26.3 C
Yangon
spot_img

CATEGORY

News

အသစ်ထူထောင်မည့် ဗဟိုဘဏ်နှင့် ဒီဂျစ်တယ် ငွေကြေးစနစ်အတွက် အမေရိကန်အစိုးရ ထိန်းသိမ်းထားသော ဒေါ်လာ ၁ ဘီလီယံကို အသုံးပြုခွင့် NUG တောင်းခံ

ရန်ကုန်၊ စက်တင်ဘာ ၆ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထူထောင်မည့် ဗဟိုဘဏ်သစ်နှင့် အသုံး ပြုမည့် ဒီဂျစ်တယ်ငွေကြေးစနစ်အတွက် အမေရိကန်အစိုးရက ထိန်း သိမ်းထားသည့် ဒေါ်လာ ၁ ဘီလီယံကို အသုံးပြုခွင့်ပေးရန် NUG ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောဆိုကြောင်း...

စစ်ကိုင်း၊ မကွေး၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် စစ်တပ်က စစ်ကြောင်းထိုးပြီး ဖမ်းဆီးနှိပ်စက်သတ်ဖြတ်နေမှုကြောင့် ပြည်သူ သောင်းချီ ထွက်ပြေးနေရ

ရန်ကုန်၊ စက်တင်ဘာ ၆ စစ်ကိုင်းတိုင်း ကျွန်းလှ၊ ကနီ မြို့နယ်၊ မကွေးတိုင်း မြိုင်မြို့နယ်၊ မွန်ပြည်နယ်နှင့် ကရင် ပြည်နယ်တို့တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လက် နက် ကြီး များဖြင့် ပစ်ခတ်ပြီး ပြည်သူများကို နှိပ်စက် သတ်ဖြတ်သောကြောင့် သောင်း နှင့်ချီသော...

တစ်ဒေါ်လာ ၄၅၀၀ ကျပ် စျေးပေါက်မှု လေပတ်ကားကြောင့်ဟု ဒုဝန်ကြီး ညွန့်အောင် အပြစ်ဖို့ ၊ ဒေါ်လာစျေး မတက်ရေး ကာကွယ်ကြရန် စီးပွားရေးသမားတိုင်း တာဝန်ရှိဟု ဗိုလ်မှူးချုပ် ရန်နိုင်စိုး ဖိအားပေး

ရန်ကုန်၊ စက်တင်ဘာ ၆ မြန်မာ့စီးပွားရေးစျေးကွက်တွင် အမရိကန်တစ်ဒေါ်လာလျှင် ၄၅၀၀ ကျပ် ရောက်ရှိမှုသည် လေပတ်ကား ရောင်းဝယ်သူများကြောင့်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီ ညွန့်အောင်က စီးပွားရေးသမားကို ခေါ် ယူ တွေ့ဆုံ ဖိအားပေးသည့်ပွဲတွင် ထုတ်ဖော်ပြောဆိုသည်။ ဩဂုတ်လ ၃၁ ရက်နေ့ တစ်ဒေါ်လာ ၄၅၀၀ ကျပ်နှင့် ရွှေစျေး...

မေမြို့ မြို့ပေါ်တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး စာတန်းချိတ်ဆွဲ

ရန်ကုန်၊ စက်တင်ဘာ ၆ မေမြို့ ပင်မ အထွေထွေ သပိတ် အင်အားစုမှ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၆ ရက်နေ့တွင် "Accept NUG and Our Ambassador, Reject Dictator" စာတန်း ချိတ်ဆွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု...

သထုံ၊ ကြာဘန်း စစ်ဆေးရေးဂိတ်ကင်းတဲကို ၄၀ မမ ဖြင့် ပစ်ခတ်မှု ဗိုလ်ကြီး ၁ ဦး နှင့် တပ်ကြပ် ၁ ဦး သေဆုံး ၊ ဖရူဆိုတွင်လည်း စစ်ကြောင်း တိုက်ခိုက်ခံရမှု စစ်ကားမြောင်းထဲကျပြီး သေဆုံးမှုများပြား

ရန်ကုန်၊ စက်တင်ဘာ ၅ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သထုံ-ဘားအံကားလမ်း၊ ကြာဘန်းကျေးရွာစစ်ဆေးရေးဂိတ်အနီး စစ်ကောင်စီကင်းတဲကို သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စက်တင်ဘာလ ၅ ရက် ညနေ ၇ နာရီ ၅ မိနစ်တွင် ၄၀ မမ ဖြင့် သွားရောက်ပစ်ခတ်ရာ ဗိုလ်ကြီး ၁ ဦး၊ တပ်ကြပ်...

KNU ကော်သူးလေနယ်မြေ တပ်မဟာ ၅ တွင် ဩဂုတ်လအတွင်း တိုက်ပွဲ ၁၁၀ ကျော် ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၈၀ ကျော်သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၆ ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေ၊ တပ်မဟာ ၅ မူတြော် (ဖာပွန်) ခရိုင်တွင် အကြမ်းဖက်စစ်တပ်၊ BGF ပူးပေါင်းတပ်ဖွဲ့ နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ကြား ဩဂုတ်လတစ်လအတွင်း တိုက်ပွဲပေါင်း ၁၁၈ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၈၄ ဦးသေဆုံးကာ ၄၇ ဦး...

ဗိုလ်ချုပ်ထိန်ဝင်း၊ ဗိုလ်မှူးကြီး မျိုးဆွေနှင့် ဒုဗိုလ်မှူးကြီး သန်းထွဋ်အောင် တို့က ခြေပြတ်လက်ပြတ်၊ မသန်စွမ်း၊ ဒုက္ခိတ စစ်သည် ပါမကျန် အလုပ် ခိုင်းစေပြီး မတရား စီးပွားရှာ၊ ရွှေနှင့်ဒေါ်လာ လက် ကြီး ဝယ်ရောင်းလုပ်

ရန်ကုန်၊ စက်တင်ဘာ ၆ ပဲခူးတိုင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်း၊ ပျဉ်ပုံကြီးတပ်နယ်မှူး ဗိုလ်မှူးကြီးမျိုးဆွေ အမှတ် ၁ အင်အားဖြည့်တင်းရေး၊ ပြန်လည်နေရာချထားရေးတပ်မှ တပ်မှူး ဒုတိယဗိုလ်မှူး ကြီး သန်းထွဋ်အောင်တို့ ပူးပေါင်းပြီး ခြေပြတ်လက်ပြတ် မသန်စွမ်း ဒုက္ခတိ စစ်သည်များကို အဆမ တန် အလုပ်ခိုင်းစေကာ...

အကြမ်းဖက်စစ်ကောင်စီက မြောက်ဦးစျေးကို မီးရှို့ ဖျက်ဆီးရန် ကြံစည်နေပြီး တိုက်ပွဲအတုများ ဖန်တီးလာနိုင်ဟု AA က ပြည်သူများကို သတိပေး

ရန်ကုန်၊ စက်တင်ဘာ ၅ အကြမ်းဖက်စစ်ကောင်စီက ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ မြောက်ဦးစျေးကို မီးရှို့ ဖျက်ဆီးရန် ကြံစည်နေပြီး တိုက်ပွဲအတုများ ဖန်တီးလာနိုင်သဖြင့် ပြည်သူများ သတိထားကြရန် AA က ယနေ့ည သတိပေးချက် ထုတ်ပြန်လိုက်သည်။

မြောင်၊ မြစ်သာရွာ အနီး စစ်တပ် စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦးသေဆုံး၊ စစ်တပ်က ပြည်သူ ၁ ဦးကို သတ်ဖြတ်

ရန်ကုန်၊ စက်တင်ဘာ ၅ စစ်ကိုင်းတိုင်း မြောင်မြို့နယ် မြစ်သာရွာ အနီး ရောက်ရှိလာသည့် အကြမ်းဖက် စစ်တပ်ကို စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း TTA-ပြောက်ကျားတပ်ဖွဲ့ထံမှ...

သထုံမြို့နယ်၊ ကြာဘန်းစစ်ဆေးရေးဂိတ်အနီးရှိ စစ်ကောင်စီ ကင်းတဲ ၄၀ မမ ဖြင့် ပစ်ခတ်ခံရပြီး ထိခိုက်မှုရှိ

ရန်ကုန်၊ စက်တင်ဘာ ၅ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သထုံ-ဘားအံကားလမ်း၊ ကြာဘန်းကျေးရွာစစ်ဆေးရေးဂိတ်အနီး စစ်ကောင်စီကင်းတဲကို သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စက်တင်ဘာလ ၅ ရက် ယနေ့ ညနေ ၇ နာရီ ၅ မိနစ်တွင် ၄၀ မမ ဖြင့် သွားရောက်ပစ်ခတ်ရာ ကင်းတဲကို ထိမှန်သွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ...

Latest news

- Advertisement -spot_img