35 C
Yangon

ဗိုလ်မှူးချုပ်အုန်းသွင်နှင့် သားမက်ကို ပစ်ခတ်ခဲ့သော ပြောက်ကျားရဲဘော်များ လွတ်မြောက်နယ်မြေရောက်ရှိပြီး သိမ်းဆည်းခဲ့သော ဖုန်း ၂ လုံးအတွင်းမှစစ်ဘက် လျှို့ဝှက်အချက်အလက်များ ရရှိ

Must read

“အုန်းသွင်ဖုန်းက iphone ဖြစ်ပေမယ့် Lock မချထားတော့ ဖုန်းထဲကအချက် အလက်တွေရဖို့ အထူးတလည် အားစိုက်စရာမလိုခဲ့ ဘူး၊ သူ့သားမက်ဖုန်းကတော့ lock ရှိထားတော့ သြစတေးလျအထိဖုန်းကို ပို့ပြီး အဲဒီက နည်းပညာ ရှင်တွေနဲ့ ခက်ခက်ခဲခဲ data backup ပြန်လုပ်လိုက်ရတယ်”

ရန်ကုန်၊ အောက်တိုဘာ ၁၀

ဗိုလ်မှူးချုပ်အုန်းသွင်နှင့်သားမက် ဗိုလ်ကြီးရဲတေဇတို့၏ ဖုန်းများအတွင်းမှ စစ်ဘက်ဆိုင်ရာ လျှို့ဝှက်အချက်အလက်များရရှိထားကြောင်း Inya Urban Force (IUF) အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

အကြမ်းဖက်စစ်တပ်မှ အငြိမ်းစားဗိုလ်ချုပ်အုန်းသွင်နှင့် ၎င်း၏ သားမက်ကို နေအိမ်၌ ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့သည့် Inya Urban Force (IUF) မှ ပြောက်ကျားရဲဘော်များသည် လက်ရှိအချိန်တွင် လွတ်မြောက်နယ်မြေ ရောက်ရှိနေပြီး ပစ်ခတ်ရှင်းလင်းမှု ဖြစ်စဉ်တွင် သိမ်းဆည်းခဲ့သော ဖုန်း ၂ လုံးကို ဩစတြေးလျ နိုင်ငံသို့ ပို့ဆောင်ကာ လျှို့ဝှက်အချက်အလက်များကို ဆက် လက်ဖော်ထုတ်နေကြောင်း IUF က ထုတ်ပြန်သည်။

” ဗိုလ်ချုပ်အုန်းသွင်ဖုန်းနဲ့ သူ့သားမက် ရဲတေဇဖုန်း​ကို မစ်ရှင်လုပ်ရင်းတပါတည်း ကျွန်တော်တို့သိမ်းယူခဲ့တယ်၊ အုန်းသွင်ဖုန်းက iphone ဖြစ်ပေမယ့် Lock မချထားတော့ ဖုန်ထဲကအချက်အလက်တွေရဖို့ အထူးတလည် အားစိုက်စရာမလိုခဲ့ ဘူး၊ သူ့သားမက်ဖုန်းကတော့ lock ရှိထားတော့ သြစတေးလျအထိဖုန်းကို ပို့ပြီး အဲဒီက နည်းပညာရှင်တွေနဲ့ ခက်ခက်ခဲခဲ data backup ပြန်လုပ်လိုက်ရတယ် အချက်အလက်အကုန်မဟုတ်ပေမယ့် တော်တော်များများကို ကျွန်တော်တို့ရထားပါတယ်။ စကစ ဘက်ကလူတွေကတော့ iPhone ကိုခြေရာခံလိုက်ပြီး ကျွန်တော်တို့ကိုမိပါပြီလို့ သတင်းလွှင့်နေတာက သူ့လူတွေကိုပါ ဝါဒပြန်ဖြန့်ပြီး အားပေးနေရတဲ့သဘောရှိတယ်။ အခုဖုန်းထဲကအချက် အလက်တွေကိုအခြေခံပြီး စကစထောက်တိုင်တွေကို ဖြိုချ ဖျက်ဆီးဖို့ ကျွန်တော် တို့ကိုယ်တိုင်လည်း လုပ်သင့်လုပ်ထိုက်တာဆက်လုပ်မယ် ၊ တခြားအဖွဲ့အစည်းတွေကိုလည်း ဒီဖုန်းထဲက သတင်းအချက်အလက်တွေကို မျှဝေမယ် ကျွန်တော်တို့ ပြည်သူတွေအတွက် တရားမျှတမှု ပြန်ရှာမယ် ”ဟု အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကေ ပြာသည်။

စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဗိုလ်ချုပ်အုန်းသွင်နှင့် သားမက်ဖြစ်သူ ဗိုလ်ကြီးဟောင်း ရဲတေဇကို ၎င်းတို့နေထိုင်သည့် လှိုင်မြို့နယ်၊ ၁၂ ရပ်ကွက်အတွင်းရှိ နေအိမ်၌ IUF နှင့် ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုတို့က ပူးပေါင်းရှင်းလင်းခဲ့ပြီး ၎င်းတို့ထံမှ ဖုန်း ၂ လုံးကို သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အဆိုပါ ဖုန်းများကို ဩစတြေးလျနိုင်ငံသို့ ပို့ဆောင်ထားပြီး IT ပညာရှင်များအကူအညီဖြင့် ဖုန်းအတွင်းမှ အချက်အလက်များ၊ လျှို့ဝှက်သတင်းများ၊ ၎င်းတို့နှင့် ဆက်စပ်သော စစ်ကောင်စီ ခေါင်းဆောင်များ၊ ထောက်တိုင်များကို ဆက်လက်ရှာဖွေနေကြောင်း IUF က ထုတ်ပြန်ထားသည်။

ပစ်ခတ်ရှင်းလင်းခဲ့သည့် ပြောက်ကျားရဲဘော်များသည် လက်ရှိတွင် လွတ်မြောက်နယ်မြေတွင် ရောက်ရှိနေပြီး စစ်ကောင်စီလော်ဘီများကမှု အဆိုပါ လူငယ်များကို ဖမ်းဆီးရမိထားကြောင်း သတင်းများ မဟုတ်မမှန်ထုတ်လွှင့်နေကြောင်း IUF ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article