31.1 C
Yangon
spot_img

CATEGORY

News

ဖားကန့်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်၏ ပစ်ခတ်မှုကြောင့် မော်မောင်လယန်ကျေးရွာမှ ပြည်သူ ၁ ဦး သေဆုံး

ရန်ကုန်၊ ဇူလိုင် ၆ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ယမန်နေ့ ဇူလိုင်လ ၅ ရက်နေ့ တစ်ရက်လုံး စစ်တပ်နှင့်တော်လှန်ရေးတပ်များအကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်၏ ပစ်ခတ်မှုကြောင့် မော်မောင်လယန်ကျေးရွာမှ ပြည်သူ ၁ ဦး သေဆုံးသွားကြောင်း ဒေသပြည်သူများနှင့်KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဖားကန့်မြို့နယ်...

အကြမ်းဖက်စစ်တပ်က ကျောက်မဲမြို့ကို ညသန်းခေါင်ယံအချိန် လေယာဉ်ဖြင့် ဗုံးကျဲ၊ သပိတ်ကျင်းမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဇူလိုင် ၆ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA က သိမ်းပိုက်ထားသော ကျောက်မဲမြို့ကို စစ်ကောင်စီက ညသန်းခေါင်ယံအချိန် လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ကြောင်း ကျောက်မဲဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဇူလိုင်လ ၅ ရက်နေ့ ည ၁၂ နာရီအချိန် ကျောက်မဲမြို့ ခရိုင်သစ်တောဝင်းထဲသို့ စစ်ကောင်စီ၏ တိုက်လေယာဉ်များက...

ပုသိမ် -မုံရွာလမ်းပိုင်းနှင့် အမ်း-ပဒါန်းလမ်းပိုင်းတို့တွင် ၈ ပတ်ကြာတိုက်ပွဲများအတွင်း စစ်သား ၂၅ ဦး ထက်မနည်း သေဆုံးပြီး စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ပြည်သူ ၁ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၆ မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ ပုသိမ် -မုံရွာလမ်းပိုင်းနှင့်အမ်း -ပဒါန်းလမ်းပိုင်းတို့တွင် ၈ ပတ် တိုက်ပွဲအတွင်း စစ်သား ၂၅ ဦး ထက်မနည်းသေဆုံးကာ စစ်တပ်ကလေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက် မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့လွတ်လပ်ရေးအဖွဲ့၊ ပြည်သူ့လွတ်လပ်ရေးတပ် တော်...

စစ်မှုထမ်းတပ်သားသစ်များ ထွက်ပြေးခြင်းနှင့် လက်နက်ချလျှင် ကျန်ရစ်သောမိသားစုဆွေမျိုးများ၏ လူမှုစီးပွားဘ၀များ ပျက်စီးလိမ့်မည်ဟု စစ်ကောင်စီက ခြိမ်းခြောက်

စစ်မှုထမ်းအပတ်စဉ် ၁၂ သင်တန်းဆင်း တပ်သားသစ်များအားလုံးကို တိုက်ပွဲများအပြင်းထန်ဆုံးဖြစ်နေသော ရခိုင်၊ ရှမ်း/မြောက်၊ ကရင်နီ၊ ကရင်၊ စစ်ကိုင်း/ချင်းနှင့် ကချင် စစ်ဆင်ရေး နယ်မြေများသို့ အဓိက စေလွှတ်မည် ရန်ကုန်၊ ဇူလိုင် ၆ အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းတပ်သားသစ်များအနေဖြင့် တပ်မှ ထွက်ပြေးခြင်းနှင့် တစ်ဖက်အဖွဲ့အစည်းထံတွင် လက်နက်ချခြင်းများ လုပ်ဆောင်လျှင်...

စစ်ကိုင်း-ရွှေဘို လမ်းပိုင်းတွင် စစ်သား အချင်းချင်း မူးရူး ရန်ဖြစ်ရာမှ ပစ်ခတ်မှု ဖြစ်ပွားပြီး ၁ ဦး သေဆုံး၊ ပစ်ခတ်မှု ဖြစ်ပွားသည့် နေရာကို နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် သေနတ် ၂ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇူလိုင် ၅ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် စစ်ကိုင်း-ရွှေဘို လမ်းပိုင်းတွင် စစ်သား အချင်းချင်း မူးရူး ရန်ဖြစ်ရာမှ ပစ်ခတ်မှု ဖြစ်ပွားပြီး ၁ ဦး သေဆုံးကာ ပစ်ခတ်မှု ဖြစ်ပွားသည့် နေရာကို နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း...

ကြို့ပင်ကောက်နှင့် တောင်သာ မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ကလေးငယ်များ အပါအဝင် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဇူလိုင် ၅ ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ်နှင့် မန္တလေးတိုင်း တောင်သာမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ကလေးငယ်များ အပါအဝင် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့‌ကြောင်း ဒေသပြည်သူများနှင့် တောင်သာမြို့နယ်...

၁၀၂၇ စစ်ဆင်ရေး စတင်ချိန်မှစ၍ ယခုနှစ် ဧပြီလ အထိ မြန်မာနိုင်ငံ အနှံ့ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်အဆင့်ရှိသူ များ အပါအဝင် ထိခိုက်သေဆံးသူ ၂၆ ဦးထိရှိလာ

ရန်ကုန်၊ ဇူလိုင် ၅ ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်မှစ၍ ယခုနှစ် ဧပြီလ အထိ မြန်မာနိုင်ငံ အနှံ့ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်အဆင့်ရှိသူ များ အပါအဝင် ထိခိုက်သေဆံးသူ ၂၆ ဦးထိ ရှိလာပြီဖြစ်ကြောင်း Myanmar Defense & Security Institute...

တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့ ကွီးမွန်မြန်မာဆိုင်တွင် နွေဦးတော်လှန်ရေးရန်ပုံငွေထောက်ပို့နိုင်ရေးဖလားဘိလိယက်ပြိုင်ပွဲကျင်းပ

ရန်ကုန်၊ ဇူလိုင် ၅ တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့ ကွီးမွန်မြန်မာဆိုင်တွင် နွေဦးတော်လှန်ရေးရန်ပုံငွေထောက်ပို့နိုင်ရေးဖလားဘိလိယက်ပြိုင်ပွဲကျင်းပခဲ့ကြောင်း သိရှိရသည်။ အခမ်းအနားတွင် တော်လှန်ရေးတက်ကြွလှုပ်ရှားသူဒယ်ဂူးဘုန်းဘုန်းက ငြိမ်းချမ်းမှု၊ ချစ်ခင်မှု၊ ညီညွတ်မှုကို အဓိကထားကာ စစ်ရှောင်ပြည်သူများအတွက် ပညာသင်ကျောင်းများ၊ သက်ကယ်ဗုံးခိုတွင်းများ၊စစ်ရှောင်အာဟာရဒါနများကို ပွင့်လင်မြင်သာစွာပံ့ပိုးသွားမည်ဖြစ်ပြီး ထောက်ပို့ရပ်နားခြင်းသည် တော်လှန်ရေးကိုအညံ့ခံတာဖြစ်သည့်အတွက် ထောက်ပို့ကို ဆက်လက်အရှိန်အဟုံမြှင့်ပံ့ပိုးပေးရန် မိန့်ကြားခဲ့ကြောင်း သိရှိရသည်။

စစ်ကိုင်းတွင် ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းတပ်သားသစ်အဖြစ် သွပ်သွင်းခံရသူ ၂ ဦးက သေနတ် ၂ လက် ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ ဇူလိုင် ၅ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး အကြမ်းဖက် စစ်တပ်ထဲ ထည့်သွင်းခံရသူ ၂ ဦးက သေနတ် ၂ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း စစ်ကိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့...

စစ်ကိုင်းမြို့အနီး စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက် ပစ်ခတ်မှု စစ်သား ၃ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇူလိုင် ၅ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အနီးရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက် ပစ်ခတ်ရာ စစ်သား ၃ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း မင်းကွန်းတိုက်နယ် ပလဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့...

Latest news

- Advertisement -spot_img