26 C
Yangon
spot_img

CATEGORY

News

ဖျာပုံထောင်တွင် ထောင်မှူးကြီး ဇော်ထွန်းဦးက အကျဉ်းသား၊ အကျဉ်းသူများအပေါ် ဥပဒေမဲ့ လုပ်ဆောင်ညှဉ်း ပန်း ငွေညှစ်မှု၊ မုဒိမ်းကျင့်ရန် ကြံစည်မှုများအပေါ် တိုင်ကြားသော်လည်း လာရောက်စစ်ဆေးသူများက လာဘ်ငွေယူ ပြန်သွား

ရန်ကုန် | ဖေဖော်ဝါရီ ၇ ဧရာ၀တီတိုင်း၊ ဖျာပုံအကျဉ်းထောင် ထောင်မှူးကြီး ဇော်ထွန်းဦးက အကျဉ်း သား၊ အကျဉ်းသူများအပေါ် ဥပဒေမဲ့လုပ်ရပ်များ လုပ်ဆောင်ညှဉ်းပန်း ငွေညှစ်မှုများ၊ မုဒိမ်းကျင့်ရန် ကြံစည်မှုများ အပေါ် တိုင်ကြားသော်လည်း လာရောက်စစ်ဆေးသူများက လာဘ်ငွေယူ ပြန်သွားကာ တစ်စုံတစ်ရာ အရေးယူမှုမရှိကြောင်း အကျဉ်းထောင်နှင့်နီးစပ်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

မြန်မာနိုင်င်ငံတွင် ပညာရေး အားနည်းမှုနှင့် စဉ်းစားတွေးခေါ် ဆင်ခြင်မှု မရှိ၍ နိုင်ငံရေးပဋိပက္ခများ ဖြစ်ပွားဟု အကြမ်းဖက် မင်းအောင်လှိုင် ပြောပြန်

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ မြန်မာနိုင်ငံတွင် ပညာရေး အားနည်းမှုနှင့် စဉ်းစားတွေးခေါ် ဆင်ခြင်မှုမရှိ၍ ခေတ်အဆက်ဆက် နိုင်ငံရေးပဋိပက္ခများ ဖြစ်ပွားရခြင်းဖြစ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုပြန်သည်။ ယမန်နေ့ ရန်ကုန်တက္ကသိုလ်တွင် တက္ကသိုလ်ကျောင်းဆရာ၊ ဆရာမများနှင့်တွေ့ဆုံတွင် အကြမ်းဖက် မင်းအောင်လှိုင်က ထိုသို့ ပြောဆိုလာပြန်ခြင်းဖြစ်သည်။ အကြမ်းဖက် မင်းအောင်လှိုင်က ခေတ်အဆက်ဆက်ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးဆိုင်ရာပဋိပက္ခ ဖြစ်ပွားမှုများသည်...

ဒေါ်လာ၊ ရွှေ အပါအဝင် စျေးကစားသည့်နေရာများသို့ ငွေ​ကြေးများ မရောက်စေရန်ဟုဆိုကာ ဗဟိုဘဏ်က ငွေသားထုတ်ယူမှုများကို ကန့်သတ်လိုက်၍ ပုဂ္ဂလိကဘဏ်များတွင် ငွေသားများ လိုသလောက် ထုတ်မရတော့

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ပြည်တွင်းစီးပွားရေးနယ်ပယ်အတွင်း အမေရိကန်ဒေါ်လာ၊ ရွှေ အပါအဝင် စျေးကွက်အတွင်း စျေးကစားသည့်နေရာများသို့ ငွေ​ကြေးများ မရောက်စေရန်ဟုဆိုကာ စစ်တပ်လက်အောက်ခံ ဗဟိုဘဏ်က ငွေထုတ်မှုများကို ကန့်သတ်ရန် ညွှန်ကြားထားကြောင်း UMFCCI သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီ ၅ ရက်နေ့ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI တွင်...

မြန်မာစစ်တပ်အပေါ် ပိုမိုပြင်းထန်သော ဖိအားနှင့် အရေးယူမှုများ လုပ်ရန် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုဆိုင်ရာ ထိရောက်စေသော နည်းလမ်းများ အဆင်သင့်ရှိနေဟု အမေရိကန်ဘဏ္ဍာရေး၀န်ကြီး ထုတ်ဖော်ပြောဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ အကြမ်းဖက် မြန်မာစစ်တပ်အပေါ် ပိုမိုပြင်းထန်သော ဖိအားနှင့် အရေးယူမှုများ လုပ်ရန် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုဆိုင်ရာ ထိရောက်စေသော နည်းလမ်းလက်နက်များ အဆင်သင့်ရှိနေကြောင်း အမေရိကန်ဘဏ္ဍာရေး၀န်ကြီး Scott Bessen က ထုတ်ဖော်ပြောဆိုလိုက်သည်။ ဖေဖော်ဝါရီလ ၅ ရက်နေ့ အမေရိကန် အထက်လွှတ်တော် ဘဏ္ဍာရေးရှေ့ကော်မတီတွင် ၂၀၂၅ ခုနှစ်...

ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကို ဝမ်းကွဲတော်စပ်သူ NCGUB ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ စိန်ဝင်း ကွယ်လွန်

ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကို ဝမ်းကွဲတော်စပ်သူ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသား ညွန့် ပေါင်းအစိုး ရ (NCGUB) ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ စိန်ဝင်းသည် အမေရိကန်နိုင်ငံတွင် ကွယ် လွန်သွားပြီဖြစ်ကြောင်း မိသားစုအသိုင်းအဝန်းထံမှ သိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ အမေရိကန်နိုင်ငံ၊ ဒေသစံတော်ချိန် နံနက်...

ကျောက်ကြီးမြို့နယ် ခလရ ၃၉ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး အလင်းဝင်၊ ငဖဲတွင်လည်း အလင်းဝင်ရောက်လာသော စစ်သား ၁ ဦးက စစ်တပ်အတွင်း ကော်ဖီမစ်နှင့် ဆေးလိပ်များ အဆမတန် ဈေးတင်ရောင်းဟု ပြောဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် ခလရ ၃၉ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ကျောက်ကြီးမြို့နယ်အတွင်း ခလရ-၃၉ တပ်ရင်းမှ အသက် ၃၂ နှစ်အရွယ် စောအာဘရောင်းသည်...

မြိုင်မြို့နယ်၊ ရွာသစ်ကြီးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရပြီး ၁ ဦး စိုးရိမ်ရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၆ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ရွာသစ်ကြီးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရပြီး ၁ ဦး စိုးရိမ်ရကြောင်း မြိုင်မြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်...

ရှမ်းပြည်ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးဆွဲရေး ဦးဆောင်ကော်မတီကို ဖွဲ့စည်းပြီး ရှမ်းပြည် အတွင်းရှိ အဖွဲ့အစည်းများ၊ လူမျိုးစုများအားလုံး ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ရှမ်းပြည်ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲ ဦးဆောင်ကော်မတီကို ဖွဲ့စည်းလိုက်ပြီး ရှမ်းပြည်အတွင်း ရှိ အဖွဲ့အစည်းများ၊ လူမျိုးစုများအားလုံး ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ထားကြောင်း သျှမ်းပြည်အမျိုးသားညီလာခံ (ပထမအကြိမ်) ပြောရေးဆိုခွင့်ရှိသူက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဖေဖော်ဝါရီလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)...

ဖားကန့်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်က မရှီကထောင် ရပ်ကွက်ကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က မရှီကထောင် ရပ်ကွက်ကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ ညနေ ၄ နာရီ ၄၀...

ကြံ့ဖွတ်အစိုးရသစ်ကို နိုင်ငံတကာက လက်ခံပြီး စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းကာ ပြည်ပရင်းနှီးမြှပ်နှံမှုအသစ်များ ဆက်တိုက်ဝင်လာတော့မည်ဟု ခင်ရီက အကြီးအကျယ် ဝါဒဖြန့်၊ ဝန်ကြီးဖြစ်လိုသူများ ဗေဒင်မေး၊ ယတြာချေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ကြံ့ဖွတ်အစိုးရသစ်ကို နိုင်ငံတကာက လက်ခံပြီး စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းကာ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုအသစ်များ ဆက် တိုက်ဝင်လာတော့မည်ဟု ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီက အကြီးအကျယ် ဝါဒဖြန့်လျက်ရှိကြောင်း ကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ကြံ့ဖွတ်ခင်ရီက နယ်မြေကွင်းဆင်း၍ မဲပေးခဲ့ကြသူများကို ကျေးဇူးတင်ပွဲများ ပြုလုပ်ရာတွင်လည်းကောင်း၊ ကြံ့ဖွတ်ပါတီတွင်း အစည်းအဝေးများနှင့် အနိုင်ရ...

Latest news

- Advertisement -spot_img