37 C
Yangon

ကျိုက်မရောထောင်တွင် နိုင်ငံရေး အကျဥ်းသားများကို ပစ်သတ်မည်ဟု ခြိမ်းခြောက်ပြီး ညအချိန် အကြောင်းမဲ့ ခေါ်ယူ ရိုက်နှက်မှုများဖြစ်ပွား

Must read

ကျိုက်မရောထောင်တွင် နိုင်ငံရေး အကျဥ်းသားများကို ပစ်သတ်မည်ဟု ခြိမ်းခြောက်ပြီး ညအချိန် အကြောင်းမဲ့ ခေါ်ယူ ရိုက်နှက်မှုများဖြစ်ပွား

ရန်ကုန်၊ မတ် ၆

မွန်ပြည်နယ်၊ ကျိုက်မရောမြို့ ဗဟို အကျဥ်းထောင်တွင် နိုင်ငံရေး အကျဥ်းသားများကို ထောင်ဝန်ထမ်းများက ပစ်သတ်မည်ဟု ခြိမ်းခြောက်ပြီး စစ်ကြောရေးကို ခေါ်ဆောင်ကာ ရိုက်နှက် နှိပ်စက်ပြီး ထောင်ပြောင်းမှုများ လုပ်ဆောင်ကြောင်း အကျဥ်းဦးစီး သတင်းရင်းမြစ်များထံမှ သိရသည်။

ကျိူက်မရော ဗဟို အကျဥ်းထောင်တွင် ထောင်တွင်း အဆင်မပြေမှုများကို ထောင်အာဏာပိုင် အဖွဲ့အစည်းများထံသို့တင်ပြသည့် နိုင်ငံရေး အကျဥ်းသားများကို ထောင်ဝန်ထမ်းများက ညအချိန်တွင် အဆောင်ပြင်သို့ ထုတ်ကာ ပုံစံ ထိုင်ခိုင်းပြီး ပစ်သတ်မည်ဟု ခြိမ်းခြောက် ပြောဆိုကြောင်း၊ ထောင်တွင်း အဆင်မပြေမှုများကို ဆက်လက်တင်ပြလျှင် ညအချိန် စစ်ကြောရေးကို ခေါ်ဆောင်ကာ ရိုက်နှက် နှိပ်စက်ပြီး ထောင်ပြောင်းမှုများ လုပ်ဆောင်​ကြောင်း သိရသည်။

“သူတို့ကို ထောင်တွင်း အဆင်ပြေမှုတွေကို အမြဲတင်ပြတဲ့လူဆိုရင် ညအချိန်မတော် ၂ နာရီလောက်ဆိုရင် စစ်ဘက် အရပ်ဖက် တွေနဲ့ လာခေါ်ထုတ်တယ်ပြီးရင် စစ်ကြောရေးကို တစ်ခေါက်ပြန်ခေါ်သွားပြီး ရိုက်တယ်။ ထောင်ပြောင်းတယ်။ တခါတလေ အဆင်မပြေမှုကို တင်ပြတဲ့သူတွေ အဆောင်ဆိုရင် ညဘက် ၂ နာရီလောက်ကြီး ရိုက်နှက်တယ်။ ပုံစံထိုင်ခိုင်းထားတယ်။ လူက အိပ်ငိုက်လာရင် ထိုင်ထ လုပ်ခိုင်းတယ်။ မင်းတို့ နိုင်ကျဥ်းတွေက ဘာကောင်တွေလည်း အကုန် ပစ်သတ်မယ် ကြည့်နေတဲ့ အဲလိုတွေပါ ခြိမ်း​ခြောက်ပြောဆိုတယ်” ဟု အကျဥ်းဦးစီး သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် အကျဥ်းထောင်အတွင်း နိုင်ငံရေးအကျဥ်းသားများသည် ပုံစံဖြင့် ရေးချိုးရခြင်း​၊ နေရာထိုင်ခင်း မသန့်ရှင်းသောကြောင့် ယားနာများ၊ ဝဲများပေါက်ကာ ဆေးကုသမှုမရရှိခြင်း၊ ညပိုင်းတွင် ထောင်ဝန်ထမ်းများက နိုင်ငံရေး အကျဥ်းသားများရှိသည့် အိပ်ဆောင်များ၌ မူးရူး ဆဲဆိုခြင်း၊ဘာရာ စောင့်ရသည့် နိုင်ငံရေး အကျဥ်းသားများကို ထောင်ဝန်ထမ်းများက ခေါ်ယူ ဆဲဆိုပြီး ထိုးကြိတ်မှုများပါလုပ်ဆောင်ကြောင်း၊ အကျဥ်းထောင်အတွင်း ရှာဖွေရေး လုပ် ဆောင် လျှင် နိုင်ငံရေးအကျဥ်းသားများ၏ အဆောင်များကို မွှေနှောက်ကာ ထောင်ဝင်စာပို့ထားသည့် ပစ္စည်းများကို ယူဆောင်သွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article