနှင်လာသော ကားက ဝင်တိုက်မိသဖြင့် စစ်သား ၂ ဦး ဒဏ်ရာပြင်းထန်ရရှိ၊ စစ်တပ်က ဘုန်းကြီးကို သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီး

ရန်ကုန်၊ ဧပြီ ၆ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်တွင် ကင်းလှည့်နေသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဘုန်းကြီးတစ်ပါး မောင်းနှင်လာသော ကားက ဝင်တိုက်မိရာ စစ်သား ၂ ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီးနောက် စစ်တပ်ဘက်က အဆိုပါဘုန်းကြီးကို သေနတ်ဖြင့်ပစ်ခတ်ရိုက်နှက်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ ဧပြီလ ၄ ရက်နေ့တွင် လောင်းလုံးမြို့နယ်၊...

Latest news

- Advertisement -spot_img