25 C
Yangon

အင်လျားလမ်း၊ ပန်းဝါအိမ်ရာအဝင်အထွက် စစ်ကောင်စီဂိတ်ကို ကားပေါ်မှ သေနတ်ဖြင့် ပစ်ခတ်၊ စစ်သား ၁ ဦး သေဆုံးပြီး စစ်သားတချို့ ဒဏ်ရာရ

Must read

ရန်ကုန်၊ ဧပြီ ၁၀

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အင်းလျားလမ်း၊ ၁၀ ရပ်ကွက်၊ ပန်းဝါအိမ်ရာ ဝင်ထွက်ပေါက် ဂိတ် ၂ ကို စစ်ကောင် စီလုံခြုံရေးဂိတ်တစ်ခုကို ကားပေါ်မှ သေနတ်ဖြင့် ပစ်ခတ်သဖြင့် စစ်သား ၁ ဦးသေဆုံးပြီး ဒဏ်ရာရရှိသော စစ်သားတချို့ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဧပြီလ ၁၀ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ပြီး ကားပေါ်မှ အဆက်မပြတ် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း၊ စစ်သား ၁ ဦး ကျည်ထိသေဆုံးပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရှိရသည်။

“အင်းလျားလမ်းနားက စစ်ကောင်စီ ဂိတ်ဝင်အတွယ်ခံရတဲ့ အသံကြားပြီးနောက် လူနာတင်ယာဉ်သံတွေလည်း အဆက်မပြတ်ကြားလိုက်ရတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ရန်ကုန်တိုင်းရဲသတင်းရပ်ကွက်ကမူ ပစ်ခတ်မှု ဖြစ်ပွားကြောင်း အတည်ပြုပြီး လက်ရှိတွင် ပစ်ခတ်သွားသော အမျိုးအစား ကားကို ရှာဖွေနေကြောင်း၊ စစ်သား ၁ ဦးသေဆုံးကြောင်း အတည်ပြုပြောဆိုသည်။

ဓာတ်ပုံ- အင်းလျားလမ်း၊ ဥယျာဉ်လမ်းနားမြင်ကွင်း။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article