26 C
Yangon
spot_img

CATEGORY

News

တနင်္သာရီနှင့်ပွင့်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြား၊ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး

ရန်ကုန်၊ ဩဂုတ် ၁၃ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးပြီး တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံးခဲ့ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဩဂုတ်လ ၁၀...

သဲကုန်းတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကျေးရွာများကို ၂ ရက်ဆက်တိုက် မီးရှို့နေပြီး စစ်ဘေးရှောင်ပြည်သူများကို ဒရုန်းဖြင့် ဗုံးကျဲနေ၊ တော်လှန်ရေးတပ်များကလည်း ခုခံတိုက်ခိုက်နေ၍ တိုက်ပွဲများ ပြင်းထန်

ရန်ကုန်၊ ဩဂုတ် ၁၃ ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ၂ ရက်ဆက်တိုက် မီးရှို့နေပြီး စစ်ဘေးရှောင်ပြည်သူများကိုပါ စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေကြောင်း ပြည်ခရိုင်ပကဖ စစ်ရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဩဂုတ်လ ၁၂ ရက်နေ့ နံနက် ၉...

တလုပ်မြို့ပေါ်တွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံးပြီး စစ်တပ်က မြို့ပေါ်မှ နေအိမ်များကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဩဂုတ် ၁၃ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ပေါ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၈ ဦးသေဆုံးပြီး စစ်တပ်က နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း CDSOM ဗိုလ်စင်္ကြာစစ်​ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဩဂုတ်လ ၉ ရက်နေ့...

ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းစခန်းနှင့် ကွင်းချောင်းဝဗျူဟာစခန်းတို့မှ စစ်မှုထမ်း တပ်သား ၈ ဦး အလင်းဝင်

ရန်ကုန်၊ ဩဂုတ် ၁၃ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းစခန်းနှင့် ကွင်းချောင်းဝဗျူဟာစခန်းတို့တွင် တာဝန်ကျ နေသော စစ်မှုထမ်းတပ်သား ၈ ဦး အလင်းအလင်းဝင်ခဲ့ကြောင်း ပဲခူးခရိုင်အမှတ် ၂ တပ်ရင်း - P23702 မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ ဩဂုတ်လ ၁၂ ရက်နေ့က...

ကိုယ်ကျိုးစီးပွားတစ်ခုတည်းကြည့်သည့် တရုတ်ဩဇာ လွှမ်းမိုးချုပ်ကိုင်မှုက နွေဦးတော်လှန်ရေးအတွက် ကြီးမားသော အခက်အခဲ ဟု TNLA ဗိုလ်ချုပ် တားဘုန်းကျော် ပြော

ရန်ကုန်၊ ဩဂုတ် ၁၃ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၏ ကိုယ်ကျိုးစီးပွားတစ်ခုတည်းကြည့်သည့် တရုတ်ဩဇာ လွှမ်းမိုးချုပ်ကိုင်မှုက နွေဦးတော်လှန်ရေးအတွက်ကြီးမားသော အခက်အခဲတစ်ခုဖြစ်ကြောင်း တအာင်း TNLA ၏ အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က လူမှုကွန်ရက်မှတစ်ဆင့် ရေးသားပြောဆိုလိုက်သည်။ ယမန်နေ့ ဗိုလ်ချုပ်တားဘုန်းကျော်က "လက်ရှိတော်လှန်ရေးမှာ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံးအခက်ခဲ" ဟု...

တောင်ကြီးမှ စစ်မှုထမ်း တပ်သား မောင်ချမ်းမြေ့အောင် ရှေ့တန်းတွင် သေဆုံးမှု ၆ လကျော်မှ မိသားစုကို အသိ ပေး၊ ကန်ကြီးထောင့်မှ စစ်မှုထမ်းတပ်သား ဇင်ဘိုဘို သေဆုံးမှုအတွက် မည်သည့်ခံစားခွင့်မှ မပေးဟု စစ်တပ်က အကြောင်းကြား

ရန်ကုန်၊ ဩဂုတ် ၁၃ အကြမ်းဖက်စစ်တပ်က လူငယ်များကို စစ်မှုထမ်းတပ်သားများအဖြစ် ရှေ့တန်းတွင် သေဆုံးမှု ၆ လကျော်မှ စစ်တပ်က မိသားစုကို အသိပေးအကြောင်းကြားပြီး သေဆုံးစစ်မှုထမ်းတပ်သားများအတွက် မည်သည့်ခံစားခွင့်မှ ပေးရန်မရှိဟု စစ်တပ်က တရားဝင် အကြောင်းကြားလာကြောင်း သေဆုံးစစ်မှုထမ်းတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်တချို့နှင့် ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။ ရှမ်းပြည်နယ်၊ တောင်ကြီး လမ်းမတော်ရပ်ကွက်မှ...

ရခိုင်တွင် ဆာလောင်မွတ်သိပ်မှုနှင့် အာဟာရချို့တဲ့မှုများ မြင့်တက်လာနေဟု ကုလသမဂ္ဂ WFP က သတိပေး၊ ရခိုင်ပြည်သူ ၃ သိန်းနီးပါးကို ကူညီရန် အမေရိကန်ဒေါ်လာ သန်း ၃၀ အရေးပေါ်တောင်းခံ

ရန်ကုန်၊ ဩဂုတ် ၁၃ ရခိုင်ပြည်တွင် ပဋိပက္ခများ၊ ပိတ်ဆို့တားဆီးမှုများနှင့် ရန်ပုံငွေ ဖြတ်တောက်ခြင်းတို့ကြောင့် ဆာလောင်မွတ်သိပ်မှုနှင့် အာဟာရချို့တဲ့မှုများ မြင့်တက်လာနေဟု ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ် (WFP) က သတိပေးသည်။ ရခိုင်ပြည်နယ်အလယ်ပိုင်းတွင် အခြေခံစားနပ်ရိက္ခာကိုပင် ပြည့်မီအောင် မစားသုံးနိုင်သည့် မိသားစုအရေအတွကမှာ ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလတွင်...

ရွေးကောက်ပွဲဥပဒေတွင် မဲပေးသူ မည်သည့်ရာခိုင်နှုန်းရှိမှ ရွေးကောက်ပွဲအောင်မြင်မည်ဆိုသော သတ်မှတ်ပြဋ္ဌာန်းထားခြင်းမရှိ၍ မဖြစ် ဖြစ်အောင် ရွေးကောက်ပွဲလုပ်မည်ဟု မင်းအောင်လှိုင် ကြွေးကြော်

ရန်ကုန်၊ ဩဂုတ် ၁၃ မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားသော ရွေးကောက်ပွဲဥပဒေတွင် မဲပေးသူ မည်သည့် ရာခိုင်နှုန်းရှိမှ ရွေးကောက်ပွဲအောင်မြင်မည်ဆိုသော သတ်မှတ်ပြဋ္ဌာန်းထားခြင်းမရှိ၍ မဖြစ် ဖြစ်အောင် ရွေးကောက်ပွဲလုပ်ရန် မင်းအောင်လှိုင်က ကြွေးကြော်ပြောဆိုသည်။ ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကော်မရှင် အစည်းအဝေးတွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထိုသို့ ပြောဆိုခြင်းဖြစ်သည်။ မင်းအောင်လှိုင်က...

ပေါက်မြို့နယ်ရှိ ကျေးရွာ ၁၈ ရွာကို စစ်တပ်က Y-12 လေယာဉ်ဖြင့် ၂ ရက်ဆက် ဗုံး ၅၀ ကျော် ကျဲချ တိုက်ခိုက်မှု ကလေးငယ်များ အပါအဝင် ပြည်သူ ၅ ဦးသေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဩဂုတ် ၁၂ မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ကျေးရွာ ၁၈ ရွာကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ၂ ရက်ဆက် ဗုံး ၅၀ ကျော် ကျဲချ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၅ ဦးသေဆုံးပြီး ၃၀...

ဧရာဝတီတိုင်းရှိ တိုက်ပွဲများသို့ ပို့ဆောင်ခံရသော စစ်မှုထမ်း တပ်သားသစ်များ ထွက်ပြေးမှု များပြားနေ၍ စစ်တပ်က မိသားစုဝင်များကို တိတ်တဆိတ် ပြန်ခေါ်ခိုင်း၊ တပ်ရင်းသို့ ပြန်မလာပါက မိသားစုပါ သတ်ဖြတ်မည်ဟု ခြိမ်းခြောက်

ရန်ကုန်၊ ဩဂုတ် ၁၂ ဧရာဝတီတိုင်း အတွင်းဖြစ်ပွားနေသော တိုက်ပွဲများသို့ ပို့ဆောင်ခံရသော စစ်မှုထမ်း တပ်သားသစ်များ ထွက်ပြေးမှု များပြားနေ၍ စစ်တပ်က မိသားစုဝင်များကို တိတ်တဆိတ် ပြန်ခေါ်ခိုင်းကာ တပ်ရင်းသို့ ပြန်မလာပါက မိသားစုပါ သတ်ဖြတ်မည်ဟု ခြိမ်းခြောက်နေကြောင်း တပ်တွင်း သတင်ရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ သာပေါင်းမြို့နယ်၊...

Latest news

- Advertisement -spot_img