26 C
Yangon
spot_img

CATEGORY

News

မုန်းနှင့် တောင်သာမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု အသက် ၉ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးပြီး ရွာလုံးကျွတ် ထွက်ပြေးနေရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ပဲခူးတိုင်း၊ မုန်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် အသက် ၉ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း KNU ဗဟိုက...

မြန်မာစစ်တပ်က လူသားစာနာမှုအကူအညီများကို လက်နက်သဖွယ် အသုံးပြုနေပြီး စစ်တပ်၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုရန်မှ ပြည်သူကို အကာအကွယ်ပေးရန် အရေးတကြီးလိုအပ်ဟု ဦးကျော်မိုးထွန်းပြော

ရန်ကုန်၊ ဖေဖော်ဝါရီ ၆ မြန်မာစစ်တပ်က လူသားစာနာမှုအကူအညီများကို လက်နက်သဖွယ် အသုံးပြုနေပြီး ပြည်သူများမှာလည်း စစ် တပ်၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုရန်မှ အကာအကွယ်ပေးရန် အရေးတကြီးလိုအပ်လျက်ရှိကြောင်း ကုလ သမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင်၂၀၂၆...

မောင်းမကန်တွင် စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူ ၁၀ ဦးကို ဖမ်းဆီးကာ ပစ္စည်းများလုယက် ၊ ထီးလင်းမြို့နယ်တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၆ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာတွင် ၁၀ ရက်ကြာ ဝင်ရောက်မွှေနှောက်ခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပြည်သူ ၁၀ ဦးကျော်ကို ဖမ်းဆီးသွားပြီး ရွာထဲရှိ ပစ္စည်းအားလုံးကို လုယက်ယူဆောင်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၂၅ ရက်နေ့...

ဇေယျဝတီမြို့တွင် စစ်တပ်ဂိတ်ကို တိုက်ခိုက်မှု တပ်ကြပ်ကြီး ၁ ဦးသေဆုံးပြီး သေနတ် ၂ လက် ရရှိ၊ တနသာရီမြို့နယ်တွင်လည်း တိုက်ပွဲများဖြစ်ပွားနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့တွင် ပြည်သူများကို ပေါ်တာဆွဲပြီး ဆက်ကြေး အဆမတန်ကောက်ခံနေသော စစ်တပ်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီး ၁ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရမိခဲ့ကြောင်း ဧရာ၀တီအမှတ် ၃ တပ်ရင်း P 26002...

တရုတ်နိုင်ငံသားဟု ယူဆရသူများက မြန်မာနိုင်ငံကူးလက်မှတ်များဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်လေဆိပ်မှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာရန် ကြိုးစားမှု ထိုင်းအာဏာပိုင်များက ဖမ်းဆီးထား

ရန်ကုန်၊ ဖေဖော်ဝါရီ ၆ တရုတ်နိုင်ငံသားဟု ယူဆရသူတချို့က မြန်မာနိုင်ငံကူးလက်မှတ်များဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ သု၀ဏ္ဏဘူမိလေဆိပ်မှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာရန် ကြိုးစားမှုကို ထိုင်းလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များက ဖမ်းဆီးထားကြောင်း ထိုင်းအာဏာပိုင်များနှင့်နီးစပ်သော သတင်းရင်းမြစ်များထံမှ သိရှိရသည်။ ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် ၈ နာရီအချိန် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ သု၀ဏ္ဏဘူမိလေဆိပ်တွင်...

ကရင်နီတွင် စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် ဒီးမော့ဆို – ဖရူဆို -ထားလဲ -နန်းဖဲ- ဘောလခဲ လမ်းတစ် လျှောက် တိုက်ပွဲများပြင်းထန်နေပြီး ဖြတ်သန်းသွားလာခွင့် KNDFက အကန့်အသတ်မရှိ ပိတ်ပင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ကရင်နီပြည်တွင် စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် ဒီးမော့ဆို - ဖရူဆို -ထားလဲ -နန်းဖဲ- ဘောလခဲ လမ်းတစ် လျှောက် တိုက်ပွဲများပြင်းထန်နေပြီး အများပြည်သူများ ဖြတ်သန်းသွားလာခွင့်ကို KNDFက ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ကြောင်း KNDF က တရားဝင် သတင်းထုတ်ပြန်ကြေညာသည်။ ဖေဖော်ဝါရီလ ၅...

မြင်းခြံမြို့နယ်ရှိ ကျေးရွာ ၅ ခုကို စစ်တပ်က ဆက်တိုက် မီးရှို့ဖျက်ဆီးမှု နေအိမ် ၆၀၀ နီးပါး မီးလောင်ပြာကျ၊ ပေါက်တွင်လည်း စစ်တပ် စစ်ကြောင်းထိုးနေ၍ ပြည်သူ ၅ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၆ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၅ ခုကို ဆက်တိုက် မီးရှို့ ဖျက်ဆီးခြင်းကြောင့် နေအိမ် ၆၀၀ နီးပါး မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်အစောပိုင်းမှ စတင်ပြီး...

ဖားကန့်မြို့နယ်တွင် ယမန်နေ့ညပိုင်း ဆိပ်မူကျေးရွာနှင့် ၁၀ မိုင်ပတ်ဝန်းကျင်အထိ အနံ့ဆိုးများ ဖြစ်ပေါ်စေခဲ့သော အင်ဂျင်ဝိုင် ဟောင်းချက် စက်ရုံပိုင်ရှင်နှင့် အလုပ်သမားတို့ကို KIO က အရေးယူ

ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာနှင့် ၁၀ မိုင်ပတ်ဝန်းကျင်အထိ အနံ့ဆိုးဖြစ်ပေါ်စေခဲ့ သော အင် ဂျင် ဝိုင်ဟောင်းချက်စက်ရုံပိုင်ရှင်နှင့် အလုပ်သမားတို့ကို KIO အစိုးရက ဖမ်းဆီးရေးယူထား ကြောင်း ဖားကန့်ဒေသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၅ ရက် ညနေ...

မိုးကုတ်မြို့တွင် စစ်တပ်က မြို့နယ်ဌာနဆိုင်ရာရုံးအားလုံး ဖွင့်လှစ်ရန် ပြင်ဆင်နေချိန် ဒရုန်းဗုံး၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၆ မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဆေးရုံဝင်း၊ ကျပ်ပြင်ရဲစခန်းနှင့် ပင့်ကူတောင် အနီးသို့ ဒရုန်းဗုံး၊ ရှော့တိုက်ဒုံးများ ကျရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး...

ရန်ကုန်-ဒလ တံတားဖွင့်ပွဲသို့ မင်းအောင်လှိုင် လာရောက်၍ ရန်ကုန်မြစ်အတွင်း လှေနှင့်သမ္ဗာန်များအားလုံး သွားလာခွင့်ပိတ်ထားပြီး စစ်ကား၊ စစ်ရေယာဉ်များဖြင့် ကင်းလှ​ည့် လုံခြုံရေးတင်းကျပ်ထား

ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ရန်ကုန်မြို့နှင့် ဒလမြို့တို့သို့ ချိတ်ထားသည့် တံတား၏ နောက်ဆုံးအဆင့် ဖွင့်ပွဲသို့ မင်းအောင်လှိုင် လာရောက် ဖွင့်လှစ်သဖြင့် ယနေ့ ရန်ကုန်မြစ်အတွင်း လှေနှင့်သမ္ဗာန်များအားလုံး သွားလာခွင့်ပိတ်ထားပြီး စစ်ကား၊ စစ်ရေ ယာဉ်များဖြင့် ကင်းလှ​ည့် လုံခြုံရေးတင်းကျပ်ထားကြောင်း ရန်ကုန်အခြေစိုက် ကင်းထောက် သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

Latest news

- Advertisement -spot_img