26 C
Yangon
spot_img

CATEGORY

News

ကလေးမြို့ အကျဉ်းထောင်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသည့် နိုင်ငံရေးအကျဉ်းသူများ အပါအဝင် အကျဉ်းသူ ၁၅ ဦး တိုက်ပိတ်ခံရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂ စစ်ကိုင်းတိုင်း၊ ကလေးမြို့ အကျဥ်းထောင်မှ နိုင်ငံရေးအကျဉ်းသူများအပါအဝင် အကျဥ်းသူ ဦးရေ ၁၀၀ ကျော် သည် သွေးသစ္စာ သီချင်းကို သံပြိုင်သီဆိုခဲ့ကြပြီး နိုင်ငံ‌ရေးအကျဥ်းသူများ အပါအဝင်အကျဉ်းသူများထဲမှ အနည်းဆုံး ၁၅ ဦး တိုက်ပိတ်ခံထားရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ...

ဆားလင်းကြီးတွင် ကြေးနီတင်ဆောင်လာသော ကားတန်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ ရေတာရှည်မြို့နယ်ရှိ ခမရ- ၁၉ တပ်ရင်းကိုလည်း ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် ကြေးနီတင်ဆောင်လာသော ကားတန်းကို ကြားဖတ် တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း BRAVE HEART ARMY-BHA မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် ၁၀...

အစိုးရသစ်ထံ လွှဲပြောင်းရန်ဟုဆိုကာ ဖေဖော်ဝါရီ ၂၈ ရက်နေ့ နောက်ဆုံးထား၍ ဝန်ကြီးဌာနများအလိုက် ငွေစာရင်း၊ မရွှေ့ပြောင်းနိုင်သောစာရင်း၊ ငွေစာရင်းနှင့်ပိုင်ဆိုင်မှုအရပ်ရပ်စာရင်းများ အမြန်ပြုစုတင်ပြခိုင်း

ရန်ကုန်၊ဖေဖော်ဝါရီ ၂ အကြမ်းဖက်စစ်တပ်က အစိုးရသစ်ထံ လွှဲပြောင်းရန်ဟုဆိုကာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးထား၍ ဝန် ကြီးဌာနများအလိုက် ငွေစာရင်း၊ ပစ္စည်းစာရင်းနှင့်ပိုင်ဆိုင်မှုစာရင်းများကို အမြန်ပြုစုခိုင်းနေကြောင်း နေပြည် တော်စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၃၀ ရက်နေ့နေ့စွဲဖြင့် စစ်ကော်မရှင်က ဝန်ကြီးဌာနများအလိုက် မရွှေ့ပြောင်းနိုင်သော ပစ္စည်းစာရင်းများ၊ ငွေစာရင်းများ၊...

မြန်မာနိုင်ငံတွင် စစ်တပ်၏ ရွေးကောက်ပွဲကြောင့် လူ့အခွင့်အရေးကို ချိုးဖောက်မှုနှင့် အကြမ်းဖက်မှုများသာ ပိုမိုဆိုးရွားလာဟု ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ပြင်းပြင်းထန်ထန်ဝေဖန်ရှုတ်ချ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂ မြန်မာနိုင်ငံတွင် စစ်တပ်၏ ရွေးကောက်ပွဲကြောင့် လူ့အခွင့်အရေးကို ချိုးဖောက်မှုနှင့် အကြမ်းဖက်မှုများသာ ပိုမိုဆိုးရွားလာဟု ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk က ဝေဖန်ရှုတ်ချပြောဆိုလိုက်သည်။ မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု ၅ နှစ်ပြည့်မြောက်သည့်နေ့ ယမန်နေ့တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker...

မန္တလေးမြို့ပေါ်တွင် သေနတ်ဖြင့် ပစ်ခတ်ပြီး ဆိုင်ကယ်လုယက်မှုဖြစ်ပွား၊ လူငယ်များကိုလည်း အိမ်စီးကားများဖြင့် ဆွဲတင်ဖမ်းဆီးမှုများ ဖြစ်ပေါ်နေပြီး ရဲစခန်းက လူပျောက်တိုင်ကြားမှုများကို ချက်ချင်းအမှုပေးမဖွင့်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂ မန္တလေးမြို့ပေါ်တွင် သေနတ်ဖြင့် ပစ်ခတ်ပြီး ဆိုင်ကယ်လုယက်မှုဖြစ်ပွားပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ ည ၈ နာရီအချိန် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေအနောက်ရပ်ကွက်၊ ၈၄ လမ၊ ၄၁...

မင်းအောင်လှိုင် လူမြင်ကွင်း မထွက်တာ ၇ ရက်ရှိနေပြီဖြစ်ပြီး နေပြည်တော်ရောက်ရှိနေသော ရုရှားကိုယ် စားလှယ်အဖွဲ့ နှင့် တွေ့ဆုံဖွယ်ရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှာ လူမြင်ကွင်း မထွက်သည်မှာ ၇ ရက်ရှိနေပြီဖြစ်ပြီး နေပြည် တော် ရောက်ရှိနေသော ရုရှားကိုယ်စားလှယ်အဖွဲ့ နှင့် တွေ့ဆုံဖွယ်ရှိကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်း မြစ်က ပြောဆိုသည်။ ဇန်နဝါရီလ ၂၆ ရက်နေ့ မွန်းလွဲပိုင်း နေပြည်တော်တွင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးနှင့်တွေ့ဆုံပြီးနောက်...

ဆိပ်ဖြူမြို့မှ စလင်းမြို့နယ်ဘက်သို့ ရိက္ခာနှင့် ဓာတ်တိုင်များ လာရောက်ပို့ဆောင်သည့် စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံးပြီး ၂ ဦးအလင်းဝင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ မကွေးတိုင်း၊ ဆိပ်ဖြူမြို့မှ စလင်းမြို့နယ်ဘက်သို့ ရိက္ခာနှင့် ဓာတ်တိုင်များ လာရောက်ပို့ဆောင်သည့် အကြမ်းဖက် စစ်ယာဉ်တန်းကို တိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးပြီး ၂ ဦးအလင်းဝင်ရောက်လာကြောင်း ပခုက္ကူခရိုင်အမှတ် ၄ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ...

ချောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးမီးရှို့ခဲ့သော စစ်တပ်ကို တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦး အပါအဝင် ထိခိုက်သေဆုံးသူများပြား၊ စစ်တပ်က ပြည်သူ ၂ ဦးကို ဖမ်းဆီး သတ်ဖြတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးမီးရှို့ခဲ့သော အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သား ၂၇ ဦးသေဆုံးပြီး စစ်တပ်က ပြည်သူ ၂ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ဗမာ့တပ်တော် - BA မှ...

ကရင်နီပြည်နယ်တွင် စစ်အာဏာသိမ်း ၅ နှစ်ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်

‎ ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ‎ ‎ကရင်နီပြည်နယ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသများအဖွဲ့ချုပ်)၊ကရင်နီပြည်ကျောင်းသားများသမဂ္ဂ(KSSU) နှင့် လူဘောင်သစ်လူငယ်တို့ ပူးပေါင်း၍ စစ်အာဏာသိမ်း ၅ နှစ်ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှု တရပ် လုပ်‌ဆောင်ခဲ့ကြောင်း သိရှိရသည်။ ‎ ‎အဆိုပါ လှုပ်ရှားမှုတွင် "တူတာတွဲလုပ်၊ မတူတာခွဲလုပ်၊ တချက်တူ တချက်ပေါင်း" နှင့် "အဖိနှိပ်ခံလူမျိုးစုံ သွေးစည်းညီညွတ်ကြ" စာသားပါ ဘန်နာများအား...

ကျွန်းလှမြို့နယ်နှင့် ဘုတလင်မြို့နယ်တို့တွင် ၅ နှစ်ပြည့် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ စစ်ကိုင်းတိုင်း ၊ ကျွန်းလှမြို့နယ်အတွင်း ဗကသများအဖွဲ့ချုပ်ဗဟိုစည်းရုံးရေးကော်မတီ ရဲဘော်များမှဦးဆောင်၍ကျောင်းသားပြည်သူများနှင့် တော်လှန်ရေးအသိ၊သတိချပ်စေရန် စစ်အာဏာသိမ်းမှု ၅ နှစ်ပြည့်အထိမ်းအမှတ်အောက်မေ့ဖွယ်အခမ်းအနားလူထုတွေ့ဆုံပွဲ တရပ် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ အခမ်းအနားတွင် ကျောင်းသားရဲဘော်များက စစ် ၃ စစ် တိုက်ဖျက်ရေး တရားများ ဟောပြောခဲ့ကြပြီး ၅နှစ်တာကာလအတွင်း ကျောင်းသားထု၏...

Latest news

- Advertisement -spot_img