26.3 C
Yangon
spot_img

CATEGORY

News

ရွှေရေကြည် သပိတ်စစ်ကြောင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဩဂုတ် ၂၇ ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဩဂုတ်လ ၂၇ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ဝက်လက်မြို့နယ်၊ ရုံပင်ကုန်းရွာကို စစ်တပ်က လေယာဉ်ဖြင့် ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၄ ဦး သေဆုံးသည်ဟု ကနဦး သိရ

ရန်ကုန်၊ ဩဂုတ် ၂၇ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရုံပင်ကုန်းရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၄ ဦး သေဆုံးသည်ဟု ကနဦးသိရကြောင်း Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်...

ညောင်လေးပင်တွင် စစ်တပ်က ကျေးရွာများကို တိုက်ခိုက်မှု ပြည်သူ ၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီး၊ DKBA ဗိုလ်ဘိအဖွဲ့ကလည်း ပြည်သူပိုင် ပစ္စည်းများကို ဖျက်ဆီး

ရန်ကုန်၊ ဩဂုတ် ၂၇ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီးကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။ မူးမြို့နယ်တွင် ဩဂုတ်လ ၂၁ ရက်နေ့...

နိုင်ငံခြားမှ ပြန်လာစဉ် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့သော စစ်မှုထမ်း တပ်သားသစ် ၁ ဦး အလင်းဝင်

ရန်ကုန်၊ ဩဂုတ် ၂၇ စစ်ကိုင်းတိုင်း၊ ရန်ကုန်-မုံရွာ လမ်းပိုင်းတွင် နိုင်ငံခြားမှ ပြန်လာစဉ် အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့သော စစ်မှုထမ်း တပ်သားသစ် ၁ ဦး အလင်းဝင်ရောက်လာကြောင်း 8+ အညာမြေစစ်ဆင်ရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဩဂုတ်လ ၂၁ ရက်နေ့တွင် ပခုက္ကူမြို့...

ဘုတလင်မြို့ပေါ်မှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဩဂုတ် ၂၇ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ဘုတလင်မြို့နယ် ပကဖ မှ တာဝန်ရှိသူ အဖြူရောင် ကြွက်ကလေးက ရန်ကုန်ခေတ်သစ်...

ပုသိမ်တွင် စစ်တပ်က မဲပေးစနစ် သရုပ်ပြရန်ဟုဆိုကာ ကြံ့ဖွတ်ပါတီ အမာခံများရှိသည့် ရွာများကို ချန်ထားခဲ့ပြီး ကျေးရွာအုပ်စု တစ်ခုကို လူ ၅၀၀ နှုန်းဖြင့် မဲခလုတ်နှိပ်ရန် အတင်း အဓမ္မ ခေါ်ဆောင်နေ

ရန်ကုန်၊ ဩဂုတ် ၂၇ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က မဲပေးစနစ် သရုပ်ပြရန်ဟုဆိုကာ ကြံ့ဖွတ်ပါတီ အမာခံများရှိသည့် ရွာများကို ချန်ထားခဲ့ပြီး ကျေးရွာအုပ်စု တစ်ခုကို လူ ၅၀၀ နှုန်းဖြင့် မဲခလုတ်နှိပ်ရန် အတင်း အဓမ္မ ခေါ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့...

တနင်္သာရီတိုင်းတွင် နယ်မြေ စစ်ဆေးရေး ကွင်းဆင်းသည့် ဘုတ်ပြင်းအခြေစိုက် အမှတ် ၁၃ စစ်ဆင် ရေးကွပ်ကဲမှုဌာန ချုပ်၏ ဒုတိယစကခမှူး ဗိုလ်မှူးကြီး မျိုးသန့် KNLA ၏ တိုက်ခိုက်မှုကြောင့် သေဆုံး၊ အလောင်းကို ဘုတ်ပြင်းသို့ ပြန်သယ်

ရန်ကုန်၊ ဩဂုတ် ၂၇ တနင်္သာရီတိုင်းတွင် နယ်မြေ စစ်ဆေးရေး ကွင်းဆင်းသည့် ဘုတ်ပြင်းအခြေစိုက် အမှတ် ၁၃ စစ် ဆင်ရေးကွပ်ကဲမှုဌာန ချုပ်မှ ဒုတိယစကခမှူး ဗိုလ်မှူးကြီး မျိုးသန့်သည် KNLA ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားကြောင်း စစ်ဘက်သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဩဂုတ်လ ၂၅ ရက်နေ့...

မင်းဘူးခရိုင်နှင့် နာဂဒေသတွင် စစ်တပ်က ပြုလုပ်မည့် တရားမဝင် ရွေးကောက်ပွဲကို လက်မခံဘဲ ရွေး ကောက်ပွဲပါဝင်သူ၊ ကူညီသူများကို အပြစ်ပေးအရေးယူမည်ဟု တော်လှန်ရေးတပ်များက သတိပေးကြေညာ

ရန်ကုန်၊ ဩဂုတ် ၂၇ မကွေးတိုင်း၊ မင်းဘူးခရိုင်နှင့် စစ်ကိုင်းတိုင်း၊ နာဂဒေသတို့တွင် စစ်တပ်က ပြုလုပ်မည့် တရားမဝင် ရွေး ကောက်ပွဲကို လက်မခံဘဲ ရွေးကောက်ပွဲပါဝင်သူများကို ထိရောက်စွာ အပြစ်ပေးအရေးယူမည်ဟု တော်လှန်ရေးတပ်များက သတိပေး ကြေညာလိုက်သည်။ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ မင်းဘူးခရိုင် စစ်ဌာန၊ မင်းဘူး ခရိုင် အမှတ်...

စစ်အာဏာရှင် ချုပ်ငြိမ်းရေး တိုက်ခိုက်ရန် အထူးတိုင်းစစ်ဌာန ဗျူဟာ ၃၃ နှင့် မွန်ပြည်တော်လှန် ရေးတပ် တို့ ညီနောင်တပ်ဖွဲ့ များအဖြစ်ပူးပေါင်းဖွဲ့စည်း

ရန်ကုန်၊ ဩဂုတ် ၂၇ စစ်အာဏာရှင် ချုပ်ငြိမ်းရေး တိုက်ခိုက်ရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ နည်းဗျူဟာ ၃‌၃ နှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ ပူးပေါင်း၍ ညီနောင်တပ်ဖွဲ့ အဖြစ်ဖွဲ့စည်းလိုက်ကြောင်း အထူးတိုင်းစစ်ဌာန ဗျူဟာ ၃၃ စစ်ဆင်ရေးမှူး ရဲဘော် စောဒါးကို...

ရေတာရှည်တွင် စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့သော PDF ရဲဘော် စိုးကြီး၏ နာရေးသို့ စက်တပ်လေထီးဖြင့် ၆ ကြိမ်ဗုံးကျဲ၊ ဆိုင်ကယ်ကယ်ရီသမားကိုရွှေအောင်ကို PDF ဟု အမည်တပ် စစ်တပ်က ဖမ်းဆီးထား

ရန်ကုန်၊ ဩဂုတ် ၂၇ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့သော PDF ရဲဘော် စိုးကြီး၏ နာရေး သဂြိုလ်ပွဲသို့ စက်တပ်လေထီးဖြင့် ၆ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဗျုဟာ ၂၂ မှ တော်လှန်ရေး ရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

Latest news

- Advertisement -spot_img