26 C
Yangon
spot_img

CATEGORY

News

စစ်ကိုင်းမြို့၊ အမှတ် ၃ ရဲလေ့ကျင့်ရေးသင်တန်းကျောင်းကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်ဗိုလ် ၁ ဦး အပါအဝင် စစ်တပ်ဘက်မှ သေဆုံးမှုများပြားဟုဆို

ရန်ကုန် ၊ ဩဂုတ် ၆ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ အမှတ် ၃ ရဲလေ့ကျင့်ရေး သင်တန်းကျောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ဗိုလ် ၁ ဦးအပါအဝင် ၁၅ ဦး သေဆုံးခဲ့ကြောင်း ကျောက်ဆည်ခရိုင် အမှတ် ၁၈၄၄ ဒရုန်းတပ်ရင်းမှ တပ်ရင်းမှူး ဆရာလေးက...

ရန်ကုန်-မန္တလေးအမြန်လမ်း၊ တလင်းကုန်းတံတား စစ်တပ်ဂိတ်စခန်းကို တိုက်ခိုက်မှု ရဲ ၂ ဦးသေဆုံးဟုဆို

ရန်ကုန်၊ ဩဂုတ် ၆ မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ရန်ကုန် -မန္တလေးအမြန်လမ်း၊ မိုင်တိုင် ၂၈၈/ ၇ ဖာလုံရှိ တလင်း ကုန်း တံတား စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံ ခရိုင် အမှတ် ၈ တပ်ရင်း တာဝန်ခံ...

မင်းအောင်လှိုင်၏ စစ်အာဏာသိမ်းမှုတွင် ယာယီသမ္မတအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သူ မြင့်ဆွေ သေပြီ

ရန်ကုန်၊ ဩဂုတ် ၆ မင်းအောင်လှိုင်၏ စစ်အာဏာသိမ်းမှုတွင် ယာယီသမ္မတအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သူ မြင့်ဆွေမှာ ယနေ့ သေဆုံးသွားပြီဖြစ်ကြောင်း စစ်တပ်က တရားဝင် သတင်းထုတ်ပြန်သည်။ ယနေ့ဩဂုတ်လ ၆ရက်နေ့ နံနက် ၃ နာရီအချိန် ရန်ကုန်ရှိ အမှတ် ၂ စစ်ဆေးရုံကြီး ကုတင်၁၀၀၀တွင် ကွယ်လွန်သွားခြင်းဖြစ်ပြီး ၎င်းနေထိုင်မကောင်းဖြစ်စဉ်ကတည်းက အကြမ်းဖက်မင်းအောင်လှိုင်က...

မတ္တရာနှင့် တောင်သာမြို့နယ်ရှိ ကျေးရွာများနှင့် စာသင်ကျောင်းကို စစ်တပ်က လေယာဉ်၊ စက်တပ်လေထီးများဖြင့် ညအချိန် ဗုံးကျဲ တိုက်ခိုက်မှု အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဩဂုတ် ၆ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တစ်ရော်ပင်ကျေးရွာ စာသင်ကျောင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ ဦး ဒဏ်ရာရပြီး စာသင်ကျောင်း ပျက်စီးသွားကြောင်း Voice Of Mandalay မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

သံတောင်ကြီးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေနှင့်မြေပြိုမှုကြောင့် ကလေးငယ်များ အပါအဝင် လူ ၈ ဦးသေဆုံးပြီး ပျောက်ဆုံးသူတချို့ရှိနေ၊ ကူညီကယ်ဆယ်ရေးများ မရောက်ရှိသေး

ရန်ကုန်၊ ဩဂုတ် ၆ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင် ကျချောင်းရေနှင့် မြေပြိုမှုများကြောင့် ကလေးငယ်များ အပါအဝင် လူ ၈ ဦးသေဆုံးပြီး ပျောက်ဆုံးနေသူများရှိနေကာ ကူညီကယ်ဆယ်ရေးများ မရောက်ရှိသေးကြောင်း ဒေသ ပြည်သူများနှင့် St.George’s Youth – ThaundaungGyi အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက...

မင်းအောင်လှိုင်က ရေချုပ်ဟောင်း တင်အောင်စန်းကို အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်လိုက်ပြီး ယခင် ဗိုလ်ချုပ်ကြီး မိုးအောင် နေရာကို အစားထိုး

ရန်ကုန်၊ ဩဂုတ် ၆ အကြမ်းဖက် မင်းအောင်လှိုင်က ရေတပ်ဦးစီးချုပ်ဟောင်း တင်အောင်စန်းကို အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်လိုက်ပြီး ယခင် ဗိုလ်ချုပ်ကြီး မိုးအောင်နေရာကို အစားထိုးခန့်လိုက်သည်။ ယမန်နေ့ စစ်ကောင်စီက ထုတ်ပြန်သော ကြေညာချက်တွင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ၁ ဝန်ကြီးဖြစ်သော (ရေချုပ်ဟောင်းနှင့် ဗိုလ်ချုပ်ကြီးဟောင်း) တင်အောင်စန်းကို အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ်...

AA က အောက်လမ်းများဖြင့် တိုက်ခိုက်နေသည်ဟုဆိုကာ စစ်တပ်က လက်နက်ခဲယမ်းများတွင် ဘုရားစာများ ကပ်ခြင်း၊ ထမီစများ ချည်နှောင်ခြင်းများ လုပ်ဆောင်ခိုင်းဟု အလင်းဝင်တပ်သား နေသူရမျိုး ပြောဆို

ရန်ကုန်၊ ဩဂုတ် ၆ အာရက္ခတပ်တော် AA က အောက်လမ်းများဖြင့် တိုက်ခိုက်နေသည်ဟုဆိုကာ စစ်တပ်က လက်နက်ခဲယမ်းများတွင် ဘုရားစာများကပ်ခြင်း၊ ထမီစများ ချည်ခြင်းများ လုပ်ဆောင်ခိုင်းနေကြောင်း AA ထံတွင် အလင်းဝင်လာသော စစ်မှုထမ်းတပ်သား နေသူရမျိုးက ပြောဆိုသည်။ တပ်သား နေရသူရမျိုးသည် တပ်မ ၉၉ မှ စစ်မှုထမ်းအပတ်စဉ်...

ဖားကန့်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိ

ရန်ကုန်၊ ဩဂုတ် ၆ ကချင်ပြည်နယ်၊ ဖားကန့်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်အချိန် ဖားကန့်မြို့ တပ်မကုန်းက လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ...

ထိုင်း-မြန်မာနယ်စပ်ရှိ နတ်အိမ်တောင်စစ်စခန်းသို့ စစ်ကူလာသော အင်အား ၆၀ ခန့်ပါ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဩဂုတ် ၆ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ၊ ကလိန်အောင်မြို့ အရှေ့ဘက်ခြမ်း ထိုင်း - မြန်မာ နယ်စပ်ရှိ နတ်အိမ်တောင် စခန်းသို့ စစ်ကူလာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၄ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နည်းဗျူဟာ...

ထိုင်း-မြန်မာနယ်စပ်မှ ဝင်လာသော ကုန်ကားများကို မဖမ်းဘဲ လာဘ်ငွေယူ လွှတ်ပေးမှုဖြင့် ရတခ ဒုတိုင်းမှူး ဗိုလ်မှူးကြီး ဗညားဝင်း၊ အကောက်ခွန်ညွှန်မှူး စိုးညွန့်အောင် အပါအဝင် ဌာနဆိုင်ရာ အရာရှိ ၁၅ ဦးတို့ကို စိုးဝင်းအမိန့်ဖြင့် ဖမ်းဆီးစစ်ဆေး

ရန်ကုန်၊ ဩဂုတ် ၆ ထိုင်း-မြန်မာနယ်စပ်မှ ဝင်လာသော ကုန်ကားများကို မဖမ်းဘဲ လာဘ်ငွေယူ လွှတ်ပေးမှုဖြင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးကြီး ဗညားဝင်း၊ အကောက်ခွန်ညွှန်ကြားရေးမှူး စိုးညွန့်အောင် အပါအဝင် ဌာနဆိုင်ရာ အရာရှိ ၁၅ ဦးတို့ကို ဒုစစ်ခေါင်းဆောင် စိုးဝင်းအမိန့်ဖြင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ရတခ စစ်ရေးသတင်းရင်းမြစ်က...

Latest news

- Advertisement -spot_img