30 C
Yangon

သင်္ဃန်းကျွန်းမြို့နယ်၊ သု၀ဏ္ဏမြို့မ ရဲစခန်းကို ယနေ့ နံနက်ပိုင်း ဗုံးခွဲတိုက်ခိုက်၊ ဗဟန်းနှင့် သာကေတတွင်လည်း ဗုံးပေါက်ကွဲသံများကြားရ

Must read

သင်္ဃန်းကျွန်းမြို့နယ်၊ သု၀ဏ္ဏမြို့မ ရဲစခန်းကို ယနေ့ နံနက်ပိုင်း ဗုံးခွဲတိုက်ခိုက်၊ ဗဟန်းနှင့် သာကေတတွင်လည်း ဗုံးပေါက်ကွဲသံများကြားရ

ရန်ကုန်၊ ဒီဇင်ဘာ ၅

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ သု၀ဏ္ဏမြို့မရဲစခန်းကို ယနေ့ နံနက်ပိုင်းတွင် ဗုံးခွဲတိုက်ခိုက်ကြောင်း ရန်ကုန်တိုင်း၊ အနောက်ပိုင်းခရိုင် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၇ နာရီ ၅ မိနစ်အချိန်တွင် အကြမ်း ဖက် စစ်ကောင်စီလက်အောက်ခံ သင်္ဃန်းကျွန်းမြို့နယ်၊ သု၀ဏ္ဏမြို့မဲစခန်းကို အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ)နှင့် မဟာမိတ်တို့ ပူးပေါင်းပြီး ပြင်းအားမြှင့် မိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“ဗုံးကွဲသံတော့ ကြားတယ်။ အခု သင်္ဃန်းကျွန်း သု၀ဏ္ဏဘက်မှာ လမ်းတွေပါ ပိတ်ထားတယ်။ စစ်ခွေးကားတွေနဲ့ ရဲကားတွေ တက်သွားတာတွေ့ရတယ်။ မနက်စောစောစီး ခွေးတွေ ရှုပ်ယှက်ခတ်နေကြတယ်” ဟု သင်္ဃန်းကျွန်းမြို့နယ်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်၏ ရဲ သတင်းရင်းမြစ်တချို့၏ အဆိုအရ ဗုံးပေါက်ကွဲသော နေရာအနီးကို လမ်းပိတ်ပြီး ဗုံးထပ်မံရှိ၊ မရှိ ထပ်မံ ရှင်းလင်းနေကြောင်း၊ လမ်းများပိတ်ချထားပြီး စစ်ကားနှင့်ရဲကားများ ပိတ်ဆို့ထားကြောင်း သိရှိရသည်။

အလားတူ ဗဟန်းမြို့နယ်၊ ဦးချစ်မောင်လမ်းနှင့် သာကေတမြို့နယ်တို့တွင် ယနေ့ နံနက် ၇ နာရီ ၅ မိနစ်အချိန် ဗုံးပေါက်ကွဲသံများကြားရကြောင်း ဒေသပြည်သူများ၏ အဆိုအရ သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်တွင် လုံခြုံရေးယူနေသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo Credit- Reuters

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article