30 C
Yangon

တကောင်း-မန္တလေး-မြစ်ကြီးနားလမ်းဆုံရှိ ရဲကင်းဂိတ်ကို ပစ်ခတ်တိုက်ခိုက်မှု ရဲ တစ်ဦးသေဆုံး သေနတ်တစ်လက်နှင့် ကျည်ဆန်များ သိမ်းဆည်းရရှိ

Must read

တကောင်း-မန္တလေး-မြစ်ကြီးနားလမ်းဆုံရှိ ရဲကင်းဂိတ်ကို ပစ်ခတ်တိုက်ခိုက်မှု ရဲ တစ်ဦးသေဆုံး သေနတ်တစ်လက်နှင့် ကျည်ဆန်များ သိမ်းဆည်းရရှိ

ရန်ကုန်၊ စက်တင်ဘာ ၁၃

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့အနီး တကောင်း-မန္တလေး- မြစ်ကြီးနားလမ်းဆုံရှိ ရဲကင်းဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲတစ်ဦး သေဆုံးပြီး သေနတ်တစ်လက်နှင့် ကျည်ဆံများ သိမ်းဆည်းရရှိခဲ့ကြောင်း ဒေသကာကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၇ နာရီခွဲခန့်အချိန် တကောင်းမြို့နှင့် ၃ မိုင်ခန့်အကွာရှိ တကောင်း-မန္တလေး-မြစ်ကြီးလမ်းဆုံတွင် ဂိတ်ချပြီး လာသမျှ ကားများထံမှ ပိုက်ဆံတောင်း ဆက်ကြေးကောက်နေသော တ ကောင်းမြို့မ ရဲစခန်း မှ ရဲ ၅ ဦးကို ဝင်ရောက်တိုက်ခိုက်ရန် ချောင်းမြောင်းနေခဲ့ကြောင်း၊ ထိုအချိန် အသက် ၂၇ နှစ် အရွယ်ရှိ ရဲတပ်သား ဇော်ဇော်အောင်(ခ) ဖိုးထော်က ဆိုင်ကယ်ဖြင့် ထွက်လာသဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါရဲမှာ နေရာတွင် ပင်သေဆုံးသွားပြီး သေနတ်တစ်လက်၊ ကျည်ဘောက်တစ်ခု၊ ကျည် ၂၅ တောင့် သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

“သူတို့ တိုက်ခိုက်ဖို့ မနက်အစောပိုင်းကတည်းက စောင့်နေတာ၊ သူတို့ ဂိတ်ထဲ၊ ဘန်ကာထဲမနေရဲဘူး၊ ပြည်သူဆိုင်ထဲမှာပဲနေတာ၊ ပြည်သူနဲ့ရောပြီးနေတာ၊ ဝင်တိုက်လို့ခံရရင် ပြည်သူပါထိအောင်လို့၊ လာသမျှ ကုန်ကား၊ ဆီဘောက်ဆာ၊လိုင်းကားတွေဆီက ပိုက်ဆံတောင်းတယ်၊ ကင်းတဲက အစပိုင်းမှာ အဖြစ်ပဲ ဆောက်ထားတာ၊ တစ်ခါပစ်ဖူးသေးတယ်၊ အဲလိုပစ်လိုက်တော့ ဘန်ကာ တွေဘာတွေဆောက်တယ်၊ သေတဲ့သူက ဂိတ်ထဲကနေ အရင်ထွက်ခဲ့တာ၊ ထွက်ခဲ့တော့ သူ့ကို အရင်ပစ်ပြီးတော့ လက်နက်ကောက် ပြီး ပြန်ဆုတ် လာခဲ့လိုက်တာ” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် အခြားသော ရဲတပ်ဖွဲ့၀င်များမှာ ထွက်ပြေး သွားကြပြီး တ ကောင်း မြို့တွင်းရှိ အ ကြမ်းဖက်စစ်တပ်က ညနေပိုင်းအထိ မြို့အဝင် အထွက် တင်းတင်းကျပ်ကျပ် စစ်ဆေးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article