26.3 C
Yangon
spot_img

CATEGORY

News

တန့်ဆည်တွင် ယနေ့ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ၁၃ ဦးထက်မနည်းသေကာ ၁၆ ဦးဒဏ်ရာရ၊ Faw ကားများဖြင့် အလောင်းနှင့် လူနာသယ်သွား

ရန်ကုန်၊ ဩဂုတ် ၁၉ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ဝရငယ်မူးဘောင်တွင် စစ်ကောင်စီတပ်နှင့် တန့်ဆည် PDFတို့ ယနေ့နံနက် ၈ နာရီခန့်က တိုက်ပွဲ၂ ကြိမ် ပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ စစ်သား၁၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိကြောင်း သိရသည်။ တန့်ဆည်မြို့ အနောက်ဘက်သို့ စစ်ကြောင်းထိုးလာသော ခမရ(၁၁၃)တပ်ရင်းကို...

စစ်ကောင်စီ ထုတ်တဲ့ လျှို့ဝှက်စာတွေရဲ့ လုံခြုံရေးကုတ် ဆိုတာ ဘယ်လိုမျိုးလဲ၊ ဖရဲသီး နှိမ်နင်းရေး ဆိုတဲ့ စစ်တပ်ရဲ့ စီမံချက် အောင်မြင်နိုင်မှာလား

By ရန်ကုန်ခေတ်သစ် စစ်ကောင်စီက ထုတ်တဲ့ လျှို့ဝှက်စာတွေမှာ တိုင်းနဲ့ ပြည်နယ်အလိုက် လုံခြုံရေးကုတ်တွေ ထည့်သွင်းလေ့ရှိပါတယ်။ အဲဒီ စာလုံးလေးတွေက အတော်ကို သေးလွန်းပြီး သေချာကြည့်မှ မြင်ရပါတယ်။ ရုံးစည်းတံဆိပ်တွေ၊ ညွှန်ကြားစာတွေ ၊ ရုံးလက်မှတ်ထိုးသူ အရာရှိတွေက ပုံစံမျိုးစုံနဲ့ အမှတ်အသားပြုလုပ်ကြတာလည်းဖြစ်ပါတယ်။ အခုနောက်ပိုင်း နေပြည်တော်မှာရှိတဲ့ စစ်ကောင်စီက ညွှန်ကြားတဲ့...

ရန်ကုန်-အင်းစိန်လမ်းတွင် ချထားခဲ့သော မင်းအောင်လှိုင် ပုံစံတူ တုတ်ထိုးရုပ်မှ ဗုံး ၂ လုံးပေါက်ကွဲ၊ လူထိခိုက်မှုမရှိ

ရန်ကုန်၊ ဩဂုတ် ၁၉ ရန်ကုန်-အင်းစိန်လမ်းမကြီး၊ ခဝဲခြံမှတ်တိုင်နှင့် ကုလားကျောင်းမှတ်တိုင်အကြား အောင်သိဒ္ဓိလမ်း မီးပွိုင့်တွင် မင်းအောင်လှိုင်ပုံစံတူ တုတ်ထိုးရုပ်ကို စစ်အင်္ကျီဝတ်ပေးပြီး လမ်းလယ်တွင် ချထားခဲ့ရာ ယင်းအရုပ်အောက်တွင် ဗုံး ၂ လုံးပေါက်ကွဲကြောင်း ဒေသခံများက ပြောသည်။ ဩဂုတ်လ ၁၉ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် အဆိုပါ...

အာရှလမ်းမကြီး၊ မြ၀တီ-ကော့ကရိတ်လမ်းပိုင်းရှိ စစ်ကောင်စီတပ်စခန်းနှင့်ဂိတ်များ ကို ဝင်တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦးအပါအဝင် ၆ ဦးသေဆုံး၊ ပြည်သူ့ကာကွယ်ရေးရဲဘော် ၁ ဦး ကျဆုံး

ရန်ကုန်၊ ဩဂုတ် ၁၉ ကရင်ပြည်နယ်၊ မြ၀တီ-ကော့ကရိတ်လမ်းပိုင်းရှိ စစ်ကောင်စီတပ်စခန်းနှင့်ဂိတ်များ ကို ကျားသစ်နက်စစ်ကြောင်းက ဝင်တိုက်ရောက်တိုက်ခိုက်ရာ စစ်ဗိုလ် ၁ ဦး အပါအဝင် ၆ ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးရဲဘော် ၁ ဦး ကျဆုံးကြောင်း ကျားသစ်နက်စစ်ကြောင်းက သတင်းထုတ်ပြန်သည်။ ဩဂုတ်လ ၁၈ ရက်နေ့ နံနက်၅နာရီ၄၀အချိန်တွင် KNU/KNLA...

အကြမ်းဖက် စစ်ကောင်စီ အတွင်းရေးမှူး အောင်လင်းဒွေးက လျှို့ဝှက်စာများ ပေါက်ကြားလျှင် ထောင်ချမည်ဟုခြိမ်းခြောက်၊ လျှို့ဝှက်စာများကို လူမှုကွန် ရက် တင်မည် ဆိုလျှင် စာအမှတ်၊ လုံခြုံရေးကုတ်နံပါတ်များ ဖျက်ပြီးမှ တင်ရန် ဌာနဆိုင်ရာ ဖရဲသီးများက အသိပေး

ရန်ကုန်၊ ဩဂုတ် ၁၉ စစ်ကောင်စီ အတွင်းရေးမှူး အောင်လင်းဒွေးက လျှို့ဝှက်စာများ ထပ်မံ မပေါက် ကြားရေး အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာများကို ယမန်နေ့က ခေါ်ယူသတိပေးလိုက်ပြီး လျှို့ဝှက်စာ ပေါက်ကြားလျှင် ဌာနတစ်ခုလုံးကို အရေးယူ မည်ဟု ပြောဆိုကြောင်း သိရှိရသည်။ စစ်ကောင်စီ၏ လျှို့ဝှက် ရုံးစာများ ပေါက်ကြားနေသဖြင့် လက်ရှိတွင်...

စစ်တပ်၏ ဒေါက်တိုင် လေတပ် အရာရှိဆိုးများ (သို့မဟုတ်) အကျင့်ပျက်ခြစားမှုများဖြင့် ကြောက်တတ်လွန်းသော ဒုဗိုလ်မှူးကြီး နေမင်းနှင့် ဗိုလ်ကြီး အောင်ကိုကိုထက်

By မိုက်ကယ် (CDM) အကြမ်းဖက်စစ်တပ်၏ ဒေါက်တိုင်များတွင် လေတပ်သည် အဓိက အခန်းကဏ္ဍမှပါဝင်သည်။ စစ်ပွဲမနိုင်လျှင် လေတပ်ကို သုံး၍ ရမ်းကားသည်။ လေတပ်ကို သုံး၍ ဗိုလ်ကျ အနိုင်ကျင့်သည်။ လေတပ်ကို သုံး၍ ပြည်သူကို သတ်ဖြတ်သည်။ လေတပ်တွင် ကောင်းသူများရှိသကဲ့သို့ မကောင်းသူများကလည်း ဒုနှင့်ဒေးရှိနေကြသည်။ လေတပ်မှ အရာရှိဆိုးများက...

မြန်မာစစ်တပ်ရဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်နေတဲ့ Creative Exploration အပါအဝင် စစ်လက်နက်ပွဲစားတွေကို ပစ်မှတ်ထား အရေးယူပိတ်ဆို့ရန် လိုအပ်

ရန်ကုန်၊ ဩဂုတ် ၁၉ Creative Exploration ကုမ္ပဏီ (ယခင် နာမည် mySpace International) ဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ မြန်မာပြည်သူတွေအပေါ် တိုက်ခိုက်မှုတွေမှာ ကြံရာပါ ပါဝင်တဲ့အနေနဲ့ အိန္ဒိယနိုင်ငံက စနက်တံဖျူးစ်တွေကို ဝယ်ယူတင်ပို့ပေးခဲ့တယ်ဆိုတာကို စုံစမ်းသိရှိခဲ့ရကြောင်း Justice For Myanmar အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ စနက်တံဖျူးစ်တွေဟာ...

ရန်ကုန်-အင်းစိန်လမ်းတွင် မင်းအောင်လှိုင်ပုံစံတူ တုတ်ထိုးရုပ်ကို လမ်းလယ်တွင် ချ ဆန္ဒပြသွား၍ စစ်တပ်က လမ်းပိတ်ထား

ရန်ကုန်၊ ဩဂုတ် ၁၉ ရန်ကုန်-အင်းစိန်လမ်းမကြီး၊ အောင်သိဒ္ဓိလမ်း မီးပွိုင့်တွင် မင်းအောင်လှိုင်ပုံစံတူ တုတ်ထိုးရုပ်ကို စစ်အင်္ကျီဝတ်ပေးပြီး လမ်းလယ်တွင် ချ၍ ဆန္ဒပြပွဲဖြစ်ပွားသဖြင့် စစ်တပ်က လမ်းကို ပိတ်ဆို့ထားကြောင်း ဒေသခံများထံမှ သိရှိရသည်။ "ဖြစ်တာက ဒီမနက် ၁၁ ခွဲကျော်ကျော်လောက်ဖြစ်တာ။ မင်းအောင်လှိုင်ပုံနဲ့ တုတ်ထိုးရုပ်။ စစ်ဝတ်စစ်စား ဝတ်ပေးထားတယ်။ အခု...

ကန့်ဘလူမြို့နယ်၊ အင်ငုတ္တိုရွာနှင့် ပင့်သာရွာကို အကြမ်းဖက်စစ်ကောင်စီ လက်နက်ကြီးငယ် ပစ်ခတ်ကာ ဝင်ရောက်မီးရှိုမှုကြောင့် နေအိမ် ၅၀ ဝန်းကျင် မီးလောင်ပြာကျ

ရန်ကုန်၊ ဩဂုတ် ၁၉ စစ်ကိုင်းတိုင်း​၊ ကန့်ဘလူမြို့နယ်​မြောက်ခြမ်းကို စစ်​ကြောင်းထိုး​နေ​သော အကြမ်းဖက်စစ်ကောင်စီက ဩဂုတ်လ ၁၆ ရက်နေ့တွင် အင်ငုတ္တိုရွာကို လက်နက်ကြီးငယ်များဖြင့် ပစ်ခတ် ဝင်ရောက်တပ်စွဲကာ မီးရှိူ့ခဲ့ပြီး နေအိမ် ၂၀ ဝန်းကျင် မီးလောင်ပြာကျသွားကြောင်း၊ ဩဂုတ်လ ၁၇ ရက်​နေ့တွင်လည်း ပင့်သာ(တည်ပင်)ရွာကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်...

မြန်မာ့အရေးမှာ အပြောနဲ့အလုပ် တခြားစီဖြစ်နေတဲ့ နော်ဝေနိုင်ငံရဲ့ သူတော်ကောင်း အယောင်ဆောင် လုပ်ရပ်များ

ရန်ကုန်၊ ဩဂုတ် ၁၉ ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားတဲ့ နော်ဝေသံရုံးဟာ မြန်မာစစ်တပ်နဲ့ ထဲထဲဝင်ဝင် ပတ်သက်ဆက်စပ်နေတဲ့ LOTTE ဟိုတယ်မှာ အမေရိကန်ဒေါ်လာ ၃၅၀,၀၀၀ နီးပါးကို ၂၀၂၁ ခုနှစ်အတွင်းက အသုံးပြုခဲ့ကြောင်း နော်ဝေသတင်းစာ Aftenposten က ဖော်ထုတ်ရေးသားလိုက်ပါတယ်။ နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနက Aftenposten သတင်းစာထံ ဖွင့်ချခဲ့ရတဲ့ အဆိုပါ...

Latest news

- Advertisement -spot_img