26.3 C
Yangon
spot_img

CATEGORY

News

ကရင်ပြည်နယ်၊ ကျားဖြူတပ်ရင်း၊တပ်ခွဲ ၂ တွင် ၇၅နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ပြုလုပ်

ရန်ကုန်၊ ဇူလိုင် ၁၉ ကရင်ပြည်နယ်၊ ကျားဖြူတပ်ရင်း၊တပ်ခွဲ ၂ တွင် ၇၅နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ပြုလုပ်ပြီး ကျဆုံးသွားသော အာဇာနည်ကိုးဦးနှင့်တကွခေတ်အဆက်ဆက် ဒီမိုကရေစီ အရေးနှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသော အာဇာ နည်များကို ဦးညွှတ် အလေးပြုကြသည်။

ပုလောမြို့နယ်၊ ပိန္နဲတောင်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၁ ဦးပြင်းထန် ဒဏ်ရာရ

ရန်ကုန်၊ ဇူလိုင် ၁၉ တနင်္သာရီတိုင်း မြိတ်ခရိုင် ပုလောမြို့နယ် နန်းတောင်ကျေးရွာအုပ်စု ပိန္နဲတောင်ရွာကို ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့ နံနက် အစောပိုင်းတွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး ကျေးရွာနေ ပြည်သူ ကိုဇင်ဝိုင်း ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်ဖြစ်သော...

လှိုင်သာယာတွင် စစ်တပ်က ဆိုင်ကယ်တစ်စီးကို လိုက်လံ ရမ်းကား ပစ်ခတ်ရာ ကိုဝေယံနှင့် ကိုတိုးကြီးတို့ ၂ ဦး ကျည်ထိမှန် သေဆုံး

ရန်ကုန်၊ ဇူလိုင် ၁၉ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ကျန်စစ်သားလမ်းမကြီး၊ ရွှေလင်ပန်းတံ တား အဆင်းတွင် ဇူလိုင်လ ၁၈ ရက်နေ့ ည ၁၁ နာရီအချိန်တွင် စစ်ဆေးရန် ရပ်ခိုင်းသော်လည်း မရပ်တန့်ဘဲ မောင်းနှင်သွားသော ဆိုင်ကယ်တစ်စီးကို စစ်တပ်က လိုက်လံပစ်ခတ်ရာ ဆိုင်ကယ်ပေါ်တွင် လိုက်ပါလာသူ ကိုဝေယံနှင့်...

၇၅ နှစ်မြောက် အာဇာနည်နေ့ အလေးပြုအခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဒေါ်အောင်ဆန်းစုကြည်ကို မမြင်တွေ့ရ

ရန်ကုန်၊ ဇူလိုင် ၁၉ ရန်ကုန်မြို့၊ အာဇာနည်ကုန်းတွင် ယနေ့ ကျင်းပသည့် ၇၅ နှစ်မြောက် အာဇာ နည်နေ့ အလေးပြုအခမ်းအနားသို့ ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်သည်ကို မမြင်တွေ့ရဘဲ စစ်ကောင်စီဘက်မှ အကြမ်း ဖက်စစ်ဒုစစ်ခေါင်းဆောင် စိုးဝင်းတက်ရောက်သည်ကို စစ်ကောင်စီဝါဒဖြန့် MRTV မှတစ်ဆင့် မြင်တွေ့ရသည်။ ယမန်နှစ်...

ယင်းမာပင်တွင် ရွှေနွယ်အေး သပိတ်စစ်ကြောင်း အာဇာနည်နေ့ အထိမ်းအမှတ် စစ်အာဏာရှင် ဖြုတ်ချရေး ချီတက်

ရန်ကုန်၊ ဇူလိုင် ၁၉ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် သွေးမအေးသည့် ရွှေနွယ်သွေးသပိတ်စစ်ကြောင်းက သပိတ်တော်လှန်မှု ၄၄၃ ရက်မြောက်နေ့အဖြစ် "အာဇာနည်မျိုး သေရိုးမရှိ" စာသားပါဘန်နာကိုစွဲကိုင်ကာလူထုအင်အားကောင်းကောင်းဖြင့် စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် သပိတ်မှောက်ကြသည်။

နွားထိုးကြီး-တောင်သာလမ်းတွင် စစ်ကောင်စီယာဉ်တန်း မိုင်းခွဲခံရပြီး စစ်သား ၅ ဦး သေဆုံး

ရန်ကုန်၊ ဇူလိုင် ၁၈ မန္တလေးတိုင်း၊ နွားထိုးကြီး-တောင်သာ ကားလမ်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသော မှန်လုံမော်တော်ယာဉ် ၂ စီးကို နွားထိုးကြီး PDF က ယမန်နေ့ ဇူလိုင်လ ၁၇ ရက် ည ၁၀ နာရီတွင်မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၅ ဦး သေဆုံးကြောင်း...

မောင်တောမြောက်ပိုင်းတွင် စစ်ကားတစ်စီး မိုင်းဆွဲခံထားရပြီး ပစ်ခတ်သံများ ထွက်ပေါ်

ရန်ကုန်၊ ဇူလိုင် ၁၈ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းတရိမ်း(မြို)ကျေးရွာနှင့် မြဝတီကျေးရွာအနီးတွင် ယနေ့ ဇူလိုင် ၁၈ ရက်နေ့ မနက်ပိုင်းက ပစ်ခတ်သံများဖြစ်ပေါ်ခဲ့ကြောင်း မြန်မာ စစ်တပ်က ကားတစ်စီးမိုင်းဆွဲခံရ၍ ပျက်စီးသွားကြောင်း မျက်မြင် ဒေသခံများက ပြောသည်။ မြဝတီကျေးရွာအနီးတွင် မြန်မာ စစ်တပ်ကားစီးကိုမိုင်းဆွဲခံရသည့် အပျက်အစီးများကိုမြင်တွေ့ရကြောင်း ပစ်ခတ်မှုဖြစ်ပွါးပြီးနောက်ပိုင်း မင်္ဂလာညွန်တောင် ထိပ်တွင်...

သာယာဝတီနှင့်ထားဝယ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဦး ခေါင်း ရိုက်နှက်ခြင်း အပါအဝင် အပြင်းအထန်နှိပ်စက်မှုများရှိနေ

ရန်ကုန်၊ ဇူလိုင် ၁၈ နာမည်ဆိုးဖြင့် ကျော်ကြားသော သာယာဝတီ အကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသားများကို ထောင်ဝန်ထမ်းများက ဦးချိုးမည်ဟု ပြောဆိုကာ အချုပ်ဆောင်ရှေ့တွင် ပုံစံထိုင်ခိုင်းပြီး ဦးခေါင်းများကို နေ့စဉ်ရိုက်နှက်လျက်ရှိကြောင်း သိရသည်။ နိုင်ငံရေး အကျဉ်းသားများကို သာယာဝတီ အကျဉ်းထောင် ဝန်ထမ်းများက နေပူ၊ မိုးရွာ မရွေး အချုပ်ဆောင်ရှေ့တွင်...

မြိတ်မြို့နယ်၊ တုံဗျောကျေးရွာတွင် တစ်အိမ်ထောင် ငွေ ၄၀၀၀ ကျပ် အဓမ္မကောက်ယူ၍ ကားဝယ်စီးသော ပျူစောထီး ဆရာ၊ တပည့် ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ လောင်းလုံးနှင့်တွံတေးတွင်လည်း ပျူစောထီးနှင့်စစ်တပ်သတင်းပေး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇူလိုင် ၁၈ တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ တုံဗျောကျေးရွာတွင် တစ်အိမ်ထောင်စုလျှင် ငွေကျပ် ၄၀၀၀ စီ အတင်းအဓမ္မကောက်ခံ၍ ကားဝယ်စီးသော ပျူစောထီး ဆရာ၊ တပည့် ၂ ဦး ယမန်နေ့ညပိုင်းက ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။ "မနေ့ည ၇ နာရီက အဲဒီ...

CDM စစ်သားများ ပစ်သတ်ခံနေရဟု စစ်ကောင်စီက ဗီဒီယို၊ ဓာတ်ပုံများဖြင့် တပ်ဖွဲ့၊ တပ်ရင်းများတွင် လိမ်လည်ဝါဒ ဖြန့် ၊ မင်းအောင်လှိုင် အမိန့်အရ အရာ ရှိ နှင့်စစ်သည်များ တစ်ပြေးညီ ရဲဘော်ရဲဘက် ထမင်းစားပွဲများ ဆက်တိုက်ပြု လုပ်

ရန်ကုန်၊ ဇူလိုင် ၁၈ အကြမ်းဖက်စစ်ကောင်စီက တပ်ရင်းတပ်ဖွဲ့များတွင် စစ်သားများ CDM ဝင်ပါကလည်း တစ်ဖက်အဖွဲ့အစည်းများက ပစ်သတ်နေမှုများ လုပ်ဆောင်နေသည်ဟု ဗီဒီယို၊ ဓာတ်ပုံများဖြင့် ဝါဒဖြန့် လျက်ရှိကြောင်း တပ်တွင်း သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဥကရစ်ထ တိုက်ပွဲအတွင်း တိုက်ပွဲဝင်ရင်း ဖမ်းဆီးခံရကာ အညံ့မခံသော စစ် သားတချို့...

Latest news

- Advertisement -spot_img