25.8 C
Yangon
spot_img

CATEGORY

News

ပြည်မြို့တွင် ကျောင်းစောင့် စစ်သားကို ဓားဖြင့် ထိုးသည့် ၆ တန်းကျောင်းသား မောင်အောင်မြင့်မြတ်‌ သေနတ်ကျည်ထိဒဏ်ရာဖြင့် စစ်ဆေးရုံတွင် ချုပ်နှောင် စစ်ကြောရေးလုပ်ခံနေရ

ရန်ကုန်၊ ဩဂုတ် ၄ ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ မှော်ဇာရွာမကျေးရွာ၊ အခြေခံပညာ အထက်တန်း ကျောင်း (ခွဲ) မှော်ဇာတွင် ကျောင်းစောင့် စစ်သားကို ဓားဖြင့် ထိုးခဲ့သည့် ၆ တန်းကျောင်းသား မောင်အောင်မြင့်မြတ်သည် စစ်ဆေးရုံတွင် ကျည်ထိဒဏ်ရာများဖြင့် စစ်ကြောခံနေရကြောင်း နီးစပ်သူများထံမှ သိရှိရသည်။ ဩဂုတ်လ ၃ ရက်နေ့...

အရာတော်နှင့် မြင်းမူ အစပ်တွင် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၁၅ ဦးသေဆုံး၊ တန့်ဆည်တွင် စစ်တပ်ကို PDF များ ဝင်ရောက်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံး

ရန်ကုန်၊ သြဂုတ် ၄ စစ်ကိုင်းတိုင်း အရာတော်မြို့နယ်နှင့် မြင်းမူမြို့နယ် အစပ်ရှိ ခွက်ခွင်းကျေးရွာ အနီး သြဂုတ်လ ၄ ရက်နေ့က စစ်ကြောင်း ထိုးလာသည့် အင်အား ၆၄ ဦးပါ စစ်ကောင်စီ‌ စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ...

ကိုဂျင်မီအိမ်ကို ခဲဖြင့်ပေါက်၍ ဆဲဆိုသောင်းကျန်းမှုတွင် ဦးဆောင်ပါဝင်သူ၊ စစ် တပ်သတင်းပေး ပိန္နဲကုန်း အုပ်ချုပ်ရေးမှူး မျိုးညွန့်အောင်ကို တော်လှန်ရေးတပ်ဖွဲ့က အိမ်ပေါ်အထိ တက် ပစ်ခတ်သဖြင့် ပွဲချင်းပြီးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၄ အင်းစိန်မြို့နယ်ရှိ ကိုဂျင်မီအိမ်ရှေ့တွင် ခဲဖြင့်ပေါက်၍ ဆဲဆိုမှုတွင် ဦးဆောင်ပါဝင်ပြီး စစ်တပ်သတင်းပေး လုပ် ဆောင်သူ ပိန္နဲကုန်း အုပ်ချုပ်ရေးမှူး မျိုးညွန့်အောင်(ခေါ်) ဖိုးကုလားကို Yangon Liberation Force မှ တော်လှန်ရေးရဲဘော်တချို့က အိမ်ပေါ်အထိ တက် ပစ်ခတ်ရာ ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရှိရသည်။ ဩဂုတ်လ...

ဂျပန်နိုင်ငံသား မှတ်တမ်း ရုပ်ရှင်ရိုက်ကူးသူ Kubota ကို အကြမ်းဖက် စစ်ကောင်စီက လ၀က ဥပဒေ ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(က) တို့ဖြင့် အမှုဖွင့် တရားစွဲ

ရန်ကုန်၊ဩဂုတ် ၄ အကြမ်းဖက်စစ်ကောင်စီက ဂျပန်နိုင်ငံသား မှတ်တမ်း ရုပ်ရှင်ရိုက်ကူးသူ Kubota ကို လ၀က ဥပဒေ ၁၃ (၁) ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(က) တို့ဖြင့် တရားစွဲလိုက်သည်ဟု အကြမ်းဖက်စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ရန်ကုန်တိုင်း၊ တောင်ဒဂုံတွင် ဂျပန်နိုင်ငံသား မှတ်တမ်း ရုပ်ရှင်ရိုက်ကူးသူ Toru Kubota...

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ဩစတြေး လျနိုင်ငံဆိုင်ရာ ကိုယ်စား လှယ်ရုံး ဖွင့်လှစ်၊ ဩစတြေး လျနိုင်ငံမှ လွှတ်တော်အမတ်များ၊ နိုင်ငံခြား ရေးဝန်ကြီးဌာန အရာရှိများ တက်ရောက်

--------------------------------------------------------------- The Australian Greens ပါတီက NUG ကို မြန်မာ့တရားဝင်အစိုးရအဖြစ် သတ်မှတ်ဟု ကြေညာ ရန်ကုန်၊ ဩဂုတ် ၄ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ဩစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးကို ဩဂုတ်လ ၃ ရက်နေ့တွင် ဖွင့်လှစ်လိုက်ပြီး ဩစတြေးလျနိုင်ငံမှ လွှတ်တော်အမတ်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိများ တက်ရောက်ကြကြောင်း...

မြန်မာစစ်တပ်၏ ရက်စက်ယုတ်မာသည့် လုပ်ရပ်များ ထပ်မံကျူးလွန်ခွင့်မပြုရေး နိုင်ငံတကာက တားဆီးရန် သံ အမတ်ကြီးဦးကျော်မိုးထွန်း တိုက်တွန်း၊ NUG နှင့်မဟာမိတ်များကို နိုင်ငံတကာက ငွေကြေးထောက်ပံ့ရန် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း ထုတ်ပြော

ရန်ကုန်၊ ဩဂုတ် ၄ မြန်မာနိုင်ငံတွင် တရားမဝင် စစ်အာဏာသိမ်းပြီး ပြည်သူများကို သတ်ဖြတ်နေသည့် စစ်တပ်၏ ရက်စက်ယုတ်မာသည့် လုပ်ရပ်များကို ထပ်မံကျူးလွန်ခွင့်မပြုရေး နိုင်ငံတကာက တားဆီးရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ် စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်သည်။ ဩဂုတ်လ ၃ ရက်နေ့ Asia Society Policy...

စစ်ကောင်စီ၏ ဝင်ငွေရလမ်းများ ဖြတ်တောက်ရေး MOGE ကို ဒဏ်ခတ်ပိတ်ဆို့ရန်နှင့် အပြောလျှော့ပြီး မြန်မာစစ်တပ်ကို လက်တွေ့ အရေးယူရန် အမေရိကန် လွှတ်တော်အမတ် McConnell ကြေညာ

ရန်ကုန်၊ ဩဂုတ် ၄ အမေရိကန်အထက်လွှတ်တော်အမတ်နှင့် ရီပတ်ဘလီကန် ခေါင်းဆောင် Mitch McConnell က မြန်မာနိုင်ငံမှ အကြမ်းဖက်စစ်ကောင်စီကို ကိုင်တွယ်အရေးယူရာတွင် အပြောလျှော့ပြီး အလုပ်ဖြင့် သက်သေပြရန်၊ စစ်တပ်၏ ဝင်ငွေရလမ်းများဖြတ်တောက်ရေး မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို ပိတ်ဆို့အရေးယူရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ အမေရိကန်အထက်လွှတ်တော်အမတ် Mitch McConnellက...

မွန်ပြည်နယ်၊ လမိုင်းမြို့ ရဲစခန်းမှ စစ်တပ်က မွန်တိုင်းရင်းသား ပရဟိတလူငယ် ကိုမင်းလင်းအောင်ကို ပစ်သတ်၊ မေမြို့တွင်လည်း စစ်တပ်က ဆိုင်ကယ် စီးနင်းလာသည့် လူငယ် ၁ ဦးကို အကြောင်းမဲ့ ပစ်သတ်

ရန်ကုန်၊ သြဂုတ် ၄ မွန်ပြည်နယ် လမိုင်းမြို့ ရဲစခန်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ၏ အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ရဲစခန်းနားမှ ဖြတ်သွားသည့် မွန်လူငယ် မင်းလင်းအောင် ကျည်ထိမှန် သေဆုံးခဲ့​ကြောင်း မွန်ပြည်ကာကွယ်ရေးတပ် တောင်ပိုင်းဒေသ ဦးစီးကော်မတီက ပြောသည်။ ဇူလိုင်လ ၃၁ ရက်နေ့ ည ၁၁...

ဇူလိုင်လအတွင်း အကြမ်းဖက်စစ်သား ၁၂ ဦးကို အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး Sniper အဖွဲ့က ရှင်းလင်းနိုင်ခဲ့

ရန်ကုန်၊ ဩဂုတ် ၄ ကရင်နီပြည်နယ်တွင် ဇူလိုင်လအတွင်း၌ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၂ ဦးကို အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး စနိုက်ပါ တပ်ဖွဲ့က ရှင်းလင်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။ ဖရူဆိုမြို့နယ် ထီခူးတောတွင် တပ်စွဲထားသည့် ခမရ ၄၂၈ တပ်ဖွဲ့ကို အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့က ၄ ကြိမ် သွားရောက်ပစ်ခတ်ရာ စစ်သား ၈ ဦးသေဆုံးကြောင်း၊...

စစ်ကောင်စီက ဒီမိုကရေစီအရေးလှုပ်ရှားသူ ၄ ဦးကို သေဒဏ်စီရင်ခြင်းဖြင့် အာဆီယံကို ထင်ထင်ရှားရှား မလေးမစားလုပ်ဟု အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ မှတ်ချက်ပြု

ရန်ကုန်၊ ဩဂုတ် ၃ မြန်မာနိုင်ငံမှ အကြမ်းဖက်စစ်ကောင်စီက ဒီမိုကရေစီအရေးလှုပ်ရှားသူ ၄ ဦးကို သေဒဏ်စီရင်ခြင်းဖြင့် အာဆီယံကို ထင်ထင်ရှားရှား မလေးမစားလုပ်ခြင်းဖြစ် သည်ဟု အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဆွေးနွေးကြကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးVivian Balakrishnan က လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်သည်။ ယနေ့ကျင်းပသည့် ၅၅ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်း...

Latest news

- Advertisement -spot_img