29 C
Yangon
spot_img

CATEGORY

News

မြန်မာနှစ်သစ်မှာ ပုစဉ်းဖမ်းပွဲ စပြီလို့ Area 21 ကြေညာ

ရန်ကုန်| ဧပြီ ၁၀ လူထုရဲ့ ကူညီမှုတွေကြောင့် Area 21 တော်လှန်ရေးတပ်ဖွဲ့တွေဆီမှာ RPG တွေ လက်ဝယ်ပိုင်ဆိုင်ထားပြီးဖြစ်လို့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုယန္တရားကို အဓိကပစ်မှတ်ထားမယ်လို့ ကြေညာပါတယ်။"RPG တွေကို အသုံးပြုပြီး ရန်သူအကြမ်းဖက် စစ်ကောင်စီရဲ့ လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေကို အဓိကထား ပစ်ချတိုက်ခိုက်သွားမှာဖြစ်လို့ ...

ကလေးမြို့တွင် ဗုံး ၄ ကြိမ်ကွဲပြီး မြို့တွင်း တိုက်ပွဲပြင်းထန်နေ၊ ယမန်နေ့တွင်လည်း ဗုံး ၂ ကြိမ် ကွဲ

ရန်ကုန်၊ ဧပြီ ၁၀ စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ယနေ့ ဧပြီလ ၁၀ ရက် ညတွင် ဗုံးပေါက်ကွဲသံများ ၄ ကြိမ်ခန့် ထွက်ပေါ်လာပြီးနောက် လက်နက်ငယ် ပစ်ခတ်သံများ တရစပ်ကြားရပြီး မြို့တွင်းတိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။"ည ၆ နာရီ ၄၀ လောက်ကပေါ့...

ဂျပန်ကုမ္ပဏီတွေအနေနဲ့ တာဝန်ယူမှုအပြည့်နဲ့ ရဲတံခွန်သဘာဝဓာတ်ငွေ့ စီမံကိန်းကနေ နှုတ်ထွက်ပေးဖို့ လက်မှတ်ရေးထိုး တောင်းဆိုမှုမှာ ပါဝင်နိုင်

ရန်ကုန်၊ ဧပြီ ၁၀ ဂျပန်အစိုးရ၊ ENOS နဲ့ Mitsubishi Corporation တို့အနေနဲ့ ရဲတံခွန်သဘာဝဓါတ်ငွေ့ စီမံကိန်းမှ တာဝန်ယူမှုအပြည့်နဲ့ ဂုဏ်သိက္ခာရှိစွာ ထွက်ခွာပေးဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုမှာ အားလုံးပါဝင်ပေးကြဖို့ တိုက်တွန်းကြောင်း Justice for Myanmar (JFM) က ယမန်နေ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့...

အင်လျားလမ်း၊ ပန်းဝါအိမ်ရာအဝင်အထွက် စစ်ကောင်စီဂိတ်ကို ကားပေါ်မှ သေနတ်ဖြင့် ပစ်ခတ်၊ စစ်သား ၁ ဦး သေဆုံးပြီး စစ်သားတချို့ ဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၁၀ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အင်းလျားလမ်း၊ ၁၀ ရပ်ကွက်၊ ပန်းဝါအိမ်ရာ ဝင်ထွက်ပေါက် ဂိတ် ၂ ကို စစ်ကောင် စီလုံခြုံရေးဂိတ်တစ်ခုကို ကားပေါ်မှ သေနတ်ဖြင့် ပစ်ခတ်သဖြင့် စစ်သား ၁ ဦးသေဆုံးပြီး ဒဏ်ရာရရှိသော စစ်သားတချို့ရှိကြောင်း ဒေသခံများထံမှ...

နမ့်ဆန်မှာ စစ်ကောင်စီ တပ်သား ၄ ဦး ထွက်ပြေးလွတ်မြောက်

ရွှေဖီမြေ၊ ဧပြီလ ၁၀ ရက်၊ နမ့်ဆန် ရှမ်းမြောက် တအာင်း(ပလောင်)ဒေသ နမ့်ဆန်မြို့နယ် နမ့်ခေးကျေးရွာ တပ်စခန်းကုန်းမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်ရင်း(၂၅၂)က တပ်သား ၄ ဦးဟာ ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်မှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြပါတယ်။၎င်းတို့ ၄ ဦးစလုံးဟာ တပ်သားအဆင့်ရှိသူတွေဖြစ်ကြပြီး တပ်ထဲမှာ ဖိနှိပ်မှုဒဏ်ကို...

လေးကေကော်တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်မှ ဗိုလ်ကြီးတင်လင်းခိုင်ကို ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရမိ၊ စစ်ကောင်စီတပ်ဖွဲ့ ၄၀ ဦးခန့် သေဆုံး

ရန်ကုန်၊ ဧပြီ ၁၀ လေးကေကော်တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်မှ ဗိုလ်ကြီးတင်လင်းခိုင်ကို ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရမိကာ စစ်ကောင်စီတပ်ဖွဲ့ ၄၀ ဦးခန့် သေဆုံးကြောင်း NUG ၏ ပြန်ကြားရေး PVTV က သတင်းထုတ် ပြန် သည်။ ယနေ့နံနက် ၃နာရီခွဲအချိန်ခန့်တွင် စတင်ဖြစ်ပွားခဲ့သော လေးကေကော် မြို့သစ်...

တန့်ဆည် အင်္ကုက္ကားရွာအနီး ကင်းလှည့်နေသော စစ်သားနှင့် ပျူစောထီးများမိုင်းဆွဲခံရပြီး ၅ ဦးခန့်သေဆုံး၊ နတ်မောက်ပညာရေးမှူးရုံးကို ငါးပြေမပြောက်ကျားတပ်ဖွဲ့ မိုင်းဖောက်ခွဲသတိပေး

ရန်ကုန်၊ ဧပြီ ၁၀ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ အင်္ကုက္ကားကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ စစ်သားများနှင့် လက်ပါးစေ ပျူစောထီးများ ကင်းလှည့်နေစဉ် ယမန်နေ့ ဧပြီလ ၉ ရက် ည ၈ နာရီခန့်၌ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်၍ စစ်ကောင်စီတပ်ဖွဲ့မှ ၅ ဦးခန့် သေဆုံးနိုင်ကြောင်း...

နွေဦးတော်လှန်ရေး တိုက်ပွဲဝင်နေသည့် ကျောင်းသားလက်ရုံးတပ်တော်ကို ရက္ခိုင့်တပ်တော် AA၏ နယ်မြေတွင်ကူညီထောက်ပံ့မှုဖြင့် ဖွဲ့စည်းခဲ့၊ PRA တပ်ဖွဲ့ကိုလည်း AA က ထောက်ပံ့ကူညီ

ရန်ကုန်၊ ဧပြီ ၁၀ စစ်အာဏာရှင် ဖြုတ်ချရေး နွေဦးတော်လှန်ရေး တိုက်ပွဲဝင်နေသော ကျောင်းသားလက်ရုံးတပ်တော် (က.လ.တ) ကို ရက္ခိုင့်တပ်တော်၏ နယ်မြေတွင် ထောက်ပံ့ကူညီမှုဖြင့် ဖွဲ့စည်းနိုင်ခဲ့ကြောင်း ၄င်းတို့၏ ၁၃နှစ်မြောက် ရက္ခိုင်တပ်တော်နေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။ကျောင်းသားလက်ရုံးတပ်တော်သည် ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ၏ တပ်ဖြစ်သည်။ ထိုတပ်ကို...

ဖရူဆိုမြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ကရင်နီတပ်ဖွဲ့များ ချုံခိုတိုက်ခိုက်၊ စစ်သား ၁၀ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၁၀ ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီတပ်ဖွဲ့ကြား ယနေ့ ဧပြီလ ၁၀ ရက် နံနက် ၈ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၀ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများ ရှိကြောင်း သိရှိရသည်။ဒေါညေးခူနှင့် ထီးကလူဒေါကျေးရွာကြားတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်...

သထုံထွေအုပ်ရုံးတွင် မြို့နယ်အုပ်ချုပ်ရေးမှူးအတွက် ဆန်တစ်အိတ်နှင့်ဆီတစ်ပုံး လာထားသွားပြီး ယင်းလက်ဆောင်များအတွင်းမှ ဗုံးပေါက်ကွဲ၊ ရဲ ၂ ဦးထိခိုက်ပြီး ရုံးပြိုကျ

ရန်ကုန်၊ ဧပြီ ၁၀ မွန်ပြည်နယ်၊ သထုံခရိုင်ထွေအုပ်ရုံးတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်‌ရေးမှူးအတွက် ဆန်အိတ်တစ်အိတ်နှင့် ဆီတစ်ပုံလာထားသွားပြီး ယင်းလက်ဆောင်များအတွင်းမှ ဗုံးပေါက်ကွဲကာ ရဲ ၂ ဦး အပြင်းအထန်ထိခိုက်ပြီး ရုံးပြိုကျသွားကြောင်း သိရှိရသည်။ မွန်ပြည်နယ်၊ သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ စုပေါင်းရုံးတွင် ဧပြီလ ၉ ရက်နေ့ မွန်းလွဲ...

Latest news

- Advertisement -spot_img