26.8 C
Yangon
spot_img

CATEGORY

News

ရန်ကုန်၊ မြောက်ဥက္ကလာ၊ ဧရာ ၆ လမ်းမှ မဘသ၊ အမျိုးသားရေးအစွန်းရောက်နှင့်စစ်တပ်ထောက်ခံသူ ရာအိမ်မှူး သန်းလွင် နေအိမ်ကို သတိပေး ဗုံးခွဲ

ရန်ကုန်၊ ဇူလိုင် ၇ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် ဧရာ ၆ လမ်းရှိ မဘသ၊ အမျိုးသားရေးအစွန်းရောက်နှင့်စစ်တပ်ထောက်ခံသူ ရာအိမ်မှူး သန်းလွင် (ခ) ကံထူး ၏ နေအိမ်ကို ယနေ့ ဇူလိုင်လ ၇ ရက်နေ့ နံနက် ၄ နာရီ ၄၀ အချိန်တွင်...

အကြမ်းဖက် စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာ MRTV တိုက်ရိုက်ထုတ်လွှင့်ခြင်း အစီအစဥ်များ ပိတ်ပင်ခံရ

ရန်ကုန်၊ ဇူလိုင် ၇ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားအခြေစိုက် အွန်လိုင်းရုပ်သံနဲ့ ဗွီဒီယိုတိုက်ရိုက်ထုတ်လွှင့်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Dacast က အကြမ်းဖက်မြန်မာစစ်တပ်ရဲ့ MRTV အွန်လိုင်းရုပ်သံတိုက်ရိုက်ထုတ်လွှင့်တာကို တားမြစ်ပိတ်ပင်လိုက်ပြီလို့ Justice For Myanmar ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ MRTV ရုပ်သံဟာ တရားမဝင် အာဏာသိမ်းစစ်ကောင်စီ ထိန်းချုပ်ထားတဲ့ စစ်တပ်ပြန်ကြားရေးဝန်ကြီးဌာန...

ဘီးလင်း NLD ဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်အမတ် ဦးကျော်မျိုးမင်းကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်၊ လက်ပြန်ကြိုးတုပ်လျက်ဖြင့် အသတ်ခံထားရသော အလောင်းကို ရေမြောင်းထဲတွင် စွန့်ပစ်ခဲ့

ရန်ကုန်၊ ဇူလိုင် ၆ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်NLD ဥက္ကဋ္ဌ ၊ ပြည်နယ်လွှတ်တော်အမတ် ဦးကျော်မျိုးမင်းကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်လိုက်ပြီး အလောင်းကို ရေမြောင်းထဲတွင် လက်ပြန်ကြိုးတုပ်လျက်ဖြင့် ပြန်လည် တွေ့ရရှိကြောင်း NLD ဘက်က အတည်ပြုပြောသည်။ ဇွန်လ ၂၂ ရက်နေ့၊ ဘီးလင်းမြို့နယ်တွင် လွှတ်တော်အမတ် ဦးကျော်မျိုးမင်း၊...

ရန်ကုန် ဆူးလေလမ်းနှင့် ကမ်းနားလမ်းထောင့် ညစျေးအနီးတွင် လုံခြုံရေးယူ ထားသည့် စစ်တပ်နှင့်ရဲကင်းကို ဗုံးဖြင့် ပစ်၊ ဗုံးပေါက်ကွဲမှုကြောင့် စစ်သားများ သေဆုံး ထိခိုက်မှုများနိုင်

ရန်ကုန်၊ ဇူလိုင် ၆ ရန်ကုန် ဆူးလေလမ်းနှင့် ကမ်းနားလမ်းထောင့် ညစျေးအနီးတွင် လုံခြုံရေးယူထားသည့် စစ်တပ်နှင့်ရဲကင်းကို လက်ပစ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်ပြီး စစ်သား သေဆုံး ထိခိုက်မှုရှိနိုင်ကြောင်း ဒေသခံများနှင့် ဒေသပျောက်ကျားတပ်ဖွဲ့ထံမှ သိရှိရသည်။ ယနေ့ ညနေ ၆ နာရီ ၂၀ မိနစ်အချိန် ရန်ကုန်မြို့ ကျောက်တံတား မြို့နယ်...

မင်းတပ်မြို့၊ ချပ်ရွာနှင့် ဆွန်တောင်ကျေးရွာကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ် ၂ စီးဖြင့် ကျဲချခဲ့စဉ် မပေါက်ကွဲဘဲ ကျန်နေသည့် ဗုံးများကို CDF ရှင်းလင်း

ရန်ကုန်၊ ဇူလိုင် ၆ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ချပ်ရွာနှင့် ဆွန်တောင်ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ဇူလိုင်လ ၂ ရက်နေ့နံနက်တွင် ဗုံးကျဲကျ တိုက်ခိုက်ခဲ့ပြီး မပေါက်ကွဲဘဲ ကျန်နေသည့် ဗုံးများကို CDF မင်းတပ် တပ်ဖွဲ့ဝင်များက ယနေ့တွင် ရှင်းလင်းလိုက်ကြောင်း သတင်းရရှိသည်။ အဆိုပါ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ချပ်ကျေးရွာတွင်...

မြောင်နှင့် ရေစကြိုအစပ်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၂၀ ဦးထက်မနည်း သေ ဆုံးသဖြင့် စစ်ရဟတ်ယာဉ်များဖြင့် စစ်ကူပေး တိုက်ခိုက်၊ မတူပီတွင် စစ်သား ၃ ဦးသေဆုံး၊ ဂန့်ဂေါတွင်လည်း စစ်ကား ၂ စီး မိုင်းဆွဲခံရ

ရန်ကုန်၊ ဇူလိုင် ၆ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်နှင့် မကွေးတိုင်း၊ ရေစကြိုမြို့နယ်အစပ်တွင် အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကြား ယနေ့ ဇူလိုင်လ ၆ ရက် နံနက် ၇ နာရီခွဲတွင် တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၂၀ ဦးထက်မနည်း သေဆုံးကြောင်း သတင်းရရှိသည်။ တိုက်ပွဲသည် ၂...

စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့က ပစ်သတ်လိုက်သော အိန္ဒိယနိုင်ငံ သား ၂ ဦး၏ ရုပ်အလောင်းကို ပြန်မပေးသည့်အတွက် အိန္ဒိယပြည်သူများ ဆန္ဒပြပြီး မြန်မာနယ်နမိတ် အနီးမှ ရဲကင်းကို မီးရှို့

ရန်ကုန်၊ ဇူလိုင် ၆ စစ်ကိုင်းတိုင်း၊ တမူးမြို့တွင် ပျူစောထီး အဖွဲ့၏ ပစ်သတ်မှုကြောင့် သေဆုံးသွားသော အိန္ဒိယနိုင်ငံသား နှစ်ယောက် ၏ အလောင်းပြန်လည်ရရှိရေး အတွက် အိန္ဒိယနိုင်ငံ၊ မိုးရေးလူထုက မိုးရေးရဲစခန်းတွင် သွား ရောက်တောင်းဆို ဆန္ဒပြပြီး မြန်မာနယ်နမိတ် အနီးမှ ရဲကင်းကို မီးရှို့လိုက်ကြောင်း ဒေသခံများက...

ဘောလခဲတွင် ရဲတပ်ကြပ်ကြီး ၂ ဦး လက်ပစ်ဗုံး ၆ လုံး၊ ကျည် ၃၁၂ တောင့်၊ စကားပြောစက် ၂ လုံးနှင့်အတူ CDM ဝင်

ရန်ကုန်၊ ဇူလိုင် ၆ ကရင်နီပြည်နယ်၊ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) သို့ ဇူလိုင်လ ၃ ရက်နေ့တွင် ဘောလခဲ ရဲတပ်ဖွဲ့ မှုခင်းနှိမ်နင်းရေးတပ်စုမှ တပ်ကြပ်ကြီး ကိုဝင်းထွန်းနှင့် နယ်ထိန်း တပ်ကြပ်ကြီး ကိုမျိုးဆွေဦးတို့ CDM အဖြစ် ဝင်ရောက်ခိုလှုံခဲ့ကြောင်း Bawlakhe PDF က သတင်းထုတ်ပြန်သည်။ CDM...

ဒီးမော့ဆို၊ စစ်ရှောင်စခန်းတခုကို ကျေးလက်မြေအဖွဲ့က သောက်သုံးရေနှင့် အာဟာရမုန့်များ လှူဒါန်း

ရန်ကုန်၊ ဇူလိုင် ၆ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းတခုကို ကျေးလက်မြေအဖွဲ့က ယနေ့ ဇူလိုင်လ ၆ ရက်နေ့တွင် သောက်သုံးရေနှင့် ကလေးငယ်များအတွက် အာဟာရဒါနမုန့်များ လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိသည်။ ကရင်နီဒေသခံများသည် တောတောင်တွင်း စစ်ရှောင်နေကြရသည်မှာ တနှစ်ဝန်းကျင် ကြာမြင့်နေပြီဖြစ်ပြီး စစ်ရှောင်စခန်းများတွင် သောက်သုံးရေ အဓိကလိုအပ်နေပြီး အခြား အမိုးအကာနှင့်...

ကရင်နီပြည်နယ်တိုက်ပွဲတွင် သေဆုံးသွားသော စစ်တပ်ဒုဗိုလ်မှူး ကြီးရာထူးအဆင့်တံဆိပ် အဆောင် အယောင်များကို ရဲဘော် Buddy တွင် တပ်ဆင်ပေးထား

ရန်ကုန်| ဇူလိုင် ၆ ကရင်နီတိုက်ပွဲမှာ သေဆုံးသွားသော စစ်တပ် ဒုဗိုလ်မှူးကြီးရာထူး အဆင့် အဆောင် အယောင်တွေကို နွေဦးကျန်းမာဆေးရုံရဲ့ရဲဘော်တစ်ဦးဖြစ်တဲ့ Buddyမှာ တပ်ဆင်ပေးထားတာကို ဓာတ်ပုံနဲ့တကွ ဆေးတက္ကသိုလ် (၂) ကျောင်းသားကော်မတီက ထုတ်ပြန်ပါတယ်။ ရဲဘော် Buddy ဟာ သူငယ်ငယ် လက်တစ်ဝါးစာအရွယ်ကတည်းက ဆရာဝန်တွေ လူနာကြည့်လည်းလိုက်၊ စစ်ရှောင်သွားလည်းလိုက်...

Latest news

- Advertisement -spot_img