28 C
Yangon
spot_img

CATEGORY

News

ရန်ကုန်တိုင်း ၁၇ မြို့နယ်တွင် ယနေ့ စံချိန်တင် ဗုံးပေါက်ကွဲမှုများပြား၊ မန္တလေး၊စစ်ကိုင်း၊ကချင်နှင့်ရှမ်းပြည်နယ်တို့တွင်လည်း ဗုံးများပေါက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံး

By ရန်ကုန်ခေတ်သစ် ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု ၁ နှစ်ပြည့်အချိန် နိုင်ငံတစ်ဝန်း စံချိန်တင် ဗုံးပေါက်ကွဲမှုများ၊ တိုက်ခိုက်မှုများ များပြားပြီး စစ်ကောင်စီတပ်ဖွဲ့အများအပြားသေဆုံးကြောင်း ရန်ကုန်ခေတ်သစ်က စုံစမ်းသိရှိရသည်။ ရန်ကုန်ခေတ်သစ်တွက်ချက်မှုများအရ ရန်ကုန်တိုင်း ၁၇ မြို့နယ်တွင် ယနေ့ စံချိန်တင် ဗုံးပေါက်ကွဲကြောင်း၊ မန္တလေး၊စစ်ကိုင်း၊ကချင်နှင့်ရှမ်းပြည်နယ်တို့တွင်လည်း ဗုံးများပေါက်ပြီး...

ပူတာအိုရှိ စစ်ကောင်စီ၏ ဆွမ်ပီယာန်စခန်းနှင့် လုံရှာယာန်ကျေးရွာအတွင်းရှိ ရဲစခန်းနှင့်တပ်စခန်းများကို KIA နှင့် PDF က သိမ်းပိုက်မီးရှို့၊ စစ်သား ၁ ဦး အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရှိ စစ်ကောင်စီ၏ ဆွမ်ပီယာန်စခန်းနှင့် လုံရှာယာန်ကျေးရွာအတွင်းရှိ ရဲစခန်းနှင့်တပ်စခန်းများကို KIA နှင့် PDF က သိမ်းပိုက်မီးရှို့လိုက်ပြီး စစ်သား ၁ ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ပူတာအို PDF က သတင်းထုတ်ပြန်သည်။ပူတာအိုမြို့နယ်၊ ဆွမ်ပီယာန်ကျေးရွာရှိ...

ရန်ကုန်အင်းစိန်ရွာသစ်နား အိမ်စီးကားတစ်စီးပေါ်တွင် ဗုံးပေါက်ကွဲပြီး ၄ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာသစ်နားတွင် ယနေ့ နံနက် ၆ နာရီကျော်အချိန်တွင် ဗုံးပေါက်ကွဲပြီး ၄ ဦးသေဆုံးကြောင်း ဒေသခံများက ပြောသည်။ "ကားပေါ်မှာ ဗုံးပေါက်တယ်ပြောတယ်။ ဘယ်သူတွေ သေတာလဲတော့မသိသေးဘူး။ ဒီနေ့ ၁ ရက်နေ့ နံနက် ၆ နာရီလောက်။ အင်းစိန်ရွာသစ်နားမှာ...

မုံရွာ၊ ကန်သာယာအနီးစစ်ကောင်စီစခန်းဂိတ်ကို PDF များက ဗုံးဖြင့်တိုက်ခိုက်မှု စစ်ကောင်စီဖွဲ့ဝင် ၃ ဦး သေဆုံးဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ စစ်ကိုင်းတိုင်း၊မုံရွာတွင် ယနေ့ဖေဖော်ဝါရီ၁ရက်နေ့ နံနက်ပိုင်းက ပြည်သူများအသံတိတ်သပိတ်ပြုလုပ်နေစဉ်အတွင်း ကနီဒေါင်းမျိုးဆက်၊အာဏာရှင်ပြည်သူ့တော်လှန်ရေး၊ရွှေတြိဂံပြည်သူ့ကာကွယ်ရေး မဟာမိတ်အဖွဲ့အစည်းများ စစ်ကောင်စီဂိတ်စခန်းတစ်ခုကို ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရွှေတြိဂံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်၊၊ မုံရွာ 1982စားသောက်ဆိုင်အနီးရှိ စစ်ကောင်စီရှောင်တခင်စစ်ဆေးဂိတ် နေရာကို မဟာမိတ်အဖွဲ့၃ဖွဲ့မှ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း ရွှေတြိဂံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက မုံရွာချင်းတွင်းရိုးမသတင်းဌာနသို့ ပြောသည်၊၊ "မုံရွာမှာမြို့ပြပြောက်ကျားစစ်ဆင်ရေးပြုလုပ်တယ်၊မဟာမိတ်တပ်ဖွဲ့တွေစုပေါင်း ပြီး 1982စားသောက်ဆိုင်အနီး စစ်ကောင်စီတပ်သားတွေကို...

ခင်ဦးနှင့် မုံရွာတွင် အသံတိတ် သပိတ်ပြုလုပ်ချိန် လမ်းမပေါ်ထွက်လာသည့် စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရကာ စစ်သား ၁၈ ဦး ထက်မနည်း သေဆုံး၊ ရေဦး-ရွှေဘိုလမ်းတွင်လည်း စစ်တပ် မိသားစုဝင်များ လိုက်ပါလာသည့် မော်တော်ယာဉ် မိုင်းဆွဲ တိုက်ခိုက်ခံရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်နှင့် မုံရွာမြို့နယ်တို့တွင် ယနေ့ ဖေဖော်ဝါရီလ ၁ရက်နေ့တွင် ပြည်သူများ အသံတိတ် သပိတ်ပြုလုပ်ချိန်၌ လမ်းမပေါ် ထွက်လာသည့် စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရကာ စစ်သား ၁၈ ဦး ထက်မနည်း သေဆုံးကာ ရေဦး-ရွှေဘိုလမ်းတွင်လည်း စစ်တပ်...

ကျောက်ပန်းတောင်းတွင် စစ်အာဏာရှင်ခေတ် ၂၀၀၁ နှင့် ၂၀၀၂ နှစ်သို့ ပြန်မသွားဟုဆိုကာ မိမိကိုယ်ကို မီးရှို့ဆန္ဒပြသူ ကိုအောင်အောင် ယနေ့ညနေပိုင်းတွင် ကွယ်လွန်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ကျောက်ပန်းတောင်းမြို့တွင် စစ်အာဏာရှင်ခေတ် ၂၀၀၁ နှင့် ၂၀၀၂ ခုနှစ်ကို ပြန်မသွားဟု စာရေးသားကာ မြို့ခံကိုအောင်အောင်က မိမိကိုယ်ကို မီးရှို့ ဆန္ဒပြခဲ့ပြီး ယနေ့ ညနေပိုင်းတွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း ဒေသခံများက ပြော သည်။ "အိမ်ကိုတော့ အလောင်းပြန်သယ်လာပြီ။ ဒီနေ့ညနေက ဆုံးပါတယ်။ မိသားစုကတော့...

တာချီလိတ် စစ်တပ်ထောက်ခံပွဲ ဗုံးပေါက်ကွဲပြီးနောက် စစ်တပ်က ပစ်ခတ်၍ တပ်ထောက်ခံသူ ၂ ဦး သေဆုံးပြီး လူ ၃၀ ကျော်ဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ စစ်ကောင်စီ လက်အောက်ခံများ၏ လိုက်လံပစ်ခတ်မှုကြောင့် ထောက်ခံပွဲတွင် ပါဝင်သူ (၂)ဦးသေဆုံးပြီး ပစ်ခတ် ဗုံးကွဲခြင်းကြောင့် စစ်မှူထမ်းဟောင်းများ အပါအဝင် (၃၅)ဦးကျော် ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင်ယနေ့ မွန်းတည့် ၁၂ နာရီ အချိန် စစ်တပ်ထောက်ခံပွဲ လုပ်နေစဉ် ဗုံးပေါက်ကွဲပြီးနောက် စစ်တပ်က...

ပဲခူး နန်းတော်ရာရပ်ကွက်တွင် အကြမ်းဖက် စစ်တပ်က ကလေးမွေးရန် ရက်ပိုင်းသာလိုတော့သည့် ကိုယ်ဝန်ဆောင်သည် မချစ်ချစ်ထွန်းကို ပစ်သတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ပဲခူးတိုင်း နန်းတော်ရာရပ်ကွက် အင်းဝင် ၁၀ လမ်းထိပ်တွင် ကလေးမွေးရန် ရက်ပိုင်းသာလိုတော့သည့် ကိုယ်ဝန်ဆောင်သည် အသက် ၂၃နှစ်အရွယ် မချစ်ချစ်ထွန်းကို ဇန်နဝါရီလ ၃၁ ရက်နေ့ ည ၉နာရီ ၃ဝမိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်...

ရန်ကုန်မြို့၏ ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းသည့် နာမည်ကျော်Savoy Hotel Yangon အပြီးပိတ်သိမ်းပြီဟု ကြေညာ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ၁၉၉၅ခုနှစ်မှစတင်ပြီး ရန်ကုန်မြို့၏ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းသော ဟိုတယ်အဖြစ် လုပ်ကိုင်လာခဲ့သော နာမည်ကျော် Savoy Hotel Yangon သည် အပြီး ပိတ်သိမ်းပြီဖြစ်ကြောင်း Savoy Hotel Yangon က ယနေ့ တရားဝင်ကြေညာသည်။ မြန်မာနိုင်ငံတွင် ၂၅ နှစ်ကျော်ကြာ...

မူဆယ်မြို့ရှိ စစ်တပ်ပိုင် မြ၀တီဘဏ်ကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဝင်ပစ်ခတ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရှမ်းပြည်နယ်၊ မူဆယ်မြို့ရှိ စစ်တပ်ပိုင် မြ၀တီဘဏ်ကို ယမန်နေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ ညပိုင်းတွင် လက်နက်ကိုင်အဖွဲ့တစ်ခုက ဝင်ရောက် ပစ်ခတ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ "မန်၀င်းပေါက်နားက မူဆယ် မြ၀တီဘဏ်ကို...

Latest news

- Advertisement -spot_img