30.2 C
Yangon
spot_img

CATEGORY

News

မြောက်ဒဂုံ ၇/၈ လမ်းဆုံတွင်ယနေ့ နံနက်အစောပိုင်း ဗုံးပေါက်ကွဲ၊ စမ်းချောင်းနှင့်လှိုင်မြို့နယ်တွင် ဗုံးများ ပေါက်ကွဲခဲ့

ရန်ကုန်၊ အောက်တိုဘာ ၁၁ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း ၊ ၇/၈ လမ်းဆုံတွင် ယနေ့ နံနက်အစောပိုင်း ဗုံးပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။ အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၄ နာရီ ၄၆ မိနစ်အချိန်၊ မြောက်ဒဂုံ ၇/၈ လမ်းဆုံတွင် ဗုံးတစ်ကြိမ်ပေါက်ကွဲခြင်းဖြစ်ပြီး...

ဝမ်းတွင်းတွင် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ကိုဆန်းဝင်း သေဆုံးပြီး ကိုစိန်ရွှေ အပြင်းအထန်ဒဏ်ရာရ၊ လူမှားပစ် ခတ်မိဟုဆိုပြီး သေဆုံးသူနှင့် ဒဏ်ရာရသူကို စွန့်ပစ်ထားခဲ့

မတူပီတွင် စစ်တပ် ထောင်ထားသော မိုင်းနင်းမိပြီး ပြည်သူ ၁ ဦးသေဆုံး ရန်ကုန်၊ အောက်တိုဘာ ၁၁ မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်တွင် ဆိုင်ကယ် စီးနင်းလာသည့် ပြည်သူ ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြောင်းမဲ့ ပစ်ခတ်သောကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၁ ဦး အပြင်းအထန်...

မကွေးနှင့် စစ်ကိုင်းရှိ စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားသော နေရာများ တိုက်ခိုက်ခံရပြီး ၂၁ ဦးထက်မနည်း သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၀ မကွေးတိုင်းနှင့် စစ်ကိုင်းအတွင်းရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသောနေရာများ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၁ ဦးထက်မနည်း သေဆုံးကြောင်း ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။ ဆားလင်းကြီးရှိ စစ်ကောင်စီတပ် တပ်စွဲထားသော နေရာများ တပြိုင်တည်း တိုက်ခိုက်ခံရ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ရှိ...

စစ်ကောင်စီတပ်၏ လိပ်ရနယ်ခြားစောင့်ရဲစခန်းကို ၁ နာရီအတွင်း AA က သိမ်းပိုက်ပြီး စစ်သုံ့ပန်း ၃ ဦးနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ၊ စစ်သားအလောင်းတချို့ရရှိသည်ဟု ဆိုသော်လည်း အရေအတွက် မဖော်ပြ

ရန်ကုန်၊ အောက်တိုဘာ ၁၀ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ လိပ်ရနယ်ခြားစောင့်တပ်စခန်းကို AA က တိုက်ပွဲအချိန် ၁ နာရီအတွင်း ယနေ့ သိမ်းပိုက် ရရှိပြီး စစ်သုံ့ပန်း ၃ ဦးနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိကြောင်း၊ စစ်သားအလောင်းတချို့ရရှိသော်လည်း အရေအတွက်ကို မူ ဖော်ပြခြင်းမရှိကြောင်း သိရှိရသည်။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ...

စမ်းချောင်း တရားရုံးအနီးတွင် ဗုံးပေါက်ကွဲပြီး စစ်တပ်က ဗဟိုလမ်းနှင့်ဗားကရာလမ်းကို ပိတ်ဆို့ စစ်ဆေး၊ ဒဂုံမြို့သစ်မြောက်ပိုင်းတွင် လက်လုပ်ဗုံးတွေ့ရှိပြီး စစ်တပ်က ဖောက်ခွဲ

ရန်ကုန်၊ အောက်တိုဘာ ၁၀ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တရားရုံးအနီးတွင် ယနေ့ညပိုင်း ဗုံးပေါက်ကွဲမှုဖြစ် ပွားပြီး စစ်တပ်က ဗဟိုလမ်းနှင့်ဗားကရာလမ်းကို ပိတ်ဆို့ စစ်ဆေးလျက်ရှိကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အောက်တိုဘာလ ၁၀ ရက်နေ့ ည ၈ နာရီ ၅ မိနစ်အချိန် ဗားကရာလမ်းနှင့်ဗဟိုလမ်းထောင့်ရှိ စမ်းချောင်းမြို့နယ်တရားရုံးအနီးတွင် ဗုံးပေါက်ကွဲခြင်းဖြစ်ပွားခြင်းဖြစ်...

မလေးရှားသို့ သွားရန် နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာ ၁၅ဦးကို ထိုင်း အာဏာပိုင်များက ဖမ်းဆီး

ရန်ကုန်၊ အောက်တိုဘာ၊ ၁၀ ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်တွင် ကော့သောင်းမြို့မှတဆင့် တရားမဝင်လမ်းကြောင်းဖြင့် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၅ ဦးကို ယနေ့ အောက်တိုဘာ ၁၀ရက် နံနက်ပိုင်းတွင် ဖမ်းဆီးရမိကြောင်း အမှတ် (၂၅) ထိုင်းအထူးခြေမြန်တပ်ရင်းက ထုတ်ပြန်သည်။ ရနောင်းခရိုင် စုက်စာရမ်ဒေသ နာ့ခါးရွာအနီးတွင် အမိုးပိတ်ကားတစ်စီးဖြင့် မြန်မာအလုပ်သမားများကို တရားမဝင်...

မြောက်ဒဂုံတွင် မော်တော်ယာဉ် ဗုံးပေါက်ကွဲမှု ယာဉ်မောင်း အပြင်း အထန်ဒဏ်ရာရပြီး အသက်အန္တရာယ်စိုးရိမ်ရ

ရန်ကုန်၊ အောက်တိုဘာ ၁၀ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၊ စစ်တောင်းစီးတီးမတ်အတွင်း ညနေ ၄ နာရီ ၃၀ မိနစ်အချိန် မော်တော်ယာဉ်အတွင်း ပေါက်ကွဲမှုဖြစ်ပြီး ယာဉ် မောင်းဖြစ်သူ ပြင်းထန်စွာ ဒဏ်ရာရရှိကြောင်း ဒေသခံများက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အောက်တိုဘာ ၁၀ ရက်နေ့ ညနေ...

ဗိုလ်မှူးချုပ်အုန်းသွင်နှင့် သားမက်ကို ပစ်ခတ်ခဲ့သော ပြောက်ကျားရဲဘော်များ လွတ်မြောက်နယ်မြေရောက်ရှိပြီး သိမ်းဆည်းခဲ့သော ဖုန်း ၂ လုံးအတွင်းမှစစ်ဘက် လျှို့ဝှက်အချက်အလက်များ ရရှိ

"အုန်းသွင်ဖုန်းက iphone ဖြစ်ပေမယ့် Lock မချထားတော့ ဖုန်းထဲကအချက် အလက်တွေရဖို့ အထူးတလည် အားစိုက်စရာမလိုခဲ့ ဘူး၊ သူ့သားမက်ဖုန်းကတော့ lock ရှိထားတော့ သြစတေးလျအထိဖုန်းကို ပို့ပြီး အဲဒီက နည်းပညာ ရှင်တွေနဲ့ ခက်ခက်ခဲခဲ data backup ပြန်လုပ်လိုက်ရတယ်" ရန်ကုန်၊ အောက်တိုဘာ ၁၀ ဗိုလ်မှူးချုပ်အုန်းသွင်နှင့်သားမက်...

မုံရွာအခြေစိုက် စစ်ကောင်စီ၏ နမခ စစ်ဌာနချုပ်နှင့် သာစည်ကျေးရွာရှိ အကျဉ်းထောင်သစ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်၊ အလယ်ကျွန်းရွာတွင် တပ်စွဲထားသော စစ်သားများ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခံရ

ရန်ကုန်၊ အောက်တိုဘာ ၁၀ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အကြမ်းဖက်စစ်တပ်၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် သာစည်ကျေးရွာအနီးရှိ စစ်ကောင်စီက ဆောက်လုပ်နေသည့် အကျည်းထောင်အသစ်ကို အောက်တိုဘာလ ၉ ရက် ယမန်နေ့တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်သည်။ အောက်တိုဘာလ ၁၀ ရက်...

ဟားခါးမြို့မရဲစခန်းမှ ရဲတပ်သား မောင်နီမန် သေနတ် ၂ လက်ယူဆောင်ကာ CDF ထံ အလင်းဝင်

ရန်ကုန်၊ အောက်တိုဘာ ၁၀ ချင်းပြည်နယ်၊ ဟားခါးမြို့မရဲစခန်းမှ ရဲတပ်သား မောင်နီမန်သည် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CDF - Senthang ထံသို့ အောက်တိုဘာလ ၈ ရက်နေ့၌ အလင်းဝင်လာကြောင်း သတင်းရရှိသည်။ ဟားခါးမြို့မရဲစခန်းမှ ရဲတပ်သား မောင်နီမန်သည် G3 သေနတ် ၂ လက်၊ ကျည်ကတ် ၃...

Latest news

- Advertisement -spot_img