25.2 C
Yangon
spot_img

CATEGORY

News

ရန်ကုန် လှည်းတန်းဘူတာနှင့် ဗဟိုလမ်းတစ်ဝိုက်တွင် ရတနာအောင် လူနာတင် ပရဟိတယာဉ်များဖြင့် ရဲနှင့် ပျူစောထီးများက စစ်မှုထမ်း ရရှိရေး လူငယ်များကို ဖမ်းဆီး ပေါ်တာဆွဲ

ရန်ကုန်၊ ဇူလိုင် ၁၁ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ လှည်းတန်းဘူတာနှင့် ဗဟိုလမ်းတစ်ဝိုက်တွင် ရတနာအောင် လူနာတင်ပရဟိတ ယာဉ်များကို အသုံးပြု၍ ရဲနှင့် ပျူစောထီးများက လူငယ်များကို ဖမ်းဆီး ပေါ်တာဆွဲကာ စစ်မှု ထမ်းအဖြစ် စုဆောင်းနေကြောင်း ဒေသပြည်သူများနှင့်ဖမ်းဆီးခံထားရသော လူငယ်တချို့၏ မိဘများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇူလိုင်လ ၅...

လောင်းလုံးတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွား၊ အထိနာသော စစ်တပ်က လေးသွန်းခံရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇူလိုင် ၁၁ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး အထိနာသော စစ်တပ်က လေးသွန်းခံရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇူလိုင်လ ၁၀ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ပြီး လောင်းလုံးမြို့နယ်၊ ညင်းမော်ရွာ ကြယ်တောင်အနီးတွင်...

မြ၀တီမြို့နယ်တွင် မြန်မာစစ်တပ်က KNLA စခန်းများကို တိုက်လေယာဉ်များဖြင့် ၃ ရက် ဆက်တိုက် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်၊ လက်နက်ကြီးကျည်များ ထိုင်းနိုင်ငံဘက်သို့ ဆက်လက်ကျရောက်

ရန်ကုန်၊ဇူလိုင် ၁၁ ထိုင်း-မြန်မာနယ်စပ်အနီး မြန်မာစစ်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး မြန်မာစစ်တပ်က YAK-130 တိုက်လေယာဉ်များနှင့် Y-12 လေယာဉ်များ အသုံးပြုကာ KNLA ၏ စခန်းများကို ၃ ရက်ဆက်တိုက် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ထိုင်းမီဒီယာများက ဖော်ပြသည်။ အဆိုပါ...

အိုးဘိုထောင်တွင် နိုင်/ကျဉ်းများ၏ ပါဆယ်ပစ္စည်းများကို ထောင်အာဏာပိုင်များက အတင်းအဓမ္မလုယူဖျက်ဆီးပြီး ကန့်ကွက်သူ ၁၅ ဦးကို ရိုက်နှက်ကာ ၃ ဦးကို တိုက်ပိတ်ထား

ရန်ကုန်၊ ဇူလိုင် ၁၁ မန္တလေးမြို့ရှိ အိုးဘိုထောင်တွင် နိုင်/ကျဉ်းများ၏ ပါဆယ်ပစ္စည်းများကို ထောင်အာဏာပိုင်များက အတင်းအဓမ္မလုယူဖျက်ဆီးပြီး ကန့်ကွက်သူ ၁၅ ဦးကို ရိုက်နှက်ကာ ၃ ဦးကို တိုက်ပိတ်ထားကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားစုများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) - AFCC မှ အတွင်းရေးမှူးတစ်ဦးက ရန်ကုန်ခေတ်သစ်...

မြန်မာပြည်သူများက WHO သတ်မှတ်ထားသည်ထက် ဆီပိုမိုစားသုံးနေခြင်းနှင့် နိုင်ငံခြားငွေရရှိမှု အခြေအနေများကြောင့် စားအုန်းဆီတင်သွင်းမှု လျှော့ချနေရဟု မင်းအောင်လှိုင်ပြောခွင့်ရ အကြမ်းဖက် ခိုင်ခိုင်စိုး ဝန်ခံ

ရန်ကုန်၊ ဇူလိုင် ၁၁ မြန်မာနိုင်ငံမှ ပြည်သူများက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အကြံပြုထားသည့် ပမာဏထက် စားသုံးဆီ ပိုမိုစားသုံးနေခြင်းနှင့် နိုင်ငံခြားငွေရရှိမှုအပေါ် မူတည်၍ ချင့်ချိန်ဆောင်ရွက်နေရခြင်းတို့ကြောင့် စားအုန်းဆီတင်သွင်းမှုကို လျှော့ချရမှုများ ဖြစ်ပေါ်နေကြောင်း အကြမ်းဖက် မင်းအောင်လှိုင်၏ ပြောခွင့်ရ ခိုင်ခိုင်စိုးက ယနေ့ ဝန်ခံပြောကြားသည်။ မြန်မာနိုင်ငံတွင် စားသုံးဆီလိုအပ်ချက်ကို...

မောတောင်မြို့တွင် တိုက်ပွဲပြန်လည်ဖော်ဆောင်ရန် အသင့်ရှိနေပြီဖြစ်၍ ပြည်သူများလိုက်နာရမည့် လုံခြုံရေးသတိပေးချက်များ ထုတ်ပြန်၊ မြို့ခုခံကာကွယ်ရေး ၁ နှစ်ကျော်အတွင်း စစ်ကောင်စီတပ်သား ၅၀၀ ကျော်ကို ချေမှုန်းသုတ်သင်ရှင်းလင်းနိုင်ခဲ့

ရန်ကုန်၊ ဇူလိုင် ၁၁ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ မောတောင်မြို့တွင် တိုက်ပွဲများ ပြန်လည်ဖော်ဆောင်ရန် တော် လှန်ရေးတပ်ဖွဲ့များအနေဖြင့် အသင့်အနေအထားရှိနေပြီဖြစ်ပြီး ပြည်သူများ လိုက်နာရမည့် လုံခြုံရေးသတိပေးချက်များကို BLACK COBRA COLUMN က သတိပေးထုတ်ပြန်လိုက်သည်။ တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော မောတောင်မြို့ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှစတင်၍ စစ်ကောင်စီက...

အကြမ်းဖက် မင်းအောင်လှိုင်ကို ကုန်းဘောင်အနွယ်ဝင် ဘုရင်မျိုးရိုးဟု မြှောက်ပင့်ခဲ့သော ဒေါက်တာဖေဉာဏ် အသတ်ခံရမှု တရားခံမဖမ်းနိုင်၍ CID မှုခင်းရဲ၊ ထွေ/အုပ်နှင့်စစ်တပ်တို့ပါဝင်သော ဌာနပေါင်းစုံ စုံစမ်းရေးအဖွဲ့ ဖွဲ့စည်း

ရန်ကုန်၊ ဇူလိုင် ၁၁ အကြမ်းဖက် မင်းအောင်လှိုင်ကို ကုန်းဘောင်အနွယ်ဝင် ဘုရင်မျိုးရိုးဟု မြှောက်ပင့်ခဲ့သော ဒေါက်တာဖေဉာဏ် အသတ်ခံရမှုအတွက် သီတင်းတစ်ပတ်​ကျော်ကြာမြင့်လာသည်အထိ တရားခံမဖမ်းနိုင်၍ CID မှုခင်းရဲ၊ ထွေ/အုပ်နှင့်စစ်တပ်တို့ပါဝင်သော ဌာနပေါင်းစုံ စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်နေရကြောင်း ရဲသတင်းရင်းမြစ်များထံမှ သိရှိရသည်။ အာဏာရှင်ဟောင်း သန်းရွှေနှင့် သမ္မတဟောင်း ဦးသိန်းစိန်တို့ အပါအဝင် စစ်တပ်နှင့်ကြံ့ဖွတ်ပါတီ၏...

မလှိုင်တွင် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးပြီး လက် နက် ၆ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇူလိုင် ၁၀ မန္တလေးတိုင်း၊ မလှိုင်မြို့နယ်တွင် စစ်ကြောင်းကို တိုက်ခိုက်မှု အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံးပြီး လက်နက် ၆ လက် သိမ်းဆည်းရရှိခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်းမှ ကိုဝမ်းတူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဇွန်လ ၁၂ ရက်နေ့တွင်...

မလေးရှား၊ ဂျိုဟိုးပြည်နယ်တွင် ဈေးနှင့်ဆိုင်ခန်းများကို အာဏာပိုင်များ ဝင်ရောက်ဖမ်းဆီးမှု မြန်မာ ၆၄ ဦးအပါအဝင် တရားမဝင်နိုင်ငံခြားသား ၁၈၆ ဦး ဖမ်းဆီးခံရ

ရန်ကုန်၊ ဇူလိုင် ၁၀ မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်အတွင်းရှိ ဈေးများနှင့် ဆိုင်ခန်းများကို အာဏာပိုင်များက အော်ပရာစီ စီမံချက်ဖြင့် ဝင်ရောက်စီးနင်း ရှောင်တခင်စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသား ၆၄ ဦး အပါအဝင် တရားမဝင် နိုင်ငံခြားသားအလုပ်သမား စုစုပေါင်း ၁၈၆ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ဂျိုဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ...

ရေတာရှည်မြို့နယ်၊ စည်ပိုင်းရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၁ ဦး ဦးခေါင်းပြတ်ထွက် သေဆုံး

ရန်ကုန်၊ ဇူလိုင် ၁၀ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ခြမ်းရှိ စည်ပိုင်းကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး သေဆုံးပြီး နေအိမ်ပျက်စီးခဲ့ကြောင်း ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ဖြန့်ဝေရေးတာဝန်ခံက ပြောကြားသည်။ ယနေ့ ဇူလိုင်လ ၁၀ ရက် မွန်းလွဲ...

Latest news

- Advertisement -spot_img