34 C
Yangon
spot_img

CATEGORY

News

ပေါက်မြို့နယ်ရှိ ပျူစောထီးကျေးရွာများကို ရိက္ခာလာပို့သော စစ်ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရ၊ စစ်တပ်ကလည်း ဒရုန်း၊ လက်နက်ကြီးများဖြင့် ကျေးရွာများကို ဆက်တိုက် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၁၁ မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ပျူစောထီးကျေးရွာများကို ရိက္ခာလာပို့သော အကြမ်းဖက် စစ်ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်တပ်ကလည်း ဒရုန်း၊ လက်နက်ကြီးများဖြင့် ကျေးရွာများကို ဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေကြောင်း ဆိပ်ဖြူပြောက်ကျား တကိုယ်တော် ကျားဇိုး LDF ပြည်သူ့ကာကွယ်ရေးတပ်မှ ကိုကျားဇိုးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့...

ဖာကန့်ရှိ စစ်တပ် ဗျူဟာကုန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိ၊ စစ်တပ်ကလည်း လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်နေ

ရန်ကုန်၊ ဧပြီ ၁၁ ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ အကြမ်းဖက် စစ်တပ် ဗျူဟာကုန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဧပြီလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ဖားကန့်မြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဗျူဟာကုန်းကို...

ရှေ့နေ ဦးကိုနီ သတ်ဖြတ်ခံရမှုတွင် အဓိက ကြိုးကိုင်သူ တရားခံအဖြစ် သံသယရှိခံရသူ ၊ မင်းအောင်လှိုင် ကိုယ်ရေးအရာရှိဟောင်း လင်းဇော်ထွန်း လူဝင်မှုကြီးကြပ်ရေး ဒုဝန်ကြီးဖြစ်လာ

ရန်ကုန်၊ ဧပြီ ၁၁ ရန်ကုန်မြို့တွင် NLD ပါတီ၏ ဥပေဒအကြံပေး ရှေ့နေဦးကိုနီ သတ်ဖြတ်ခံရမှုတွင် အဓိကကြိုးကိုင်သူ တရားခံအဖြစ် သံသယရှိခံရသူလည်းဖြစ်၊ မင်းအောင်လှိုင်၏ ကိုယ်ရေးအရာရှိဟောင်း လင်းဇော်ထွန်းကို မင်းအောင်လှိုင်က လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဖြစ်လာသည်။ လင်းဇော်ထွန်းသည် မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်လောင်းအဖြစ် ကြံ့ဖွတ်ပါတီကိုယ်စားပြု၍ ၂၀၂၅...

မြန်မာနိုင်ငံသို့ နျူကလီးယားစွမ်းအင် အပါအဝင် မည်သည့်ပူးပေါင်း ပံ့ပိုး ဆောင်ရွက်မှုမဆို စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းမှ ပေးအပ်သင့်ဟု နိုင်ငံတကာသို့ ပန်ကြား

ရန်ကုန်၊ ဧပြီ ၁၁ မြန်မာနိုင်ငံသို့ နျူကလီးယားစွမ်းအင် အပါအဝင် မည်သည့်ပူးပေါင်း ပံ့ပိုး ဆောင်ရွက်မှုမဆို စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းမှ ပေးအပ်ရန် သံအမတ်ကြီးဦးကျော်မိုးထွန်းက နိုင်ငံတကာသို့ ပန်ကြားလိုက်သည်။ ဧပြီလ ၉ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊နယူးယောက်မြို့ရှိ ကုလသ မဂ္ဂ ဌာနချုပ်တွင် ကျင်းပလျက်ရှိသော ၂၀၂၆ ခုနှစ် ကုလသမဂ္ဂ...

အရာတော်နှင့် ကနီတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေ ကြောင်းနှင့် ဒရုန်းများဖြင့် အဆက်မပြတ်တိုက်ခိုက်၊ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၁၁ စစ်ကိုင်းတိုင်းအတွင်းရှိ အရာတော်မြို့နယ်နှင့် ကနီမြို့နယ်တို့တွင် အကြမ်း ဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေ ကြောင်း တိုက်ခိုက်မှုများနှင့် ဒရုန်းဗုံးသီးချတိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်နေသဖြင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိနေကြောင်း သိရသည်။ ယနေ့ ဧပြီလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီမှ ၁၁...

ငဖဲ-စေတုတ္တရာ လမ်းပိုင်းရှိ စစ်တပ်၏ ကင်ပွန်းခြုံဂိတ်စခန်းကို တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံးပြီး သေနတ် ၃ လက် သိမ်း ဆည်းရရှိ

ရန်ကုန်၊ ဧပြီ ၁၁ မကွေးတိုင်း၊ စေတုတ္တရာလမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်၏ ကင်ပွန်းခြုံဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၈ ဦးသေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း CDF - Asho မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလ...

ပုလဲမြို့နယ်၊ ချောင်းကန်ရွာတွင် စစ်တပ်စစ်ကြောင်းက သတ်ဖြတ်ခဲ့သော ပြည်သူ ၃ ဦး၏ ရုပ်အလောင်းများ တွေ့ရှိရပြီး သေဆုံးသူများမှာ လည်လှီးသတ်ဖြတ်ခံထားရ

ရန်ကုန်၊ ဧပြီ ၁၁ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ချောင်းကန်ကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းက လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားသည့် ပြည်သူ ၃ ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပြီးနောက် မြှုပ်နှံထားခဲ့သည့် ရုပ်အလောင်းများကို ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။ ပြီးခဲ့သည့် မတ်လအတွင်း ပုလဲမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သည် ကျေးရွာများကို စီးနင်းစဉ်...

အောင်လံမြို့နယ်၊ ကျီရပ်ကုန်းရွာမှ ပေါ်တာဆွဲဖမ်းဆီးရသည့် ကိုကျော်လင်း စစ်တပ်၏ ရိုက်နှက်နှိပ်စက်ခံရမှုကြောင့် သေဆုံးသွားပြီး အလောင်းကို ငွေဖြင့်ပြန်ရွေးရ

ရန်ကုန်၊ ဧပြီ ၁၁ မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ကျီရပ်ကုန်းရွာမှ ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရသည့် ကိုကျော်လင်းမှာ စစ်တပ်၏ ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ခံရမှုကြောင့် သေဆုံးသွားကြောင်း ကိုကျော်လင်း၏ ဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ကျီရပ်ကုန်းကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က စစ်တပ်နှင့်အတူ...

ပခုက္ကူ-ရေစကြိုလမ်းပိုင်းတွင် အငြိမ်းစားအရာခံဗိုလ်ကျော်လွင် ပိုင် စစ်တပ်ထုတ်ကုန် အရက်နှင့် ဘီယာ ၂၇၂ ဖာကို ဖမ်းဆီးရရှိ

ရန်ကုန်၊ ဧပြီလ ၁၁ မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ပခုက္ကူ-ရေစကြို လမ်းပိုင်းပေါ်တွင် စစ်ကောင်စီနှင့် နီးစပ်သည့် အငြိမ်းစားအရာခံဗိုလ်တစ်ဦး၏ စစ်တပ်ထုတ်ကုန် အရက်နှင့် ဘီယာအများအပြားကို Southern YSO PDF အဖွဲ့က ဖမ်းဆီးသိမ်းဆည်းရမိခဲ့ကြောင်း အဆိုပါအဖွဲ့မှ တာဝန်ခံကိုအောင်မောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလ ၇ ရက်နေ့က ရေစကြိုမြို့နယ်အတွင်းရှိ...

ဖားကန့်၊ မရှီကထောင်ဘက်တွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေ

ရန်ကုန်၊ ဧပြီ ၁၁ ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မရှီကထောင်ဘက်တွင် တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဧပြီလ ၁၁ ရက်နေ့ နံနက်ပိုင်းက စတင်ပြီး ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက် ဆုတောင်းကုန်းဘက်တွင် KIA...

Latest news

- Advertisement -spot_img