25.1 C
Yangon
spot_img

CATEGORY

News

ကလေးမြို့တွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲရာနေရာများကို CNDFနှင့် ပူးပေါင်းအဖွဲ့ဝင်ပစ်၊ စစ်သား ၇ ဦးခန့်သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

ရန်ကုန်၊ မေ ၁၁ စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားရာ နေရာ ၃ ခုကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF နှင့် ပူးပေါင်းအဖွဲ့က မေလ ၁၀ ရက် ညပိုင်းတွင် ဝင်ရောက်ပစ်ခတ်ရာ စစ်သား ၇ ဦးခန့်သေဆုံးပြီး ၅ ဦး ဒဏ်ရာရကြောင်း...

ရေစကြိုတွင် စစ်တပ်က ကျေးရွာ ၉ ရွက်ကို ၂ ရက်ဆက်တိုက် မီးရှို့ ဖျက်ဆီး နေပြီး ရွာလုံးကျွတ် ထွက်ပြေးနေရ၊ ရေဦးရှိ ကျေးရွာ ၂ ရွာကို လည်း စစ်တပ် မီးရှို့နေ

ရန်ကုန်၊ မေ ၁၁ မကွေးတိုင်း ရေစကြိုမြို့နယ်တွင် ကျေးရွာ ၉ ရွာကို အကြမ်းဖက် စစ်တပ်က မေလ ၁ဝ ရက်နှင့် ၁၁ ရက်နေ့တို့တွင် ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ အကြမ်းဖက်...

မန္တလေးတွင် တာဝါတိုင်နှင့် မလွတ်ဟုအကြောင်းပြကာ တာဝါနှင့် ဝေးသည့် အိမ်များပါ ဖျက်ဆီးနေ

ရန်ကုန်၊ မေ ၁၁ မန္တလေးတိုင်း၊ပြည်ကြီးတံခွန်မြို့နယ်၊ရဲဘော်ကွက်‌သစ်ရပ်ကွက်တွင်အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများ စုပေါင်းကာ ယနေ့ မေ ၁၁ ရက် နံနက် ၉ နာရီမှ စတင်ကာ ပြည်သူများ နေအိမ်ကို ဖျက်နေကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။"ဖြစ်တဲ့ကိစ္စက တာဝါတိုင်နဲ့မလွတ်ဘူးဆိုပြီးဖျက်တာဗျ။ အခုကလွတ်တဲ့ အိမ်တွေပါ လိုက်ဖျက်တာ။ ပြီးတော့အရင်ကလည်းဖျက်ပြီးပြီဗျ။...

မရမ်းကုန်းမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးရုံးကို မြို့ပြပြောက်ကျားအဖွဲ့ ကဝင်ရောက်ပစ်ခတ်ရှင်းလင်း၊ စစ်ကောင်စီခန့် ရာအိမ်မှူး ကြည်ခိုင်းဝင်း သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ရန်ကုန်၊ မေ ၁၁ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ၃ ရပ်ကွက်၊ ကျိုက်ဝိုင်းဘုရားလမ်းရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံးကို မြို့ပြပြောက်ကျားအဖွဲ့က ယနေ့ မေလ ၁၁ ရက်နံနက်တွင် ဝင်ရောက်ပစ်ခတ်ရှင်းလင်းရာ ရာအိမ်မှူး ဒေါ်ကြည်ခိုင်ဝင်း သေဆုံးပြီး အုပ်ချုပ်ရေးမှူး ဦးနေဝင်းနှင့် မီးသတ်တပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာရသွားကြောင်း...

မဲခေါင်သတင်းဌာန အလွတ်တန်းသတင်းထောက် မောင်မျိုး ဖမ်းဆီးခံရ၊ အကြမ်းဖက် ပုဒ်မ ၅၂ (က) ဖြင့် အမှုဖွင့်ခံရ

ရန်ကုန်၊ မေ ၁၁ မဲခေါင်သတင်းဌာနအပါအဝင် သတင်းဌာနများသို့ သတင်းပေးပို့နေသည့် အလွတ်တန်းသတင်းထောက် မောင်မျိုး (ခ) မောင်မောင်မျိုးကို မေလ ၁၀ရက် ည ၆နာရီခန့်က ဘားအံမြို့၊ သံလွင်တံတားတွင် စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။မြဝတီမြို့မှ မန္တလေးမြို့သို့ သွားသည့် ခရီးသည်တင် ယာဉ်တစ်စီးအား စစ်ကောင်စီပူးပေါင်းအဖွဲ့က သံလွင်တံတားတွင်...

သန်လျင်မြို့နယ်ရှိ စရဖ တာဝန်ခံ ဇော်ထွန်းကို ပ.က.ဖ အဖွဲ့က ပစ်ခတ်ရှင်းလင်း၊ ဇော်ထွန်းမောင်းနှင်လာသော Honda Fit ကား ဓါတ်တိုင်ဝင်တိုက်ပြီး မှောက်

ရန်ကုန်၊ မေ ၁၁ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံအဖွဲ့ ၁ ဖွဲ့ဖြစ်သော စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) မှ တာဝန်ရှိသူ ၁ ဦးဖြစ်သူ ဇော်ထွန်းကို သန်လျင် ပ.က.ဖ က ယနေ့ မေလ ၁၁ ရက် နံနက် ၇...

NLD ပါတီဝင်တွေကို သတ်ဖြတ်နေတဲ့ သွေးသောက်အဖွဲ့၊ စွန်ရဲ အဖွဲ့ အပါ အဝင် အစွန်းရောက်အဖွဲ့တွေက စစ်ကောင်စီနဲ့ပတ်သက်နေတယ်လို့ NLD တရားဝင်ထုတ်ပြန်

ရန်ကုန်၊ မေ ၁၁ NLD ပါတီဝင်တွေနဲ့ ပါတီထောက်ခံသူတွေ၊ စစ်အာဏာရှင်ဆန့်ကျင်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ သွေးသောက်အဖွဲ့အပါအဝင် အကြမ်းဖက်အဖွဲ့အစည်းတစ်ချို့ရဲ့ လုပ်ဆောင်ချက်တွေမှာ စစ်ကောင်စီပါဝင်ပတ်သက်နေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)က မေလ ၁၀ ရက်နေ့မှာ တရားဝင် ထုတ်ပြန်လိုက်ပါတယ်။ပြီးခဲ့တဲ့ ဧပြီလ ၂၁ရက်နေ့မှာ စတင်ဖွဲ့စည်းတယ်လို့ကြေညာခဲ့ကြတဲ့ သွေးသောက်၊ စွန်ရဲ၊ မျိုးချစ်ညွန့်ပေါင်းနဲ့...

အရပ်ဘက်အဖွဲ့အစည်း ၅၀၀ ကျော်က တရုတ်သမ္မတထံ ပေးပို့သော အိတ်ဖွင့်ပေးစာတွင် ပူးပေါင်းပါဝင်သည့် အဖွဲ့များ တိုးလာ

ရန်ကုန်၊ မေ ၁၁ အာဏာသိမ်း စစ်ကောင်စီကို ဆက်လက် ပံ့ပိုးကူညီနေပါက ပြည်တွင်းရှိ တရုတ်စီးပွားရေး လုပ်ငန်းများ တိုက်ခိုက်ခံရနိုင်ကြောင်း သတိပေးချက် အပါအဝင် တိုက်တွန်းတောင်းဆိုချက် ၇ ချက် ပါဝင်သော အိတ်ဖွင့်ပေးစာ တစ်စောင်ကို မြန်မာ အရပ်ဘက်အဖွဲ့အစည်းပေါင်း ၅၀၀ ကျော်က တရုတ်သမ္မတ...

ချင်းတွင်မြစ်ရိုးတွင် စစ်တပ်အတွက် စက်သုံးဆီ တင်ဆောင်လာသော အမြန်ရေယာဉ် ၄ စီးကို ကာကွယ်ရေး တပ်ဖွဲ့ဖမ်းဆီး၊ ယာဉ်ပေါ်ပါလာသူများကို ခံဝန် ထိုးခိုင်းကာ ပြန်လွှတ်ပေး ပြီး စက်သုံးဆီပီပါ ၇ လုံးကိုသိမ်းဆည်း

ရန်ကုန်၊ မေ ၁၁ စစ်ကိုင်းတိုင်း ချင်းတွင်မြစ်ရိုးတစ်လျှောက်တွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ နယ်မြေရှင်းလင်းရေး ဆောင်ရွာက်နေစဉ် မုံရွာမြို့မှ ဟုမ္မလင်းမြို့သို့ ထွက်ခွာလာသော ကုန်တင် အမြန်ရေယာဉ် ၄ စင်းပေါ်တွင် အကြမ်းဖက် စစ်တပ် စက်သုံးဆီ တင်ဆောင်လာသောကြောင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက မေလ ၁ဝ ရက်နေ့တွင်...

မင်းအောင်လှိုင် အင်းလျားလမ်း နေအိမ် အစုရှယ်ယာကို နိုင်ငံခြားသားများပါ ဝယ်နေ၊ ၅ ရက်အတွင်း ဒေါ်လာ ၃ သန်းရရှိ

ရန်ကုန်၊ မေ ၁၁ အကြမ်းဖက် စစ်ရာဇဝတ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသိမ်းပိုက်ထားသည့် အင်းလျားလမ်း ခြံအမှတ် ၁၄၏ အစုရှယ်ယာများကို NUG က ရောင်းချလျက်ရှိရာ ၅ ရက်တာ ကာလအတွင်း ဒေါ်လာ ၃ သန်းရရှိသွားပြီဖြစ်ပြီး နိုင်ငံခြားသားများပါ ရှယ်ယာများ ဝယ်ယူနေကြောင်း NUG...

Latest news

- Advertisement -spot_img