28 C
Yangon
spot_img

CATEGORY

News

ဂျပန်က စစ်သင်တန်းပေးခဲ့သော လေတပ် ဒုဗိုလ်မှူးကြီး လွှမ်းမိုးက မြန်မာပြည်သူအပေါ် ဆိုးဝါးသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေ၊ စစ်တပ်အရာရှိများကို ဂျပန်က စစ်သင်တန်းပေးမှု ချက်ချင်းရပ်ဆိုင်းရန်လိုအပ်

ရန်ကုန်၊ မေ ၂၃ ဂျပန်နိုင်ငံက စစ်သင်တန်းပေး လေ့ကျင်ခဲ့သော စစ်အရာရှိများစွာအနက်မှ လေတပ် ဒုတိယဗိုလ်မှူးကြီး လွှမ်းမိုးက မြန်မာပြည်သူများအပေါ် ဆိုးဝါးသော လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်လျက်ရှိကြောင်း Human Rights Watch နှင့် Justice For Myanmar က ယနေ့ ထုတ်ဖော်ကြေညာသည်။...

ဖားကန့်မြို့နယ် နေရာ ၃ ခုတွင် KIA ၊ PDF ပူးပေါင်းတပ်များနှင့် စစ်တပ်အကြား တိုက်ပွဲပြင်းထန်နေပြီး ပြည်သူ ၁ ဦးကို စစ်တပ်က ပစ်သတ်၊ မင်းတပ်တွင် စစ်သား ၂ သေဆုံးပြီး...

ရန်ကုန်၊ မေ ၂၃ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်တပ်နှင့် KIA အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကြောင်းများစွာဖြင့် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။ မေလ ၂၃ ရက်နေ့ ဖားကန့် ကရင်ချောင် မှော်ဘက်တွင် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက စစ်ကြောင်းထိုးလာသော...

မင်းဘူးမြို့၊ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး စိန်သောင်း နေအိမ်တွင် ပစ် ခတ်ခံရပြီး သေဆုံး၊ အရာတော်နှင့် ကန့်ဘလူရှိ စစ်တပ်သတင်းပေးဟုစွပ်စွဲခံရသူ ၃ ဦး အသတ်ခံရ၊ ငသိုင်းချာင်း ပျူစောထီးခေါင်းဆောင် ကြံ့ဖွတ်ပါတီမှ သန့်ဇင်ဦး အိမ်သာတက်နေစဉ် သေနတ်ဖြင့် ၈ ချက်...

ရန်ကုန်၊ မေ ၂၃ မကွေးတိုင်း၊ မင်းဘူးမြို့၊ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိန်သောင်းကို ယမန်နေ့ မေလ ၂၂ ရက် ညနေ့ ၆ နာရီဝန်းကျင်တွင် မင်းဘူး၊ စကုပြည်သူ့ကာကွယ်ရေးတပ်မတော် (M.S-PDF)က နေအိမ်၌ ဝင်ရောက်ရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။"သူက မင်းဘူးနယ်မှာ စစ်ကောင်စီ...

သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးဇော်ဌေး(မှူးဇော်) ကွယ်လွန်

ရန်ကုန်၊ မေ ၂၃ NLD အစိုးရလက်ထက် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးဇော်ဌေး(မှူးဇော်)သည် နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံကြီးတွင် ယနေ့ နံနက်ပိုင်း ကွယ်လွန်သွားကြောင်း သိရှိရသည်။ "သူဆေးရုံရောက်တာလည်း ပြန်သိရတယ်။ အခုတော့ ဆုံးသွားပြီလို့ သိရတာပါ။ သတင်းက သေချာပါတယ်။...

ဒီပဲယင်း နဂါးတွင်းရွာကို စစ်တပ်က တပ်စွဲပြီး ရွာလုံးကျွတ် မီးတင်ရှို့၊ သရပ်တောရွာရှိ နေအိမ် ၂၄ လုံးကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီး

ရန်ကုန်၊ မေ ၂၃ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အတွင်းရှိ နဂါးတွင်းရွာကိုလည်း အကြမ်းဖက် စစ်တပ်က မေလ ၂၂ ရက်နေ့ မနက်ပိုင်းမှ ညပိုင်းအထိတွင် ဝင်ရောက် တပ်စွဲပြီး ရွာလုံးကျွတ် မီးတင်ရှို့နေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ အကြမ်းဖက် စစ်တပ်သည် နဂါးတွင်းရွာကို နံနက်...

ပခုက္ကူ တန့်ကြည့်တောင်နှင့် ပခုက္ကူ-မြိုင် နယ်စပ်ရှိ ကျေးရွာများကို ထိုးစစ် ဆင်နေသော စစ်တပ် စစ်ကြောင်းများ တိုက်ခိုက်ခံရပြီး စစ်သား ၆ ဦးသေဆုံး

ရန်ကုန်၊ မေ ၂၂ မကွေးတိုင်း ပခုက္ကူခရိုင် ဧရာဝတီမြစ် အနောက်ဘက်ရှိ တန့်ကြည့်တောင်ကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ် အင်အား ၇ဝ ပါ စစ်ကြောင်း ကို မေလ ၂၂ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ဒသခံကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး...

မင်းကင်း-တန့်ဆည် အစပ်ရှိ တဲကြီးရွာကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု သူနာပြု ၁ ဦးနှင့် အမျိုးသမီး ၁ ဦးသေဆုံး၊ ကျေးရွာ ၃ ရွာကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးသဖြင့် နေအိမ် ၁ဝဝ ကျော် မီးလောင်ပြာကျ

ရန်ကုန်၊ မေ ၂၂ စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်နှင့် တန့်ဆည်မြို့နယ် အစပ်ရှိ တဲကြီးရွာကို အကြမ်းဖက် စစ်တပ်က မေလ ၂ဝ ရက်နေ့တွင် တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ကျေးရွာနေ ကိုယ်ဝန်ဆောင်သည် ၁ ဦးနှင့် သူနာပြု ၁ ဦး သေဆုံးကာ ပြည်သူ ၁၅...

ကရင်နီပြည်နယ်တွင် ၂ ရက်ဆက်တိုက် မိုးရွာသွန်းပြီး လိုဘာခိုကျေးရွာအနီးတွင် ကားလမ်းပေါ် ရေလျှံနေ

ရန်ကုန်၊ မေ ၂၂ ကရင်နီပြည်နယ်တွင် ၂ ရက်ဆက်တိုက် မိုးရွာသွန်းမှုကြောင့် ဒီးမော့ဆိုမြို့နယ်၊ နေရာအချို့တွင် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ရှိ လိုဘာခိုကျေးရွာအနီးတွင် ကားလမ်းပေါ် ရေလျှံနေပြီး ဆိုင်ကယ်များ ဖြတ်သန်းသွားလာနိုင်ရန် ပရဟိတလူငယ်များက ကူညီပေးကြေကြောင်း သိရှိရသည်။အဆိုပါ ရေအိုင်နေသော နေရာကို ဘက်ဟိုးကားနှင့်...

ထီးချိုင့်တွင် စစ်ကြောင်းထိုး၍ ပြန်လာသော စစ်တပ်ကို PDF ၅ ဖွဲ့ပေါင်း ပစ် ခတ်တိုက်ရာ စစ်သား ၂၀ ထက်မနည်းသေဆုံး၊ ဖယ်ခုံတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၄ ဦးသေဆုံး

ရန်ကုန်၊ မေ ၂၂ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် စစ်ကြောင်းထိုး၍ ပြန်လာသော စစ်တပ်ကို ယနေ့ နံနက်ပိုင်း PDF များက ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၂၀ ထက်မနည်းသေဆုံးကြောင်း Eagle Army -HPDF က သတင်းထုတ်ပြန်သည်။ ...

Latest news

- Advertisement -spot_img