33 C
Yangon

ပုလောမြို့နယ်၊ ကဒဲရွာတွင် ဘုန်းကြီးကျောင်းအပါအဝင် အိမ်ခြေ ၁၀၀ နီးပါး စစ်တပ်က မီးရှို့ဖျက်ဆီး၊ သံဃာတော် ၂ ပါး အပါအဝင် ပြည်သူ ၂၀ ခန့်ကို စစ်တပ်က ရိုက်နှက် ဖမ်းဆီး

Must read

ပုလောမြို့နယ်၊ ကဒဲရွာတွင် ဘုန်းကြီးကျောင်းအပါအဝင် အိမ်ခြေ ၁၀၀ နီးပါး စစ်တပ်က မီးရှို့ဖျက်ဆီး၊ သံဃာတော် ၂ ပါး အပါအဝင် ပြည်သူ ၂၀ ခန့်ကို စစ်တပ်က ရိုက်နှက် ဖမ်းဆီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကဒဲရွာတွင် ဘုန်းကြီးကျောင်းအပါအဝင် အိမ် ၁၀၀ နီးပါး စစ်တပ်က မီးရှို့ဖျက်ဆီးလိုက်ပြီး သံဃာတော် ၂ ပါး အပါအဝင် ပြည်သူ ၂၀ ခန့်ကို ရိုက်နှက် ဖမ်းဆီးသွားခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညပိုင်းတွင် စစ်တပ်က ကဒဲကျေးရွာသို့ ဝင်ရောက်စီးနင်းပြီး ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းမှ ညပိုင်းအထိ မီးရှို့ဖျက်ဆီးခြင်းဖြစ်ကြောင်း၊ ကဒဲရွာတွင် အိမ်ခြေ ၄၀၀ ကျော်ဖြင့် လူဦးရေ ၂၀၀၀ ကျော်ရှိပြီး ရွာလုံးလုံးကျွတ် ထွက်ပြေးနေရကြောင်း၊ သံဃာတော် ၂ ပါး အပါအဝင် ပြည်သူ ၂၀ ဦးကို ရိုက်နှက် ဖမ်းသွားကြောင်း သိရှိရသည်။

“တနင်္သာရီတိုင်း ပုလောမြို့နယ် ကဒဲကျေးရွာမှာ စစ်ခွေးအင်အား၂၀၀ခန့် က ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညပိုင်းမှာ ဝင်ရောက်စီးနင်းပြီး ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းကနေ ညနက်တဲ့အထိ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ အိမ်ခြေတစ်ရာနီးပါး မီးလောင်ပြာကျသွားပါတယ်။ သံဃာတော် ၂ ပါး အပါ ပြည်သူ ၂၀ ကိုလည်း ဖမ်းသွားပါတယ်။ အခုထက်ထိ သတင်းမရသေးပါဘူး”ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ကဒဲကျေးရွာအနီးတွင် PDF တပ်စခန်းကို ဝင်ရောက်စီးနင်းဖျက်ဆီးပြီး နောက် ကဒဲကျေးရွာကို ရွာလုံးကျွတ် ဖျက်ဆီး မီးတင်ရှို့လာခြင်းဖြစ်ကြောင်း ၊ လက်ရှိတွင် ဒေသ ပြည်သူ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး စားဝတ်နေရေး ခက်ခဲကာ အရေးပေါ် အကူအညီလိုအပ်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article