38 C
Yangon

ကျောက်ကြီးမြို့နယ် ခလရ ၃၉ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး အလင်းဝင်၊ ငဖဲတွင်လည်း အလင်းဝင်ရောက်လာသော စစ်သား ၁ ဦးက စစ်တပ်အတွင်း ကော်ဖီမစ်နှင့် ဆေးလိပ်များ အဆမတန် ဈေးတင်ရောင်းဟု ပြောဆို

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် ခလရ ၃၉ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ကျောက်ကြီးမြို့နယ်အတွင်း ခလရ-၃၉ တပ်ရင်းမှ အသက် ၃၂ နှစ်အရွယ် စောအာဘရောင်းသည် သေနတ်ယူလာခြင်းမရှိဘဲ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် တပ်ရင်း ၉ ထံသို့ လက်နက်ချ အလင်း၀င်‌လာခဲ့ကြောင်းသိရှိရသည်။

ထိုသို့ လက်နက်ချ အလင်း၀င်လာသည့် တပ်သားသည် မိမိဆန္ဒမပါဘဲ အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းခံရသူဖြစ်ပြီး ၎င်းကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားကြောင်း၊ အကြမ်းဖက် စစ်‌ကောင်စီတပ်တွင်းရှိ အတင်းအဓမ္မစစ်မှုထမ်း စေခိုင်းခံရသူများအနေဖြင့် မိမိတို့နှင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံသို့ အလင်း၀င်ရောက်ကြရန် KNU ဗဟိုက တိုက်တွန်းထားသည်။

ထို့ပြင် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း -ပဒါန်းလမ်းပေါ်ရှိ နတ်ရေကန်ဗျူဟာကုန်းတွင် စစ်သား ၅၀၀ ကျော် ရှိပြီး ကော်ဖီမစ်တစ်ထုပ်လျှင် ငွေကျပ်တစ်သောင်း၊ ဆေးလိပ်တစ်လိပ်လျှင် ငွေကျပ်တစ်သောင်းနှုန်း ဖြင့် တပ်ကြပ်ထံတွင် ပြန်ဝယ်နေရကြောင်း အလင်းဝင်တပ်သား စိုင်းဟတ်က ဝန်ခံထွက်ဆိုထား သည်။

ဇန်နဝါရီလ ၂၈ ရက်နေ့က ငဖဲမြို့နယ်၊ အမ်း- ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာကုန်းစခန်း၌ ကင်း တာဝန်ကျနေစဉ် ထွက်ပြေးလာပြီးနောက် ချင်းကာကွယ်ရေးတပ် – အရှိုထံတွင် တပ်သား စိုင်းဟတ် က ဝန်ခံထွက်ဆိုထားခြင်းဖြစ်သည်။

ငဖဲမြို့နယ်၊ နတ်ရေကန်ဗျူဟာကုန်းတွင် စစ်သား အင်အား ၅၀၀ ကျော်ရှိပြီး မကြာခဏ တိုက်ပွဲဖြစ် ပွားကာ အကြမ်းဖက်စစ်တပ်က ခဲယမ်း၊ ရိက္ခာများကို ၁၅ ရက်တစ်ကြိမ် လေယာဉ်ဖြင့် ရိက္ခာချပေး‌ ကြောင်း၊ ထိုသို့ချပေးသည့် ပစ္စည်းများ အနက် ကော်ဖီမစ် ၃ ထုပ်လျှင်ငွေကျပ်တစ်သောင်း၊ ဆေးလိပ် တစ်လိပ်လျှင် ငွေကျပ်တစ်သောင်းနှုန်းဖြင့် ပြန်လည် ဝယ်ယူနေရကြောင်း သိရသည်။

“နတ်ရေကန်ဗျူဟာကုန်းပေါ်မှာ မကြာခဏတိုက်ပွဲတွေဖြစ်ပါတယ်။ ထွက်ပြေးချင်နေကြတဲ့ ပြည်သူ့ စစ်မှုထမ်းတော်တော်များများရှိပါတယ်။ အင်အားက ၅၀၀ ကျော်ရှိပါတယ်။ ရိက္ခာကတော့ ၁၅ ရက် တစ်ခါ လေယာဉ်နဲ့ချပေးပါတယ်။ အဲဒီချပေးတဲ့ ရိက္ခာတွေထဲမှာ ကောဖီနဲ့ ဆေးလိပ်ကို တပ်ကြပ်ဆီ မှာ ပြန်ဝယ်ရပါတယ်။ ကော်ဖီမစ် ၃ ထုပ်ကို ၁ သောင်း၊ ဆေးလိပ်တစ်လိပ်ကို ၁ သောင်း ပြန်ဝယ်ရ ပါတယ်” ဟု အလင်းဝင်တပ်သား စိုင်းဟတ်က ဝန်ခံပြောကြားသည်။

အလင်းဝင်ရောက်လာခဲ့သည့် စစ်မှုထမ်းတပ်သား စိုင်းဟတ်သည် ရှမ်းလူမျိုးဖြစ်ပြီး ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လုံမြို့ဇာတိဖြစ်ဖြစ်ကြောင်း၊ စစ်မှုထမ်းတပ်သားအဖြစ် စုဆောင်းခံရပြီးနောက် စကခ ၁၇ လက်အောက်ခံ ခမရ ၅၇၅ တပ်ရင်း တပ်သားအနေဖြင့် ငဖဲမြို့နယ်၊ အမ်း -ပဒါန်း လမ်းရှိ နတ်ရေကန်ဗျူ ဟာကုန်းကို ပို့ဆောင်ခံရသူဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article