30 C
Yangon
spot_img

CATEGORY

News

ရေစကြို ၄ ရက်တာတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၃ ဦးထက်မနည်းသေဆုံးပြီး လက်နက် ၃ လက် သိမ်းဆည်းရမိ၊ တနင်္သာရီမြို့နယ်တွင် စစ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ မေ ၁၈ မကွေးတိုင်း၊ရေစကြိုမြို့နယ် ၄ ရက်တိုက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက် မှ ၃ ဦးထက်မနည်းသေဆုံးပြီး လက်နက် ၃ လက် သိမ်းဆည်းရမိကြောင်း MG6ပြောက်ကျားတပ် (မြင်းခြံခရိုင် အမှတ်၅ တပ်ရင်း)က သတင်းထုတ်ပြန်သည်။ မကွေးတိုင်း ရေစကြိုမြို့နယ် ရေလည်ကျွန်းဒေသသို့အင်အား ၁၀၀ ဝန်းကျင်ဖြင့်စစ်ကြောင်းထိုးလာသော...

တောင်ဒဂုံ၊ ရိုးမရိပ်သာလမ်းမကြီးပေါ်တွင် စစ်ကောင်စီခန့် ၇၁ ရပ်ကွက် ရာအိမ်မှူး လူမိုက် ပြုံးချို သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ မေ ၁၈ ရန်ကုန်တိုင်း၊ တောင်ဒဂုံမြိုနယ် စစ်ကောင်စီခန့် ၇၁ ရပ်ကွက်ရာအိမ်မှူး လူမိုက် ပြုံးချိုသည် ယနေ့ ညနေ ၅ နာရီခွဲမတိုင်မီ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။ပြုံးချိုသည် စစ်ကောင်စီတပ်၏ အမာခံသတင်းပေးဖြစ်ပြီး ရပ်ကွက်ရာအိမ်မှူးလည်းဖြစ်ကြောင်း၊ ယနေ့ ညနေ ၅...

ရေဦးမြို့နယ်တွင် ကက္ကိုစု ကျေးရွာသား ၂ ဦးကို စစ်တပ်က ပစ်သတ်ပြီး မူးသာကုန်းရွာကို မီးရှို့ဖျက်ဆီး၊ ရေစကြိုတွင်လည်း စစ်တပ်က ပြည်သူ ၁ ဦးကို ပစ်သတ်

ရန်ကုန်၊ မေ ၁၈ စစ်ကိုင်းတိုင်း ခင်ဦးနှင့် ရေဦး မြို့နယ် အစပ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ယနေ့ မေလ ၁၈ ရက်နေ့ နံနက်ပိုင်းက စတင်ကာ ဝင်ရောက် စီးနင်းပြီး ကက္ကိုစု ကျေးရွာသား ၂ ဦးကို စစ်တပ်က ပစ်သတ်ခဲ့ကြောင်း...

သေ့ဘောဘိုးစစ်စခန်းကို KNLA ပူးပေါင်းတပ်များ တိုက်ခိုက်ရာ စစ်ကောင်စီတပ် အထိနာ၍ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်၊ သေ့ဘောဘိုးစခန်း ကို ပူးပေါင်း တပ်ဖွဲ့ရရှိသိမ်းပိုက်နိုင်ပြီဟု သတင်းထွက်ပေါ်

ရန်ကုန်၊ မေ ၁၈ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ဘက် ထိုင်း-မြန်မာနယ်စပ်အနီးရှိ သေ့ဘောဘိုးကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကော်ဘရာစစ်ကြောင်း (KNLA ပူးပေါင်းတပ်ဖွဲ့) ကြား ယမန်နေ့ မေလ ၁၇ ရက် ညမှစ၍ တိုက်ပွဲများပြင်းထန်နေပြီး ယနေ့နေ့လယ်တွင် စစ်ကောင်စီက တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။"တိုက်လေယာဉ်နဲ့ လာပစ်တာကတော့...

သန်လျင်နှင့်အင်းစိန်တွင် ဆိုင်ကယ်များ စစ်တပ်က ပစ်ခတ်ဖမ်းဆီးမှုများ လုပ်ဆောင်၊ မည်သည့်နေရာမှ ဆိုင်ကယ်မစီးရဟု စစ်သားများ အော်ဟစ်ပစ်ခတ်

ရန်ကုန်၊ မေ ၁၈ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်နှင့်အင်းစိန်မြို့နယ်တွင် ယနေ့ ဆိုင်ကယ်များကို စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်၍ ရပ်တန့်ခိုင်းပြီး သိမ်းဆည်းခြင်းများ၊ မည်သည့်နေရာမှ ဆိုင်ကယ်မစီးရဟုဆိုကာ သိမ်းဆည်းမှုများလုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။မေလ ၁၈ ရက်နေ့ နံနက်အစောပိုင်းမှစတင်ပြီး သန်လျင်မြို့နယ်နေရာအများအပြားတွင် စစ်တပ်က ကင်းများ ချထားကာ ဆိုင်ကယ်များကို...

ထီးလင်း၊ ဆေးမင်တော ရဲစခန်းမှ ရဲတပ်သား ၁ ဦး PDF ထီးလင်းထံ လက်နက်နှင့် အလင်းဝင်

ရန်ကုန်၊ မေ ၁၈ မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ဆေးမင်တော နယ်မြေရဲစခန်းမှ ရဲတပ်သား ၁ ဦးသည် ၎င်းကိုင်ဆောင်သည့် သေနတ်နှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ထီးလင်း ထံသို့ ဆက်သွယ်ကာ အလင်းဝင်လာကြောင်း PDF-Htilin က သတင်းထုတ်ပြန်သည်။အဆိုပါ ရဲတပ်သားသည် M-13 သေနတ် ၁ လက်၊ ကျည်ဘောက်...

ဖယ်ခုံ၊ မိုးဗြဲအင်းအတွင်းရှိ လွယ်ပန်းစုံကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်၊ ပြည်သူ ၂ ဦး ဒဏ်ရာရ

ရန်ကုန်၊ မေ ၁၇ ရှမ်း-ကရင်နီအစပ်၊ ဖယ်ခုံအခြေစိုက် စကခ ၇ လက်အောက်ခံ တပ်ရင်းများက ယမန်နေ့ မေလ ၁၇ ရက် ညပိုင်းတွင် ပစ်ခတ်သော လက်နက်ကြီးကျည်များသည် မိုးဗြဲအင်းအတွင်းရှိ လွယ်ပန်းစုံကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၂ ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။လက်နက်ကြီးများသည် လွယ်ပန်းစုံကျေးရွာ...

ထီးချိုင့်မြို့နယ်၊ စစ်တပ် မိုင်းခွဲခံရပြီး ၈ ဦးခန့်သေဆုံးနိုင်၊ ဖရူဆို ခမရ ၅၃၁ တပ်ရင်း ပစ်ခတ်ခံရပြီး စစ်သား ၂ ဦး သေဆုံး၊ ကန့်ဘလူတွင် စစ်တပ် ရိက္ခာပို့ ရထားသံလမ်းတံတား တစ်ခု ဖောက်ခွဲခံရ

ရန်ကုန်၊ မေ ၁၈ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ အင်ဒေါင်းနှင့် ပေးကုန်းကျေးရွာကြား ချောင်းကူးတံတားပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ မေလ ၁၈ ရက် နံနက်ပိုင်းတွင် Special 9 ထီးချိုင့် PDF နှင့် ထီးချိုင့် ပ.က.ဖ တို့ ပူးပေါင်း မိုင်းခွဲတိုက်ခိုက်ရာ စစ်သား...

အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်ဖြုတ်ချရေး လက်နက်အကူအညီပေးကြရန် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က နိုင်ငံတကာနှင့်အနောက်နိုင်ငံကြီးများကို အကူအညီတောင်း

ရန်ကုန်၊ မေလ ၁၈ စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်ဖြုတ်ချရေး လက်နက်အကူအညီပေးကြရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က နိုင်ငံတကာနှင့်အနောက်နိုင်ငံကြီးများကို အကူအညီတောင်းခံလိုက်ကြောင်း ရိုက်တာသတင်းဌာနက သတင်းဖော်ပြသည်။ နိုင်ငံတကာအနေဖြင့် ရုရှား၏ ကျူကျော်စစ်ကို ခုခံတိုက်ခိုက်နေသော ယူကရိန်းကို လက်နက်နှင့်စစ်ရေးအကူအညီများ ပေးသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း အကြမ်းဖက်စစ်ကောင်စီကို...

အမေရိကန်အထက်လွှတ်တော်အမတ်ခေါင်းဆောင် မစ်ချ်မက်ကော်နယ်နှင့် NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ အမေရိကန်လွှတ်တော်ရုံးတွင် တွေ့ဆုံ

ရန်ကုန်၊ မေ ၁၈ အမေရိကန်အထက်လွှတ်တော်အမတ်ခေါင်းဆောင် မစ်ချ်မက်ကော်နယ် နှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ မေလ ၁၇ ရက်နေ့ (မြန်မာစံတော်ချိန် မေလ ၁၈ ရက်နေ့)တွင် အမေရိကန် လွှတ်တော်ရုံးတွင် တွေ့ဆုံကြကြောင်း မစ်ချ်မက်ကော်နယ်က သူ၏ လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်သည်။ နှစ်ဖက်တွေ့ဆုံမှုတွင်...

Latest news

- Advertisement -spot_img