32 C
Yangon

ဆားလင်းကြီးတွင် ကြေးနီတင်ဆောင်လာသော ကားတန်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ ရေတာရှည်မြို့နယ်ရှိ ခမရ- ၁၉ တပ်ရင်းကိုလည်း ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် ကြေးနီတင်ဆောင်လာသော ကားတန်းကို ကြားဖတ် တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း BRAVE HEART ARMY-BHA မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် ၁၀ နာရီ ၅၂ မိနစ်ခန့်တွင် ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကုမ္ပဏီမှ ထွက်လာသော ကြေးနီတင်ဆောင်လာသည့် တွဲကား ၂၇ စီး၊ သံပြားကာကား ၈ စီး နှင့် ၁၂ ဘီးကား ၁ စီးတို့ကို တော်လှန်ရေး တပ်ဖွဲ့များက မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သား ၂ ဦး သေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲကြောင်း၊ ထို့ပြင် တွဲကား ၁ စီးသည်လည်း ပျက်စီးသွား၍ မုံရွေး တန်ပို စစ်တပ် အထိုင်တပ်စခန်းအနီး ရပ်တန့်ထားကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

” ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကနေ ကြေးနီတင်ဆောင်လာတဲ့ ကားတန်းကို ကျနော်တို့ မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ ဒေသပြည်သူတွေ ပြောပြချက်အရ တိုက်ခိုက်မှုကြောင့် စစ်ခွေး ၂ ကောင်သေပြီး တွဲကား ၁ စီးပျက်စီးတယ်လို့ သိရတယ်” ဟု BRAVE HEART ARMY-BHA မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို BRAVE HEART ARMY-BHA ၊ MONYWA DYNAMITE.STF နှင့် CHINDWIN FIGHTER GROUP .CFG တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း၊ ဆက်လက်၍ တိုက်ပွဲများ ဖော်ဆောင်နိုင်ရန် လိုအပ်သည့် လက်နက်ခဲယမ်းများကို ပြည်သူများ‌ တတ်နိုင်သမျှ ထောက်ပို့လှူဒါန်းပေးကြရန် BRAVE HEART ARMY-BHA အဖွဲ့က မေတ္တာရပ်ခံထားသည်။

ထို့ပြင် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ- ၁၉ တပ်ရင်းကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း တပ်ရင်း ၉၀၁ နေပြည်တော်တိုင်းစစ်ဌာနမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ အာဏာသိမ်း ကာလ ၅ နှစ်ပြည့်နေ့အဖြစ် ရေတာရှည်မြို့နယ် ခမရ- ၁၉ တပ်ရပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ခမရ-၁၉ တပ်ရင်းဝင်း အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်သားများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

“စစ်ခွေးသေစာရင်းနဲ့ ပျက်စီးမှု အခြေအနေကိုတော့ မသိရသေးဘူး။ စစ်ခွေးတပ်ရင်းဝင်းထဲကို ကျရောက် ပေါက်ကွဲတယ်။ စစ်ခွေးတွေ ဆေးကုသမှု လုပ်နေတယ်လို့တော့ သတင်းပေးတချို့ဆီက သိရတယ်” ဟု တပ်ရင်း ၉၀၁ နေပြည်တော်တိုင်းစစ်ဌာနမှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို နေပြည်တော်တိုင်းစစ်ဌာန(နေပြည်တော်PDF) ဗျူဟာအမှတ်(၁၉) တပ်ရင်း (၉၀၁)နှင့် NSA31(လူ့ဘောင်သစ်)အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article