25 C
Yangon
spot_img

CATEGORY

News

ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်၊ ကံကြီးကျေးရွာသို့ စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ ဩဂုတ် ၇ မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်၊ ကံကြီးကျေးရွာအတွင်းသို့ စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၁ လုံးပျက်စီးခဲ့ကြောင်း ယောအ လင်းတန်းမှ ကိုအောင်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယနေ့ ဩဂုတ်လ ၇ ရက်နေ့...

တနင်္သာရီမြို့နယ်၊ လယ်တောင်ယာရွာသို့ စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု အသက် ၁ နှစ်အရွယ် ကလေးငယ် ပွဲချင်းပြီးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၇ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ လယ်တောင်ယာရွာကို အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ ပုခက်ထဲတွင် အိပ်ပျော်နေသည့် ၁ နှစ်အရွယ် ကလေးငယ် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဩဂုတ်လ ၅ ရက်နေ့ ည ၁၀ နာရီခန့်အချိန်...

ဆားလင်းကြီးမြို့တွင် ၈၈၈၈ ရှစ်လေးလုံး အထိမ်းအမှတ် umbrella Strike ပြုလုပ်

ရန်ကုန်၊ ဩဂုတ် ၇ စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့ဝင်ဆိုင်းဘုတ်နေရာတွင် ၅/ဆလကလူထုသပိတ် စစ်​ကြောင်းဖော်ဆောင်ရေးကွန်ရက်နှင့် အာဏာရှင်တော်လှန်ရေး PDF တပ်ဖွဲ့တို့ပူးပေါင်းပြီး umbrella Strike ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ ဩဂုတ်လ ၈ ရက်နေ့တွင် ကျရောက်မည့် ရှစ်လေးလုံးလူထုအရေးတော်ပုံ ၃၇ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ထီးကမ်ပိန်းနှင့် "မပြီးဆုံးသေးသည့် ရှစ်လေးလုံး...

သံတောင်ကြီးတွင် တောင်ကျချောင်းရေစီးဆင်းမှုနှင့် မြေပြိုမှုများတွင် အသက်ဆုံးရှုံးရသူ ပြည်သူ ၁၁ ဦးအထိ ရှိလာပြီး ကူညီကယ်ဆယ်ရေးများ လိုအပ်နေဆဲ

ရန်ကုန်၊ ဩဂုတ် ၇ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် တောင်ကျချောင်းရေစီးဆင်းမှုနှင့် မြေပြိုမှုများတွင် အသက်ဆုံးရှုံးရသူ ပြည်သူ ၁၁ ဦးအထိ ရှိလာပြီး ကူညီကယ်ဆယ်ရေးများ လိုအပ်နေကြောင်း ဒေသပြည်သူများနှင့် ပရဟိတကယ်ဆယ်ရေးသမားတချို့က ရန်ကုန်ခတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ဩဂုတ်လ ၆ ရက်နေ့ ညနေပိုင်းအထိ မြေပြိုမှုကြောင့် သေဆုံးသူ ၁၁ ဦးအထိ...

ငါန်းဇွန်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို အကြိမ်ကြိမ် ပိတ်ဆို့တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုများပြားဟုဆို

ရန်ကုန်၊ ဩဂုတ် ၇ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်ကို အကြိမ်ကြိမ် ပိတ်ဆို့တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂၅ ဦးသေဆုံးပြီး တော်လှန်ရေး ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း မန္တလေးခရိုင် အမှတ် ၅ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇူလိုင်လ...

ယာယီသမ္မတ မြင့်ဆွေ ဒီနေ့တော့ တကယ်သေပြီလို့ စစ်တပ်က သတင်းထုတ်ပြန်

ရန်ကုန်၊ ဩဂုတ် ၇ ယာယီသမ္မတ မြင့်ဆွေ ဒီနေ့တော့ တကယ်သေသွားပြီလို့ စစ်တပ်က တရားဝင် သတင်းထုတ်ပြန်လာပါတယ်။ ဒီနေ့ မနက် ၈ နာရီ ၂၈ မိနစ်အချိန် အမှတ် ၂ စစ်ဆေးရုံမှာ သေဆုံးပြီး အသုဘကိုတော့ နိုင်ငံတော်ဈာပနလုပ်မယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ မနေ့ကတော့ မြင့်ဆွေ...

မြန်မာအကြမ်းဖက်စစ်တပ်က အမေရိကန်အစိုးရနှင့် ဆက်ဆံရေး ပြန်လည် တည်ဆောက်ရန် DCI Group ကို ၁ နှစ်လျှင် ဒေါ်လာ ၃ သန်းဖြင့် စာချုပ်ချုပ်ဆို ငှားရမ်း

ရန်ကုန်၊ ဩဂုတ် ၇ မြန်မာအကြမ်းဖက်စစ်တပ်က အမေရိကန်အစိုးရနှင့် ဆက်ဆံရေး ပြန်လည် တည်ဆောက်ရန် DCI Group ကို ၁ နှစ်လျှင် ဒေါ်လာ ၃ သန်းဖြင့် စာချုပ်ချုပ်ဆို ငှားရမ်းလိုက်ကြောင်း အမေရိကန်အခြေစိုက် ပြည်သူ့ဆက်ဆံရေး နှင့် PR ကုမ္ပဏီ သတင်းများကို အစဉ်တစိုက်...

ရွှေပြည်သာမြို့မ ရဲစခန်းကို မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ဟုဆို

ရန်ကုန်၊ ဩဂုတ် ၇ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာမြို့မရဲစခန်းကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက် ခဲ့ကြောင်း The Blood Line မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ ဩဂုတ်လ ၆ ရက် ည ၇ နာရီ ၅၀ မိနစ်က...

ကလေးမြို့မှ ချင်းတောင်ပေါ်သို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်မှ ဒုတပ်ကြပ် ၁ ဦးနှင့်စစ်မှုထမ်း တပ်သား ၁၈ ဦးက သေနတ် ၃ လက်၊ခဲယမ်းများနှင့်အတူ အလင်းဝင်

ရန်ကုန်၊ ဩဂုတ် ၇ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းတောင်ပေါ်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းမှ ဒုတပ်ကြပ် ၁ ဦး နှင့် စစ်မှုထမ်း တပ်သား ၁၈ ဦးတို့က သေနတ် ၃ လက်၊ ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်လာကြောင်း Ranger Kalay...

စစ်တပ်မှ ထွက်ပြေး၍ ဆန့်ကျင်ဘက်အဖွဲ့များထံသို့ ခိုလှုံမှုများနှင့် တပ်ပြေးစာရင်း အမှန်အတိုင်း အထက်သို့ မတင်ပြမှုများ၊ လစာနှင့်ခံစားခွင့်များ လိမ်လည်ထုတ်ယူနေမှုများကို စိစစ်ဖော်ထုတ် အရေးယူရန် နေပြည်တော်စစ်ရုံးက ညွှန်ကြား

ရန်ကုန်၊ ဩဂုတ် ၇ စစ်တပ်မှ ထွက်ပြေး၍ ဆန့်ကျင်ဘက်အဖွဲ့အစည်းများထံသို့ ခိုလှုံသူများ များပြားလာမှုနှင့် တပ်ရင်းတပ်ဖွဲ့များတွင် တပ်ပြေးစာရင်းများ အမှန်အတိုင်း အထက်သို့ မတင်ပြဘဲ ဖုံးကွယ်ထားမှုများကို စိစစ်အရေးယူရန် နေပြည်တော်စစ်ရုံးက ညွှန် ကြားချက်ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။ ဇူလိုင်လနှောင်းပိုင်း ထုတ်ပြန်လာသော စစ်တပ်၏ ညွှန်ကြားချက်တွင် စစ်တပ်ကို ဆန့်ကျင်နေသော တော်လှန်ရေးအဖွဲ့အစည်းများနှင့်...

Latest news

- Advertisement -spot_img