32 C
Yangon
spot_img

CATEGORY

News

အမေရိကန်သမ္မတက ၂၀၂၆ ခုနှစ် ဘဏ္ဍာနှစ် အသုံးစရိတ်ဥပဒေကို လက်မှတ်ထိုးအတည်ပြုလိုက်ပြီး ဥပဒေ၏ အစိတ်အပိုင်းဖြစ်သော မြန်မာနိုင်ငံအတွက် ဒေါ်လာ ၁၂၁ သန်း အကူအညီပေးရေးမှာလည်း အသက်ဝင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၄ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်အစိုးရ၏ ၂၀၂၆ ဘဏ္ဍာရေးနှစ် အသုံးစရိတ် ဥပဒေကို ဖေဖော်ဝါရီလ ၃ ရက်နေ့ တွင် လက်မှတ်ရေးထိုး အတည် ပြုလိုက်ခြင်းဖြင့် မြန်မာနိုင်ငံအတွက် ဒေါ်လာ ၁၂၁ သန်း အကူအညီပေးရေး အစီအစဉ်သည် တရားဝင် အသက်ဝင်လာကြောင်း...

မုံရွာမြို့ပေါ်တွင် စစ်တပ်က အိမ်စီးကားတစ်စီးကို လိုက်လံပစ်ခတ်သဖြင့် ကားသမား အပါအဝင် ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာ၊ ပစ်သတ်ခံရသူကို PDF ဟု စစ်လော်ဘီများက လိမ်ညာသတင်းလွှင့်

ရန်ကုန်၊ ဖေဖော်ဝါရီ ၄ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် စစ်တပ်က အိမ်စီးကား ၁ စီးကို လိုက်လံပစ်ခတ်ဖမ်းဆီးမှုကြောင့် ဘေးတွဲဆိုင်ကယ်ကယ်ရီ သမား ၁ ဦးနှင့် ကားသမား ၁ ဦးသေဆုံးသွားပြီး လမ်းသွားလမ်းလာပြည်သူ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မုံရွာမြို့မှ တော်လှန်ရေးကင်းထောက်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့...

မြင်းခြံမြို့နယ်၊ ပြည်တော်သာရွာနှင့် တန်းဆောင်းရွာကို စစ်တပ်က ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးနေပြီး ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၄ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ပြည်တော်သာရွာနှင့် တန်းဆောင်းရွာကို စစ်တပ်က ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးနေပြီး ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်အစောပိုင်း မြင်းခြံမြို့နယ်၊ အေးရွာကျေးရွာမှ ထွက်လာသော...

မုံရွာ၊ ကျောက်ဖြူ၊ မင်းတပ်နှင့် ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦးသေဆုံးပြီး နေအိမ်များ ပျက်စီး

ရန်ကုန် ဖေဖော်ဝါရီ ၄ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သက္ကယ်ကျင်းရွာကို အကြမ်းဖက် စစ်တပ်က စစ်တပ်လေထီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၅ နာရီအချိန်တွင် အကြမ်းဖက် စစ်တပ်က...

ဘီးလင်းတွင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးနေသော စစ်တပ်မဟာမိတ် KNU/KNLA (PC) ဒုခွဲမှူး ဟိန်းထက်အောင်(ခ) တုံတုံကြီး ပစ်ခတ်ရပြီး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၄ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာအနီး ကော့ကတဲ့လမ်းဆုံတွင် လူငယ်တွေကို စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲဖမ်းဆီးနေသော ကရင်ငြိမ်းချမ်းကောင်စီ KNU/KNLA (PC) ဒုခွဲမှူး ဟိန်းထက်အောင်(ခ) တုံတုံကြီး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဘီးလင်းမြို့ပြအာဠာဝအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဇန်နဝါရီလ ၂ ရက်နေ့တွင် ည ၁၀...

ဖားကန့်မြို့နယ်၊ ထုံးဘိုကျေးရွာ၊ ရွှေဂေါင်ဂေါင်ဆုတောင်းကုန်းတွင် တိုက်ပွဲဆက်လက် ပြင်းထန်နေ ပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၄ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ထုံးဘိုကျေးရွာ ၊ ရွှေဂေါင်ဂေါင်ဆုတောင်းကုန်းတွင်တိုက်ပွဲဆက် လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဖားကန့်သတင်းရင်းမြစ် က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယနေ့ ဖေဖော်ဝါရီလ ၄ ရက် နံနက် ၈ နာရီ ၃၀ မိနစ်က ဖားကန့်မြို့နယ်၊...

မြန်မာနိုင်ငံရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းမှ ရုရှားအမျိုးသမီးတစ်ဦးကို ပြန်လည်ကယ်ထုတ်နိုင်ပြီး လွတ်မြောက်လာ

ရန်ကုန်၊ ဖေဖော်ဝါရီ ၄ မြန်မာနိုင်ငံရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းမှ ရုရှားအမျိုးသမီးတစ်ဦးကို ပြန်လည်ကယ်ထုတ်နိုင်ပြီး လွတ်မြောက်လာကြောင်း ထိုင်းနိုင်ငံဆိုင်ရာ ရုရှားသံရုံးက သတင်းထုတ်ပြန်သည်။ မြန်မာနိုင်ငံအတွင်းရှိ ကျားဖြန့် ငွေလိမ်ဂိုဏ်းတစ်ခုတွင် အတင်းအကျပ် စေခိုင်းခံနေရသည့် ရုရှားနိုင်ငံသူ အမျိုးသမီးတစ်ဦးကို ထိုင်းနှင့် မြန်မာရဲတပ်ဖွဲ့တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ကြောင်း သိရှိရသည်။ ထိုင်းနိုင်ငံဆိုင်ရာ ရုရှားသံရုံး၏ ထုတ်ပြန်ချက်အရ...

မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသရှိ ဟဲပါးကျေးရွာ စစ်တပ်စခန်းကို KIA/KPDF ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၄ ကချင်ပြည်နယ်မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသရှိ ဟဲပါးကျေးရွာ စစ်တပ်စခန်းကို KIA/KPDF ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယခင်လပိုင်းမှစတင်ပြီး အင်းတော်ကြီးဒေသတွင် စစ်တပ်က စစ်ကြောင်းထိုးလာသဖြင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ အထူးသဖြင့် ရှမ်းနီ SNA တပ်များနှင့်စစ်တပ်က စစ်အင်အားများစွာဖြင့် စစ်ကြောင်းထိုးလာချိန် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊...

ပြည်ထောင်စု အတိုင်ပင်ခံကောင်စီဥပဒေကို မင်းအောင်လှိုင်က ပြဋ္ဌာန်းလိုက်ပြီး သမ္မတ၏ အထက်တွင် အာဏာကို အလုံးစုံ ထိန်းချုပ်ရန် ရည်ရွယ်ဆောင်ရွက်မှု အဖြစ် သုံးသပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၄ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်ထောင်စု အတိုင်ပင်ခံကောင်စီဥပဒေကို ပြဋ္ဌာန်းလိုက်ပြီး ယင်းအတိုင်ပင်ခံကောင်စီမှာ သမ္မတ၏ အထက်နေ၍ နိုင်ငံတော်အာဏာကို ထိန်းချုပ်ထားမည့် အဖွဲ့အစည်းအဖြစ် ဥပဒေပညာရှင်တချို့က သုံးသပ်ပြောဆိုသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့ အကြမ်းဖက်မင်းအောင်လှိုင်က ဒီမိုကရေစီစနစ် ခိုင်မာရေး၊ ဒီမိုကရေစီနှင့်ဖက် ဒရယ်စနစ်ကို...

မြန်မာနှင့် ရုရှားအကြား ၂၀၃၀ အထိ ၅ နှစ်တာ စစ်ရေးမဟာမိတ်စာချုပ်သစ် လက်မှတ်ရေးထိုး

ရန်ကုန်၊ ဖေဖော်ဝါရီ ၃ မြန်မာနှင့် ရုရှားအကြား ၂၀၃၀ အထိ ၅ နှစ်တာ စစ်ရေးမဟာမိတ်စာချုပ်သစ် လက်မှတ်ရေးထိုးလိုက်ကြောင်း ရုရှားနိုင်ငံမှ လာသော သတင်းများအရ သိရှိရသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ မြန်မာနိုင်ငံရောက်ရှိနေသော ရုရှားနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာဂေး ရွှိုင်ဂူ (Sergei...

Latest news

- Advertisement -spot_img