28 C
Yangon
spot_img

CATEGORY

News

စေတုတ္တရာမြို့မရဲစခန်းအနီးရှိ စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံး

ရန်ကုန်၊ ဧပြီ ၃ မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်ရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ အထိုင်ချထားသော ဂိတ်စခန်းတစ်ခုကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင် စီဘက် မှ ၃ ဦး သေဆုံးပြီး ၅ ဦးခန့် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း မြေလတ်လွတ်မြောက် ရေးတပ်တော် (CLLA) မှ တာဝန်ရှိသူက...

KNU တပ်မဟာ ၅ နယ်မြေအတွင်း မတ်လတိုက်ပွဲများတွင် စစ်တပ်ဘက်မှ အရာရှိနှင့်စစ်သည် ၁၀၀ ကျော် သေဆုံး

ရန်ကုန်၊ ဧပြီ ၃ ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေဖြစ်သော ဖာပွန် (မူတြော်) ခရိုင်အတွင်း ပြီးခဲ့သည့် မတ်လ ၁ လတာအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် စစ်တပ်ဘက်မှ အရာရှိနှင့် စစ်သည် စုစုပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း KNU က...

မုံရွာမြို့နယ်၊ ညောင်ပင်သာရွာအနီးရှိ ဆေးရုံကို စစ်တပ်က လေကြောင်းမှ ၂ ကြိမ် ဗုံးကျဲတိုက်ခိုက်မှု ဆေးရုံအဆောက်အအုံနှင့် ဆေးကုသရေးပစ္စည်းများ ပျက်စီး

ရန်ကုန်၊ ဧပြီ ၃ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ပင်သာကျေးရွာအနီးတွင် တည်ရှိသော ဆေးရုံကို စစ်ကောင်စီတပ်က ဧပြီလ ၂ ရက်နေ့တွင် လေကြောင်းမှ နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့သဖြင့် ဆေးရုံအဆောက်အအုံများနှင့် ဆေးကုသရေးအသုံးအဆောင်ပစ္စည်းများ အမြောက်အမြား ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။ အဆိုပါ တိုက်ခိုက်မှုကို ဧပြီလ ၂ ရက်နေ့တွင် တံတားဦးလေတပ်မှ...

မြင်းခြံရှိ ဖက်ပင်အိုင်ရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပစ်ခတ်မှု ပြည်သူများ ထိခိုက်သေဆုံမှုရှိ၊ ပေါက်မြို့နယ်တွင်လည်း စစ်ဘေးရှောင်ပြည်သူများ သောက်သုံးရေနှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေ

ရန်ကုန်၊ ဧပြီ ၃ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ဖက်ပင်အိုင်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဧပြီလ ၂ ရက်နေ့ နံနက် အစောပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက...

PDF များ အိမ်ပြန်လာကြရန် ရေးသားထားသည့် ဝါဒဖြန့် စာရွက်များကို လေကြောင်းမှတစ်ဆင့် စစ်တပ်က လိုက်လံကျဲချနေ၊ စစ်တပ် ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများအတွက် တရားစီရင်ရမည်ဟု ဦးမင်းကိုနိုင် သတိပေး

ရန်ကုန်၊ ဧပြီ ၃ အကြမ်းဖက်စစ်တပ်ကို တော်လှန်တိုက်ခိုက်နေသော PDF များ အိမ်ပြန်လာကြရန် ရေးသားထားသည့် ဝါဒဖြန့် စာရွက်များကို လေကြောင်းမှတစ်ဆင့် စစ်တပ်က လိုက်လံကျဲချနေကြောင်း တော်လှန်ရေးရဲဘော်များထံမှ သိရှိရသည်။ ယခုရက်ပိုင်းအတွင်း ပဲခူးတိုင်းဒေသတွင်းရှိ စစ်မျက်နှာများတွင် အကြမ်းဖက်စစ်တပ်က PDF များ အိမ်ပြန်ကြရန် ရေးသားထားသည့် ဝါဒဖြန့် စာရွက်များကို...

NLD မဲမသမာမှုလုပ်၍ အာဏာထိန်းရပါသည်ဆိုသော အကြမ်းဖက် မင်းအောင်လှိုင် ရွေး ကောက်ပွဲအတုနှင့် လွှတ်တော်အတုမှ တင်မြှောက်သော အကြမ်းဖက် သမ္မတ ဖြစ် လာ

ရန်ကုန်၊ ဧပြီ ၃ NLDပါတီက ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုလုပ်၍ အာဏာထိန်းရပါသည်ဆိုသော အကြမ်းဖက် မင်းအောင်လှိုင်မှာ စစ်တပ်က ဦးစီးလုပ်ဆောင်ခဲ့သော ရွေးကောက်ပွဲအတုနှင့် လွှတ်တော်အတုက တင်မြှောက်သော အကြမ်းဖက် သမ္မတ ဖြစ်လာသည်။ ယနေ့ နေပြည်တော်တွင်ပြုလုပ်သော အကြမ်းဖက် လွှတ်တော်က သမ္မတ ရွေးချယ် တင်မြှောက်ပွဲ ပြုလုပ်ခဲ့ပြီး...

ပေါက်မြို့နယ်နှင့် မြဝတီမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး

ရန်ကုန်၊ ဧပြီ ၃ မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ တည်ပင်လှရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပေါက်မြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရသိရသည်။ ယမန်နေ့ ဧပြီလ ၂ ရက်နေ့တွင် ပေါက်မြို့နယ်၊ တည်ပင်လှရွာကို အကြမ်းဖက်...

ညောင်ဦးမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်တပ်က ကျေးရွာ ၃ ခုကို မီးရှို့ဖျက်ဆီးသဖြင့် နေအိမ် ၃၀ ကျော်ပြာကျ၊ စစ်တပ်နှင့်ပျူစောထီးများက ပြည်သူပိုင်ပစ္စည်းများကို လုယက်ခိုးယူနေ

ရန်ကုန်၊ ဧပြီ ၃ မကွေးတိုင်း၊ ချောက်မြို့နယ်မှ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း မကွေးခရိုင်အမှတ် - ၃ တပ်ရင်း အဖွဲ့မှ တပ်ရင်းမှူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ မတ်လ ၃၁ ရက်နေ့ ချောက်မြို့နယ်...

အသက် ၇ နှစ်အရွယ်သမီးငယ်ကို သတ်ဖြတ်ခဲ့သည့် မြန်မာအမျိုးသမီး မမျိုးပပထွန်းကို ချွန်ဘူရီတွင် ဖမ်းဆီးရမိ

ရန်ကုန်၊ ဧပြီ ၃ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ၎င်း၏ ခုနစ်နှစ်အရွယ် သမီးဖြစ်သူကို လည်ပင်းညှစ်သတ်ဖြတ်ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေသည့် အသက် ၃၄ နှစ်အရွယ် မြန်မာအမျိုးသမီး မမျိုးပပထွန်းကို ချွန်ဘူရီခရိုင်၊ ခိုလန်း (Koh Larn) ကျွန်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။ ဖမ်းဆီးခံရသူမှာ မမျိုးပပထွန်း (Miss...

ဖားကန့်၊ မှော်ဝမ်းဒေသရှိ စစ်တပ်ကင်းစခန်း ၃ ခုကို KIA သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီဘက်မှ ၂၀ ခန့် သေဆုံးဟုဆို

ရန်ကုန်၊ ဧ​ပြီ ၃ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဥရုချောင်းတစ်လျှောက်ရှိ မှော်ဝမ်းဒေသတွင် အခြေစိုက်ထားသော စစ်ကောင်စီ၏ အရေးပါသည့် ကင်းစခန်း ၃ ခုကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့ ဧပြီလ ၂ ရက်နေ့တွင် အပြတ်အသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းရင်းမြစ်ထံမှ...

Latest news

- Advertisement -spot_img