31 C
Yangon
spot_img

CATEGORY

News

ယင်းမာပင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး

ရန်ကုန်၊ ဧပြီ ၁၀ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များနှင့် ပြည်သူများထံမှ သိရသည်။ ဧပြီလ ၉ ရက်နေ့ ညနေပိုင်းတွင် မိထ္ထီလာမြို့၊ ရှမ်းတဲလေတပ်စခန်းမှ တက်လာသော...

မြို့သစ်နှင့် နတ်မောက်မြို့နယ်အကြား စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦးအပါအဝင် ၈ ဦးသေဆုံးဟုဆို

ရန်ကုန်၊ ဧပြီ ၁၀ မကွေးတိုင်း၊ မြို့သစ်မြို့နယ်နှင့် နတ်မောက်မြို့နယ်အကြား လှည့်လည်စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက် ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ သုံးပွင့်ဗိုလ်ကြီး ၁ ဦးအပါအဝင် ၈ ဦး သေဆုံးခဲ့ကြောင်း ငါးပြေမပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလ ၈ ရက်နေ့ အင်အား...

နတ်တလင်းရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်၊ စက်တပ်လေထီးများဖြင့် ၅ ရက်ဆက် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၄ ဦးသေဆုံးပြီး နေအိမ်အများအပြား မီးလောင်ပျက်စီး

ရန်ကုန်၊ ဧပြီ ၁၀ ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ စက်တပ်လေထီးများဖြင့် ၅ ရက်ဆက် ဗုံးကျဲတိုက်ခိုက်ရာ ပြည်သူ ၄ ဦးသေဆုံးပြီး နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ မတ်လ ၉ ရက်နေ့...

KNU က ကော်သူးလေပဋိညာဉ်ကို အတည်ပြုပြီး ကော်သူလေး အတိုင်ပင်ခံကောင်စီနှင့် ကော်သူလေး အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းကာ ဖက်ဒရယ်ယူနစ် ထူထောင်ရေး ခြေလှမ်း သစ်စတင်

ရန်ကုန်၊ ဧပြီ ၁၀ ကရင်အမျိုးသားအစည်းအရုံး (KNU)က တော်လှန်ရေးကာလအတွင်း ကော်သူးလေဖက်ဒရယ်ယူနစ် တည်ဆောက်ရေးအတွက် အရေးပါသော ကော်သူးလေပဋိညာဉ်ကို အတည် ပြုလိုက်ပြီး ကော်သူးလေအတိုင်ပင်ခံကောင်စီနှင့် အုပ်ချုပ်ရေးကောင်စီတို့ကို စနစ်တကျ ဖွဲ့စည်းလိုက်ကြောင်း ယနေ့ ကြေညာသည်။ မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၂ ရက်နေ့အထိ ကျင်းပခဲ့သော ကော်သူးလေဖက်ဒရယ်ယူနစ်...

သမ္မတ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက် ရေး Blue Shirt Campaign ၁၂ ရက်တာ လှုပ်ရှားမှု စတင်

ရန်ကုန်၊ ဧပြီ ၁၀ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးအတွက် "Blue Shirt Campaign" လူထုလှုပ်ရှားမှုကို ယနေ့ ဧပြီလ ၁၀ ရက်နေ့မှ စတင်ကာ ၁၂ ရက်တိုင်တိုင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါလှုပ်ရှားမှုကို Blue Shirt...

ဒုစစ်ခေါင်းဆောင် စိုးဝင်းကို အကြမ်းဖက်အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ ခန့်အပ်၍ မင်းအောင်လှိုင်က နှစ်သိမ့်၊ အရပ်သားနိုင်ငံရေးသမား ကိုကိုကြီးနှင့်ချိုချိုကျော်ငြိမ်း အပါအဝင် အဖွဲ့ဝင် ၁၁ ဦး ပါဝင်ဖွဲ့စည်းထား

ရန်ကုန်၊ ဧပြီ ၁၀ ဒုစစ်ခေါင်းဆောင် စိုးဝင်းကို ဥက္ကဋ္ဌအဖြစ်ခန့်အပ်၍ အကြမ်းဖက်အတိုင်ပင်ခံကောင်စီကို အဖွဲ့ဝင် ၁၁ ဦးဖြင့် မင်းအောင်လှိုင်က ဖွဲ့စည်းလိုက်သည်။ မင်းအောင်လှိုင်က စိုးဝင်းကို စစ်ဦးစီးချုပ်ရာထူးကို မပေးဘဲ အငြိမ်းစားယူခိုင်းခဲ့ပြီးနောက် အကြမ်းဖက်အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ အဖြစ် နှစ်သိမ့် ခန့်အပ်လာခြင်းဖြစ်သည်။ အဆိုပါကောင်စီတွင် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များသာမက နိုင်ငံရေးပါတီအချို့မှ ခေါင်းဆောင်များဖြစ်ကြသည့် ကိုကိုကြီးနှင့်...

အကြမ်းဖက် အာဏာလု သမ္မတ အဖြစ် ကျမ်းကျိန်ပြီးနောက် မင်းအောင်လှိုင်က ၂၀၂၀ ရွေးကောက်ပွဲမှာ NLD မဲမသမာမှု လုပ်ခဲ့ဟု ထပ်မံပြောဆိုပြီး ပြည်သူ့ဆန္ဒကြောင့် သမ္မတတာဝန်ထမ်းဆောင်ရဟုဆို

ရန်ကုန်၊ ဧပြီ ၁၀ အကြမ်းဖက် အာဏာလု သမ္မတ အဖြစ် ကျမ်းကျိန်ပြီးနောက် မင်းအောင်လှိုင်က ၂၀၂၀ ရွေးကောက်ပွဲမှာ NLD မဲခိုး၊ မဲမသမာမှု လုပ်ခဲ့ကြောင်း ထပ်ပြောပြန်သည်။ ယနေ့ ဧပြီ ၁၀ ရက်နေ့ အကြမ်းဖက် လွှတ်တော်တွင် အာဏလု မင်းအောင်လှိုင်က ဇွတ်သမ္မတအဖြစ် ရာထူးရယူ...

AA ၏ ၁၇ နှစ်ပြည့်ခရီးစဉ်နှင့် ပြတ်သားသော ဦးဆောင်မှုကို CRPH နှင့် ညီနောင်မဟာ မိတ်များက တော်လှန်ရေး စံနမူနာကောင်းအဖြစ် ချီးကျူးဂုဏ်ပြု

ရန်ကုန်၊ဧပြီ ၁၀ အာရက္ခတပ်တော် (AA) ၏ ၁၇ နှစ်ပြည့်ခရီးစဉ်နှင့် ပြတ်သားသော ဦးဆောင်မှုကို CRPH နှင့် ညီနောင်မဟာမိတ်များက တော်လှန်ရေး စံနမူနာကောင်းအဖြစ် ချီးကျူးဂုဏ်ပြုလိုက်ကြသည်။ ယနေ့ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် ကျရောက်သော အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း ၁၇...

နတ်မောက်တွင် စစ်တပ် စစ်ကြောင်းနှင့်အတူ လိုက်ပါပြီး ပြည်သူများကို သတ်ဖြတ်မှုကျူးလွန်နေသော ပျူစောထီး အောင်ဌေးလွင်နှင့် အေးဇော်တို့ ပစ်ခတ်ခံရပြီး သေဆုံး၊ အသက်မပြည့်သေးသော ပျူစောထီး ၁ ဦးကို ပြန်လွှတ်ပေးခဲ့

ရန်ကုန်၊ ဧပြီ ၁၀ မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို လမ်းပြလုပ်ဆောင်ကာ ပြည်သူများကို သတ်ဖြတ်မှုကျူးလွန်ထားသည့် ပျူစောထီး အောင်ဌေးလွင်နှင့် အေးဇော်တို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သရက်ခရိုင် အမှတ်- ၃ တပ်ရင်း (ငါးပြေမပျောက်ကြားတပ်ဖွဲ့ )...

“ဝ” ပြည်နယ်အတွင်းရှိ ဓာတုစက်ရုံများနှင့် ဖောက်ခွဲရေးပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများအားလုံး ယာယီပိတ်သိမ်းရန် အမိန့်ထုတ်ပြန်

ရန်ကုန်၊ ဧပြီ ၁၀ "ဝ" ပြည်နယ်အတွင်း လုပ်ကိုင်နေကြသည့် ဓာတုစက်ရုံများနှင့် ဖောက်ခွဲရေးပစ္စည်း ထုတ် လုပ်ရေးလုပ်ငန်းများအားလုံးကို ယာ ယီပိတ်သိမ်းကာ လုံခြုံရေးဆိုင်ရာ စစ်ဆေးပြင်ဆင်မှုများ ပြုလုပ်ရန် "ဝ" ပြည်နယ် အရပ်ဘက် ဖောက်ခွဲရေးပစ္စည်း စီမံခန့်ခွဲရေးရုံးက ဧပြီလ ၈ ရက်နေ့တွင် အမိန့်ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။ ထိုကဲ့သို့...

Latest news

- Advertisement -spot_img