32 C
Yangon
spot_img

CATEGORY

News

KNU တပ်မဟာ ၆ နယ်မြေတွင် ၁၅ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်သားနှင့် BGF တပ်ဖွဲ့ဝင် ၈၇ ဦးသေဆုံး၊ KNLA ဘက်မှ ၁၂ ဦး ကျဆုံး

ရန်ကုန်၊ ဧပြီ ၁၉ ကရင် အမျိုးသား အစည်းအရုံး (KNU) ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအတွင်း အကြမ်းဖက် စစ်တပ်၊ BGF ပူးပေါင်းတပ်ဖွဲ့နှင့် KNLA၊ KNDO၊ ပူးပေါင်းတပ်ဖွဲ့တို့ ဧပြီလ လဆန်းပိုင်းမှ စ၍ ၁၅ ရက်တာ အတွင်းဖြစ်ပျက်ခဲ့သော တိုက်ပွဲများတွင်...

စစ်ကောင်စီက စက်သုံးဆီ တင်သွင်းသူများအတွက် ဒေါ်လာ လိုသလောက် ရောင်းပေး၊ မရောင်းပေး မသိရသေး၍ စက်သုံးဆီ တင်သွင်းမှု ရပ်ဆိုင်းနေ၊ ဆီဆိုင်များက ခွဲတမ်းဖြင့် ဓာတ်ဆီနှင့်ဒီဇယ်ဆီများရောင်းချ

ရန်ကုန်၊ ဧပြီ ၁၉ စစ်ကောင်စီက တိုင်းပြည်အတွင်း အမေရိကန်ဒေါ်လာ အဝင်၊ အထွက်ကို ထိန်းချုပ်ထားမှုကြောင့် စက်သုံးဆီ တင်သွင်းသူများ စိုးရိမ်နေပြီး သွင်းကုန် တင်သွင်းသူများအတွက် အမေရိကန်ဒေါ်လာ လိုသလောက် မရောင်းပေးလျှင် စက်သုံးဆီတင်သွင်းမှု ထိခိုက်နိုင်ကြောင်း စက်သုံးဆီတင်သွင်းရောင်းချသူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ ဧပြီလ ၅ ရက်နေ့မှစတင်ပြီး...

ကရင်ပြည်နယ်တွင် စစ်တက္ကသိုလ်အပတ်စဉ် ၄၉ ဆင်း ဗိုလ်မှူး စိုင်းစိုးသီဟ မိုင်းထိ သေဆုံး

ရန်ကုန်၊ ဧပြီ ၁၉ ကရင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် KNLA၊ PDF စုပေါင်းတပ်များနှင့်ဖြစ်ပွားသော တိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ စစ်တက္ကသိုလ်အပတ်စဉ် ၄၉ ဆင်း ဗိုလ်မှူးစိုင်းစိုးသီဟ မိုင်းထိ၍ သေဆုံးကြောင်း မိတ်ဆွေတချို့နှင့်တပ်သတင်းရင်းမြစ်ထံမှ သိရှိရသည်။ ဧပြီလ ၁၇ ရက်နေ့ ကရင်ပြည်နယ်၊ တပ်မဟာ ၅ ဘက်ရှိ...

ပုလဲတွင် စစ်ကောင်စီစစ်ကြောင်းကို MRDA က ၂ ကြိမ် ခြုံခိုတိုက်ခိုက်၍ စစ်သား ၃၃ ဦး သေဆုံး

ရန်ကုန်၊ ဧပြီ ၁၉ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို မြန်မာ့တော်ဝင်နဂါးတပ်တော် MRDA က ယမန်နေ့ ဧပြီလ ၁၈ ရက်နေ့တွင် ၂ ကြိမ် ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၃၃ ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။ယမန်နေ့ နံနက် ၉ နာရီခန့်တွင် ပုလဲမြို့အနောက်မြောက်ဘက်...

မြိုင်တောင်ပိုင်း သပိတ်စစ်ကြောင်း အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဧပြီ ၁၈ မြိုင်မြို့နယ် တောင်ပိုင်း သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၈ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

သန်လျင်နှင့် လှိုင်သာယာတွင် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ၄ ဦး ပစ်ခတ်ခံရကာ ၂ ဦးသေဆုံး၊ လမ်းမတော်တွင် စစ်တပ် ပစ်ခတ်သော ကျည်ဆံ YBS ပေါ်ရှိ အမျိုးသမီး ၁ဦး ထိမှန်

ရန်ကုန်၊ ဧပြီ ၁၈ ရန်ကုန်တိုင်း သန်လျင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ဇော်မင်းထွန်းနှင့် လှသန်းဦးတို့ ယနေ့ ဧပြီလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။သန်လျင်မြို့နယ် အမှု့ထမ်း ရပ်ကွက် ဓမ္မရောင်ခြည်လမ်းတွင် နေထိုင်သော...

ကျွန်းလှမြို့နယ် ကုန်းစည်းရွာနှင့် ဝေလမူရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု ပြည်သူပိုင် နေအိမ် ၃၂ လုံး ပြာကျ၊ PDF ရဲဘော် ၂ ဦးလည်း ဖမ်းဆီးခံရ

ရန်ကုန်၊ ဧပြီ ၁၈ စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်အတွင်းရှိ ကုန်းစည်းရွာနှင့် ဝေလမူရွာ ကို အကြမ်းဖက် စစ်တပ်က ဧပြီလ ၁၅ ရက်နှင့် ၁၆ ရက်နေ့တို့တွင် ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင်နေအိမ် ၃၂လုံး မီးလောင် ပြာကျခဲ့ကြောင်း သိရသည်။ အဆိုပါ ကျေးရွာ...

ကောလင်းမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေး၊ လုံခြုံရေးတပ်ဖွဲ့များ ရှောင်တခင်စစ်ဆေးနေစဉ် သိန်း ၉၀၀ ကျော် တန်ကြေးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

ရန်ကုန်၊ ဧပြီ ၁၈ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကုက္ကိုလ်ကုန်းကျေးရွာအနီး ရွှေဘို-မြစ်ကြီးနားကားလမ်းတွင် ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး (ပကဖ) နှင့် ပြည်သူ့လုံခြုံရေး (ပလဖ) အဖွဲ့များက ဧပြီလ ၁၂ ရက်နေ့၌ ရှောင်တခင် စစ်ဆေးနေစဉ် သိန်း ၉၀၀ ကျော် တန်ကြေးရှိ ဘိန်းဖြူများ တင်ဆောင်လာသော...

အမှတ် ၁၇ တပ်ရင်းမှ တပ်သား အောင်ကျော်ဦးကို စိတ်ကြွမူးယစ်ဆေး WYဆေးပြားများနှင့်အတူ PDF က ဖမ်းဆီးရမိ၊ စစ်တပ်အရာရှိများကိုယ်တိုင် စိတ်ကြွမူးယစ်ဆေးများ သုံးစွဲရောင်းဝယ်ဖြန့်ဖြူး

ရန်ကုန်၊ ဧပြီ ၁၈ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် တကူကျေးရွာတွင် အမှတ် ၁၇ တပ်ရင်းမှ တပ်သား အောင်ကျော်ဦးကို စိတ်ကြွမူးယစ်ဆေး WYဆေးပြားများနှင့်အတူ PDF က ဖမ်းဆီးရမိကြောင်း Tanintharyi Defense Forceက သတင်းထုတ်ပြန်သည်။ ဧပြီလ...

ကန့်ဘလူတွင် စစ်တပ်ကို အခွန်ဆောင်ကာ သစ်မှောင်ခို လုပ်နေသည့် သစ်စက်နှင့် သစ်လုံး ၁၂၀ ကျော်ကို PDF တပ်ဖွဲ့က ဖမ်းဆီး

ရန်ကုန်၊ ဧပြီ ၁၈ စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်တွင် အကြမ်းဖက် စစ်တပ်အား အခွန်ဆောင်ပြီး သစ်မှောင်လို လုပ်နေသည့် သစ်စက်နှင့် သစ်လုံး ၁၂၀ကျော်ကို ဒေသခံ ကာကွယ်ရေးနှင့် အုပ်ချုပ်ရေး အဖွဲ့များက ဧပြီလ ၄ ရက်နေ့နှင့် ၆ရက်နေ့တို့တွင် ဝင်ရောက် ဖမ်းဆီး ရမိခဲ့ကြောင်း...

Latest news

- Advertisement -spot_img